နံပါတ္တစ္ နဲ႔ထုိက္တန္ေၾကာင္း သက္ေသျပဖို႔ လိုအပ္ေနတဲ့ “Evil Geniuses

TI5 ခ်န္ပီယံေဟာင္းအသင္း Evil Geniuses (EG) ဟာ လက္ရွိမွာလဲ ေျမာက္အေမရိကရဲ႕ အင္အားၾကီး Dota 2 အသင္းတစ္သင္းပါ။ တစ္ေယာက္ခ်င္းစီ နာမည္ၾကီးျပီး ေအာင္ျမင္တဲ့ အသင္းသားမ်ားေၾကာင့္ေရာ အသင္းရဲ႕အရွိန္အဝါေၾကာင့္ပါ ျပိဳင္ပြဲတိုင္းမွာ တစ္ဘက္အသင္းမ်ားရဲ႕ ေၾကာက္ရြံ႕ေလးစားမႈကို ခံရတဲ့ အသင္းလည္းျဖစ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ TI8 မွာ တတိယေနရာကို ရယူထားႏိုင္ခဲ့ျပီး ယခု TI9 ကိုလည္း တက္ေရာက္ယွဥ္ျပိဳင္ၾကဦးမွာပါ။

 

လက္ရွိအသင္းမွာ TI5 ခ်န္ပီယံကစားသမားေဟာင္းအေနနဲ႔ကေတာ့ SumaiL တစ္ေယာက္သာ က်န္ရစ္ခဲ့ေပမယ့္ နာမည္ေက်ာ္ core ကစားသမား Arteezy, TI3 ခ်န္ပီယံေဟာင္း ကစားသမား S4, ဝါရင့္ကစားသမားမ်ားျဖစ္ၾကတဲ့ Cr1t နဲ႔ အသင္းေခါင္းေဆာင္ Fly တို႔ ပါဝင္ျပီး အရင္ TI8 ကို ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ၾကတဲ့ roster အတိုင္းပဲျဖစ္ပါတယ္။ အသင္းရဲ႕ လက္ရွိနည္းျပဟာ TI5 ခ်န္ပီယံျဖစ္ခဲ့စဥ္က coach ျဖစ္သူ BuLba ပဲျဖစ္ျပီး သူဟာလည္း နည္းျပအျဖစ္ေရာ ကစားသမားအျဖစ္ပါ အေတြ႔အၾကံဳမ်ားစြာ ရွိသူပါ။ TI5 ခ်န္ပီယံအသင္းသားေဟာင္းမ်ားကေတာ့ UNiVeRsE, Aui_2000, ppd, Fear, SumaiL တို့ပဲျဖစ္ပါတယ္။

၂၀၁၈-၂၀၁၉ season ရဲ႕ ျပိဳင္ပြဲမ်ားမွာ ဒုတိယနဲ႔ တတိယအမ်ားစုသာ ရရွိထားႏိုင္ခဲ့ေပမယ့္ မဆိုးလွတဲ့ အေျခအေနနဲ႔ DPC point စတုတၳအမ်ားဆုံးေနရာမွာ ရပ္တည္ခဲ့ပါတယ္။ TI8 မွာ တတိယရအျပီး သိသာထင္ရွားတဲ့ ရလဒ္မ်ားကေတာ့ MDL Disneyland Paris Major, The Chongqing Major, The Kuala Lumpur Major တို႔မွာ ရရွိခဲ့တဲ့ တတိယေနရာမ်ားနဲ႔ MDL Macau 2019, ESL One Birmingham 2019 တို႔မွာ ရရွိခဲ့တဲ့ ဒုတိယေနရာမ်ားပဲ ျဖစ္ပါတယ္။

