[Zawgyi]

Beauty of Dota: Time is also a resource

 

ကၽြန္ေတာ္တုိ႔ Dota 2 ကစားၾကတဲ့အခါ အဓိက Resource ႏွစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ Gold နဲ႔ Exp ပါ။ Gold က ဟီးရုိးေတြအတြက္ လိုအပ္တဲ့ Item ေတြ ဝယ္ယူဖို႔ျဖစ္ၿပီး Exp ကေတာ့ Level တက္ဖို႔ျဖစ္ပါတယ္။ ဒါေၾကာင့္ ႏွစ္မ်ဳိးလုံးက သူ႕နည္းသူ႕ဟန္နဲ႔ အေရးႀကီးတဲ့ Resource ေတြျဖစ္ၿပီး မ်ားႏုိင္သေလာက္မ်ားမ်ားရွာရမွာပါ။

ဒါေပမယ့္ ဒီဂိမ္းထဲမွာ သိပ္သတိမထားမိၾကတဲ့ တတိယေျမာက္ Resource တစ္ခုရွိပါေသးတယ္။ အဲ့ဒါကေတာ့ Time (အခ်ိန္) ပါပဲ။ Dota 2 ဂိမ္းဟာ တိက်တဲ့တြက္ခ်က္မႈေတြေပၚမွာ တည္ေဆာက္ထားတာျဖစ္တယ္။ စကၠန္႔ ၃၀ တုိင္းကို Creep Wave တစ္ခုထြက္မယ္၊ တစ္မိနစ္တုိင္းမွာ Neutral Camp ေပၚမယ္။ ႏွစ္မိနစ္တုိင္းမွာ Rune တစ္ခုေပၚမယ္။ ငါးမိနစ္တုိင္းမွာ Bounty ေပၚမယ္ စသျဖင့္ က်ိန္းေသေပါက္သိေနရၿပီး ဂိမ္းရဲ႕ UI မွာလည္း ဘယ္ႏွမိနစ္ေရာက္ေနၿပီ ဆုိတာကို ရွင္းလင္းစြာေဖာ္ျပထားတဲ့ အခ်ိန္နာရီစနစ္တစ္ခု ပါပါတယ္။ အဲ့ဒါက ဂိမ္းရဲ႕ အေရးအႀကီးဆုံး ေဖာ္ျပမႈတစ္ခုပါ။

အဲ့ဒီလို အလြယ္တကူတြက္လုိ႔ရတဲ့၊ ဂိမ္းထဲက နာရီကို ၾကည့္လုိက္တာနဲ႔ သိႏုိင္မယ့္ အခ်က္ေတြအျပင္ ဟီးရုိး တစ္ေယာက္ေသသြားရင္ ျပန္ထြက္လာဖုိ႔ Respawn Time ေတြ၊ Roshan ကိုသတ္လုိက္ရင္ Aegis ရသြားတဲ့လူဆီမွာ Aegis ေပ်ာက္သြားမယ့္ ၾကာခ်ိန္၊ Roshan ျပန္ေပၚလာမယ့္အခ်ိန္ကစလို႔ BKB အစရွိတဲ့ item ေတြရဲ႕ cooldown ေတြ၊ ဟီးရိုးေတြမွာ အသုံးျပဳရမယ့္ Ability ေတြရဲ႕ cooldown ေတြ။ ဒါေတြအားလုံးဟာ ဒီဂိမ္းထဲမွာ အခ်ိန္ရဲ႕ အေရးပါမႈေတြ ျဖစ္ပါတယ္။

အခ်ိန္ကိုအက်ဳိးရွိစြာအသုံးခ်တယ္ ဆုိတာကို Dota 2 Pro ေတြေလာက္ နားလည္တဲ့လူ ေတာ္ေတာ္ရွားပါလိမ့္မယ္။ သူတုိ႔မွာ ေနာက္ဘာဆက္လုပ္မလဲ ဆုိတာကို ေခါင္းထဲမွာ စဥ္ဆက္မျပတ္တြက္ခ်က္ေနရၿပီး ေလလြင့္ခ်ိန္နည္းပါးသထက္ နည္းပါးလာေအာင္ ဂိမ္းထဲမွာ ျပဳမူေဆာ့ကစားရတယ္။ ေနာက္ၿပီး ကိုယ့္ Role အလိုက္ In-game Time ကိုၾကည့္ၿပီး လုပ္ေဆာင္ရမယ့္ တာဝန္ကို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ရပါတယ္။

