[Unicode]

Meme တိုက်ပွဲအပြီး COVID-19 ရန်ပုံငွေပွဲ ကစားကြမယ့် TNC နဲ့ Fnatic

 

လွန်ခဲ့တဲ့ရက်ပိုင်းဝန်းကျင်မှာ SEA Dota2 အသင်းတွေဖြစ်တဲ့ Fnatic နဲ့ TNC တို့ (၂) သင်းဟာ အချင်းချင်း Meme တွေလုပ်ပြီး စနောက်ခဲ့ကြပါတယ်။ Meme တိုက်ပွဲကို စတင်ခဲ့သူကတော့ Fnatic Dota2 ပါ။

Fnatic Dota2 ဟာ ဧပြီ (၂) ရက်နေ့မှာ အောက်ပါပုံကိုတင်ခဲ့ပြီး ESL One Los Angeles Online ပြိုင်ပွဲရဲ့ Direct Invite (၄) သင်းထဲ မပါဝင်ခဲ့တဲ့ TNC ကို လှောင်ပြောင်ခဲ့ပါတယ်။

​TNC ကလည်း Fnatic ရဲ့ တိုက်စစ်ကို ချက်ခြင်း တုန့်ပြန်ခဲ့ပါတယ်။ နောက်တစ်ရက် ဧပြီ (၃) ရက်နေ့မှာပဲ အခုလက်ရှိ Dota Pro Circuit 2019-2020 မှာ ထိပ်ဆုံးရောက်နေတဲ့ TNC နဲ့ အဆင့် (၁၁) ကို ရောက်ရှိနေတဲ့ Fnatic တို့ကို နှိုင်းယှဉ်ပြပြီး အောက်ပါအတိုင်း တုန့်ပြန်ခဲ့ပါတယ်။

ထို့နောက် Fnatic ကလည်း သူတို့နဲ့ TNC ရဲ့ ခင်မင်မှုဟာ ဆုံးခန်းတိုင်ခဲ့ပြီဖြစ်ပြီး GeekFam ကသာ သူတို့ရဲ့ အကောင်းဆုံး သူငယ်ချင်းဖြစ်ကြောင်း post တင်ခဲ့ပါတယ်။

ထို့နောက်မှာတော့ Fnatic က မရပ်နိုင်သေးဘဲ TNC ကို နောက်တစ်ကြိမ်ရန်စခဲ့ပါသေးတယ်။ TNC ဟာ ၃ ကြိမ်မြောက် Major ကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ရှောင်လွဲခဲ့တာလား? သူတို့ဟာ 4D Chess ကစားနေတာ ဖြစ်နိုင်ပါတယ်။ တစ်ချိန်ထဲမှာပဲ TNC ဟာ (WeSave! Charity Play ပွဲမှာ) Ana ကို stand-in ခေါ်ယူခဲ့တာတောင် ရှုံးနိမ့်ခဲ့တယ်ဆိုပြီး လှောင်ပြောင်ခဲ့ပါတယ်။

​ချက်ခြင်းဆိုသလိုပဲ TNC က ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ Video တစ်ခုပြုလုပ်ကာ Fnatic ရဲ့ Facebook Post ကိုသွားရောက်ပြီး “Major နိုင်ဖူးမှ ငါတို့ကို လာပြောပါ” ဆိုတဲ့ Comment မျိုး ပြန်လည်ရေးပြခဲ့ပါတယ်။

Dear Fnatic Dota…

Posted by TNC Pro Team – Dota2 on Saturday, 4 April 2020

ပရိသတ်တွေကတော့ Fnatic နဲ့ TNC တို့ရဲ့ Meme တိုက်ပွဲ ဘာတွေဆက်ဖြစ်လာမလည်းဆိုပြီး စောင့်ကြည့်နေတုန်းမှာပဲ (၂) သင်းလုံးပေါင်းပြီး ကြေညာချက်တစ်ခုထွက်ရှိလာပါတယ်။ ဒါကတော့ လာမယ့် ဧပြီလ (၁၈) ရက်နေ့မှာ Fnatic နဲ့ TNC တို့ဟာ Showmatch ယှဉ်ပြိုင်ကစားကြမယ် ဆိုတာပါပဲ။

