The International 2019 TI9 ျပဳိင္ပြဲၾကီးရဲ႕ Main Event အခ်ိန္ကုိ ေရာက္ရွိလာပါျပီ။ စုစုေပါင္း prizepool ဟာလည္း အခ်ိန္နဲ႕တေျပးညီ ျမင့္တက္လ်က္ရွိျပီး လက္ရွိမွာ အေမရိကန္ေဒၚလာ +33 millions ေက်ာ္သြားျပီျဖစ္ပါတယ္။ လာမယ့္ အဂၤါေန႔၊ ျမန္မာစံေတာ္ခ်ိန္ မနက္ (၉) နာရီခြဲမွာ ျပန္လည္ စတင္သြားမွာျဖစ္ျပီး ၂ဝ၁၉ ခုႏွစ္အတြက္ အေကာင္းဆုံး Dota အသင္းတစ္သင္းကုိ ေဖာ္ထုတ္သြားမယ့္အခ်ိန္ကေတာ့ သိပ္မလိုေတာ့ပါဘူး။

ပြဲေတြ ကစားမယ့္အခ်ိန္ဇယားကေတာ့ ပုံပါအတုိင္းျဖစ္ျပီး reddit မွ user တစ္ဦးျဖစ္သူ u/FlashFlood_29 ၏ ပုံအား ျပန္လည္ ကူးယူေဖာ္ျပျခင္းျဖစ္ပါတယ္။

ဒါေၾကာင့္
အဂၤါေန႔ (Day-1)
ဗုဒၶဟူးေန႔ (Day-2)
ၾကာသပေတးေန႔ (Day-3)
ေသာၾကာေန႔ (Day-4)
စေနေန႔ (Day-5) ႏွင့္
တနဂၤေႏြေန႔ (Day-6) Grand Final တုိ႔ကုိ အသီးသီးက်င္းပသြားမွာပါ။

Dota ကမာၻ႕ဖလားလုိ႔ တင္စားေခၚဆုိနုိင္တဲ့ TI ဟာ နတ္ၾကီးသည္ဟု ေျပာလုိ႔ရသည့္အေလ်ာက္ အျမဲတမ္း ပုံေသၾကဳိတင္တြက္ခ်က္လုိ႔ မရတဲ့ ရလာဒ္မ်ား ထြက္ေပၚေလ့ရွိျပီး ႏွစ္စဥ္မတူညီတဲ့ performance မ်ားကုိ ျမင္ေတြ႕ရေလ့ရွိပါတယ္။ ဒီႏွစ္မွာေတာ့ ဝင္ေရာက္ယွဥ္ျပဳိင္ခြင့္ရတဲ့ (၁၈) သင္းမွာ Europe အသင္း (၂) သင္းျဖစ္တဲ့ CHAOS နဲ႕ Ninja In Pyjamus က Main Event တက္ေရာက္ခြင့္မရဘဲ ေစာေစာစီးစီးျပဳတ္သြားတာက အရင္ႏွစ္ေတြ နဲ႕ မတူတဲ့ ထူးျခားမႈ တစ္ခုျဖစ္ပါတယ္။

ဒါ့အျပင္ ဒီႏွစ္ TI ဟာ အရင္ႏွစ္မ်ားထက္ မ်ားစြာစိတ္ဝင္စားဖုိ႔ေကာင္းတဲ့ Game Played Update မ်ားေၾကာင့္ ၾကည့္ရွဴသူပရိတ္သတ္ေတြအတြက္ေတာ့ ပုိမုိရင္ခုန္စိတ္လႈပ္ရွားဖြယ္ ရသမ်ားစြာကို ေပးစြမ္းလ်က္ရွိပါတယ္။ ဥပမာ – Comeback Gold Calculation ကုိ ျမွင့္တင္ေပးထားတဲ့ အခ်က္တစ္ခ်က္နဲ႕တင္ ပြဲတုိင္းမွာရွိသမွ် Hero ေတြက ပုိက္ဆံအလုံအေလာက္ ခ်မ္းသာလ်က္ရွိျပီး Mid Game Buyback Nonstop Teamfight မ်ား၊ ပြဲၾကာေလ Teamfight ပုိျမဳိင္ေလ ျဖစ္ျခင္း။ Dota သက္တမ္းတစ္ေလွ်ာက္ ပထမဆုံးအၾကိမ္ All Hero Aghanim’s Scepter ဆက္ခြင့္ရရွိသြားတဲ့အတြက္ Teamfight ကို ပုိမိုမွီခုိရတဲ့ TI ျဖစ္ျခင္း။ Jungle ကုိ အသက္ျပန္မသြင္းေပးတ့ဲ Meta ကုိ ဆက္လက္ က်င့္သုံးလ်က္ရွိတဲ့အတြက္ Early Game Laning Phase Battle မ်ား၊ Aura Item မ်ား၊ Support Item မ်ားက Game ရလဒ္ကုိ ေျပာင္းလဲေစျခင္း၊ စတဲ့ ထူးျခားမႈမ်ားစြာကုိ Group Stage ပြဲစဥ္မ်ားကတည္းက ျမင္ရခဲ့ျပီးျဖစ္ပါတယ္။

