[Zawgyi]

TI7 ခ်န္ပီယံေဟာင္းျဖစ္တဲ့ Team Liquid ဟာ လက္ရွိ DotA2 ေလာကရဲ႕ အင္အားၾကီး အသင္းတစ္သင္းျဖစ္သလို ပရိတ္သတ္အခိုင္အမာရရွိထားတဲဲ့ လူၾကိဳက္အမ်ားဆုံးအသင္းမ်ားထဲက တစ္သင္းလည္းျဖစ္ပါတယ္။ Team Liquid ရဲ႕ ပင္မအဖြဲ႔အစည္းဟာ စတင္ထူေထာင္တာ သက္တမ္းအလြန္ၾကာျမင့္ခဲ့ျပီ ျဖစ္ျပီး အျခား Esports ဂိမ္းမ်ားရဲ႕ professional အသင္းမ်ားကိုလည္း ပိုင္ဆိုင္ထားပါတယ္။

DotA2 မွာ သိသာ ၾကီးမားတဲ့ ေအာင္ျမင္မႈမ်ား စတင္ဖုိ႔ ျဖစ္ေပၚလာခဲ့တာကေတာ့ ၂၀၁၅ ခုႏွစ္ ေႏွာင္းပိုင္းမွာပါ။ လက္ရွိအထိ ျပိဳင္ပြဲေပါင္းမ်ားစြာမွာ ဆုေတြ ဆြတ္ခူးထားႏိုင္ခဲ့တဲ့ Team Liquid ဟာ မၾကာမီ က်င္းပမယ့္ TI9 ျပိဳင္ပြဲၾကီးရဲ႕ အသင္းမ်ားထဲမွာ ေစာင့္ၾကည့္ျခင္းအခံရဆုံး အသင္းတစ္သင္းလည္း ျဖစ္ပါတယ္။

Kuroky ဦးေဆာင္တဲ့ Team Liquid ရဲ႕ လက္ရွိ အသင္းသားကစားသမားမ်ားကေတာ့ Miracle-, w33, MinD_ContRoL နဲ႔ GH တို႔ပဲ ျဖစ္ပါတယ္။ Team Liquid ရဲ႕ ေရႊေရာင္ေအာင္ျမင္မႈမ်ားမွာ အသင္းရဲ႕ ကစားသမားမ်ားဟာ အေရးၾကီးဆုံး အခန္းက႑ကေန ပါဝင္ေနပါတယ္။

TI4 အျပီးထဲက ကစားသမားေဟာင္းမ်ား ထြက္ခြာသြားခဲ့လို႔ တစ္ႏွစ္ေက်ာ္ေလာက္ လူမရွိျဖစ္ေနတဲ့ Team Liquid ဟာ Kuroky ထူေထာင္ထားတဲ့ 5Jungz အသင္းသားငါးေယာက္ကို ေခၚယူခဲ့ျပီးေနာက္ အသင္းရဲ႕ ကံၾကမၼာလည္း ေျပာင္းလဲသြားခဲ့ပါတယ္။ ၂၀၁၅ ေအာက္တိုဘာလမွာ 5Jungz ကစားသမားေဟာင္းမ်ားဟာ Team Liquid ကစားသမားမ်ား ျဖစ္လာၾကျပီး ထိုစဥ္က Kuroky, Fata-, Matumbaman, MinD_ContRoL နဲ႔ JerAx တို႔ ပါဝင္ခဲ့ပါတယ္။

Kuroky ဟာ 5Jungz တုန္းက လူစာရင္းနဲ႔ပဲ Team Liquid အျဖစ္ ျပိဳင္ပြဲမ်ားကို ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ရာ စ စ ခ်င္း ေအာင္ျမင္မႈ သိပ္မရရွိခဲ့ေပမယ့္ Dota 2 Champions League Season 6 နဲ႔ The Defense Season 5 တို႔အေရာက္မွာေတာ့ ပထမမ်ား ရရွိလာခဲ့ျပီး Epicenter 2016 ကိုလည္း အႏိုင္ရရွိခဲ့ပါတယ္။

[Image via EPICENTER]