သင္ဟာ Supp တစ္ေယာက္ျဖစ္တယ္ဆုိပါစို႔။ ဂိမ္းရဲ႕ Early Phase (Early game) လို႔ေခၚၾကတဲ့ ပြဲစစခ်င္း ၁၅ မိနစ္ဝန္းက်င္မွာ သင္ဟာ ကိုယ့္ Lane သုံးခုက Core ၃ ေယာက္ကို ကာကြယ္ေပးရမယ္။ လိုအပ္ရင္ စကၠန္႔ ၃၀ တစ္ခါထြက္တဲ့ Creep wave ကို Neutral creep camp နဲ႔ ကြက္တိတုိက္ေပးရမယ္။ တစ္မိနစ္တစ္ခါ သတိထားၿပီး Camp Stack ေပးရမယ္။ Ob cooldown ျပည့္လို႔ ဆုိင္မွာေပၚလာတာနဲ႔ ဝယ္ေပးရမယ္၊ Rune Check ရမယ္၊ Bounty Rune ေပၚခါနီးရင္ မေသေအာင္ေနၿပီး Rune ရေအာင္ ယူဖို႔ စဥ္းစားရမယ္။ ဒါေတြက အခ်ိန္အေပၚ မူတည္ၿပီး ကိုယ့္ Role ေပၚက်ေရာက္လာတဲ့ တာဝန္ေတြရဲ႕ အေျခခံပဲ ရွိပါေသးတယ္။ Core player ေတြကေတာ့ ေနတဲ့လမ္းနဲ႔ In-game အေျခအေနေပၚမူတည္ၿပီး လုပ္ေဆာင္ခ်က္က ပိုကြဲသြားဦးမွာပါ။

ဒီလိုေျပာရတဲ့ အေၾကာင္းရင္းက ပုံမွန္ကစားသမားေတြအတြက္ Time ဟာလည္း Gold/Exp တုိ႔ေလာက္ကို အေရးပါတဲ့ Resource တစ္ခု ဆုိတာကို သတိရေစခ်င္တာပါ။ ကၽြန္ေတာ္တုိ႔ Movement speed ျမန္ဖို႔ item ေတြ ထည့္ၾကတဲ့အခါ လမ္းေလွ်ာက္တာျမန္တယ္၊ ရန္သူ႕ကိုအသာရေစႏုိင္တယ္ ဆုိတာအျပင္ ရွိသင့္တဲ့ေနရာကို ရွိသင့္တဲ့အခ်ိန္မွာ ေရာက္ေနေစဖို႔ ဆုိတာလည္း ပါပါတယ္။

အေစာပုိင္း Level ေတြမွာ အိမ္ကိုလမ္းေလွ်ာက္ျပန္ၿပီး TP နဲ႔ျပန္ဆင္းလာ ဒါမွမဟုတ္ TP နဲ႔စခန္းျပန္ၿပီး သက္ဆုိင္ရာ Lane ကို လမ္းေလွ်ာက္မယ့္အစား ၅ စကၠန္႔ေလာက္ အေသခံလိုက္ၿပီး TP နဲ႔တန္းဆင္းတာက အခ်ိန္ကုန္ အမ်ားႀကီးပိုသက္သာတယ္ဆုိတာ သိၾကမွာပါ။ အဲဒီလိုပဲ တစ္ဖက္အသင္းမွာ Ursa, Meepo တုိ႔လို ဟီးရိုးေတြပါရင္လည္း Roshan ကို ေစာေစာ Check ဖို႔ မေမ့ၾကပါဘူး။ ဒါေတြဟာ In-game Clock ကို ၾကည့္ၿပီး ကၽြန္ေတာ္တုိ႔ ဆုံးျဖတ္ေနၾက အရာေတြျဖစ္ပါတယ္။ ရွင္းရွင္းေလးပါပဲ။

Dota 2 မွမဟုတ္ပါဘူး၊ အျခား MOBA ကစားသမားေတြလည္း အေျခခံမွာေတာ့ ေတာ္ေတာ္မ်ားမ်ားက အလားတူ Resources သုံးခုစနစ္ပဲ ရွိတာပါပဲ။ ဒါ့ေၾကာင့္ သက္ဆုိင္ရာဂိမ္းေတြမွာ သက္ဆုိင္ရာ Role တစ္ခုစီအတြက္ ေလ့က်င့္ၾကတဲ့အခါ ဘယ္အခ်ိန္ေရာက္ရင္ ဘာလုပ္မယ္ဆုိတာကို တစ္ပါတည္း ထည့္သြင္းစဥ္းစားေလ့က်င့္ျခင္းက ဂိမ္းထဲမွာ ပုိၿပီးေကာင္းေကာင္းကစားႏုိင္ဖို႔ အေထာက္အကူျဖစ္ေစလိမ့္မယ္လို႔ သတိေလးေပးလိုက္ပါရေစ။ Gaming Noodle ကေန ဗီဒီယုိဂိမ္း၊ Esports နဲ႔ပတ္သက္တဲ့ စိတ္ဝင္စားဖြယ္ရာ အေၾကာင္းအရာေတြကို အစဥ္အျမဲ တင္ဆက္လ်က္ရွိပါတယ္။