ဒီထဲကမွ ဒီႏွစ္ TI မွာ ပြဲၾကည့္ပရိတ္သတ္မ်ားကုိ ျပဳိင္ဆုိင္မႈျပင္းထန္ျခင္းအျပင္ ေဖ်ာ္ေျဖမႈရသကုိပါ ေပးသည့္ အမွတ္တရ အျဖစ္အပ်က္မ်ားကေတာ့
– OG.Ana ရဲ႕ Io Carry,
– Arteezy ရဲ႕ 1 vs 5 Rampage,
– Secret YapzOr ရဲ႕ Support Invoker,
– Secret နဲ႕ Newbee ကုိ ေစာေစာစီးစီး Mega Creeps ရေအာင္ စြမ္းေဆာင္ျပီးမွ Comeback မ်ားျဖင့္ ျပန္ရႈံးတဲ့ Alliance,
– 86 minutes ၾကာျမင့္ခဲ့တဲ့ Mega Creep vs Mega Creep Comeback Game (TNC vs CHAOS (winner))
– Newbee.Yawar ရဲ႕ Double Divine Rapier Antimage ၏ Mega Creep Comeback
– VG.Paparazi ရဲ႕ Morphling Aghanim + Earthshaker = Double Fissure Combo တြဲလုံးမ်ား
– Secret.MidOne ရဲ႕ Beastmaster, Earthshaker, Jakiro တုိ႔ျဖင့္ Mid ေဆာ့သြားတဲ့ပြဲမ်ား။ စသည္တုိ႔ကေတာ့ ကစားသမားမ်ားကုိ အဓိက ေဖ်ာ္ေျဖမႈ ရသမ်ား ေပးသြားခဲ့တဲ့ ပြဲစဥ္မ်ားပဲျဖစ္ပါတယ္။

Group Stage ရဲ႕ ပြဲစဥ္မ်ားကုိ ၾကည့္ရွဴျခင္းျဖင့္ ဒီႏွစ္ရဲ႕ TI ကေတာ့ ပြဲၾကည့္ပရိတ္သတ္မ်ားကုိ ႏွစ္ေထာင္းအားရ စိတ္ေက်နပ္မႈ အျပည့္အဝ ေပးေစမယ့္ ပြဲစဥ္မ်ားျဖစ္လာမွာအေသအခ်ာပါပဲ။ ကမာၻၾကီးရဲ႕ ေရေျမရာသီဥတုကို လုိက္ျပီး အေရွ႕ျခမ္း၊ အေနာက္ျခမ္းက ကစားသမားေတြရဲ႕ Play Style, Hero ေတြကေတာ့ အျမဲတမ္းကြဲျပားေလ့ရွိပါတယ္။ Snowballing play style ကုိ ႏွစ္ေပါင္းမ်ားစြာ အသုံးျပဳေလ့ရွိတဲ့ တရုတ္အသင္းေတြအတြက္ေတာ့ ဒီ Meta ဟာ တရုတ္နုိင္ငံမွာ က်င္းပတဲ့ TI ျဖစ္သည့္အတြက္ အိမ္ကြင္းအားသာခ်က္ရွိတဲ့ meta အျဖစ္ သတ္မွတ္နုိင္ေပမယ့္ ဧည့္သည္အသင္းမ်ားရဲ႕ Group stage Performance ေတြကေတာ့ ဘာ Meta လာလာ အစြမ္းကုန္ထုတ္ေဆာ့သြားမွာကုိ ျမင္ေတြ႕ခဲ့ရျပီးျဖစ္ပါတယ္။

LGD vs VP (BO3)
ပရိတ္သတ္ေတြကုိ ေနာက္ဆုံးေန႔အထိ ရင္တုန္ေအာင္ လုပ္ခဲ့တဲ့ ပန္ဒါဝက္ဝံၾကီးမ်ားအသင္း “Virtus Pro” ဟာ ညွာတာျခင္း အလ်ဥ္းမရွိမယ့္ LGD နဲ႕ ထိပ္တုိက္ေတြ႕ဆုံမွာျဖစ္ေပမယ့္ ဒီ Upper bracket ပထမဆုံးပြဲစဥ္ဟာ ဘယ္အသင္းေအာက္ကုိ က်သြားမယ္လုိ႔ အလြယ္ဆုံးျဖတ္လုိ႔ မရတဲ့ ပြဲစဥ္ျဖစ္ေနပါတယ္။ ဒါေပမယ့္ အမွားမခံတဲ့ တရုတ္တုိ႔ကုိ ရုရွားဝက္ဝံၾကီးေတြက ရုိက္ခ်သြားနုိင္ေလာက္တဲ့ လက္ရည္ရွိျပီးသားျဖစ္လုိ႔ Virtus Pro ဘက္ကေန အားေပးဖုိ႔ အသင့္ျဖစ္ေနပါတယ္။

