Game of the Year အပါအဝင် ဆုပေါင်းများစွာသိမ်းကြုံးရယူသွားတဲ့ The Last of Us Part II

 

ဗီဒီယိုဂိမ်းလောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးဆုပေးပွဲလို့ပြောရမယ့် The Game Awards ကတော့ သိပ်မကြာခင်အချိန်ပိုင်းကပဲ ကျင်းပပြီးစီးလို့သွားခဲ့ပါပြီ။ ဒီနှစ်မှာတော့ ၂၀၂၀ ခုနှစ်ရဲ့ ပရိသတ်တွေ အမျှော်လင့်ဆုံးဂိမ်းတစ်ခု ဖြစ်ခဲ့တဲ့ The Last of Us Part II က Game of the Year အပါအဝင် အခြားဆုပေါင်းများစွာကိုဆွတ်ခူးသွားခဲ့ပါတယ်။

 

၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Last of Us ရဲ့အဆက် The Last of Us Part II ဟာ အမေရိကန်အခြေစိုက် ဂိမ်းစတူဒီယိုဖြစ်တဲ့ Naughty Dog ရဲ့လက်ရာဖြစ်ပြီး စတင်ဖြန့်ချိခဲ့တဲ့ ၃ ရက်အတွင်းမှာ Copy ၄ သန်းကျော် စံချိန်တင်ရောင်းခဲ့ရတဲ့ ဂိမ်းဖြစ်ပါတယ်။

ဂိမ်းဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့ပြီး Rating ကောင်းတွေ ရရှိခဲ့တဲ့ The Last of Us Part II ဟာ ပရိသတ်တွေ အကြားမှာတော့ အငြင်းပွားဖွယ် ဖြစ်ခဲ့ပေမယ့် The Game Awards 2020 မှာ Ghost of Tsushima, Doom Eternal, Final Fantasy VII Remake တို့လို ဂိမ်းတွေကို ကျော်ဖြတ်ပြီး Game of the Year ဆုအပါအဝင် Best Game Direction, Best Narrative, Best Audio Design, Best Action/Adventure, Innovation in Accessibility နဲ့ Best Performance(Laura Bailey as Abby) တို့ကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။

 

 

၂၀၂၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီး Triple A ဂိမ်းတွေဖြစ်တဲ့ Ghost of Tsushima က Player Voice နဲ့ Best Art Direction ဆုတို့ကိုရခဲ့သလို၊ Final Fantasy VII Remake ဟာလည်း Best Score and Music နဲ့ Best Role Playing ဆုတို့ကိုလည်း ရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့ပေမယ့် ၂၀၂၀ ရောက်မှပရိသတ်တွေအကြားမှာအတော်ကြီးကိုရေပန်းစားခဲ့တဲ့ Among Us ဂိမ်းဟာလည်း Best Mobile Game ဆုနဲ့ Best Multiplayer ဆုတို့ကိုဆွတ်ခူးသွားပြန်ပါသေးတယ်။

ဒါ့အပြင် ဒီနှစ်အတွက် Game of the Year ဆုဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ Hades ဟာလည်း Best Indie, Best Action ဆုတွေကို ရရှိခဲ့ပြီး အခြားသောနာမည်ကြီးဂိမ်းတွေဖြစ်တဲ့ Animal Crossing: New Horizons က Best Family ဆုကိုလည်းကောင်း၊ Fall Guys: Ultimate Knockout က Best Community Support ဆုတွေကိုလည်းကောင်း အသီးသီးရရှိခဲ့ပါတယ်။

The Game Awards 2020 ကပေးအပ်ခဲ့တဲ့ဆုအပြည့်အစုံကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်။

Ref~ kotaku