TI5 ခ်န္ပီယံျဖစ္ခဲ့ခ်ိန္မွာ အသက္ ၁၆ ႏွစ္သာ ရွိေသးတဲ့ Mid lane ကစားသမား SumaiL ကေတာ့ ၂၀၁၅ ခုႏွစ္အစပိုင္းထဲက အသင္းထဲကို ေရာက္ရွိလာခဲ့သူပါ။ ေရာက္ျပီး သိပ္မၾကာခင္မွာပဲ Dota 2 Asia Championship 2015 မွာ ပထမရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ထိုစဥ္က Meta ျပင္ပေရာက္သလို ျဖစ္ေနတဲ့ Lina နဲ႔ SF တုိ႔ကို အေကာင္းဆုံးကိုင္တြယ္ျပခဲ့တာေၾကာင့္ သူ႕အရည္အခ်င္းကို လူေတြ အသိအမွတ္ျပဳလာခဲ့ပါတယ္။

TI5 ခ်န္ပီယံျဖစ္ခဲ့စဥ္က အသင္းေခါင္းေဆာင္ PPD အပါအဝင္ ေနာက္ပိုင္းအသင္းေခါင္းေဆာင္မ်ားဟာ ျပိဳင္ပြဲအတြက္ draft ျပဳလုပ္ရာမွာ SumaiL ကို ဦးစားေပးစဥ္းစားျပီး ျပဳလုပ္တဲ့အထိ သူဟာ အေရးပါလွပါတယ္။ Lane ေပၚမွာ ျပိဳင္ဘက္ကို လႊမ္းမိုးႏိုင္တာနဲ႕ farming ျမန္ဆန္တာ ႏွစ္ခုလုံး ျပိဳင္တူလုပ္ႏိုင္တဲ့ သူ႔ရဲ႕ ကစားပုံဟာ အထင္ၾကီးစရာပါ။ တစ္ခါတစ္ရံ လြန္စြာ aggressive ကစားတတ္သူလည္း ျဖစ္ပါတယ္။

TI5 grand final ေနာက္ဆုံးပြဲကို Storm Spirit နဲ႔ အႏိုင္ရခဲ့တဲ့ SumaiL ဟာ ပရိသတ္ကို အံ့အားသင့္ေစခဲ့ပါတယ္။ ပြဲအစပိုင္းမွာ ၃ ခါ ေသထားေပမယ့္ အားမေပ်ာ့သြားပဲ item မ်ားကို အလြန္ျမန္ဆန္စြာ farm ျပီး အႏိုင္ရေအာင္ ကစားႏိုင္ခဲ့လို႔ပါ။ ထုိစဥ္က Storm Spirit ဆုိတဲ့ hero ကို ျမင္လိုက္တာနဲ႔ SumaiL ကိုပါ တြဲျပီး ျမင္ေယာင္ေစေလာက္တဲ့အထိ SumaiL ဟာ နာမည္ေက်ာ္ၾကားခဲ့ပါတယ္။

SumaiL ဟာ offlane ကစားသမားအျဖစ္လည္း ေျပာင္းလဲကစားခဲ့ဖူးေပမယ့္ သိပ္မၾကာလိုက္ဘဲ mid မွာသာ ျပန္လည္ကစားခဲ့ပါတယ္။ role အေျပာင္းအလဲျပဳလုပ္အျပီးမွာ မူလ role အတိုင္း ေကာင္းေကာင္းမြန္မြန္ကစားႏိုင္ပါ့မလားလို႔ ပရိသတ္မ်ား စိတ္ပူခဲ့ၾကေပမယ့္ ပိုမိုထိေရာက္ေသသပ္တဲ့ ကစားပုံမ်ားကို ျပသႏိုင္ခဲ့ပါတယ္။

Carry ကစားသမားျဖစ္သူ Arteezy ဟာ နာမည္အၾကီးဆုံး pub star မ်ားထဲက တစ္ေယာက္ျဖစ္သလို TI မဟုတ္တဲ့ အျခားျပိဳင္ပြဲမ်ားမွာလည္း ေအာင္ျမင္မႈမ်ား ရရွိထားပါတယ္။ EG နဲ႔ Team Secret ကို ခဏခဏ အေျပာင္းအလဲလုပ္ေနခဲ့တဲ့ Arteezy ဟာ ၂၀၁၆ ေႏွာင္းပိုင္းက စလို႔ ထပ္မေျပာင္းေတာ့ပဲ EG ထဲမွာ ကစားလာခဲ့ပါတယ္။ TI ခ်န္ပီယံ မျဖစ္ဖူးေသးေပမယ့္ TI အေတြ႔အၾကံဳမ်ားစြာရွိသူ တစ္ဦးျဖစ္ပါတယ္။