VG vs TNC (BO3)
Vici Gaming ဆုိတာဟာ ဒီႏွစ္အတြက္ TI Champion ျဖစ္ဖုိ႔ နံပါတ္တစ္အျဖစ္ အေရြးခ်ယ္အခံရဆုံး အသင္းတစ္သင္းပါ။ တစ္ဖက္က TNC ကေတာ့ TI7 Champion Liquid ကုိ နည္းျပခဲ့တဲ့ Coach “Heen” ေရာက္ရွိလာျပီးေနာက္မွာ Main Event ရဲ႕ Upper Bracket မွာ ပထမဆုံး ထိပ္တုိက္ေတြ႕မယ့္ အသင္းျဖစ္ေနပါတယ္။ တရုတ္အသင္းေတြ အားသာခ်က္အိမ္ကြင္းျဖစ္ေပမယ့္ South East Asia အတြက္ အၾကီးမားဆုံး ေမွ်ာ္လင့္ခ်က္မ်ားကုိ ထမ္းပုိးထားရတဲ့အသင္းတစ္သင္းလည္းျဖစ္လုိ႔ ဒီပြဲမွာ VG က အားသာေပမယ့္ TNC ကုိေတာ့ ေလွ်ာ့မတြက္ဖုိ႔ကုိလည္း စိတ္ထဲမွတ္ထားရပါမယ္။

RNG vs Alliance (BO1)
RNG ဟာ China ရဲ႕ Legendary Player မ်ားျဖစ္တဲ့ Captain LaNm, Coach “Super” အျပင္ အမ်ားေစာင့္ၾကည့္ခံေနရတဲ့ လူငယ္ေျခတက္ကစားသမား Monet တုိ႔ဟာ ေမွ်ာ္လင့္ထားတဲ့ Performance မ်ဴိး ျပသနုိင္ျခင္းမရွိခဲ့ဘဲ Group B ရဲ႕ နံပါတ္ (၈) ျဖင့္သာ ေက်နပ္ခဲ့ရတဲ့အတြက္ ပရိတ္သတ္ေတြရဲ႕ မခ်င့္မရဲျဖစ္မႈမ်ားကုိ ခံေနရပါတယ္။ Alliance နဲ႕ Bo1 ရႈံးထြက္ပြဲစဥ္ကုိ ကစားရမွာျဖစ္ျပီး သူတုိ႔အတြက္ လြန္စြာမွ အမွားမခံနုိင္ေအာင္ ၾကပ္တည္းတဲ့ ပြဲကုိ ကစားရေတာ့မွာပါ။ ဒီ TI မွာ Unstoppable ျဖစ္ေနတဲ့ Secret လုိ အသင္းကုိ မိနစ္ ၄ဝ မွာ (၃) လမ္း Mega Creep ျဖင့္ အသားစီးယူေဆာ့ျပသြားတဲ့ အသင္း Alliance ကေတာ့ တရုတ္တုိ႔ လြယ္လြယ္နဲ႕ ေက်ာ္ျဖတ္လုိ႔ရမယ့္ အသင္းတစ္သင္းေတာ့ မဟုတ္ပါဘူး။ အဆုိပါ Secret တစ္သင္းကလြဲရင္ Group A က က်န္တဲ့အသင္းတုိင္းစီက အနညး္ဆုံး (၁) မွတ္စီ ရေအာင္ ယူထားတဲ့ လက္ရည္ဆုိတာ TI3 Champion ေနာင္ေတာ္ Alliance ကစားသမားမ်ားကို မမွီသည့္တိုင္ေအာင္ “ဖ်က္ျမင္း”, “Underdog” ဆုိတဲ့ ေခါင္းစဥ္တုိ႔ထက္ သာလြန္တဲ့ အရည္အေသြးကုိ ပုိင္ဆုိင္ထားတဲ့ အသင္းျဖစ္ပါတယ္။ တရုတ္ေျမမွာ တရုတ္တုိ႔ မ်က္ႏွာပန္းလွဖုိ႔ မလြယ္ကူမွာ အေသအခ်ာပါပဲ။