TI6 က်င္းပဖုိ႔ ၂လ ေလာက္ပဲ လိုေတာ့တဲ့ The Manila Major 2016 မွာလည္း ဒုတိယရရွိခဲ့ပါေသးတယ္။ TI6 ကို ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ရာမွာေတာ့ Fnatic ကို ရႈံးနိမ့္ခဲ့လို႔ ၇ နဲ႔ ၈ ပူးတြဲေနရာပဲရရွိခဲ့ပါတယ္။ TI6 အျပီးမွာ Fata- နဲ႔ JeraX တို့ ထြက္ခြာသြားခဲ့ျပီး လက္ရွိ Team Liquid ရဲ႕ အခရာကစားသမား Miracle- ေရာက္ရွိလာခဲ့သလို JeraX ေနရာကို အစားထိုးဖုိ့ BuLba လည္း ဝင္ေရာက္လာခဲ့ပါတယ္။

TI7 က်င္းပခဲ့တဲ့ ၂၀၁၇ အေစာပိုင္းမွာ Team Liquid ဟာ အေျခအေနမေကာင္းလွေသးပါဘူး။ Boston Major မွာ qualifier က လွည့္ျပန္ခဲ့ရျပီး အျခားျပိဳင္ပြဲမ်ား ဆက္လက္ယွဥ္ျပိဳင္ခဲ့ရာမွာလည္း ရလဒ္မ်ားက ပိုလုိ႔သာ ဆိုးလာခဲ့ပါတယ္။ BuLba ဟာ အသင္းထဲမွာပဲ အနားယူသြားခဲ့လို့ သူ႔ေနရာမွာ GH ကို အစားထိုးကစားလိုက္ခ်ိန္မွ DreamLeague Season 6 မွာ ပထမ ရလာခဲ့ပါတယ္။

၂၀၁၆ ႏိုဝင္ဘာလမွာ GH ကို အျမဲတမ္းအသင္းဝင္အျဖစ္ ထည့္သြင္းအျပီးမွာေတာ့ TI7 ခ်န္ပီယံျဖစ္လာမယ့္ Team Liquid ရဲ႕ အသင္းဖြဲ႕စည္းပုံဟာ ျပည့္စုံခဲ့သြားခဲ့ပါတယ္။ Epicenter 2017 မွာ TI5 ခ်န္ပီယံေဟာင္း Evil Geniuses (EG) ကို အႏိုင္ရျပီး ပထမရရွိခဲ့သလို DreamLeague Season 7 မွာလည္း ဗိုလ္စြဲႏိုင္ခဲ့ပါတယ္။ ဆက္တိုက္ရရွိလာတဲ့ ေအာင္ျမင္မႈမ်ားနဲ႔ အတူ Team Liquid ဟာ TI7 ကို တက္ေရာက္ခဲ့ပါတယ္။

TI7 မွာ စစခ်င္း Invictus Gaming (IG) ကို ရႈံးနိမ့္ခဲ့လို႔ Lower Bracket ကို ဆင္းခဲ့ရတာကလြဲရင္ အေျခအေနအရပ္ရပ္မွာ အင္အားအၾကီးဆုံးျဖစ္ခဲ့တာပါ။ Team Secret, Virtus.Pro, LGD နဲ႔ LFY တို႔လို အသင္းၾကီးမ်ားကို Lower Bracket မွာ အႏိုင္ရေက်ာ္ျဖတ္ျပီး grand final ကို တက္ေရာက္လာႏိုင္ခဲ့ပါတယ္။ Upper Bracket က grand final တက္လာတဲ့ NewBee ကို သုံးပြဲျပတ္အႏိုင္နဲ႔ ခ်န္ပီယံျဖစ္ခဲ့တာဟာ TI သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ အလြန္ထူးျခားတဲ့ ျဖစ္ရပ္တစ္ခုပါ။

TI7 grand final ရဲ႕ ပထမဆုံးဂိမ္းမွာ Newbee ဟာ Team Liquid ကို Nature Prophet ထုတ္ခြင့္ေပးခဲ့ျပီး carry အျဖစ္ Blood Seeker ယူကာ အမွားမ်ား ျပဳလုပ္ခဲ့ပါတယ္။ Team Liquid ရဲ႕ ေနာက္ဆုံး pick, Troll Warlord ကို ကိုင္တြယ္ကစားခဲ့တဲ့ Miracle- ဟာ အသင္းကို carry သြားႏိုင္ခဲ့သလို Matumbaman ရဲ႕ Lifestealer လည္း လက္စြမ္းျပႏိုင္ခဲ့ပါတယ္။