EG မွာ ကစားခဲ့စဥ္ TI4 မွာ တတိယေနရာ ရရွိခဲ့ျပီးေနာက္ Team Secret ကို ထြက္သြားခဲ့ျပီး TI5 ကို ဝင္ေရာက္ကစားရာ ၇ နဲ႔ ၈ ပူးတြဲေနရာသာ ရရွိခဲ့ပါတယ္။ Team Secret မွာပဲ ဆက္လက္ကစားခဲ့တဲ့ TI6 မွာ ၁၃ မွ ၁၆ ပူးတြဲေနရာကို ရရွိျပီးေနာက္ EG ကို ျပန္ေျပာင္းခဲ့ျပီး TI7 မွာ ၉ နဲ႔ ၁၂ ပူးတြဲေနရာ ရခဲ့ပါတယ္။ ျပီးခဲ့တဲ့ TI8 မွာေတာ့ ယခုလက္ရွိ EG အသင္းသားမ်ားနဲ႔ အတူ တတိယေနရာအထိ ရယူထားႏိုင္ခဲ့ပါတယ္။

Arteezy ဟာ မူလက mid lane ကစားသမားျဖစ္ခဲ့ျပီး Dendi နဲ႔ Mushi တို႔လို legendary mid ကစားသမားၾကီးေတြကိုေတာင္ mid မွာ အသာစီးရခဲ့ဖူးပါတယ္။ EG ကို ျပန္လည္ဝင္ေရာက္ခဲ့တဲ့ ၂၀၁၆ က စလို႔ carry အျဖစ္တစိုက္မတ္မတ္ကစားလာခဲ့ျပီး Arteezy ရဲ႕ carry ဟာ အျခားအသင္းမ်ားရဲ႕ carry ကစားသမားမ်ားထက္ farming ျမန္ဆန္ေလ့ရွိပါတယ္။ Ti4 တုန္းက Fear ဒဏ္ရာရေနခဲ့တာေၾကာင့္ Mason နဲ႔အတူ ပါဝင္ခဲ့တဲ့ အသင္းမွာ သူ႕ရဲ႕သြက္လက္တဲ့ ကစားပုံကို သေဘာက်ခံရၿပီး “2EZ4RTZ” ဆုိတဲ့ စကားလုံး စေပၚလာခဲ့တာလည္း အမွတ္တရပါပဲ။

SumaiL နဲ႔ Arteezy တို႔လို superstar ကစားသမားႏွစ္ေယာက္လုံးကို ေက်ာ္လြန္ႏိုင္ဖုိ႔ဟာ ျပိဳင္ဘက္အသင္းမ်ားရဲ႕ core ကစားသမားမ်ားအတြက္ လြန္စြာခက္ခဲေလ့ရွိပါတယ္။ ႏွစ္ေယာက္စလုံးဟာ ႏိွမ္နင္းရခက္တဲ့သူမ်ားျဖစ္လို႔ ျပိဳင္ဘက္အသင္းဟာ သူတို႔ႏွစ္ေယာက္လုံးကို ျပိဳင္တူအာရုံစိုက္ ကစားၾကရပါတာ မ်ားပါတယ္။ ဒါေပမယ့္ သူတို႔ ႏွစ္ေယာက္ၾကား တစ္ခါတစ္ရံျဖစ္တတ္တဲ့ လြဲေခ်ာ္မႈမ်ားနဲ႔ အသင္းအတြက္ အားနည္းခ်က္တခ်ိဳ႕ေတာ့ ရွိေနပါတယ္။

