TI9 Battle Pass တော့ တရားဝင် ထွက်ရှိလာခဲ့ပါပြီ။ နှစ်စဉ် The International Dota 2 Championship ကာလရောက်တိုင်း ကမ္ဘာအဝှမ်းက Dota 2 ပရိတ်သတ်တွေအနေနဲ့ TI Championship ပြိုင်ပွဲကြီးရဲ့ ဆုကြေးငွေကို ဝိုင်းဝန်းမတည်ပေးနိုင်စေဖို့ Compendium ခေါ် Battle Pass များ ထုတ်ရောင်းလေ့ရှိပါတယ်။ နှစ်စဉ် အဆိုပါ Battle Pass ကို ဝယ်ယူအားဖြည့်ပေးသူတိုင်းကိုလည်း Valve က အမှတ်တရ Ingame Item များ၊ Exclusive Item များ ပြန်လည်ပေးအပ်လေ့သည့်အတွက် စုဆောင်းရန် ဝယ်ယူအားပေးတဲ့သူများ ရှိသလို အချို့ကလည်း ရေရှည် ရင်းနှီးမြူတ်နှံ့တဲ့အနေနဲ့ Item များ ဝယ်ယူထားကြသူများလည်း ရှိပါတယ်။ ဒါကြောင့် ဒီနှစ်မှာလည်း Valve ကနေ ထုတ်ရောင်းလိုက်တဲ့ TI9 Battle Pass ဟာ ကမ္ဘာအဝှမ်းက Dota 2 ပရိတ်သတ်တွေကို ဆွဲဆောင်နိုင်မယ့် လက်ဆောင် အသစ်များစွာကို မိတ်ဆက်လာပါတယ်။

===============================

Price:

Battle Pass ကို ဝယ်ယူချင်တဲ့သူတွေအတွက် ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Lvl 1 Battle Pass = $9.99
Lvl 50 Battle Pass = $29.35
Lvl 100 Battle Pass = $44.99
+24 Lvl = 9.99$ ဆိုပြီး အသီးသီး ဖြစ်ပါတယ်။

Lvl 1 Battle Pass

Lvl Battle Pass ကို ဝယ်လိုက်တာနဲ့ ရရှိလာမယ့် Features တွေကတော့

🍬 Jungle Expedition 🍬

မနှစ်က Underground Roadmap အတိုင်း ဒီနှစ်မှာလည်း Sven, Ursa, Dazzle တို့ရဲ့ Bundle များရအောင် ဆော့ရမယ့် Quest Line တစ်ခုပါဝင်လာပါတယ်။ ဒီ Quest Line တွေကို တစ်ကွက်မကျန်ဆော့နိုင်ရင် Exclusive Bundle ၃ ခု နဲ့ အများဆုံး 33300 Battle Points ရနိုင်ပါတယ်။

🍬 Coach’s Challenge 🍬

အသစ်ပါဝင်လာတဲ့ ဒီ Features ကတော့ သင်က Online ပေါ်က Random Squad တစ်ခုကို Coach လုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။ သင့် MMR ထက် Average 500 MMR နည်းတဲ့ အဆိုပါ Squad ကို Coach အနေနဲ့တစ်ပွဲလုံး Coach တစ်ယောက်လို စီမံပြောကြားခွင့် ရမှာပါ။ သင့်ရဲ့ Coaching Performance ပေါ်မူတည်ပြီး Coaching Level တက်လာကာ Bronze > Silver > Gold ဆိုပြီး မြင့်လာမယ့် Tier အလျောက် Battle Points တွေ ရရှိမှာဖြစ်ပါတယ်။ ရရှိမယ့် Battle Points ပမာဏကို အသေးစိတ်ဖော်ပြမထားဘဲ ခန့်မှန်းခြေ Gold Tier အရောက်မှာ စုစုပေါင်း 10000 Battle Points ရနိုင်မယ်လို့ အကြမ်းဖျဉ်း ခန့်မှန်းပါတယ်။

