[Unicode]

The International 11 ကို ၂၀၂၂ မှာမှ ကျင်းပဖို့ စီစဉ်ထားကြောင်း သတင်းထွက်ပေါ်လာ

 

ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ Valve ဟာ The International 11 (TI11) ကို လက်ခံကျင်းပနိုင်ဖို့အတွက် ကမ္ဘာ့မြို့ကြီးများမှာရှိတဲ့ အဖွဲ့အစည်းများအနေနဲ့ လာရောက်လျှောက်ထားမှုများ​ပြုလုပ်ကြဖို့ ခေါ်ယူခဲ့ပါတယ်။ ယင်းခေါ်ယူမှုအတွင်းမှာ Valve ဟာ TI11 ကို ၂၀၂၁ နွေရာသီမှာ ကျင်းပဖို့စီစဉ်ထားကြောင်းကိုလည်း ကြေညာထားခဲ့ပါတယ်။

ဒါပေမယ့် မကြာသေးမီကမှ ထွက်ပေါ်လာတဲ့ သတင်းတစ်ခုအရတော့ Valve ဟာ TI11 ကျင်းပမယ့်အချိန်ကို ထပ်မံရွှေ့ဆိုင်းလိုက်ပြီလို့ ဆိုပါတယ်။ ဒီအကြောင်းကို ဘီလာရုဇ်နိုင်ငံရဲ့ အီလက်ထရောနစ် အားကစား ဖက်ဒရေးရှင်းက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ယင်းတို့ဟာ TI11 ကို ဘီလာရုဇ်နိုင်ငံ မင့်စ်ခ်မြို့မှာ လက်ခံကျင်းပလိုကြောင်း လျှောက်ထားခဲ့တဲ့အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

Belarusian Esports Federation

ဘီလာရုဇ် အီလက်ထရောနစ်အားကစားဖက်ဒရေးရှင်းရဲ့ အဆိုအရ ယင်းတို့အနေနဲ့ TI11 ကို လက်ခံကျင်းပလိုကြောင်း လျှောက်ထားခဲ့စဉ်က Valve က အီးမေးလ်တစ်စောင် ပြန်လည်ပေးပို့ခဲ့ပါတယ်။ ယင်း အီးမေးလ်ထဲမှာတော့ Valve ဟာ TI11 ကို ၂၀၂၂ မှာ ကျင်းပဖို့ ရည်ရွယ်​လျက်ရှိကြောင်း ရေးသားထားခဲ့ပါတယ်။
အီးမေးလ်အတွင်း Valve ရဲ့ ရေးသားချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

“The International 2021 ကို လက်ခံကျင်းပလိုကြောင်း လျှောက်ထားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ Covid-19 Pandemic ကြောင့် ကမ္ဘာတစ်လွှားက ပွဲများဟာ ရွှေ့ဆိုင်းမှုပေါင်းစုံကို ​ ကြုံတွေ့ခဲ့ရကြောင်း ကျွန်ုပ်တို့ကောင်းစွာ သတိထားမိပြီး TI ကိုလည်း ရွှေ့ဆိုင်းမှုများပြုလုပ်ခဲ့ပါတယ်။ Valve ဟာ The International 2020 ကို စတော့ဟုမ်းမြို့မှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် အချိန်နောက်ဆုတ်ရွှေ့ဆိုင်းခဲ့ပါတယ်။ ပြိုင်ပွဲပြန်လည်ကျင်းပဖို့ ရည်ရွယ်ထားတဲ့ရက်များကတော့ ၂၀၂၂ အတွင်းမှာဖြစ်ပြီး ကျွန်ုပ်တို့အနေနဲ့ လာမယ့်လများအတွင်းမှာ သင်တို့အဖွဲ့အစည်းကို ဆက်သွယ်မှုများ ထပ်မံပြုလုပ်သွားဦးမှာပါ။”

Valve ရဲ့ အီးမေးလ်အရတော့ Dota 2 ပရိသတ်များဟာ TI11 ကို လာမယ့် ၂၀၂၁ မှာ မြင်တွေ့ရဦးမှာ မဟုတ်သေးပဲ ၂၀၂၂ မှာမှ စောင့်မျှော်ကြည့်ရှုနိုင်ကြမှာပါ။ TI11 နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကိုတော့ Valve က တရားဝင်ကြေညာချိန်မှာသာ သိရှိနိုင်ကြမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: vpesports


[ZawGyi]

The International 11 ကို ၂၀၂၂ မွာမွ က်င္းပဖို႔ စီစဥ္ထားေၾကာင္း သတင္းထြက္ေပၚလာ

 

ယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းမွာ Valve ဟာ The International 11 (TI11) ကို လက္ခံက်င္းပႏိုင္ဖို႔အတြက္ ကမာၻ႔ၿမိဳ႕ႀကီးမ်ားမွာရွိတဲ့ အဖြဲ႕အစည္းမ်ားအေနနဲ႔ လာေရာက္ေလွ်ာက္ထားမႈမ်ား​ျပဳလုပ္ၾကဖို႔ ေခၚယူခဲ့ပါတယ္။ ယင္းေခၚယူမႈအတြင္းမွာ Valve ဟာ TI11 ကို ၂၀၂၁ ေႏြရာသီမွာ က်င္းပဖို႔စီစဥ္ထားေၾကာင္းကိုလည္း ေၾကညာထားခဲ့ပါတယ္။

ဒါေပမယ့္ မၾကာေသးမီကမွ ထြက္ေပၚလာတဲ့ သတင္းတစ္ခုအရေတာ့ Valve ဟာ TI11 က်င္းပမယ့္အခ်ိန္ကို ထပ္မံေ႐ႊ႕ဆိုင္းလိုက္ၿပီလို႔ ဆိုပါတယ္။ ဒီအေၾကာင္းကို ဘီလာ႐ုဇ္ႏိုင္ငံရဲ႕ အီလက္ထေရာနစ္ အားကစား ဖက္ဒေရးရွင္းက ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ၿပီး ယင္းတို႔ဟာ TI11 ကို ဘီလာ႐ုဇ္ႏိုင္ငံ မင့္စ္ခ္ၿမိဳ႕မွာ လက္ခံက်င္းပလိုေၾကာင္း ေလွ်ာက္ထားခဲ့တဲ့အဖြဲ႕အစည္းလည္း ျဖစ္ပါတယ္။

Belarusian Esports Federation

ဘီလာ႐ုဇ္ အီလက္ထေရာနစ္အားကစားဖက္ဒေရးရွင္းရဲ႕ အဆိုအရ ယင္းတို႔အေနနဲ႔ TI11 ကို လက္ခံက်င္းပလိုေၾကာင္း ေလွ်ာက္ထားခဲ့စဥ္က Valve က အီးေမးလ္တစ္ေစာင္ ျပန္လည္ေပးပို႔ခဲ့ပါတယ္။ ယင္း အီးေမးလ္ထဲမွာေတာ့ Valve ဟာ TI11 ကို ၂၀၂၂ မွာ က်င္းပဖို႔ ရည္႐ြယ္​လ်က္ရွိေၾကာင္း ေရးသားထားခဲ့ပါတယ္။

အီးေမးလ္အတြင္း Valve ရဲ႕ ေရးသားခ်က္မ်ားကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

“The International 2021 ကို လက္ခံက်င္းပလိုေၾကာင္း ေလွ်ာက္ထားခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္။ Covid-19 Pandemic ေၾကာင့္ ကမာၻတစ္လႊားက ပြဲမ်ားဟာ ေ႐ႊ႕ဆိုင္းမႈေပါင္းစုံကို ​ ႀကဳံေတြ႕ခဲ့ရေၾကာင္း ကြၽႏ္ုပ္တို႔ေကာင္းစြာ သတိထားမိၿပီး TI ကိုလည္း ေ႐ႊ႕ဆိုင္းမႈမ်ားျပဳလုပ္ခဲ့ပါတယ္။ Valve ဟာ The International 2020 ကို စေတာ့ဟုမ္းၿမိဳ႕မွာ က်င္းပဖို႔ စီစဥ္ထားခဲ့ေပမယ့္ အခ်ိန္ေနာက္ဆုတ္ေ႐ႊ႕ဆိုင္းခဲ့ပါတယ္။ ၿပိဳင္ပြဲျပန္လည္က်င္းပဖို႔ ရည္႐ြယ္ထားတဲ့ရက္မ်ားကေတာ့ ၂၀၂၂ အတြင္းမွာျဖစ္ၿပီး ကြၽႏ္ုပ္တို႔အေနနဲ႔ လာမယ့္လမ်ားအတြင္းမွာ သင္တို႔အဖြဲ႕အစည္းကို ဆက္သြယ္မႈမ်ား ထပ္မံျပဳလုပ္သြားဦးမွာပါ။”

Valve ရဲ႕ အီးေမးလ္အရေတာ့ Dota 2 ပရိသတ္မ်ားဟာ TI11 ကို လာမယ့္ ၂၀၂၁ မွာ ျမင္ေတြ႕ရဦးမွာ မဟုတ္ေသးပဲ ၂၀၂၂ မွာမွ ေစာင့္ေမွ်ာ္ၾကည့္ရႈႏိုင္ၾကမွာပါ။ TI11 နဲ႔ ပတ္သက္တဲ့ အေသးစိတ္ အခ်က္အလက္မ်ားကိုေတာ့ Valve က တရားဝင္ေၾကညာခ်ိန္မွာသာ သိရွိႏိုင္ၾကမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: vpesports