EG ရဲ႕ offlane ကစားသမားၾကီး S4 ကေတာ့ TI3 ခ်န္ပီယံေဟာင္းၾကီးပါ။ ခ်န္ပီယံျဖစ္ခဲ့စဥ္က Alliance မွာ mid lane မွာ ကစားခဲ့ေပမယ့္ အခုလို offlane role နဲ႔ အသားက် ေနတာကေတာ့ အေတာ္ၾကာခဲ့ပါျပီ။ စစခ်င္း role ေျပာင္းခဲ့စဥ္က Puck, Magnus နဲ႔ Tiny တို႔လို mid lane မွာေရာ offlane မွာပါ အေျပာင္းအလဲနဲ႔ ကစားႏိုင္တဲ့ hero မ်ားကို အကိုင္မ်ားခဲ့ပါတယ္။

TI3 grand final မွာ S4 ရဲ႕ Puck ျပဳလုပ္ခဲ့တဲ့ Million Dollar Dream Coil ဟာ နာမည္ၾကီးလွပါတယ္။ Dota 2 Pro ေလာကမွာ ရပ္တည္ခဲ့တာၾကာျပီျဖစ္တဲ့ S4 ဟာ Alliance အျပင္ Team Secret နဲ႔ OG တို႔လို အသင္းၾကီးေတြမွာလည္း ကစားခဲ့ဖူးသူပါ။ ယခင္ Alliance မွာ အသင္းေခါင္းေဆာင္ျဖစ္ခဲ့သလို နာမည္ၾကီးကစားသမားေဟာင္းၾကီးေတြနဲ႔ ယွဥ္တြဲကစားခဲ့တာေတြေရာ ယွဥ္ျပိဳင္ကစားခဲ့တာေတြပါ အေတြ႔အၾကံဳမ်ားျပားပါတယ္။

S4 နဲ႔ အသင္းေခါင္းေဆာင္ Fly ဟာ ၂၀၁၈ ႏွစ္လယ္အေရာက္ အသင္းေဟာင္း OG ကေန အတူတူမေျပာင္းလာခင္ထဲက တြဲကစားခဲ့ဖူးတာမ်ားသလို Fly နဲ႔ Cr1t ဟာလည္း ႏွစ္အေတာ္ၾကာတြဲကစားခဲ့ဖူးလို႔ EG အသင္းထဲစုစည္းေနတဲ့အခ်ိန္မွာ teamwork ညီလွပါတယ္။ သုံးေယာက္သားရဲ႕ Dota 2 ေလာက အေတြ႔အၾကံဳမ်ားက အေတာ္မ်ားျပားေနျပီမို႔ ျပိဳင္ပြဲမ်ားမွာ ကံေခေနေသးရင္ေတာင္ ေနရာေကာင္းမ်ား ရယူႏိုင္ေၾကာင္း သက္ေသျပႏိုင္ခဲ့ပါတယ္။

TI4 နဲ႔ TI8 အပါအဝင္ Valve က ၾကီးမွဴးက်င္းပတဲ့ျပိဳင္ပြဲ အေတာ္မ်ားမ်ားမွာ တတိယေနရာ ရရွိတာမ်ားလြန္းလို႔ EG ဟာ “3rd place curse” တတိယေနရာက်ိန္စာ သင့္ေနတယ္လို႔ေတာင္ အခ်ိဳ႕ Dota 2 ပရိသတ္မ်ားက ေျပာဆိုေနၾကပါတယ္။ Arteezy ဟာလည္း TI ကံေခေလ့ရွိသူတစ္ေယာက္ပါ။ ဒါေပမယ့္ roster ဟာ အင္အားၾကီးမားလွျပီး TI5 ေနာက္ပုိင္း TI ေတြထက္ ေကာင္းမြန္တဲ့အေျခအေနမွာရွိပါတယ္။