🍬 Party Finder 🍬

ဒါကတော့ Steam Friend List ထဲက သာမကဘဲ Dota Ingame မှာ တွေ့ခဲ့တဲ့ Teammates တွေကိုပါ Party Finder List ထဲမှာ မှတ်တမ်းတင်ထားပေးမယ့် Feature ဖြစ်ပါတယ်။

🍬 Avoid Player 🍬

Mid Feeders, Jungle Afk player, (Techies Spammer ), စသည်ဖြင့် ကိုယ့်ရဲ့ နောက်ထပ် တစ်ပွဲမှာ ပြန်မတွေ့ချင်တဲ့သူတွေကို အပြီးအပိုင် Ban လိုက်လို့ရမယ့် Features တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ လက်ရှိဆော့နေတဲ့ ပွဲမှာ Attitude မကောင်းတဲ့ ကစားသမားမျိုးနဲ့ တစ်သက်လုံး မတွေ့တော့အောင် ဖယ်ရှားနိုင်မယ့် Features က Dota သမားတွေ စောင့်မျှော်နေခဲ့တာ ကြာလှပါပြီ။

🍬 Mo’rokai Event 🍬

မနှစ်က Roshan Pit Battle Royale နေရာမှာ အစားထိုးပါဝင်လာမယ့် TI9 Event ကတော့ Wrath of Mo’rokai လို့ အမည်ပေးထားပါတယ်။ အကြမ်းဖျဉ်းအရ Dota Map ပေါ်မှာပဲ 5 vs 5 ဆော့ရမှာဖြစ်ပြီး Super Creep လို Beast ကြီး နှစ်ကောင်က တစ်သင်းစီမှာ ပါဝင်မှာဖြစ်ပါတယ်။ နိုင်တဲ့အသင်းကတော့ Battle Points တွေ ရရှိမယ်လို့ အကြမ်းဖျဉ်းဖော်ပြထားပါတယ်။ Event အသေးစိတ်ကတော့ Release လုပ်တော့မှပဲ အတိအကျ သိရမှာဖြစ်ပါတယ်။

===============================

🏅🏅Exclusive Items🏅🏅

ဒီနှစ်ရဲ့ အဓိက အကျဆုံး Ingame Exclusive Item တွေကတော့ စုစုပေါင်း (၆) ခု ရှိပါတယ်။ အဆိုပါ (၆) ခုကို အောက်ဖော်ပြပါ Lvl များတွင် ရရှိနိုင်ပါတယ်။

Lvl 160 Overgrown Terrain
Lvl 255 Tiny Prestige Immortal
Lvl 305 Invoker Persona
Lvl 335 Custom Tower
Lvl 365 Earthshaker Arcana
Lvl 425 Axe Immortal Bundle

ဒီထဲမှာ Lvl 305 မှာ ရရှိမယ့် Invoker Persona ဆိုတာကတော့ Exclusive Item အသစ်တစ်မျိုးဖြစ်ပါတယ်။ အဆိုပါ Item ကို တပ်ဆင်လိုက်တဲ့အခါ Invoker ရဲ့ model, voice line တွေ အားလုံးဟာ လူငယ်လေးဖြစ်သွားမှာဖြစ်ပြီး Invoker ကိုပဲ Whole New Model အနေနဲ့ မြင်ရမှာပါ။ ဒါဟာ Slot တစ်ခုတည်းမှာ Immortal/ Arcana ဆိုပြီး တပ်နေတာတွေထက် Persona ဆိုတဲ့ Slot တစ်ခုကို စတင်မိတ်ဆက်ပေးချင်းဖြစ်ပါတယ်။ ဒါကိုကြည့်ချင်းဖြင့် နောက်နှစ်တွေမှာ

– Male Legion Commander Persona
– Female Faceless Void Persona ဆိုပြီး TI10 Battle Pass Features အသစ်အနေနဲ့ ထွက်မလာနိုင်ဘူးလို့ ပြောလို့ မရပါဘူး။ ဒီ ဆွဲဆောင်မှုဟာ Lvl 100 လောက်တင်ပြီး Lvl 305 လောက်ကို သွားချင်တဲ့လူတွေရဲ့ စိတ်ကို ငွေသုံးဖို့ လှုံ့ဆော်သယောင်ရှိနေပါတယ်။

===============================

How to Level Up?