ဒုတိယပြဲမွာ Newbee ဟာ အေစာပိုင္း သာေနခဲ့ေပမယ့္ carry Antimage ဟာ Team Liquid တစ္သင္းလုံးရဲ႕ အဆက္မျပတ္ stun မ်ားကို ခံႏိုင္ျခင္းမရွိသလို Miracle- ရဲ႕ Alchemist နဲ႔လည္း farming ယွဥ္ႏိုင္ျခင္း မရွိခဲ့တဲ့အတြက္ Team Liquid ကပဲ ထပ္မံ အႏိုင္ရရွိခဲ့ပါတယ္။

Health 100 ေက်ာ္ေက်ာ္ေလးနဲ႔ Omnislash ပိုင္းသြားတဲ့ Miracle- ရဲ႕ Juggernaut ဟာ TI7 ေနာက္ဆုံးပြဲမွာ ေျပာစမွတ္တြင္ခဲ့ရပါတယ္။ တစ္ဖက္က Newbee တစ္သင္းလုံး ဝိုင္းဝန္း ပစ္မွတ္ထားေနတဲ့ ၾကားက အစြမ္းျပႏိုင္ခဲ့တဲ့ Miracle- ရဲ႕ ဂုဏ္သတင္းဟာ ပိုမိုေက်ာ္ေစာခဲ့ရသလို Kuroky ႏွစ္ေပါင္းမ်ားစြာ ေမွ်ာ္လင့္ၾကိဳးစားလာခဲ့သမွ်လည္း Team Liquid ခ်န္ပီယံျဖစ္ခဲ့တဲ့ TI7 မွာ အရာထင္လာခဲ့ပါေတာ့တယ္။

Team Liquid ဟာ TI7 ကို အႏိုင္ရရွိခဲ့တဲ့ လူစာရင္းအတိုင္း အေျပာင္းအလဲမျပဳလုပ္ပဲ ေအာင္ျမင္မႈမ်ားစြာ ထပ္မံရရွိခဲ့ပါတယ္။ StarLadder i-League Invitational Season 3 နဲ႔ Season 4, AMD SAPPHIRE Dota PIT League, China Dota2 Supermajor တုိ႔လို ျပိဳင္ပြဲၾကီးေတြမွာ ပထမမ်ားရရွိခဲ့ျပီး TI8 မွာ ဝင္ေရာက္ကစားခဲ့ပါတယ္။ TI7 ရဲ႕ ခ်န္ပီယံေဟာင္း title ကို ကာကြယ္ဖုိ႔ ၾကိဳးစားခဲ့ေပမယ့္ TI8 မွာေတာ့ စတုတၳေနရာနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ TI8 အျပီးမွာ Team Liquid ဟာ TI9 အတြက္ အရင္ထက္ ပိုမိုျပီး ျပင္ဆင္မႈမ်ား ျပလုပ္ခဲ့တာပါ။

ဒီႏွစ္ ဇြန္လထဲမွာပဲ က်င္းပျပီးစီးခဲ့တဲ့ Epicenter 2019 အျပီးမွာေတာ့ Team Liquid ဟာ ထူးျခားစြာနဲ႔ပဲ TI7 ခ်န္ပီယံျဖစ္ခဲ့ရာမွာ ပါဝင္ခဲ့တဲ့ Matumbaman ကို ထုတ္ပယ္ျပီး ဝါရင့္ mid lane ကစားသမား w33 ကို အစားထိုးထည့္သြင္းခဲ့ပါတယ္။ ရက္ေပါင္း ၉၀၀ ေလာက္ မေျပာင္းလဲပဲ ရွိေနခဲ့တဲ့ TI7 ခ်န္ပီယံေဟာင္းအသင္းဖြဲ႔စည္းပုံဟာ Matumbaman ထြက္သြားခ်ိန္မွ ေျပာင္းလဲခဲ့တာပါ။ w33 ဟာ mid lane မွာ အသင္းရဲ႕ Position 2 အေနနဲ႔ ကစားျပီး Miracle- ကေတာ့ carry အျဖစ္ ကစားလ်က္ရွိပါတယ္။