#GamingNoodle #Kyitha


[Unicode]

Beauty of Dota: Time is also a resource

 

ကျွန်တော်တို့ Dota 2 ကစားကြတဲ့အခါ အဓိက Resource နှစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Gold နဲ့ Exp ပါ။ Gold က ဟီးရိုးတွေအတွက် လိုအပ်တဲ့ Item တွေ ဝယ်ယူဖို့ဖြစ်ပြီး Exp ကတော့ Level တက်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် နှစ်မျိုးလုံးက သူ့နည်းသူ့ဟန်နဲ့ အရေးကြီးတဲ့ Resource တွေဖြစ်ပြီး များနိုင်သလောက်များများရှာရမှာပါ။

ဒါပေမယ့် ဒီဂိမ်းထဲမှာ သိပ်သတိမထားမိကြတဲ့ တတိယမြောက် Resource တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ Time (အချိန်) ပါပဲ။ Dota 2 ဂိမ်းဟာ တိကျတဲ့တွက်ချက်မှုတွေပေါ်မှာ တည်ဆောက်ထားတာဖြစ်တယ်။ စက္ကန့် ၃၀ တိုင်းကို Creep Wave တစ်ခုထွက်မယ်၊ တစ်မိနစ်တိုင်းမှာ Neutral Camp ပေါ်မယ်။ နှစ်မိနစ်တိုင်းမှာ Rune တစ်ခုပေါ်မယ်။ ငါးမိနစ်တိုင်းမှာ Bounty ပေါ်မယ် စသဖြင့် ကျိန်းသေပေါက်သိနေရပြီး ဂိမ်းရဲ့ UI မှာလည်း ဘယ်နှမိနစ်ရောက်နေပြီ ဆိုတာကို ရှင်းလင်းစွာဖော်ပြထားတဲ့ အချိန်နာရီစနစ်တစ်ခု ပါပါတယ်။ အဲ့ဒါက ဂိမ်းရဲ့ အရေးအကြီးဆုံး ဖော်ပြမှုတစ်ခုပါ။

အဲ့ဒီလို အလွယ်တကူတွက်လို့ရတဲ့၊ ဂိမ်းထဲက နာရီကို ကြည့်လိုက်တာနဲ့ သိနိုင်မယ့် အချက်တွေအပြင် ဟီးရိုး တစ်ယောက်သေသွားရင် ပြန်ထွက်လာဖို့ Respawn Time တွေ၊ Roshan ကိုသတ်လိုက်ရင် Aegis ရသွားတဲ့လူဆီမှာ Aegis ပျောက်သွားမယ့် ကြာချိန်၊ Roshan ပြန်ပေါ်လာမယ့်အချိန်ကစလို့ BKB အစရှိတဲ့ item တွေရဲ့ cooldown တွေ၊ ဟီးရိုးတွေမှာ အသုံးပြုရမယ့် Ability တွေရဲ့ cooldown တွေ။ ဒါတွေအားလုံးဟာ ဒီဂိမ်းထဲမှာ အချိန်ရဲ့ အရေးပါမှုတွေ ဖြစ်ပါတယ်။

အချိန်ကိုအကျိုးရှိစွာအသုံးချတယ် ဆိုတာကို Dota 2 Pro တွေလောက် နားလည်တဲ့လူ တော်တော်ရှားပါလိမ့်မယ်။ သူတို့မှာ နောက်ဘာဆက်လုပ်မလဲ ဆိုတာကို ခေါင်းထဲမှာ စဉ်ဆက်မပြတ်တွက်ချက်နေရပြီး လေလွင့်ချိန်နည်းပါးသထက် နည်းပါးလာအောင် ဂိမ်းထဲမှာ ပြုမူဆော့ကစားရတယ်။ နောက်ပြီး ကိုယ့် Role အလိုက် In-game Time ကိုကြည့်ပြီး လုပ်ဆောင်ရမယ့် တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရပါတယ်။