ပြိုင်ပွဲကိုတော့ မြန်မာအချိန် ညနေ ၃:၃၀ မှာ စတင်မှာဖြစ်ပြီး Best-of-five ယှဉ်ပြိုင်ကြမှာပါ။ ပြိုင်ပွဲကို ထိုင်း caster “Xyclopz” က cast ပေးမှာဖြစ်ပြီး COVID-19 တိုက်ဖျက်ရေးအတွက်လည်း WHO ကိုလည်း လှူဒါန်းနိုင်ကြောင်း ရေးသားထားပါတယ်။

အဆိုပါ သရုပ်ပြပွဲကို စောင့်ကြည့်သင့်တဲ့ အကြောင်းရင်း တစ်ခုကတော့ ရိုးရိုး Captain Mode မဟုတ်ပဲ Reverse Captain Mode (တစ်ဖက်အသင်းရဲ့ Hero ကို ကိုယ်က ရွေးပေးရသလိုမျိုး) နဲ့ဆော့ကြမှာ ဖြစ်ပါတယ်။

အခုလို COVID-19 ကြောင့် အိမ်တွင်းအောင်းသူများပြားနေချိန်မှာ ဒီလို ဖျော်ဖြေမှုပေးနိုင်မယ့် Dota2 ပွဲတွေ ရှိနေတာကလည်း မင်္ဂလာတစ်ပါးပါပဲ။ COVID-19 ဖြစ်ပွားနေပေမယ့်လည်း Gaming Noodle ကနေ သတင်းတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာအသစ်တွေကို တင်ဆက်ပေးသွားဦးမှာမလို့ စောင့်မျှော်ကြည့်ရှုပေးကြပါ ခင်ဗျာ။


[ZawGyi]

Meme တိုက္ပြဲအၿပီး COVID-19 ရန္ပုံေငြပြဲ ကစားၾကမယ့္ TNC နဲ႔ Fnatic

 

လြန္ခဲ့တဲ့ရက္ပိုင္းဝန္းက်င္မွာ SEA Dota2 အသင္းေတြျဖစ္တဲ့ Fnatic နဲ႔ TNC တို႔ (၂) သင္းဟာ အခ်င္းခ်င္း Meme ေတြလုပ္ၿပီး စေနာက္ခဲ့ၾကပါတယ္။ Meme တိုက္ပြဲကို စတင္ခဲ့သူကေတာ့ Fnatic Dota2 ပါ။
Fnatic Dota2 ဟာ ဧၿပီ (၂) ရက္ေန႔မွာ ေအာက္ပါပုံကိုတင္ခဲ့ၿပီး ESL One Los Angeles Online ၿပိဳင္ပြဲရဲ႕ Direct Invite (၄) သင္းထဲ မပါဝင္ခဲ့တဲ့ TNC ကို ေလွာင္ေျပာင္ခဲ့ပါတယ္။

​TNC ကလည္း Fnatic ရဲ႕ တိုက္စစ္ကို ခ်က္ျခင္း တုန႔္ျပန္ခဲ့ပါတယ္။ ေနာက္တစ္ရက္ ဧၿပီ (၃) ရက္ေန႔မွာပဲ အခုလက္ရွိ Dota Pro Circuit 2019-2020 မွာ ထိပ္ဆုံးေရာက္ေနတဲ့ TNC နဲ႔ အဆင့္ (၁၁) ကို ေရာက္ရွိေနတဲ့ Fnatic တို႔ကို ႏႈိင္းယွဥ္ျပၿပီး ေအာက္ပါအတိုင္း တုန႔္ျပန္ခဲ့ပါတယ္။

ထို႔ေနာက္ Fnatic ကလည္း သူတို႔နဲ႔ TNC ရဲ႕ ခင္မင္မႈဟာ ဆုံးခန္းတိုင္ခဲ့ၿပီျဖစ္ၿပီး GeekFam ကသာ သူတို႔ရဲ႕ အေကာင္းဆုံး သူငယ္ခ်င္းျဖစ္ေၾကာင္း post တင္ခဲ့ပါတယ္။