ကမၻာ့အေကာင္းဆုံး DotA2 အသင္းေခါင္းေဆာင္မ်ားထဲက တစ္ေယာက္လည္း ျဖစ္၊ TI All-timer တစ္ေယာက္လည္း ျဖစ္သူ Kuroky ရဲ႕ ဦးေဆာင္မႈေအာက္မွာ Team Liquid ကေတာ့ Miracle-, w33, Mind_ContRol, GH လူစာရင္းနဲ့ TI9 ကို ဝင္ေရာက္ ယွဥ္ျပိဳင္ေတာ့မွာပါ။ Miracle- ဟာ mid lane မွာ ကစားေနက်ျဖစ္ေပမယ့္ carry အျဖစ္ကစားရမယ့္ ကိစၥဟာ ပိုေတာင္ အဆင္ေျပေနႏိုင္ပါေသးတယ္။ Miracle- ဟာ ယခင္ N0tail ရဲ႕ (monkey) Business တျဖစ္လဲ OG အသင္းမွာတုန္းကလည္း Pos 1 Carry အျဖစ္ စတင္ေဆာ့ကစားခဲ့ဖူးသူပါ။

[Image via EPICENTER]

Heavy farming ေတြ ျပဳလုပ္တတ္ျပီး Terror Blade, Juggernaut, Alchemist တို႔လုိ hero ေတြနဲ႔ အသားက်တဲ့ Miracle- ဟာ အရင္အတိုင္း အသင္းကို carry သြားႏိုင္လိမ့္မယ္လုိ႔ ယူဆရပါတယ္။ Offlane ကစားသမား Mind_ContRol ဟာလည္း အလြန္ေကာင္းတဲ့ offlaner တစ္ဦး ျဖစ္ေနဆဲျဖစ္ျပီး GH ရဲ႕ core တစ္ေကာင္နီးပါး fat တဲ့ support ကိုလည္း ထပ္ေတြ႔ရႏိုင္ပါေသးတယ္။

[Image via EPICENTER]

ေနာက္က်မွ ဝင္လာတဲ့ w33 ဟာ က်န္အသင္းသားမ်ားနဲ႔ တြဲမိျပီး teamwork ညီဖုိ႔ေတာ့ အလြန္အေရးၾကီးေနပါတယ္။ သူ႔ရဲ႕ နာမည္ၾကီး mid hero မ်ားဟာ Invoker, Meepo, Templar Assassin တို႔ျဖစ္ၾကေပမယ့္ ျပီးခဲ့တဲ့ ျပိဳင္ပြဲမ်ားမွာေတာ့ Wind Ranger ကိုပဲ အေျမာက္အမ်ား ထုတ္ေပးျပီး ကစားေစခဲ့တာကို ေတြ႔ရမွာပါ။ ေျမပုံေပၚမွာ တက္တက္ၾကြၾကြနဲ႔ အေစာပိုင္းထဲက အသာစီးယူ ကစားရတဲ့ hero မ်ားကို ကြ်မ္းက်င္လွတာမို႔ farming ေကာင္းတဲ့ Miracle- နဲ႔ ပိုတြဲမိလာမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။ TI7 အျပီးမွာ အနည္းငယ္ အားေပ်ာ့သြားတယ္လို႔ ထင္ရေပမယ့္ ခ်န္ပီယံေဟာင္း ဂုဏ္ပုဒ္နဲ႔ အတူ Team Liquid ဟာ ထြန္းေတာက္ေနဆဲပါ။