တကယ္လို႔သာ ယခုႏွစ္ TI9 ကို အႏိုင္ရရွိခဲ့မယ္ဆိုရင္ မတူညီတဲ့ TI ႏွစ္ခုမွာ အႏိုင္ရရွိဖူးတဲ့ S4 နဲ႔ SumaiL တို႔ ႏွစ္ေယာက္ဟာ TI curse မ်ားကို ခ်ိဳးဖ်က္ျပီး စံခ်ိန္သစ္မ်ား တင္ႏိုင္မွာျဖစ္သလို “Too ez for Rtz” လုိ႔ Arteezy နဲ႔ EG တို့ရဲ႕ ပရိသတ္မ်ား ေၾကြးေက်ာ္ေနတာကိုလည္း ၾကားၾကရမွာပါ။ ကမၻာ့ထိပ္တန္းအဆင့္ ကစားသမားမ်ားပါဝင္တဲ့ EG ရဲ႕ TI9 မွာ ရပ္တည္မႈ ဘယ္လိုရွိမလဲဆုိတာကိုေတာ့ မၾကာမီ အားလုံးျမင္ေတြ႔ၾကရမွာပဲ ျဖစ္ပါေတာ့တယ္။

#GamingNoodle #Dota2 #TI9 #EG #ComBo


နံပါတ်တစ် နဲ့ထိုက်တန်ကြောင်း သက်သေပြဖို့ လိုအပ်နေတဲ့ “Evil Geniuses

TI5 ချန်ပီယံဟောင်းအသင်း Evil Geniuses (EG) ဟာ လက်ရှိမှာလဲ မြောက်အမေရိကရဲ့ အင်အားကြီး Dota 2 အသင်းတစ်သင်းပါ။ တစ်ယောက်ချင်းစီ နာမည်ကြီးပြီး အောင်မြင်တဲ့ အသင်းသားများကြောင့်ရော အသင်းရဲ့အရှိန်အဝါကြောင့်ပါ ပြိုင်ပွဲတိုင်းမှာ တစ်ဘက်အသင်းများရဲ့ ကြောက်ရွံ့လေးစားမှုကို ခံရတဲ့ အသင်းလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် TI8 မှာ တတိယနေရာကို ရယူထားနိုင်ခဲ့ပြီး ယခု TI9 ကိုလည်း တက်ရောက်ယှဉ်ပြိုင်ကြဦးမှာပါ။

လက်ရှိအသင်းမှာ TI5 ချန်ပီယံကစားသမားဟောင်းအနေနဲ့ကတော့ SumaiL တစ်ယောက်သာ ကျန်ရစ်ခဲ့ပေမယ့် နာမည်ကျော် core ကစားသမား Arteezy, TI3 ချန်ပီယံဟောင်း ကစားသမား S4, ဝါရင့်ကစားသမားများဖြစ်ကြတဲ့ Cr1t နဲ့ အသင်းခေါင်းဆောင် Fly တို့ ပါဝင်ပြီး အရင် TI8 ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ roster အတိုင်းပဲဖြစ်ပါတယ်။ အသင်းရဲ့ လက်ရှိနည်းပြဟာ TI5 ချန်ပီယံဖြစ်ခဲ့စဉ်က coach ဖြစ်သူ BuLba ပဲဖြစ်ပြီး သူဟာလည်း နည်းပြအဖြစ်ရော ကစားသမားအဖြစ်ပါ အတွေ့အကြုံများစွာ ရှိသူပါ။ TI5 ချန်ပီယံအသင်းသားဟောင်းများကတော့ UNiVeRsE, Aui_2000, ppd, Fear, SumaiL တို့ပဲဖြစ်ပါတယ်။

၂၀၁၈-၂၀၁၉ season ရဲ့ ပြိုင်ပွဲများမှာ ဒုတိယနဲ့ တတိယအများစုသာ ရရှိထားနိုင်ခဲ့ပေမယ့် မဆိုးလှတဲ့ အခြေအနေနဲ့ DPC point စတုတ္ထအများဆုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။ TI8 မှာ တတိယရအပြီး သိသာထင်ရှားတဲ့ ရလဒ်များကတော့ MDL Disneyland Paris Major, The Chongqing Major, The Kuala Lumpur Major တို့မှာ ရရှိခဲ့တဲ့ တတိယနေရာများနဲ့ MDL Macau 2019, ESL One Birmingham 2019 တို့မှာ ရရှိခဲ့တဲ့ ဒုတိယနေရာများပဲ ဖြစ်ပါတယ်။