Fnatics vs Liquid (BO1)
w33 ေရာက္ရွိလာခ်ိန္မွာ က်ားကုိအေတာင္တပ္ေပးလုိက္တယ္လုိ႔ တင္စားေျပာဆုိခံရတဲ့ Liquid ဟာ Group Stage မွာေတာ့ memes ေပါင္းမ်ားစြာ ထြက္ေပၚလာေအာင္ သာမန္ထက္ မ်ားစြာေအာက္ကုိ က်ဆင္းေနတဲ့ Performance မ်ားကုိ ျပသခဲ့ပါတယ္။ ဒါေပမယ့္ ႏွစ္စဥ္ TI မ်ားရဲ႕ အေတြ႕အၾကဳံအရ Europe အသင္းမ်ားဟာ Group Stage မွာ Draft သွ်ဳိျခင္း၊ လက္ကုန္ထုတ္မျပျခင္းမ်ားဟာ ၄င္းတုိ႔ရဲ႕ နည္းဗ်ဴဟာတစ္စိတ္တစ္ပုိင္းျဖစ္ေနတဲ့မလားဆုိတာကေတာ့ Fnatics နဲ႕ ထိပ္တုိက္ေတြ႕မယ့္ ပြဲမွာ အဆုံးအျဖတ္ေပးေတာ့မွာပါ။ 2019 DPC ရဲ႕ Ranking 7 အထိ တက္ေရာက္ျပီး TI ကုိ လြတ္လြတ္ကြ်တ္ကြ်တ္ ဝင္လာခဲ့တဲ့ Fnatics အတြက္ေတာ့ Liquid ရဲ႕ ေဒါသပုံခ်စရာ ပြဲပဲျဖစ္သြားမလား။ Living Memes တစ္ဦးျဖစ္တဲ့ IceIceIce ကပဲ နုိင္ငံ (၄) ခုေပါင္းက ကစားသမားေတြရဲ႕ အစုအစည္းပုံစံေကာင္းကုိ ျပသသြားမလား စိတ္ဝင္စားဖုိ႔ ေကာင္းပါတယ္။ ဖိအားျခင္း ယွဥ္ရင္ေတာ့ သိသိသာသာ အေလးသာေနတဲ့ Liquid က လုိတာထက္ ပုိတဲ့ Performance ေတြ ထြက္လာဖုိ႔ ေမွ်ာ္လင့္ရပါတယ္။

Keen Gaming vs Infamous (BO1)
2019 DPC ရဲ႕ ေနာက္ဆုံးအသင္းျဖင့္ ကပ္ဝင္ခဲ့တဲ့ Keen Gaming ဟာလည္း ေတာင္အေမရိက အေကာင္းဆုံးအသင္းတစ္သင္းျဖစ္တဲ့ Infamous နဲ႕ေတြ႕ဆုံမွာျဖစ္ပါတယ္။ Infamous ဟာ Group Stage မွာတုန္းက EG, VG လုိ ထိပ္သီးအသင္းေတြဆီကေန တစ္မွတ္စီ ရေအာင္ လုယူထားနုိင္တဲ့ လက္စြမ္းကို ပူပူေႏြးေႏြးျပသထားတဲ့အတြက္ တရုတ္နုိင္ငံမွာ တရုတ္အသင္းေတြ အေျခအေနေကာင္းပါ့မလားဆုိတာကေတာ့ သံသယဝင္စရာရွိေနပါတယ္။

Navi vs Mineski (BO1)
VP, Nip ကုိ (၂) ပြဲျပတ္နုိင္၊ OG, EG, Infamous တုိ႔စီကေန (၁) မွတ္စီ လုယူထားတဲ့ Navi ကေတာ့ Hardcore Fan ေတြအတြက္သာမက Dota ကုိ ခ်စ္ျမတ္နုိးတဲ့သူတုိင္း TI မွာ ခရီးလမ္းမွာ ရသေလာက္တစ္ဖန္ျပန္လည္ ျမင္ေတြ႕ေစခ်င္တ့ဲအသင္းတစ္သင္းျဖစ္မယ္လုိ႔ ထင္ရပါတယ္။ Mineski ဟာလည္း TI စကာနီးမွ လူစာရင္းအေျပာင္းအလဲ လုပ္ထားရတဲ့ အသင္းျဖစ္လုိ႔ Group ႏွစ္ဖက္စီက အမွတ္သိပ္မကြာတဲ့ အသင္း(၂)သင္း ထိပ္တုိက္ေတြ႕တဲ့ပဲြျဖစ္တဲ့အခါ အမွားနည္းတဲ့အသင္းက အေပၚတစ္ဆင့္တက္သြားရုံရွိမယ္လုိ႔လည္း ယူဆရပါတယ္။