[Image via EPICENTER]

w33 တစ္ေယာက္သာ အစားထိုးေျပာင္းထားတဲ့ TI7 ခ်န္ပီယံေဟာင္း အသင္းၾကီးကေတာ့ TI9 ကို အႏိုင္ရရွိျပီး ခ်န္ပီယံျဖစ္လာႏိုင္ေျခလည္း အမ်ားၾကီးရွိေနတာပါ။ TI ခ်န္ပီယံ ၂ ခါျဖစ္တဲ့ အသင္းမရွိေသးလို႔ ပထမဆုံး ၂ ထပ္ကြမ္းခ်န္ပီယံ ျဖစ္လာေစဖုိ႔ အမ်ားလိုခ်င္ေတာင့္တေနၾကတဲ့ အသင္းမ်ားထဲမွာလည္း Team Liquid က ထိပ္ဆုံးမွာပါ။ ခ်န္ပီယံေဟာင္း Team Liquid ရဲ႕ ယွဥ္ျပိဳင္ပြဲမ်ားကိုေတာ့ မၾကာမီ အားလုံးျမင္ေတြ႔ၾကရမွာျဖစ္ျပီး Liquid fan မ်ားသာမက DotA2 ဝါသနာရွင္အားလုံး ေစာင့္ေမွ်ာ္ေနၾကတဲ့ ပြဲမ်ားပဲျဖစ္ပါေတာ့တယ္။

#GamingNoodle #Dota2 #TI9 #TeamProfile


[Unicode]

ချန်ပီယံဆုကို လူစာရင်းအသစ်နဲ့ တစ်ကျော့ပြန်စိန်ခေါ်မယ့် “Team Liquid”

 

TI7 ချန်ပီယံဟောင်းဖြစ်တဲ့ Team Liquid ဟာ လက်ရှိ DotA2 လောကရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်သလို ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ လူကြိုက်အများဆုံးအသင်းများထဲက တစ်သင်းလည်းဖြစ်ပါတယ်။ Team Liquid ရဲ့ ပင်မအဖွဲ့အစည်းဟာ စတင်ထူထောင်တာ သက်တမ်းအလွန်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး အခြား esport ဂိမ်းများရဲ့ professional အသင်းများကိုလည်း ပိုင်ဆိုင်ထားပါတယ်။

DotA2 မှာ သိသာ ကြီးမားတဲ့ အောင်မြင်မှုများ စတင်ဖို့ ဖြစ်ပေါ်လာခဲ့တာကတော့ ၂၀၁၅ ခုနှစ် နှောင်းပိုင်းမှာပါ။ လက်ရှိအထိ ပြိုင်ပွဲပေါင်းများစွာမှာ ဆုတွေ ဆွတ်ခူးထားနိုင်ခဲ့တဲ့ Team Liquid ဟာ မကြာမီ ကျင်းပမယ့် TI9 ပြိုင်ပွဲကြီးရဲ့ အသင်းများထဲမှာ စောင့်ကြည့်ခြင်းအခံရဆုံး အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

Kuroky ဦးဆောင်တဲ့ Team Liquid ရဲ့ လက်ရှိ အသင်းသားကစားသမားများကတော့ Miracle-, w33, MinD_ContRoL နဲ့ GH တို့ပဲ ဖြစ်ပါတယ်။ Team Liquid ရဲ့ ရွှေရောင်အောင်မြင်မှုများမှာ အသင်းရဲ့ ကစားသမားများဟာ အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

TI4 အပြီးထဲက ကစားသမားဟောင်းများ ထွက်ခွာသွားခဲ့လို့ တစ်နှစ်ကျော်လောက် လူမရှိဖြစ်နေတဲ့ Team Liquid ဟာ Kuroky ထူထောင်ထားတဲ့ 5Jungz အသင်းသားငါးယောက်ကို ခေါ်ယူခဲ့ပြီးနောက် အသင်းရဲ့ ကံကြမ္မာလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ၂၀၁၅ အောက်တိုဘာလမှာ 5Jungz ကစားသမားဟောင်းများဟာ Team Liquid ကစားသမားများ ဖြစ်လာကြပြီး ထိုစဉ်က Kuroky, Fata-, Matumbaman, MinD_ContRoL နဲ့ JerAx တို့ ပါဝင်ခဲ့ပါတယ်။

Kuroky ဟာ 5Jungz တုန်းက လူစာရင်းနဲ့ပဲ Team Liquid အဖြစ် ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စ စ ချင်း အောင်မြင်မှု သိပ်မရရှိခဲ့ပေမယ့် Dota 2 Champions League Season 6 နဲ့ The Defense Season 5 တို့အရောက်မှာတော့ ပထမများ ရရှိလာခဲ့ပြီး Epicenter 2016 ကိုလည်း အနိုင်ရရှိခဲ့ပါတယ်။