ထို႔ေနာက္မွာေတာ့ Fnatic က မရပ္ႏိုင္ေသးဘဲ TNC ကို ေနာက္တစ္ႀကိမ္ရန္စခဲ့ပါေသးတယ္။ TNC ဟာ ၃ ႀကိမ္ေျမာက္ Major ကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ တမင္ေရွာင္လြဲခဲ့တာလား? သူတို႔ဟာ 4D Chess ကစားေနတာ ျဖစ္ႏိုင္ပါတယ္။ တစ္ခ်ိန္ထဲမွာပဲ TNC ဟာ (WeSave! Charity Play ပြဲမွာ) Ana ကို stand-in ေခၚယူခဲ့တာေတာင္ ရႈံးနိမ့္ခဲ့တယ္ဆိုၿပီး ေလွာင္ေျပာင္ခဲ့ပါတယ္။

​ခ်က္ျခင္းဆိုသလိုပဲ TNC က ျပန္လည္တုန႔္ျပန္ခဲ့ပါတယ္။ Video တစ္ခုျပဳလုပ္ကာ Fnatic ရဲ႕ Facebook Post ကိုသြားေရာက္ၿပီး “Major ႏိုင္ဖူးမွ ငါတို႔ကို လာေျပာပါ” ဆိုတဲ့ Comment မ်ိဳး ျပန္လည္ေရးျပခဲ့ပါတယ္။

Dear Fnatic Dota…

Posted by TNC Pro Team – Dota2 on Saturday, 4 April 2020

ပရိသတ္ေတြကေတာ့ Fnatic နဲ႔ TNC တို႔ရဲ႕ Meme တိုက္ပြဲ ဘာေတြဆက္ျဖစ္လာမလည္းဆိုၿပီး ေစာင့္ၾကည့္ေနတုန္းမွာပဲ (၂) သင္းလုံးေပါင္းၿပီး ေၾကညာခ်က္တစ္ခုထြက္ရွိလာပါတယ္။ ဒါကေတာ့ လာမယ့္ ဧၿပီလ (၁၈) ရက္ေန႔မွာ Fnatic နဲ႔ TNC တို႔ဟာ Showmatch ယွဥ္ၿပိဳင္ကစားၾကမယ္ ဆိုတာပါပဲ။

ၿပိဳင္ပြဲကိုေတာ့ ျမန္မာအခ်ိန္ ညေန ၃:၃၀ မွာ စတင္မွာျဖစ္ၿပီး Best-of-five ယွဥ္ၿပိဳင္ၾကမွာပါ။ ၿပိဳင္ပြဲကို ထိုင္း caster “Xyclopz” က cast ေပးမွာျဖစ္ၿပီး COVID-19 တိုက္ဖ်က္ေရးအတြက္လည္း WHO ကိုလည္း လႉဒါန္းႏိုင္ေၾကာင္း ေရးသားထားပါတယ္။

အဆိုပါ သ႐ုပ္ျပပြဲကို ေစာင့္ၾကည့္သင့္တဲ့ အေၾကာင္းရင္း တစ္ခုကေတာ့ ႐ိုး႐ိုး Captain Mode မဟုတ္ပဲ Reverse Captain Mode (တစ္ဖက္အသင္းရဲ႕ Hero ကို ကိုယ္က ေ႐ြးေပးရသလိုမ်ိဳး) နဲ႔ေဆာ့ၾကမွာ ျဖစ္ပါတယ္။

အခုလို COVID-19 ေၾကာင့္ အိမ္တြင္းေအာင္းသူမ်ားျပားေနခ်ိန္မွာ ဒီလို ေဖ်ာ္ေျဖမႈေပးႏိုင္မယ့္ Dota2 ပြဲေတြ ရွိေနတာကလည္း မဂၤလာတစ္ပါးပါပဲ။ COVID-19 ျဖစ္ပြားေနေပမယ့္လည္း Gaming Noodle ကေန သတင္းေတြနဲ႔ အျခားစိတ္ဝင္စားဖြယ္ရာ အေၾကာင္းအရာအသစ္ေတြကို တင္ဆက္ေပးသြားဦးမွာမလို႔ ေစာင့္ေမွ်ာ္ၾကည့္ရႈေပးၾကပါ ခင္ဗ်ာ။