တကယ်လို့ သင်က Lvl 1 စာအုပ်ပဲ တင်ပြီး ငွေထပ်သုံးဖို့ အစီအစဉ် မရှိဘူးဆိုပါစို့။ သင့်ရဲ့ Lvl 1 Battle Pass စာအုပ်ကို ပုံမှန်ဆော့သွားပြီး ရနိုင်ခြေရှိတဲ့ အမြင့်ဆုံး Battle Pass Lvl ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ TI9 Battle Pass သက်တမ်းကို ခန့်မှန်းချေ (၁၇) ပတ်လို့ ထားပြီး တွက်ချက်ထားပါတယ်။

– Jungle Event – 33300 BP (33.3 Lvl)
– Morakai – 2000 per weeks x 15 = 30000 BP (30 Lvl)
– Achievement – 15000 BP (15 Lvl)
– Daily Challenge – 10000 BP (10 Lvl)
– Weekly Challenge – 6800 BP (6.8 Lvl)

– Wager 100% Win rate – 2000 per week – 34000 (34 Lvl)
– Fantasy Max possible – 16000 (16 lvl)
– Table Prediction Max = 20000 (20 Lvl)

Total = 165100 BP = 165 Lvl အထိ အများဆုံး တက်နိုင်ချေရှိပါတယ်။ 🔼

==============
ဒါက သင့်အနေနဲ့ Lvl 1 စာအုပ်ဝယ်ပြီး နေ့စဉ် ဆက်တိုက်ဆော့၊ Wager တွေကို 100% နိုင်၊ TI9 Fantasy prediction နဲ့ Bracket Prediction တွေအားလုံး တစ်ခုမကျန် မှန်တယ်လို့ တွက်ချက်ထားလို့ အဲ့လောက်များနေတာဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ချေရှိတဲ့ သင့်ရဲ့ Wager အရှုံး၊ မသေချာတဲ့ Fantasy Prediction တွေကို ဖယ်ရှားလိုက်တဲ့အခါ ပုံမှန် ဆော့ကစားသူ တစ်ယောက်အနေနဲ့ ကျိန်းသေပေါက်တက်နိုင်တဲ့ Battle Lvl ကတော့

95 Lvl ဖြစ်ပါတယ်။ 🔼

ဒါကြောင့် Wager ဖြစ်နိုင်ချေ၊ Fantasy ဖြစ်နိုင်ချေတွေကို ပြန်ပေါင်းတွက်တဲ့အခါ +30 Lvl အထိ ဖြစ်နိုပါတယ်။

==============
သင့်ရဲ့ Lvl 1 စာအုပ်ကနေ ဆက်တိုက်ဆော့တဲ့အခါ အမြင့်ဆုံးရောက်နိုင်မယ့် Lvl ကတော့

95 + 30 = 125 Lvl အထိ ဖြစ်ပါတယ်။ 🔼

==============

သင့်မိတ်ဆွေတွေရဲ့ Gold Wager, Tips, Coaching တွေကနေ ရရှိမယ့် အပိုဆောင်း Lvl တွေ ထပ်တွက်ရင်တော့ 10 ~ 20 Lvl လောက်အထိ ထပ်တက်နိုင်ပါသေးတယ်။ ကံကောင်းရင် CM Wheel ကနေ +25 Lvl Battle Points တွေရနိုင်ချေလည်း ရှိပါသေးတယ်။ ဒါပေမယ့် မသေချာတဲ့အတွက် ဒီထဲမှာ ထည့်မတွက်ထားပါဘူး။