[Image via EPICENTER]

TI6 ကျင်းပဖို့ ၂လ လောက်ပဲ လိုတော့တဲ့ The Manila Major 2016 မှာလည်း ဒုတိယရရှိခဲ့ပါသေးတယ်။ TI6 ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာတော့ Fnatic ကို ရှုံးနိမ့်ခဲ့လို့ ၇ နဲ့ ၈ ပူးတွဲနေရာပဲရရှိခဲ့ပါတယ်။ TI6 အပြီးမှာ Fata- နဲ့ JeraX တို့ ထွက်ခွာသွားခဲ့ပြီး လက်ရှိ Team Liquid ရဲ့ အခရာကစားသမား Miracle- ရောက်ရှိလာခဲ့သလို JeraX နေရာကို အစားထိုးဖို့ BuLba လည်း ဝင်ရောက်လာခဲ့ပါတယ်။

TI7 ကျင်းပခဲ့တဲ့ ၂၀၁၇ အစောပိုင်းမှာ Team Liquid ဟာ အခြေအနေမကောင်းလှသေးပါဘူး။ Boston Major မှာ qualifier က လှည့်ပြန်ခဲ့ရပြီး အခြားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာလည်း ရလဒ်များက ပိုလို့သာ ဆိုးလာခဲ့ပါတယ်။ BuLba ဟာ အသင်းထဲမှာပဲ အနားယူသွားခဲ့လို့ သူ့နေရာမှာ GH ကို အစားထိုးကစားလိုက်ချိန်မှ DreamLeague Season 6 မှာ ပထမ ရလာခဲ့ပါတယ်။

၂၀၁၆ နိုဝင်ဘာလမှာ GH ကို အမြဲတမ်းအသင်းဝင်အဖြစ် ထည့်သွင်းအပြီးမှာတော့ TI7 ချန်ပီယံဖြစ်လာမယ့် Team Liquid ရဲ့ အသင်းဖွဲ့စည်းပုံဟာ ပြည့်စုံခဲ့သွားခဲ့ပါတယ်။ Epicenter 2017 မှာ TI5 ချန်ပီယံဟောင်း Evil Geniuses (EG) ကို အနိုင်ရပြီး ပထမရရှိခဲ့သလို DreamLeague Season 7 မှာလည်း ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဆက်တိုက်ရရှိလာတဲ့ အောင်မြင်မှုများနဲ့ အတူ Team Liquid ဟာ TI7 ကို တက်ရောက်ခဲ့ပါတယ်။

TI7 မှာ စစချင်း Invictus Gaming (IG) ကို ရှုံးနိမ့်ခဲ့လို့ Lower Bracket ကို ဆင်းခဲ့ရတာကလွဲရင် အခြေအနေအရပ်ရပ်မှာ အင်အားအကြီးဆုံးဖြစ်ခဲ့တာပါ။ Team Secret, Virtus.Pro, LGD နဲ့ LFY တို့လို အသင်းကြီးများကို Lower Bracket မှာ အနိုင်ရကျော်ဖြတ်ပြီး grand final ကို တက်ရောက်လာနိုင်ခဲ့ပါတယ်။ Upper Bracket က grand final တက်လာတဲ့ NewBee ကို သုံးပွဲပြတ်အနိုင်နဲ့ ချန်ပီယံဖြစ်ခဲ့တာဟာ TI သမိုင်းကြောင်းတစ်လျှောက်မှာ အလွန်ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါ။

TI7 grand final ရဲ့ ပထမဆုံးဂိမ်းမှာ Newbee ဟာ Team Liquid ကို Nature Prophet ထုတ်ခွင့်ပေးခဲ့ပြီး carry အဖြစ် Blood Seeker ယူကာ အမှားများ ပြုလုပ်ခဲ့ပါတယ်။ Team Liquid ရဲ့ နောက်ဆုံး pick, Troll Warlord ကို ကိုင်တွယ်ကစားခဲ့တဲ့ Miracle- ဟာ အသင်းကို carry သွားနိုင်ခဲ့သလို Matumbaman ရဲ့ Lifestealer လည်း လက်စွမ်းပြနိုင်ခဲ့ပါတယ်။

