[ZawGyi]

“တတိယအၾကိမ္ေျမာက္ HUAWEI NOVA Esports Championship က်င္းပမည္။”

၂၀၁၇ က စျပီး ႏွစ္စဥ္က်င္းပျမဲျဖစ္တဲ့ HUAWEI nova Esports Championship ျပိဳင္ပြဲကို ယခုႏွစ္မွာလည္း တတိယအၾကိမ္ေျမာက္အေနနဲ႔ က်င္းပမွာျဖစ္ေၾကာင္း ေၾကညာထားပါတယ္။ ဒီျပိဳင္ပြဲဟာ Mobile Legends: Bang Bang (MLBB) ကစားသမားမ်ားအတြက္ ရည္ရြယ္ျပဳလုပ္တဲ့ပြဲျဖစ္ျပီး HUAWEI Consumer Business Group က ေန ၾကီးမွဴးက်င္းပတာျဖစ္ပါတယ္။ Main event ကို Junction City မွာ ျပဳလုပ္မွာျဖစ္ျပီး အႏိုင္ရရွိသူမ်ားဟာ HUAWEI nova 5T ဖုန္းမ်ား အပါအဝင္ အျခားဆုမ်ားကို ဆြတ္ခူးႏိုင္ၾကမွာပါ။

ျပိဳင္ပြဲရဲ႕ online qualifier မ်ားကိုေတာ့ စက္တင္ဘာ ၁၀ ရက္ေန႔နဲ႔ ၁၁ ရက္ေန႔တို႔မွာ BO1 စီ ယွဥ္ျပိဳင္ကစားၾကမွာျဖစ္ျပီး အသင္းေပါင္း ၂၅၆ သင္း ပါဝင္မယ္လို႔ ေၾကညာထားပါတယ္။ ထိုအသင္းမ်ားထဲမွာထဲမွ qualifier မွာ အႏိုင္ရရွိတဲ့ အသင္း ၄ သင္းနဲ႔ direct invite ျပဳလုပ္ခံထားရတဲ့ အသင္း ၄ သင္း၊ စုစုေပါင္း အသင္း ၈ သင္း ဟာ စက္တင္ဘာလ ၁၄ ရက္ေန႔နဲ႔ ၁၅ ရက္ေန႔မွာ က်င္းပမယ့္ main event မွာ ဝင္ေရာက္ယွဥ္ျပိဳင္ႏိုင္ၾကမွာပါ။

 

Main event မွာ ေစာင့္ၾကိဳေနၾကတဲ့ နာမည္ၾကီး direct invite အသင္း ၄ သင္းကေတာ့ Burmese Ghouls, Claw Esports, Team Cyanide နဲ႔ Yangon Galaticos တို႔ပါ။ Burmese Ghouls အသင္းကဟာ ၂၀၁၇ နဲ႔ ၂၀၁၈ ျပိဳင္ပြဲမ်ားမွာ ဗိုလ္စြဲထားႏိုင္တဲ့ အသင္းျဖစ္ပါတယ္။ Main event မွာ BO3 သုံးပြဲစီ ယွဥ္ျပိဳင္ကစားၾကရမွာျဖစ္ျပီး grand final ထိ ေရာက္ရွိတဲ့ အသင္းႏွစ္သင္းကေတာ့ BO5 ငါးပြဲ ကစားၾကရမွာပါ။ Main Event ကိုေတာ့ Huawei Mobile Facebook page နဲ႔ Game Cast Network MLBB Facebook Page ေတြမွာ Live ၾကည့္႐ွဳႏိုင္ပါတယ္။

ျပိဳင္ပြဲရဲ႕ အျမင့္ဆုံးဆုကေတာ့ ပထမဆုျဖစ္ျပီး HUAWEI nova 5T ဖုန္း ၅ လုံး နဲ႔ MLBB diamonds 5000 ရရွိမွာပါ။ ဒုတိယဆု HUAWEI Watch GT နဲ႔ diamonds 2500, တတိယဆု HUAWEI TalkBand B5 နဲ႔ diamonds 1500, စတုတၳဆု diamonds 1000 တို႔လည္း ပါဝင္ျပီး main event တစ္ေလွ်ာက္မွာ MVP အျဖစ္ေရြးခ်ယ္ျခင္းခံရသူကေတာ့ HUAWEI Watch GT တစ္ခု ရရွိဦးမွာျဖစ္ပါတယ္။

