





**THE INTERNATIONAL 2019 OPEN QUALIFIERS**

Southeast Asia🇵🇭 🇦🇺 🇸🇬 🇲🇾 <https://www.faceit.com/en/dota2/tournament/53864b60-80ac-4f57-877c-6dd81923ddf4>
Southeast Asia 🇵🇭 🇦🇺 🇸🇬 🇲🇾 <https://www.faceit.com/en/dota2/tournament/17c66dbb-7572-4b3b-ba69-cbcc2a8a6d02>

CIS 🇷🇺 <https://www.faceit.com/en/dota2/tournament/6cbc5651-7cc6-4063-a932-49892575657c>
CIS 🇷🇺 <https://www.faceit.com/en/dota2/tournament/2dc229df-025c-4f2f-90e8-d3d054d1f56e>

Europe 🇪🇺 <https://www.faceit.com/en/dota2/tournament/69dfbfda-f733-439e-ab16-20744df75d29>
Europe 🇪🇺 <https://www.faceit.com/en/dota2/tournament/41fcbbe5-b7a5-490e-bf83-8580cd6c7d37>

South America 🇵🇪 🇧🇷 <https://www.faceit.com/en/dota2/tournament/b06f93aa-6d29-41db-9ee2-21ebacfe2430>
South America 🇵🇪 🇧🇷 <https://www.faceit.com/en/dota2/tournament/eb8eb6e2-b2d1-4d2f-965b-c719c8ee9527>

North America 🇺🇸 🇨🇦 <https://www.faceit.com/en/dota2/tournament/6076ab53-e967-4004-8b39-52996b797109>
North America 🇺🇸 🇨🇦 <https://www.faceit.com/en/dota2/tournament/9d4bf0a0-c051-4e25-881b-08c36b60fcfa>

=================================================

The International 2019 Dota2 Tournament အတွက် Open Qualifier တွေစပြီ!

Dota2 ပရိသတ်တွေနဲ့ ကစားသမားတွေရဲ့ တစ်နှစ်တာ အတောင့်တဆုံး နဲ့ အကြီးကျယ်ဆုံး ပြိုင်ပွဲဖြစ်တဲ့ The International 2019 ပွဲရဲ့ ခရီးရှည်ကြီးဟာ မကြာခင်စတင်တော့မှာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ သြဂုတ် ၁၅ ရက်မှ ၂၅ အထိ ကျင်းပမှာ ဖြစ်ပြီး အသင်း ၁၈ သင်းအထိ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Direct Invite ကနေ ပါဝင်ခွင့်ရတဲ့ ၁၂ သင်းကတော့ ပေါ်ထွက်နေပြီ ဖြစ်ပြီး Qualifier က နေ Region ၆ ခုအတွက် ၆ နေရာ စာကျန်ရှိနေပါသေးတယ်။

ထို ၆ နေရာအတွက် Region တစ်ခုစီက Open Qualifier ကနေ စတင်ကစားရမှာဖြစ်ပြီး Southeast Asia အတွက် Open Qualifier ကတော့ မနက်ဖြန် ဇူလိုင် ၃ ရက်နေ့မှာ စတင်ကစားရမှာပဲ ဖြစ်ပါတယ်။ Open Qualifier ကို 1 နဲ့ 2 နဲ့ ၂ ခုရှိပြီး ထို Open Qualifier ၂ ခုကနေ စုစုပေါင်း (၆) သင်းက Closed Qualifier ကို တက်ရောက်မှာပဲ ဖြစ်ပါတယ်။ ပထမ Qualifier က ဇူလိုင် ၃ ရက်နေ့ နေ့လည် ၂:၃၀ မှာ စတင်မှာဖြစ်ပြီး ဒုတိယ Qualifier ကတော့ ဇူလိုင် ၅ ရက်နေ့ နေ့လည် ၂:၃၀ မှာ စတင်မှာ ဖြစ်ပါတယ်။

Closed Qualifier မှာတော့ SEA အသင်းကြီးတွေဖြစ်တဲ့ Mineski နဲ့ BOOM ID တို့က အသင့်စောင့်နေပြီး Open Qualifier ကတက်လာတဲ့ ၆ သင်းနဲ့ တူတူ TI9 Main Event အတွက် Southeast Asia တစ်နေရာကို ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။
ထို့အပြင် လက်ရှိ TI9 ရဲ့ Prize Pool ဟာ TI8 ရဲ့ စံချိန်တင် ဆုကြေးဖြစ်တဲ့ $ 25,532,177 ကိုကျော်လွန်သွားပြီဖြစ်လို့ Dota2 သမိုင်းတစ်လျှောက်လုံးရဲ့ ဆုကြေးအများဆုံး ပြိုင်ပွဲလည်း ဖြစ်လာတော့မှာပါ။

Southeast Asia Open Qualifier အပါအဝင် အခြား Region တွေရဲ့ Open Qualifier တွေကို ပါဝင်ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ အောက်ပါ Link တွေမှာ စာရင်းပေးနိုင်ပါတယ်။