ဒုတိယပွဲမှာ Newbee ဟာ အစောပိုင်း သာနေခဲ့ပေမယ့် carry Antimage ဟာ Team Liquid တစ်သင်းလုံးရဲ့ အဆက်မပြတ် stun များကို ခံနိုင်ခြင်းမရှိသလို Miracle- ရဲ့ Alchemist နဲ့လည်း farming ယှဉ်နိုင်ခြင်း မရှိခဲ့တဲ့အတွက် Team Liquid ကပဲ ထပ်မံ အနိုင်ရရှိခဲ့ပါတယ်။

Health 100 ကျော်ကျော်လေးနဲ့ Omnislash ပိုင်းသွားတဲ့ Miracle- ရဲ့ Juggernaut ဟာ TI7 နောက်ဆုံးပွဲမှာ ပြောစမှတ်တွင်ခဲ့ရပါတယ်။ တစ်ဖက်က Newbee တစ်သင်းလုံး ဝိုင်းဝန်း ပစ်မှတ်ထားနေတဲ့ ကြားက အစွမ်းပြနိုင်ခဲ့တဲ့ Miracle- ရဲ့ ဂုဏ်သတင်းဟာ ပိုမိုကျော်စောခဲ့ရသလို Kuroky နှစ်ပေါင်းများစွာ မျှော်လင့်ကြိုးစားလာခဲ့သမျှလည်း Team Liquid ချန်ပီယံဖြစ်ခဲ့တဲ့ TI7 မှာ အရာထင်လာခဲ့ပါတော့တယ်။

Team Liquid ဟာ TI7 ကို အနိုင်ရရှိခဲ့တဲ့ လူစာရင်းအတိုင်း အပြောင်းအလဲမပြုလုပ်ပဲ အောင်မြင်မှုများစွာ ထပ်မံရရှိခဲ့ပါတယ်။ StarLadder i-League Invitational Season 3 နဲ့ Season 4, AMD SAPPHIRE Dota PIT League, China Dota2 Supermajor တို့လို ပြိုင်ပွဲကြီးတွေမှာ ပထမများရရှိခဲ့ပြီး TI8 မှာ ဝင်ရောက်ကစားခဲ့ပါတယ်။ TI7 ရဲ့ ချန်ပီယံဟောင်း title ကို ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် TI8 မှာတော့ စတုတ္ထနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ TI8 အပြီးမှာ Team Liquid ဟာ TI9 အတွက် အရင်ထက် ပိုမိုပြီး ပြင်ဆင်မှုများ ပြလုပ်ခဲ့တာပါ။

[Image via EPICENTER]

ဒီနှစ် ဇွန်လထဲမှာပဲ ကျင်းပပြီးစီးခဲ့တဲ့ Epicenter 2019 အပြီးမှာတော့ Team Liquid ဟာ ထူးခြားစွာနဲ့ပဲ TI7 ချန်ပီယံဖြစ်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ Matumbaman ကို ထုတ်ပယ်ပြီး ဝါရင့် mid lane ကစားသမား w33 ကို အစားထိုးထည့်သွင်းခဲ့ပါတယ်။ ရက်ပေါင်း ၉၀၀ လောက် မပြောင်းလဲပဲ ရှိနေခဲ့တဲ့ TI7 ချန်ပီယံဟောင်းအသင်းဖွဲ့စည်းပုံဟာ Matumbaman ထွက်သွားချိန်မှ ပြောင်းလဲခဲ့တာပါ။ w33 ဟာ mid lane မှာ အသင်းရဲ့ Position 2 အနေနဲ့ ကစားပြီး Miracle- ကတော့ carry အဖြစ် ကစားလျက်ရှိပါတယ်။