Lvl 1 စာအုပ်ကနေ အများဆုံးရောက်နိုင်တဲ့ ဖြစ်နိုင်ချေကတော့ 125 ~ 150 Lvl အထိသာ ဖြစ်ပါတယ်။ ဒါကြောင့် သင်က အပေါ်မှာပြောထားတဲ့ Exclusive Terrain ကို လိုချင်ရင်တောင် လိုတာထက် ပိုပြီး အားစိုက်ဆော့ရမယ့်အပြင် လိုအပ်ရင်တောင် Lvl ဝယ်တင်ရဖို့ ရှိပါတယ်။

ဒါကြောင့် သင်က Lvl 100 နဲ့ စမယ့်သူဆိုရင်တော့ Wager Upgrade ကနေ ရမယ့် BP တွေကိုထပ်တိုးရင် ဖြစ်နိုင်တဲ့ အမြင့်ဆုံးအဆင့်က 230 ~ 260 Lvl လောက်အထိ ဖြစ်နိုင်ပါတယ်။ ဒီကြားထဲမှာ လာမယ့် Weekend Sale တွေကို စောင့်ပြီး တင်ရင်တော့ Lvl 305 က Invoker Persona ကို ရနိုင်ချေရှိပါတယ်။

Lvl 1000 အထိ ချက်ချင်း တင်ရင် ပျမ်းမျှ $420
Lvl 2000 အထိ ချက်ချင်း တင်ရင် ပျမ်းမျှ $836
ဒီ Level တွေကို Weekend sale တွေစောင့်ပြီးမှ တင်ရင်တော့ ပျမ်းမျှ 20 ~ 30$ လောက်တော့ ဈေးသက်သာပါလိမ့်မယ်။

=============================================

📘📘📘
အနှစ်ချူပ်ရရင်တော့
(10$ ပဲသုံးမည့်သူများ)
Lvl 1 နဲ့ ဆော့မယ့်သူတွေ က အများဆုံး Lvl 140 ဝန်းကျင် အထိရောက်နိုင်ပြီး

(75$ ဝန်းကျင်ပဲ သုံးမည့်သူများ)
Lvl 100 + Weekend Sale သမားတွေက အများဆုံး Lvl 320 ဝန်းကျင် အထိရောက်နိုင်ပါတယ်။

Axe အထိ သွားမယ့်သူတွေကတော့ အနည်းဆုံး 120$ ဝန်းကျင်လောက် သုံးဖို့တော့လိုပါလိမ့်မယ်။ မစောင့်နိုင်ရင်တော့ 175$ သုံးပြီးရင် ဒီနှစ်အတွက် Exclusive Item Collect ဖို့ လုံလောက်ပါပြီ။
📘📘📘

=============================================

TI9 Collector Aegis နဲ့ Baby Roshan အထိ သွားမယ့်လူတွေအနေနဲ့ကတော့ ပိုက်ဆံလမ်းခင်းပြီး သွားနိုင်မှရမယ့် အချက်ကိုတော့ ထွေထွေထူးထူးပြောစရာလိုမယ် မထင်ပါဘူး။ အရေးကြီးတဲ့ တစ်ချက်ကတော့ ဒီနှစ်မှာ Immortal Item တွေကို Recycle လုပ်ပြီး Lvl တင်တဲ့ Features ကို ဖယ်ရှားလိုက်ပြီဖြစ်လို့ lvl 2000 သွားမယ့်သူတွေက မနှစ်ကလို 560$ ဝန်းကျင်နဲ့ မရတော့ဘဲ 700$ လောက် သုံးမှ ရတော့မှာပါ။