မည္သုိ႔ပင္ဆုိေစကာမူ The International 2019 ျပဳိင္ပြဲၾကီးကေတာ့ အားလုံးရဲ႕ မ်က္စိေရွ႕ကုိ မ်က္ဝါးထင္ထင္ ေရာက္ရွိလုိ႔ လာခဲ့ပါျပီ။ တရုတ္ျပည္အထိ သြားၾကည့္ၾကမယ့္ ျမန္မာပရိတ္သတ္ေတြေရာ၊ အြန္လုိင္းကေန ၾကည့္ရွဴၾကမယ့္ ျမန္မာပရိတ္သတ္တုိ႔အတြက္ပါ စိတ္ေက်နပ္မႈအျပည့္အဝေပးမယ့္ TI တစ္ခုျဖစ္ပါေစေၾကာင္း ဆုေတာင္းလုိက္ပါတယ္။

အေရးအၾကီးဆုံးအခ်က္တစ္ခုကေတာ့ တရုတ္တုိ႔အကုန္အက်မ်ားစြာခံျပီး ဖြင့္လွစ္ေပးမယ့္ TI9 Opening Ceremony ကုိ အဂၤါေန႔မနက္ (၇) နာရီ၊ (၃ဝ) မိနစ္မွာ စတင္ ဖြင့္လွစ္ က်င္းပသြားမွာျဖစ္လုိ႔ twitch channel တစ္ခုျဖစ္တဲ့ www.twitch.tv/dota2ti ကုိ မနက္ေစာေစာကတည္းက ဖြင့္ၾကည့္ရန္ မေမ့ဖုိ႔ကုိလည္း တုိက္တြန္းလုိက္ပါတယ္။

#GamingNoodle #Dota2 #TI9 #KoBoo


The International 2019 TI9 ပြိုင်ပွဲကြီးရဲ့ Main Event အချိန်ကို ရောက်ရှိလာပါပြီ။ စုစုပေါင်း prizepool ဟာလည်း အချိန်နဲ့တပြေးညီ မြင့်တက်လျက်ရှိပြီး လက်ရှိမှာ အမေရိကန်ဒေါ်လာ +33 millions ကျော်သွားပြီဖြစ်ပါတယ်။ လာမယ့် အင်္ဂါနေ့၊ မြန်မာစံတော်ချိန် မနက် (၉) နာရီခွဲမှာ ပြန်လည် စတင်သွားမှာဖြစ်ပြီး ၂ဝ၁၉ ခုနှစ်အတွက် အကောင်းဆုံး Dota အသင်းတစ်သင်းကို ဖော်ထုတ်သွားမယ့်အချိန်ကတော့ သိပ်မလိုတော့ပါဘူး။

ပွဲတွေ ကစားမယ့်အချိန်ဇယားကတော့ ပုံပါအတိုင်းဖြစ်ပြီး reddit မှ user တစ်ဦးဖြစ်သူ u/FlashFlood_29 ၏ ပုံအား ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

ဒါကြောင့်
အင်္ဂါနေ့ (Day-1)
ဗုဒ္ဓဟူးနေ့ (Day-2)
ကြာသပတေးနေ့ (Day-3)
သောကြာနေ့ (Day-4)
စနေနေ့ (Day-5) နှင့်
တနင်္ဂနွေနေ့ (Day-6) Grand Final တို့ကို အသီးသီးကျင်းပသွားမှာပါ။

Dota ကမ္ဘာ့ဖလားလို့ တင်စားခေါ်ဆိုနိုင်တဲ့ TI ဟာ နတ်ကြီးသည်ဟု ပြောလို့ရသည့်အလျောက် အမြဲတမ်း ပုံသေကြိုတင်တွက်ချက်လို့ မရတဲ့ ရလာဒ်များ ထွက်ပေါ်လေ့ရှိပြီး နှစ်စဉ်မတူညီတဲ့ performance များကို မြင်တွေ့ရလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ (၁၈) သင်းမှာ Europe အသင်း (၂) သင်းဖြစ်တဲ့ CHAOS နဲ့ Ninja In Pyjamus က Main Event တက်ရောက်ခွင့်မရဘဲ စောစောစီးစီးပြုတ်သွားတာက အရင်နှစ်တွေ နဲ့ မတူတဲ့ ထူးခြားမှု တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ဒီနှစ် TI ဟာ အရင်နှစ်များထက် များစွာစိတ်ဝင်စားဖို့ကောင်းတဲ့ Game Played Update များကြောင့် ကြည့်ရှူသူပရိတ်သတ်တွေအတွက်တော့ ပိုမိုရင်ခုန်စိတ်လှုပ်ရှားဖွယ် ရသများစွာကို ပေးစွမ်းလျက်ရှိပါတယ်။ ဥပမာ – Comeback Gold Calculation ကို မြှင့်တင်ပေးထားတဲ့ အချက်တစ်ချက်နဲ့တင် ပွဲတိုင်းမှာရှိသမျှ Hero တွေက ပိုက်ဆံအလုံအလောက် ချမ်းသာလျက်ရှိပြီး Mid Game Buyback Nonstop Teamfight များ၊ ပွဲကြာလေ Teamfight ပိုမြိုင်လေ ဖြစ်ခြင်း။ Dota သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် All Hero Aghanim’s Scepter ဆက်ခွင့်ရရှိသွားတဲ့အတွက် Teamfight ကို ပိုမိုမှီခိုရတဲ့ TI ဖြစ်ခြင်း။ Jungle ကို အသက်ပြန်မသွင်းပေးတဲ့ Meta ကို ဆက်လက် ကျင့်သုံးလျက်ရှိတဲ့အတွက် Early Game Laning Phase Battle များ၊ Aura Item များ၊ Support Item များက Game ရလဒ်ကို ပြောင်းလဲစေခြင်း၊ စတဲ့ ထူးခြားမှုများစွာကို Group Stage ပွဲစဉ်များကတည်းက မြင်ရခဲ့ပြီးဖြစ်ပါတယ်။