ယခုျပဳလုပ္မယ့္ HUAWEI nova Esports Championship အေၾကာင္းကို စက္တင္ဘာလ ၉ ရက္ေန႔က Lotte Hotel မွာ ျပဳလုပ္ခဲ့တဲ့ HUAWEI nova 5T ဖုန္းအတြက္ မိတ္ဆက္ပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။ နာမည္ၾကီးအသင္းမ်ား ဝင္ေရာက္ယွဥ္ျပိဳင္ၾကမယ့္ပြဲျဖစ္လို႔ MLBB ကစားသမားမ်ားနဲ႔ ဝါသနာရွင္မ်ား ပါဝင္ၾကည့္ရႈေလ့လာႏိုင္မယ့္ ပြဲတစ္ပြဲပဲျဖစ္ပါေတာ့တယ္။

Huawei Nova Esports ခ်န္ပီယံအသင္းကို ခ်ီးျမင့္မယ့္ အသစ္ထြက္ HUAWEI nova 5T ကိုေတာ့ Kirin 980 7nm AI Chipset ရဲ႕ ေမာင္းႏွင္မႈ၊ 8GB RAM နဲ႔ 128GB ROM တို႔နဲ႔အတူ ေသသပ္လွပတဲ့ ပံုရိပ္ေတြရရွိေစဖို႔ စံုလင္တဲ့ Features ေတြနဲ႔ AI ကင္မရာငါးခု (48MP Wide + 16MP Ultra Wide + 2MP Macro + 2MP Bokeh + 32MP Selfie) လည္းပါဝင္ပါဝင္ပါတယ္။ 6.26 လက္မအရြယ္ Punch FullView မ်က္ႏွာျပင္ကလည္း အမိုက္စား Resoulution ေတြေပးစြမ္းဦးမယ့္အျပင္ GPU Tubro 3.0, ဘက္ထရီပမာဏ 3750mAh နဲ႔ SuperCharge စနစ္လည္းပါဝင္ဦးမွာပါ။
ဒီ HUAWEI nova 5T ကေတာ့ Crush Blue, Black နဲ႔ Midsummer Purple ဆိုၿပီး အေရာင္သံုးမ်ိဳးရရွိႏိုင္မွာျဖစ္ၿပီး ေဈးႏႈန္းကေတာ့ (599,000) က်ပ္ျဖစ္ပါတယ္။ Pre-Order ကာလကေတာ့ စက္တင္ဘာလ (၉) ရက္ေန႔ကေန (၂၇) ရက္ေန႔အထိျဖစ္သလို Pre-Order မွာယူမယ္ဆိုရင္ အရမ္းမိုက္တဲ့ Huawei Mini Speaker လက္ေဆာင္ရရွိႏိုင္မွာပါ။

Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

“တတိယအကြိမ်မြောက် HUAWEI NOVA Esports Championship ကျင်းပမည်။”

 

၂၀၁၇ က စပြီး နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ HUAWEI nova Esports Championship ပြိုင်ပွဲကို ယခုနှစ်မှာလည်း တတိယအကြိမ်မြောက်အနေနဲ့ ကျင်းပမှာဖြစ်ကြောင်း ကြေညာထားပါတယ်။ ဒီပြိုင်ပွဲဟာ Mobile Legends: Bang Bang (MLBB) ကစားသမားများအတွက် ရည်ရွယ်ပြုလုပ်တဲ့ပွဲဖြစ်ပြီး HUAWEI Consumer Business Group က နေ ကြီးမှူးကျင်းပတာဖြစ်ပါတယ်။ Main event ကို Junction City မှာ ပြုလုပ်မှာဖြစ်ပြီး အနိုင်ရရှိသူများဟာ HUAWEI nova 5T ဖုန်းများ အပါအဝင် အခြားဆုများကို ဆွတ်ခူးနိုင်ကြမှာပါ။

ပြိုင်ပွဲရဲ့ online qualifier များကိုတော့ စက်တင်ဘာ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တို့မှာ BO1 စီ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အသင်းပေါင်း ၂၅၆ သင်း ပါဝင်မယ်လို့ ကြေညာထားပါတယ်။ ထိုအသင်းများထဲမှာထဲမှ qualifier မှာ အနိုင်ရရှိတဲ့ အသင်း ၄ သင်းနဲ့ direct invite ပြုလုပ်ခံထားရတဲ့ အသင်း ၄ သင်း၊ စုစုပေါင်း အသင်း ၈ သင်း ဟာ စက်တင်ဘာလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့မှာ ကျင်းပမယ့် main event မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြမှာပါ။