TI5 ချန်ပီယံဖြစ်ခဲ့ချိန်မှာ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ Mid lane ကစားသမား SumaiL ကတော့ ၂၀၁၅ ခုနှစ်အစပိုင်းထဲက အသင်းထဲကို ရောက်ရှိလာခဲ့သူပါ။ ရောက်ပြီး သိပ်မကြာခင်မှာပဲ Dota 2 Asia Championship 2015 မှာ ပထမရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ထိုစဉ်က Meta ပြင်ပရောက်သလို ဖြစ်နေတဲ့ Lina နဲ့ SF တို့ကို အကောင်းဆုံးကိုင်တွယ်ပြခဲ့တာကြောင့် သူ့အရည်အချင်းကို လူတွေ အသိအမှတ်ပြုလာခဲ့ပါတယ်။

TI5 ချန်ပီယံဖြစ်ခဲ့စဉ်က အသင်းခေါင်းဆောင် PPD အပါအဝင် နောက်ပိုင်းအသင်းခေါင်းဆောင်များဟာ ပြိုင်ပွဲအတွက် draft ပြုလုပ်ရာမှာ SumaiL ကို ဦးစားပေးစဉ်းစားပြီး ပြုလုပ်တဲ့အထိ သူဟာ အရေးပါလှပါတယ်။ Lane ပေါ်မှာ ပြိုင်ဘက်ကို လွှမ်းမိုးနိုင်တာနဲ့ farming မြန်ဆန်တာ နှစ်ခုလုံး ပြိုင်တူလုပ်နိုင်တဲ့ သူ့ရဲ့ ကစားပုံဟာ အထင်ကြီးစရာပါ။ တစ်ခါတစ်ရံ လွန်စွာ aggressive ကစားတတ်သူလည်း ဖြစ်ပါတယ်။

TI5 grand final နောက်ဆုံးပွဲကို Storm Spirit နဲ့ အနိုင်ရခဲ့တဲ့ SumaiL ဟာ ပရိသတ်ကို အံ့အားသင့်စေခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ၃ ခါ သေထားပေမယ့် အားမပျော့သွားပဲ item များကို အလွန်မြန်ဆန်စွာ farm ပြီး အနိုင်ရအောင် ကစားနိုင်ခဲ့လို့ပါ။ ထိုစဉ်က Storm Spirit ဆိုတဲ့ hero ကို မြင်လိုက်တာနဲ့ SumaiL ကိုပါ တွဲပြီး မြင်ယောင်စေလောက်တဲ့အထိ SumaiL ဟာ နာမည်ကျော်ကြားခဲ့ပါတယ်။

SumaiL ဟာ offlane ကစားသမားအဖြစ်လည်း ပြောင်းလဲကစားခဲ့ဖူးပေမယ့် သိပ်မကြာလိုက်ဘဲ mid မှာသာ ပြန်လည်ကစားခဲ့ပါတယ်။ role အပြောင်းအလဲပြုလုပ်အပြီးမှာ မူလ role အတိုင်း ကောင်းကောင်းမွန်မွန်ကစားနိုင်ပါ့မလားလို့ ပရိသတ်များ စိတ်ပူခဲ့ကြပေမယ့် ပိုမိုထိရောက်သေသပ်တဲ့ ကစားပုံများကို ပြသနိုင်ခဲ့ပါတယ်။