ဒီထဲကမှ ဒီနှစ် TI မှာ ပွဲကြည့်ပရိတ်သတ်များကို ပြိုင်ဆိုင်မှုပြင်းထန်ခြင်းအပြင် ဖျော်ဖြေမှုရသကိုပါ ပေးသည့် အမှတ်တရ အဖြစ်အပျက်များကတော့
– OG.Ana ရဲ့ Io Carry,
– Arteezy ရဲ့ 1 vs 5 Rampage,
– Secret YapzOr ရဲ့ Support Invoker,
– Secret နဲ့ Newbee ကို စောစောစီးစီး Mega Creeps ရအောင် စွမ်းဆောင်ပြီးမှ Comeback များဖြင့် ပြန်ရှုံးတဲ့ Alliance,
– 86 minutes ကြာမြင့်ခဲ့တဲ့ Mega Creep vs Mega Creep Comeback Game (TNC vs CHAOS (winner))
– Newbee.Yawar ရဲ့ Double Divine Rapier Antimage ၏ Mega Creep Comeback
– VG.Paparazi ရဲ့ Morphling Aghanim + Earthshaker = Double Fissure Combo တွဲလုံးများ
– Secret.MidOne ရဲ့ Beastmaster, Earthshaker, Jakiro တို့ဖြင့် Mid ဆော့သွားတဲ့ပွဲများ။ စသည်တို့ကတော့ ကစားသမားများကို အဓိက ဖျော်ဖြေမှု ရသများ ပေးသွားခဲ့တဲ့ ပွဲစဉ်များပဲဖြစ်ပါတယ်။

Group Stage ရဲ့ ပွဲစဉ်များကို ကြည့်ရှူခြင်းဖြင့် ဒီနှစ်ရဲ့ TI ကတော့ ပွဲကြည့်ပရိတ်သတ်များကို နှစ်ထောင်းအားရ စိတ်ကျေနပ်မှု အပြည့်အဝ ပေးစေမယ့် ပွဲစဉ်များဖြစ်လာမှာအသေအချာပါပဲ။ ကမ္ဘာကြီးရဲ့ ရေမြေရာသီဥတုကို လိုက်ပြီး အရှေ့ခြမ်း၊ အနောက်ခြမ်းက ကစားသမားတွေရဲ့ Play Style, Hero တွေကတော့ အမြဲတမ်းကွဲပြားလေ့ရှိပါတယ်။ Snowballing play style ကို နှစ်ပေါင်းများစွာ အသုံးပြုလေ့ရှိတဲ့ တရုတ်အသင်းတွေအတွက်တော့ ဒီ Meta ဟာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ TI ဖြစ်သည့်အတွက် အိမ်ကွင်းအားသာချက်ရှိတဲ့ meta အဖြစ် သတ်မှတ်နိုင်ပေမယ့် ဧည့်သည်အသင်းများရဲ့ Group stage Performance တွေကတော့ ဘာ Meta လာလာ အစွမ်းကုန်ထုတ်ဆော့သွားမှာကို မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။

LGD vs VP (BO3)
ပရိတ်သတ်တွေကို နောက်ဆုံးနေ့အထိ ရင်တုန်အောင် လုပ်ခဲ့တဲ့ ပန်ဒါဝက်ဝံကြီးများအသင်း “Virtus Pro” ဟာ ညှာတာခြင်း အလျဉ်းမရှိမယ့် LGD နဲ့ ထိပ်တိုက်တွေ့ဆုံမှာဖြစ်ပေမယ့် ဒီ Upper bracket ပထမဆုံးပွဲစဉ်ဟာ ဘယ်အသင်းအောက်ကို ကျသွားမယ်လို့ အလွယ်ဆုံးဖြတ်လို့ မရတဲ့ ပွဲစဉ်ဖြစ်နေပါတယ်။ ဒါပေမယ့် အမှားမခံတဲ့ တရုတ်တို့ကို ရုရှားဝက်ဝံကြီးတွေက ရိုက်ချသွားနိုင်လောက်တဲ့ လက်ရည်ရှိပြီးသားဖြစ်လို့ Virtus Pro ဘက်ကနေ အားပေးဖို့ အသင့်ဖြစ်နေပါတယ်။