ကမ္ဘာ့အကောင်းဆုံး DotA2 အသင်းခေါင်းဆောင်များထဲက တစ်ယောက်လည်း ဖြစ်၊ TI All-timer တစ်ယောက်လည်း ဖြစ်သူ Kuroky ရဲ့ ဦးဆောင်မှုအောက်မှာ Team Liquid ကတော့ Miracle-, w33, Mind_ContRol, GH လူစာရင်းနဲ့ TI9 ကို ဝင်ရောက် ယှဉ်ပြိုင်တော့မှာပါ။ Miracle- ဟာ mid lane မှာ ကစားနေကျဖြစ်ပေမယ့် carry အဖြစ်ကစားရမယ့် ကိစ္စဟာ ပိုတောင် အဆင်ပြေနေနိုင်ပါသေးတယ်။ Miracle- ဟာ ယခင် N0tail ရဲ့ (monkey) Business တဖြစ်လဲ OG အသင်းမှာတုန်းကလည်း Pos 1 Carry အဖြစ် စတင်ဆော့ကစားခဲ့ဖူးသူပါ။

[Image via EPICENTER]

Heavy farming တွေ ပြုလုပ်တတ်ပြီး Terror Blade, Juggernaut, Alchemist တို့လို hero တွေနဲ့ အသားကျတဲ့ Miracle- ဟာ အရင်အတိုင်း အသင်းကို carry သွားနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ Offlane ကစားသမား Mind_ContRol ဟာလည်း အလွန်ကောင်းတဲ့ offlaner တစ်ဦး ဖြစ်နေဆဲဖြစ်ပြီး GH ရဲ့ core တစ်ကောင်နီးပါး fat တဲ့ support ကိုလည်း ထပ်တွေ့ရနိုင်ပါသေးတယ်။

[Image via EPICENTER]

နောက်ကျမှ ဝင်လာတဲ့ w33 ဟာ ကျန်အသင်းသားများနဲ့ တွဲမိပြီး teamwork ညီဖို့တော့ အလွန်အရေးကြီးနေပါတယ်။ သူ့ရဲ့ နာမည်ကြီး mid hero များဟာ Invoker, Meepo, Templar Assassin တို့ဖြစ်ကြပေမယ့် ပြီးခဲ့တဲ့ ပြိုင်ပွဲများမှာတော့ Wind Ranger ကိုပဲ အမြောက်အများ ထုတ်ပေးပြီး ကစားစေခဲ့တာကို တွေ့ရမှာပါ။ မြေပုံပေါ်မှာ တက်တက်ကြွကြွနဲ့ အစောပိုင်းထဲက အသာစီးယူ ကစားရတဲ့ hero များကို ကျွမ်းကျင်လှတာမို့ farming ကောင်းတဲ့ Miracle- နဲ့ ပိုတွဲမိလာမယ်လို့တော့ မျှော်လင့်ရပါတယ်။ TI7 အပြီးမှာ အနည်းငယ် အားပျော့သွားတယ်လို့ ထင်ရပေမယ့် ချန်ပီယံဟောင်း ဂုဏ်ပုဒ်နဲ့ အတူ Team Liquid ဟာ ထွန်းတောက်နေဆဲပါ။

[Image via EPICENTER]

w33 တစ်ယောက်သာ အစားထိုးပြောင်းထားတဲ့ TI7 ချန်ပီယံဟောင်း အသင်းကြီးကတော့ TI9 ကို အနိုင်ရရှိပြီး ချန်ပီယံဖြစ်လာနိုင်ခြေလည်း အများကြီးရှိနေတာပါ။ TI ချန်ပီယံ ၂ ခါဖြစ်တဲ့ အသင်းမရှိသေးလို့ ပထမဆုံး ၂ ထပ်ကွမ်းချန်ပီယံ ဖြစ်လာစေဖို့ အများလိုချင်တောင့်တနေကြတဲ့ အသင်းများထဲမှာလည်း Team Liquid က ထိပ်ဆုံးမှာပါ။ ချန်ပီယံဟောင်း Team Liquid ရဲ့ ယှဉ်ပြိုင်ပွဲများကိုတော့ မကြာမီ အားလုံးမြင်တွေ့ကြရမှာဖြစ်ပြီး Liquid fan များသာမက DotA2 ဝါသနာရှင်အားလုံး စောင့်မျှော်နေကြတဲ့ ပွဲများပဲဖြစ်ပါတော့တယ်။

#GamingNoodle #Dota2 #TI9 #TeamProfile