Carry ကစားသမားဖြစ်သူ Arteezy ဟာ နာမည်အကြီးဆုံး pub star များထဲက တစ်ယောက်ဖြစ်သလို TI မဟုတ်တဲ့ အခြားပြိုင်ပွဲများမှာလည်း အောင်မြင်မှုများ ရရှိထားပါတယ်။ EG နဲ့ Team Secret ကို ခဏခဏ အပြောင်းအလဲလုပ်နေခဲ့တဲ့ Arteezy ဟာ ၂၀၁၆ နှောင်းပိုင်းက စလို့ ထပ်မပြောင်းတော့ပဲ EG ထဲမှာ ကစားလာခဲ့ပါတယ်။ TI ချန်ပီယံ မဖြစ်ဖူးသေးပေမယ့် TI အတွေ့အကြုံများစွာရှိသူ တစ်ဦးဖြစ်ပါတယ်။

EG မှာ ကစားခဲ့စဉ် TI4 မှာ တတိယနေရာ ရရှိခဲ့ပြီးနောက် Team Secret ကို ထွက်သွားခဲ့ပြီး TI5 ကို ဝင်ရောက်ကစားရာ ၇ နဲ့ ၈ ပူးတွဲနေရာသာ ရရှိခဲ့ပါတယ်။ Team Secret မှာပဲ ဆက်လက်ကစားခဲ့တဲ့ TI6 မှာ ၁၃ မှ ၁၆ ပူးတွဲနေရာကို ရရှိပြီးနောက် EG ကို ပြန်ပြောင်းခဲ့ပြီး TI7 မှာ ၉ နဲ့ ၁၂ ပူးတွဲနေရာ ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ TI8 မှာတော့ ယခုလက်ရှိ EG အသင်းသားများနဲ့ အတူ တတိယနေရာအထိ ရယူထားနိုင်ခဲ့ပါတယ်။

Arteezy ဟာ မူလက mid lane ကစားသမားဖြစ်ခဲ့ပြီး Dendi နဲ့ Mushi တို့လို legendary mid ကစားသမားကြီးတွေကိုတောင် mid မှာ အသာစီးရခဲ့ဖူးပါတယ်။ EG ကို ပြန်လည်ဝင်ရောက်ခဲ့တဲ့ ၂၀၁၆ က စလို့ carry အဖြစ်တစိုက်မတ်မတ်ကစားလာခဲ့ပြီး Arteezy ရဲ့ carry ဟာ အခြားအသင်းများရဲ့ carry ကစားသမားများထက် farming မြန်ဆန်လေ့ရှိပါတယ်။ Ti4 တုန်းက Fear ဒဏ်ရာရနေခဲ့တာကြောင့် Mason နဲ့အတူ ပါဝင်ခဲ့တဲ့ အသင်းမှာ သူ့ရဲ့သွက်လက်တဲ့ ကစားပုံကို သဘောကျခံရပြီး “2EZ4RTZ” ဆိုတဲ့ စကားလုံး စပေါ်လာခဲ့တာလည်း အမှတ်တရပါပဲ။

SumaiL နဲ့ Arteezy တို့လို superstar ကစားသမားနှစ်ယောက်လုံးကို ကျော်လွန်နိုင်ဖို့ဟာ ပြိုင်ဘက်အသင်းများရဲ့ core ကစားသမားများအတွက် လွန်စွာခက်ခဲလေ့ရှိပါတယ်။ နှစ်ယောက်စလုံးဟာ နှိမ်နင်းရခက်တဲ့သူများဖြစ်လို့ ပြိုင်ဘက်အသင်းဟာ သူတို့နှစ်ယောက်လုံးကို ပြိုင်တူအာရုံစိုက် ကစားကြရပါတာ များပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်ကြား တစ်ခါတစ်ရံဖြစ်တတ်တဲ့ လွဲချော်မှုများနဲ့ အသင်းအတွက် အားနည်းချက်တချို့တော့ ရှိနေပါတယ်။

EG ရဲ့ offlane ကစားသမားကြီး S4 ကတော့ TI3 ချန်ပီယံဟောင်းကြီးပါ။ ချန်ပီယံဖြစ်ခဲ့စဉ်က Alliance မှာ mid lane မှာ ကစားခဲ့ပေမယ့် အခုလို offlane role နဲ့ အသားကျ နေတာကတော့ အတော်ကြာခဲ့ပါပြီ။ စစချင်း role ပြောင်းခဲ့စဉ်က Puck, Magnus နဲ့ Tiny တို့လို mid lane မှာရော offlane မှာပါ အပြောင်းအလဲနဲ့ ကစားနိုင်တဲ့ hero များကို အကိုင်များခဲ့ပါတယ်။