VG vs TNC (BO1)
Vici Gaming ဆိုတာဟာ ဒီနှစ်အတွက် TI Champion ဖြစ်ဖို့ နံပါတ်တစ်အဖြစ် အရွေးချယ်အခံရဆုံး အသင်းတစ်သင်းပါ။ တစ်ဖက်က TNC ကတော့ TI7 Champion Liquid ကို နည်းပြခဲ့တဲ့ Coach “Heen” ရောက်ရှိလာပြီးနောက်မှာ Main Event ရဲ့ Upper Bracket မှာ ပထမဆုံး ထိပ်တိုက်တွေ့မယ့် အသင်းဖြစ်နေပါတယ်။ တရုတ်အသင်းတွေ အားသာချက်အိမ်ကွင်းဖြစ်ပေမယ့် South East Asia အတွက် အကြီးမားဆုံး မျှော်လင့်ချက်များကို ထမ်းပိုးထားရတဲ့အသင်းတစ်သင်းလည်းဖြစ်လို့ ဒီပွဲမှာ VG က အားသာပေမယ့် TNC ကိုတော့ လျှော့မတွက်ဖို့ကိုလည်း စိတ်ထဲမှတ်ထားရပါမယ်။

RNG vs Alliance (BO1)
RNG ဟာ China ရဲ့ Legendary Player များဖြစ်တဲ့ Captain LaNm, Coach “Super” အပြင် အများစောင့်ကြည့်ခံနေရတဲ့ လူငယ်ခြေတက်ကစားသမား Monet တို့ဟာ မျှော်လင့်ထားတဲ့ Performance မျိူး ပြသနိုင်ခြင်းမရှိခဲ့ဘဲ Group B ရဲ့ နံပါတ် (၈) ဖြင့်သာ ကျေနပ်ခဲ့ရတဲ့အတွက် ပရိတ်သတ်တွေရဲ့ မချင့်မရဲဖြစ်မှုများကို ခံနေရပါတယ်။ Alliance နဲ့ Bo1 ရှုံးထွက်ပွဲစဉ်ကို ကစားရမှာဖြစ်ပြီး သူတို့အတွက် လွန်စွာမှ အမှားမခံနိုင်အောင် ကြပ်တည်းတဲ့ ပွဲကို ကစားရတော့မှာပါ။ ဒီ TI မှာ Unstoppable ဖြစ်နေတဲ့ Secret လို အသင်းကို မိနစ် ၄ဝ မှာ (၃) လမ်း Mega Creep ဖြင့် အသားစီးယူဆော့ပြသွားတဲ့ အသင်း Alliance ကတော့ တရုတ်တို့ လွယ်လွယ်နဲ့ ကျော်ဖြတ်လို့ရမယ့် အသင်းတစ်သင်းတော့ မဟုတ်ပါဘူး။ အဆိုပါ Secret တစ်သင်းကလွဲရင် Group A က ကျန်တဲ့အသင်းတိုင်းစီက အနည်းဆုံး (၁) မှတ်စီ ရအောင် ယူထားတဲ့ လက်ရည်ဆိုတာ TI3 Champion နောင်တော် Alliance ကစားသမားများကို မမှီသည့်တိုင်အောင် “ဖျက်မြင်း”, “Underdog” ဆိုတဲ့ ခေါင်းစဉ်တို့ထက် သာလွန်တဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်ပါတယ်။ တရုတ်မြေမှာ တရုတ်တို့ မျက်နှာပန်းလှဖို့ မလွယ်ကူမှာ အသေအချာပါပဲ။