Valve ဟာ ဒီနှစ် အသစ်ချပြလိုက်တဲ့ Exclusive Item တွေကို အများစု လက်လှမ်းမှီတဲ့ Lvl 425 မှာ ဂိတ်ဆုံးထားပေးထားပါတယ်။ ဒီအထိ ချက်ချင်းသွားရင် 175$ လောက် သုံးရမှာပါ။ မနှစ်ကတော့ Eminent of the Revival ဆိုတဲ့ Color ပြောင်းထားတဲ့ Immortal တွေကို Lvl 615 မှာ ထားကာ သွေးတိုးစမ်းခဲ့ပြီး Community ရဲ့ ဝေဖန်မှုတွေကို အကြီးအကျယ် ခံလိုက်ရတဲ့အခါမှာတော့ အများစု လက်လှမ်းမှီတဲ့ Lvl 400 မတိုင်ခင်မှာ တကယ့် Amazing Exclusive Item တွေပေးပြီး နည်းလမ်းအသစ်နဲ့ Community ကို စမ်းသပ်လိုက်ပြန်ပါပြီ။

===============================

⚠️⚠️⚠️

အရေးကြီးတဲ့ ထူးခြားချက်တစ်ခုကတော့ dota 2 official website မှာ

Lvl 160 Overgrown Terrain
Lvl 255 Tiny Prestige Immortal
Lvl 335 Custom Tower
Lvl 425 Axe Immortal Bundle စတဲ့ Exclusive Item ၄ ခု ကို နောက်ဘယ်တော့မှ Market မှာ ဝယ်ခွင့်မရှိ၊ Trade ခွင့်မရှိတဲ့ Pure Exclusive Item များအဖြစ် ဖော်ပြထားပြီး

Lvl 305 Invoker Persona
Lvl 365 Earthshaker Arcana နှစ်ခုကိုတော့ အဆိုပါ Exclusive Description များ ထည့်သွင်းရေးသားထားခြင်း မရှိပါဘူး။ ဒါဆိုရင် Invoker နဲ့ ES arcana ဟာ တစ်နှစ်လောက် စောင့်ပြီးရင် ဈေးကွက်တင်ရောင်းခွင့် ရမလား၊ ဒါမှမဟုတ် ဈေးကွက်တင်ရောင်းခွင့် မရရင်တောင် Trade Once လုပ်လို့ရမယ့် Item များဖြစ်နေမလားဆိုတာကတော့ ဘယ်သူမှ မသိသေးတဲ့ စောင့်ကြည့်ရမယ့် အချက်ဖြစ်ပါတယ်။

===============================

မနှစ်ကနဲ့ ယှဉ်ရင်တော့ ဒီနှစ် Battle Pass ဟာ အနည်းငယ် စိတ်ဝင်စားစရာ အားနည်းပါတယ်။ TI7 Battle Pass ကို ပြန်မှီလောက်တဲ့အထိ မရှိတဲ့အပြင် အပျော်ဆော့လို့ရမယ့် Mutation Game Mode မျိုးလည်းပြန်ပါမလာတဲ့အတွက် ဒီနှစ်ကတော့ Exclusive Item သီးသန့် ထုတ်ရောင်းဖို့ လုပ်လိုက်တဲ့ Battle Pass တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့အဝှမ်းက Dota 2 ပရိတ်သတ်တွေရဲ့ Prize Pool Contribution က မနှစ်ကစံချိန်ကို မကျော်ရင်တောင် မနှစ်က နီးပါးလောက်အထိ ရောက်မှာကတော့ သေချာပါတယ်။ အဲ့လိုဖြစ်လာတဲ့အခါ Lord Gaben ကြီးရဲ့ ဘယ်လို ဝှက်ဖဲတွေ ထွက်လာပြီး စံချိန်အသစ်ချိုးမယ့် Contribution Prize Pool တွေ မြင့်လာမလဲဆိုတာကို စောင့်ကြည့်ဖို့ကတော့ အချိန်အတိုင်းအတာ တစ်ခု လိုအပ်ဦးမှာ အသေအချာပါပဲ။

#KoBoo #GamingNoodle #TI9Battlepass