Main event မှာ စောင့်ကြိုနေကြတဲ့ နာမည်ကြီး direct invite အသင်း ၄ သင်းကတော့ Burmese Ghouls, Claw Esports, Team Cyanide နဲ့ Yangon Galaticos တို့ပါ။ Burmese Ghouls အသင်းကဟာ ၂၀၁၇ နဲ့ ၂၀၁၈ ပြိုင်ပွဲများမှာ ဗိုလ်စွဲထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ Main event မှာ BO3 သုံးပွဲစီ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပြီး grand final ထိ ရောက်ရှိတဲ့ အသင်းနှစ်သင်းကတော့ BO5 ငါးပွဲ ကစားကြရမှာပါ။ Main Event ကိုတော့ Huawei Mobile Facebook page နဲ့ Game Cast Network MLBB Facebook Page တွေမှာ Live ကြည့်ရှုနိုင်ပါတယ်။

ပြိုင်ပွဲရဲ့ အမြင့်ဆုံးဆုကတော့ ပထမဆုဖြစ်ပြီး HUAWEI nova 5T ဖုန်း ၅ လုံး နဲ့ MLBB diamonds 5000 ရရှိမှာပါ။ ဒုတိယဆု HUAWEI Watch GT နဲ့ diamonds 2500, တတိယဆု HUAWEI TalkBand B5 နဲ့ diamonds 1500, စတုတ္ထဆု diamonds 1000 တို့လည်း ပါဝင်ပြီး main event တစ်လျှောက်မှာ MVP အဖြစ်ရွေးချယ်ခြင်းခံရသူကတော့ HUAWEI Watch GT တစ်ခု ရရှိဦးမှာဖြစ်ပါတယ်။

ယခုပြုလုပ်မယ့် HUAWEI nova Esports Championship အကြောင်းကို စက်တင်ဘာလ ၉ ရက်နေ့က Lotte Hotel မှာ ပြုလုပ်ခဲ့တဲ့ HUAWEI nova 5T ဖုန်းအတွက် မိတ်ဆက်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ နာမည်ကြီးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်ပွဲဖြစ်လို့ MLBB ကစားသမားများနဲ့ ဝါသနာရှင်များ ပါဝင်ကြည့်ရှုလေ့လာနိုင်မယ့် ပွဲတစ်ပွဲပဲဖြစ်ပါတော့တယ်။

Huawei Nova Esports ချန်ပီယံအသင်းကို ချီးမြင့်မယ့် အသစ်ထွက် HUAWEI nova 5T ကိုတော့ Kirin 980 7nm AI Chipset ရဲ့ မောင်းနှင်မှု၊ 8GB RAM နဲ့ 128GB ROM တို့နဲ့အတူ သေသပ်လှပတဲ့ ပုံရိပ်တွေရရှိစေဖို့ စုံလင်တဲ့ Features တွေနဲ့ AI ကင်မရာငါးခု (48MP Wide + 16MP Ultra Wide + 2MP Macro + 2MP Bokeh + 32MP Selfie) လည်းပါဝင်ပါဝင်ပါတယ်။ 6.26 လက်မအရွယ် Punch FullView မျက်နှာပြင်ကလည်း အမိုက်စား Resoulution တွေပေးစွမ်းဦးမယ့်အပြင် GPU Tubro 3.0, ဘက်ထရီပမာဏ 3750mAh နဲ့ SuperCharge စနစ်လည်းပါဝင်ဦးမှာပါ။
ဒီ HUAWEI nova 5T ကတော့ Crush Blue, Black နဲ့ Midsummer Purple ဆိုပြီး အရောင်သုံးမျိုးရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ (599,000) ကျပ်ဖြစ်ပါတယ်။ Pre-Order ကာလကတော့ စက်တင်ဘာလ (၉) ရက်နေ့ကနေ (၂၇) ရက်နေ့အထိဖြစ်သလို Pre-Order မှာယူမယ်ဆိုရင် အရမ်းမိုက်တဲ့ Huawei Mini Speaker လက်ဆောင်ရရှိနိုင်မှာပါ။

Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။