Fnatics vs Liquid (BO1)
w33 ရောက်ရှိလာချိန်မှာ ကျားကိုအတောင်တပ်ပေးလိုက်တယ်လို့ တင်စားပြောဆိုခံရတဲ့ Liquid ဟာ Group Stage မှာတော့ memes ပေါင်းများစွာ ထွက်ပေါ်လာအောင် သာမန်ထက် များစွာအောက်ကို ကျဆင်းနေတဲ့ Performance များကို ပြသခဲ့ပါတယ်။ ဒါပေမယ့် နှစ်စဉ် TI များရဲ့ အတွေ့အကြုံအရ Europe အသင်းများဟာ Group Stage မှာ Draft သျှိုခြင်း၊ လက်ကုန်ထုတ်မပြခြင်းများဟာ ၎င်းတို့ရဲ့ နည်းဗျူဟာတစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့မလားဆိုတာကတော့ Fnatics နဲ့ ထိပ်တိုက်တွေ့မယ့် ပွဲမှာ အဆုံးအဖြတ်ပေးတော့မှာပါ။ 2019 DPC ရဲ့ Ranking 7 အထိ တက်ရောက်ပြီး TI ကို လွတ်လွတ်ကျွတ်ကျွတ် ဝင်လာခဲ့တဲ့ Fnatics အတွက်တော့ Liquid ရဲ့ ဒေါသပုံချစရာ ပွဲပဲဖြစ်သွားမလား။ Living Memes တစ်ဦးဖြစ်တဲ့ IceIceIce ကပဲ နိုင်ငံ (၄) ခုပေါင်းက ကစားသမားတွေရဲ့ အစုအစည်းပုံစံကောင်းကို ပြသသွားမလား စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဖိအားခြင်း ယှဉ်ရင်တော့ သိသိသာသာ အလေးသာနေတဲ့ Liquid က လိုတာထက် ပိုတဲ့ Performance တွေ ထွက်လာဖို့ မျှော်လင့်ရပါတယ်။

Keen Gaming vs Infamous (BO1)
2019 DPC ရဲ့ နောက်ဆုံးအသင်းဖြင့် ကပ်ဝင်ခဲ့တဲ့ Keen Gaming ဟာလည်း တောင်အမေရိက အကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ Infamous နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ Infamous ဟာ Group Stage မှာတုန်းက EG, VG လို ထိပ်သီးအသင်းတွေဆီကနေ တစ်မှတ်စီ ရအောင် လုယူထားနိုင်တဲ့ လက်စွမ်းကို ပူပူနွေးနွေးပြသထားတဲ့အတွက် တရုတ်နိုင်ငံမှာ တရုတ်အသင်းတွေ အခြေအနေကောင်းပါ့မလားဆိုတာကတော့ သံသယဝင်စရာရှိနေပါတယ်။

Navi vs Mineski (BO1)
VP, Nip ကို (၂) ပွဲပြတ်နိုင်၊ OG, EG, Infamous တို့စီကနေ (၁) မှတ်စီ လုယူထားတဲ့ Navi ကတော့ Hardcore Fan တွေအတွက်သာမက Dota ကို ချစ်မြတ်နိုးတဲ့သူတိုင်း TI မှာ ခရီးလမ်းမှာ ရသလောက်တစ်ဖန်ပြန်လည် မြင်တွေ့စေချင်တဲ့အသင်းတစ်သင်းဖြစ်မယ်လို့ ထင်ရပါတယ်။ Mineski ဟာလည်း TI စကာနီးမှ လူစာရင်းအပြောင်းအလဲ လုပ်ထားရတဲ့ အသင်းဖြစ်လို့ Group နှစ်ဖက်စီက အမှတ်သိပ်မကွာတဲ့ အသင်း(၂)သင်း ထိပ်တိုက်တွေ့တဲ့ပွဲဖြစ်တဲ့အခါ အမှားနည်းတဲ့အသင်းက အပေါ်တစ်ဆင့်တက်သွားရုံရှိမယ်လို့လည်း ယူဆရပါတယ်။

မည်သို့ပင်ဆိုစေကာမူ The International 2019 ပြိုင်ပွဲကြီးကတော့ အားလုံးရဲ့ မျက်စိရှေ့ကို မျက်ဝါးထင်ထင် ရောက်ရှိလို့ လာခဲ့ပါပြီ။ တရုတ်ပြည်အထိ သွားကြည့်ကြမယ့် မြန်မာပရိတ်သတ်တွေရော၊ အွန်လိုင်းကနေ ကြည့်ရှူကြမယ့် မြန်မာပရိတ်သတ်တို့အတွက်ပါ စိတ်ကျေနပ်မှုအပြည့်အဝပေးမယ့် TI တစ်ခုဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

အရေးအကြီးဆုံးအချက်တစ်ခုကတော့ တရုတ်တို့အကုန်အကျများစွာခံပြီး ဖွင့်လှစ်ပေးမယ့် TI9 Opening Ceremony ကို အင်္ဂါနေ့မနက် (၇) နာရီ၊ (၃ဝ) မိနစ်မှာ စတင် ဖွင့်လှစ် ကျင်းပသွားမှာဖြစ်လို့ twitch channel တစ်ခုဖြစ်တဲ့ www.twitch.tv/dota2ti ကို မနက်စောစောကတည်းက ဖွင့်ကြည့်ရန် မမေ့ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

#GamingNoodle #Dota2 #TI9 #KoBoo