[Zawgyi]
ဘယ်နေ့လုပ်မှာလည်း?
ဘယ်မှာလုပ်မှာလည်း?
ဘာအစီအစဉ်တွေပါလည်း?
—————————————————————————
[Zawgyi]
MSI နဲ့ NVIDIA က ပူးပေါင်းတင်ဆက်မယ့် ရန်ကုန်က TI9 Pubstomp
လာမယ့် ၂၅ ရက်နေ့ တနင်္ဂနွေနေ့မှာ Dota2 ပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ Event တစ်ခု ရှိနေပါတယ်။ ဒါကတော့ MSI နဲ့ NVIDIA တို့ ပူးပေါင်းတင်ဆက်မယ့် TI9 Pubstomp ပဲ ဖြစ်ပါတယ်။
TI9 Pubstomp ဆိုတညကတော့ ဝါသနာတူ သူငယ်ချင်းတွေ အတူတူစုပြီး TI9 ကို ခံစားလို့ရအောင် MSI နဲ့ NVIDIA တို့က စီစဉ် တင်ဆက်ပေးမယ့် ပွဲလေးတစ်ပွဲ ဖြစ်ပါတယ်။
ဘယ်နေ့လုပ်မှာလည်း?
သြဂုတ်၂၅ ရက်နေ့ တနင်္ဂနွေနေ့ မနက် (၈) နာရီကနေ ပွဲပြီးတဲ့အထိပါ။ Dota2 ပရိသတ်တွေရဲ့ တစ်နှစ်တာလုံးမှာ အရေးအကြီးဆုံး နေ့တစ်နေ့ဖြစ်တဲ့ The International 2019 ရဲ့ နောက်ဆုံးနေ့ပါ။ ထိုနေ့မှာတော့ Lower Bracket Final Best-of-three (1) ပွဲနဲ့ Grand Final Best -of-five (1) ပွဲ ယှဉ်ပြိုင်ကြမှာပါ။
ဘယ်မှာလုပ်မှာလည်း?
ဒဂုံမြို့နယ်၊ ပွညျထောငျစုရိပျသာလမျးမှာရှိတဲ့ (Feel သားသောက်ဆိုင် ဘေးကပ်ရက်က) Technoland ဆိုင်မှာပါ။ ဟယ်ပင်မှတ်တိုင်ကနေ လမ်းလျှောက်လာနိုင်သလို Taxi နဲ့လာမယ်ဆိုလည်း အလွယ်တကူ လမ်းညွှန်နိုင်ပါတယ်။ ကိုယ့်ကားနဲ့ လာမယ်ဆိုလည်း ကားပါကင် အကျယ်ကြီး ရှိသေးတယ်နော်။
ဘာအစီအစဉ်တွေပါလည်း?
ပရိသတ်တွေအတွက် အင်္ကျီတွေ၊ ဦးထုတ်တွေ၊ အရုပ်တွေ၊ အိတ်တွေ Mousepad တွေ အပြင် In Game Skin တွေ လက်ဆောင်ပေးမယ့်အစီအစဉ် ရှိတယ်လို့လည်း သတင်းအခိုင်အမာ ရရှိထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အကောင်းဆုံး Mid Player တစ်ဦးဖြစ်တဲ့ Reckoning Esports က “Insane” ရယ် Female Dota2 Player/Streamer တစ်ဦးဖြစ်တဲ့ “A Yote” ရယ် နာမည်ကျော် Tech Review Blog တစ်ခုဖြစ်တဲ့ “TBH Labs” တို့က အထူးဧည့်သည်တော်တွေအဖြစ် ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။
ဝင်ကြေးကရော ဘယ်လောက်လည်း?
အခမဲ့ (Free) ပါ ခင်ဗျာ။ လက်ဆောင်တွေလည်း ပေးမယ့် အစီအစဉ် ရှိပါသေးတယ်ဗျ။
Panelist တွေက ဘယ်သူတွေလည်း?
ကျွန်တော်တို့ Gaming Noodle က Broadcasting Partner အဖြစ် ပါဝင်ထားပြီး co-founder တွေဖြစ်တဲ့ ကိုကြည်သာမောင်နဲ့ ကိုအောင်ရဲမော် (ကိုဘူး) တို့က ပါဝင် အားဖြည့်သွားမှာပါ။
TI9 ကို ဝါသနာတူ သူငယ်ချင်းတွေရော ကျွန်တော်တို့ Gaming Noodle အဖွဲ့သားတွေနဲ့ပါ တူတူအော်ဟစ်အားပေးချင်တယ်ဆိုရင် ၂၅ ရက်နေ့ Technoland မှာ တွေ့ကြမယ်နော်။