[Zawgyi]
[Unicode]
Pro Player တွေအပြင် Dota2 ရဲ့ လူချစ်လူခင် အများဆုံး ကစားသမားတစ်ဦးပါဝင်လာတဲ့ TI9 ရဲ့ ပွဲကြေညာသူ စာရင်း
ဒီနှစ် The International 2019 Dota2 ပြိုင်ပွဲကတော့ ကမ္ဘာ့စံချိန်တင် ဆုကြေး ဒေါ်လာ ၃၂ သန်းကျော်နဲ့ မကြာခင် စတင်တော့မှာပဲ ဖြစ်ပါတယ်။ August 15 မှာ Group stage စတင်မယ့် ဒီပြိုင်ပွဲကတော့ ပွဲနားနီးလေ စိတ်ရှုပ်ရှားစရာတွေပိုပြီး ဖြစ်ပေါ်လေပါပဲ။ ပြိုင်ပွဲမစခင် တစ်ပါတ်အလို ယနေ့မှာတော့ Valve ဟာ ပွဲစီစဉ်တင်ဆက်သူနဲ့ ပွဲကြေညာသူစာရင်းကို ကြေညာခဲ့ပါတယ်။
ပွဲအစီအစဉ်မှုး (Host) စာရင်းမှာတော့ TI ရဲ့ မပါမဖြစ် Legend ၂ ဦးဖြစ်တဲ့ Sir Action Slacks နဲ့ Kaci Aitchison တို့ကတော့ပါဝင်လာခဲပြီး Redeye, Sheever တို့အပြင် Rich, DjWheat နဲ့ Pyriin Flax တို့ပါ အားဖြည့်ပေးထားပါတယ်။
ပွဲကြေညာသူ (Broadcast Talent) တွေအနေနဲ့ကတော့ အင်္ဂလိပ်ဘာသာနဲ့ ပြောမယ့်စာရင်းမှာ အားလုံးထင်မှတ်ထားတဲ့ နာမည်ကြီး Shout caster တွေအကုန်ပါဝင်ခဲ့ပြီး နာမည်ပြီး Pro Player တွေအနေနဲ့ကတော့ Mineski နဲ့ MVP Phoenix ကစားသမားဟောင်း “Febby” နဲ့ Team Team နဲ့ Chaos ရဲ့ ကစားသမားဟောင်း “Gunnar” တို့ပါဝင်လာပြီး အများစုတောင့်တခဲ့တဲ့ Bulldog တော့ မပါဝင်ခဲ့ပါဘူူ။
ရုရှားဘာသာနဲ့ ပွဲကြေညာသူ (Broadcast Talent) မှာတော့ Dota2 ပရိသတ်တွေရဲ့ အချစ်ဆုံး ကစားသမားတစ်ဦးပါဝင်နေပါတယ်။ သူကတော့ “Dendi” ပဲဖြစ်ပါတယ်။ TI ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး Dota 2 ပရိသတ်တော်တော်များများရဲ့ အချစ်ဦးဆိုရင်လည်း မမှားပါဘူး။ NaVi ရဲ့ ရွှေရောင်လွှမ်းခဲ့တဲ့ နေ့ရက်တွေမှာ Dota2 စကစားခဲ့သူတွေအနေနဲ့ကတော့ Dendi ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူူ။ TI ရဲ့ နှစ်စဉ် ပြိုင်ပွဲတိုင်းမှာ ကစားသမားအနေနဲ့ မဟုတ်တောက် TI5 ကလို All Star Match မှာများ ထွက်ပေါ်လာဦးမလားဆိုပြီး စောင့်မျှော်သရာ မလိုတော့ပါဘူူး။ သူဟာ TI9 ကို Russian Broadcast Talent တစ်ဦးအနေနဲ့ တရားဝင် တက်ရောက်ခွင့် ရရှိခဲ့ပါပြီ။ Dendi ရဲ့ ပုံရိပ်တွေကို မြင်တွေ့ချင်ရင်တော့ Twitch ရဲ့ TI9 Russia Broadcast Channel မှာ ဝင်ရောက် အလွမ်းသယ်နိုင်ပါတယ် ခင်ဗျာ။
RU Broadcast Talent စာရင်းမှာတော့ Dendi အပြင် CIS ဝါရင့်ကစားသမားတွေဖြစ်တဲ့ Artstyle, DKPhobos, fng, Goblak, ALOHADANCE နဲ့ Xboct တို့လည်း ပါဝင်နေပါတယ်။
တရုတ်ပွဲကြေညာသူစာရင်းမှာလည်း TI ချန်ပီယံဟောင်းတွေနဲ့ တရုတ် ဝါရင့်ကစားသမားတွေဖြစ်တဲ့ Burning, Ferrari_430, ddc, Faith_bian, iceice, Sccc, Sansheng, blink, Xiao8 နဲ့ ZSMJ တို့ ပါဝင်နေပါတယ်။ TI2 Champion IG, TI4 Champion Newbee နဲ့ TI6 Champion Wings ကလူတွေကို TI9 မှာပြန်လည်မြင်တွေ့ခွင့် ရတော့မှာပါ။
Photo Credit and Source : Wykrhm Reddy