TI3 grand final မှာ S4 ရဲ့ Puck ပြုလုပ်ခဲ့တဲ့ Million Dollar Dream Coil ဟာ နာမည်ကြီးလှပါတယ်။ Dota 2 Pro လောကမှာ ရပ်တည်ခဲ့တာကြာပြီဖြစ်တဲ့ S4 ဟာ Alliance အပြင် Team Secret နဲ့ OG တို့လို အသင်းကြီးတွေမှာလည်း ကစားခဲ့ဖူးသူပါ။ ယခင် Alliance မှာ အသင်းခေါင်းဆောင်ဖြစ်ခဲ့သလို နာမည်ကြီးကစားသမားဟောင်းကြီးတွေနဲ့ ယှဉ်တွဲကစားခဲ့တာတွေရော ယှဉ်ပြိုင်ကစားခဲ့တာတွေပါ အတွေ့အကြုံများပြားပါတယ်။

S4 နဲ့ အသင်းခေါင်းဆောင် Fly ဟာ ၂၀၁၈ နှစ်လယ်အရောက် အသင်းဟောင်း OG ကနေ အတူတူမပြောင်းလာခင်ထဲက တွဲကစားခဲ့ဖူးတာများသလို Fly နဲ့ Cr1t ဟာလည်း နှစ်အတော်ကြာတွဲကစားခဲ့ဖူးလို့ EG အသင်းထဲစုစည်းနေတဲ့အချိန်မှာ teamwork ညီလှပါတယ်။ သုံးယောက်သားရဲ့ Dota 2 လောက အတွေ့အကြုံများက အတော်များပြားနေပြီမို့ ပြိုင်ပွဲများမှာ ကံခေနေသေးရင်တောင် နေရာကောင်းများ ရယူနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

TI4 နဲ့ TI8 အပါအဝင် Valve က ကြီးမှူးကျင်းပတဲ့ပြိုင်ပွဲ အတော်များများမှာ တတိယနေရာ ရရှိတာများလွန်းလို့ EG ဟာ “3rd place curse” တတိယနေရာကျိန်စာ သင့်နေတယ်လို့တောင် အချို့ Dota 2 ပရိသတ်များက ပြောဆိုနေကြပါတယ်။ Arteezy ဟာလည်း TI ကံခေလေ့ရှိသူတစ်ယောက်ပါ။ ဒါပေမယ့် roster ဟာ အင်အားကြီးမားလှပြီး TI5 နောက်ပိုင်း TI တွေထက် ကောင်းမွန်တဲ့အခြေအနေမှာရှိပါတယ်။

တကယ်လို့သာ ယခုနှစ် TI9 ကို အနိုင်ရရှိခဲ့မယ်ဆိုရင် မတူညီတဲ့ TI နှစ်ခုမှာ အနိုင်ရရှိဖူးတဲ့ S4 နဲ့ SumaiL တို့ နှစ်ယောက်ဟာ TI curse များကို ချိုးဖျက်ပြီး စံချိန်သစ်များ တင်နိုင်မှာဖြစ်သလို “Too ez for Rtz” လို့ Arteezy နဲ့ EG တို့ရဲ့ ပရိသတ်များ ကြွေးကျော်နေတာကိုလည်း ကြားကြရမှာပါ။ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမားများပါဝင်တဲ့ EG ရဲ့ TI9 မှာ ရပ်တည်မှု ဘယ်လိုရှိမလဲဆိုတာကိုတော့ မကြာမီ အားလုံးမြင်တွေ့ကြရမှာပဲ ဖြစ်ပါတော့တယ်။

#GamingNoodle #Dota2 #TI9 #EG #ComBo