သင်ဟာ Supp တစ်ယောက်ဖြစ်တယ်ဆိုပါစို့။ ဂိမ်းရဲ့ Early Phase (Early game) လို့ခေါ်ကြတဲ့ ပွဲစစချင်း ၁၅ မိနစ်ဝန်းကျင်မှာ သင်ဟာ ကိုယ့် Lane သုံးခုက Core ၃ ယောက်ကို ကာကွယ်ပေးရမယ်။ လိုအပ်ရင် စက္ကန့် ၃၀ တစ်ခါထွက်တဲ့ Creep wave ကို Neutral creep camp နဲ့ ကွက်တိတိုက်ပေးရမယ်။ တစ်မိနစ်တစ်ခါ သတိထားပြီး Camp Stack ပေးရမယ်။ Ob cooldown ပြည့်လို့ ဆိုင်မှာပေါ်လာတာနဲ့ ဝယ်ပေးရမယ်၊ Rune Check ရမယ်၊ Bounty Rune ပေါ်ခါနီးရင် မသေအောင်နေပြီး Rune ရအောင် ယူဖို့ စဉ်းစားရမယ်။ ဒါတွေက အချိန်အပေါ် မူတည်ပြီး ကိုယ့် Role ပေါ်ကျရောက်လာတဲ့ တာဝန်တွေရဲ့ အခြေခံပဲ ရှိပါသေးတယ်။ Core player တွေကတော့ နေတဲ့လမ်းနဲ့ In-game အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ချက်က ပိုကွဲသွားဦးမှာပါ။

ဒီလိုပြောရတဲ့ အကြောင်းရင်းက ပုံမှန်ကစားသမားတွေအတွက် Time ဟာလည်း Gold/Exp တို့လောက်ကို အရေးပါတဲ့ Resource တစ်ခု ဆိုတာကို သတိရစေချင်တာပါ။ ကျွန်တော်တို့ Movement speed မြန်ဖို့ item တွေ ထည့်ကြတဲ့အခါ လမ်းလျှောက်တာမြန်တယ်၊ ရန်သူ့ကိုအသာရစေနိုင်တယ် ဆိုတာအပြင် ရှိသင့်တဲ့နေရာကို ရှိသင့်တဲ့အချိန်မှာ ရောက်နေစေဖို့ ဆိုတာလည်း ပါပါတယ်။

အစောပိုင်း Level တွေမှာ အိမ်ကိုလမ်းလျှောက်ပြန်ပြီး TP နဲ့ပြန်ဆင်းလာ ဒါမှမဟုတ် TP နဲ့စခန်းပြန်ပြီး သက်ဆိုင်ရာ Lane ကို လမ်းလျှောက်မယ့်အစား ၅ စက္ကန့်လောက် အသေခံလိုက်ပြီး TP နဲ့တန်းဆင်းတာက အချိန်ကုန် အများကြီးပိုသက်သာတယ်ဆိုတာ သိကြမှာပါ။ အဲဒီလိုပဲ တစ်ဖက်အသင်းမှာ Ursa, Meepo တို့လို ဟီးရိုးတွေပါရင်လည်း Roshan ကို စောစော Check ဖို့ မမေ့ကြပါဘူး။ ဒါတွေဟာ In-game Clock ကို ကြည့်ပြီး ကျွန်တော်တို့ ဆုံးဖြတ်နေကြ အရာတွေဖြစ်ပါတယ်။ ရှင်းရှင်းလေးပါပဲ။

Dota 2 မှမဟုတ်ပါဘူး၊ အခြား MOBA ကစားသမားတွေလည်း အခြေခံမှာတော့ တော်တော်များများက အလားတူ Resources သုံးခုစနစ်ပဲ ရှိတာပါပဲ။ ဒါ့ကြောင့် သက်ဆိုင်ရာဂိမ်းတွေမှာ သက်ဆိုင်ရာ Role တစ်ခုစီအတွက် လေ့ကျင့်ကြတဲ့အခါ ဘယ်အချိန်ရောက်ရင် ဘာလုပ်မယ်ဆိုတာကို တစ်ပါတည်း ထည့်သွင်းစဉ်းစားလေ့ကျင့်ခြင်းက ဂိမ်းထဲမှာ ပိုပြီးကောင်းကောင်းကစားနိုင်ဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့ သတိလေးပေးလိုက်ပါရစေ။ Gaming Noodle ကနေ ဗီဒီယိုဂိမ်း၊ Esports နဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို အစဉ်အမြဲ တင်ဆက်လျက်ရှိပါတယ်။

#GamingNoodle #Kyitha