[Unicode]

လက်တစ်ဖက်နဲ့ ခြေတစ်ဖက်ဆုံးရှုံးခဲ့ရပေမယ့် ကမ္ဘာ့အကောင်းဆုံး Teamfight Tactics ကစားသမားတစ်ဦးဖြစ်လာခဲ့သူ

 

ဗီယက်နမ်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Trần “1tay thách đấu” Văn Hoàng ဟာ ဂိမ်း streamer တစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံး Teamfight Tactics (TFT) ကစားသမားများထဲက တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ TFT ရဲ့ အမြင့်ဆုံး rank ဖြစ်တဲ့ Challenger rank ကို season ၃ ခုဆက်တိုက် ရောက်ရှိနိုင်ခဲ့သလို NimoTV ပလက်ဖောင်းပေါ်မှာလည်း သူ့ရဲ့ဂိမ်းပွဲများကို stream လွှင့်လျက်ရှိပါတယ်။

Văn Hoàng ရဲ့ ဂိမ်းဆော့ရာမှာ အသုံးပြုတဲ့ နာမည်ပြောင် 1tay thách đấu (1taythachdau) ကို ဘာသာပြန်လိုက်ရင် 1 hand to Challenger (လက်တစ်ဖက်တည်းနဲ့ Challenger) ရောက်ရှိသူလို့ အဓိပ္ပာယ်ရပါတယ်။ Văn Hoàng ဟာ မူလက ဆံသဆရာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့သူပါ။ ပြီးခဲ့တဲ့နှစ် ဇွန်လ ၃၀ ရက်နေ့မှာတော့ ကြီးမားတဲ့ ကံဆိုးမှုများဖြစ်ပေါ်လာခဲ့ပြီး သူ့ရဲ့ဘဝဟာလည်း ပြောင်းလဲသွားခဲ့ရပါတယ်။

အဲဒီနေ့က Văn Hoàng ဟာ ပါတီပွဲတစ်ခုကနေ အိမ်ကိုပြန်လာခဲ့ပြီး လမ်းမှာ မတော်တဆမှုတစ်ခုကို ကြုံတွေ့ ခဲ့ရပါတယ်။ ကုန်တင်ကားတစ်စီးက သူ့ကို ဝင်တိုက်မိခဲ့တာဖြစ်ပြီး ယင်းအဖြစ်အပျက်အတွင်းမှာပဲ လက်တစ်ဖက်နဲ့ ခြေတစ်ဖက်ကို ဆုံးရှုံးခဲ့ရပါတယ်။

“၈ နာရီကြာခွဲစိတ်မှုပြုလုပ်ပြီးချိန်မှာတော့ ကျွန်တော်သတိပြန်ရလာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်အရမ်း စိတ်ဓာတ်ကျသွားပြီး ငိုမိတယ်။ ကျွန်တော့်မှာ အလုပ်ရော အနာဂတ်ရော မရှိတော့ဘူး။ ကျွန်တော့်မိဘတွေက အသက်ကြီးပါပြီ။ ပြီးတော့ မွေးချင်းအစ်မတွေကလည်း အိမ်ထောင်ပြုသွားကြပြီ။

“ကျွန်တော့်မိသားစုက ကျွန်တော့်ဝင်ငွေအပေါ်မှာ မီခိုနေရတာပါ။ အရမ်းစိတ်ဓာတ်ကျသွားလို့ ကျွန်တော့်ဘဝကို ကျွန်တော် အဆုံးသတ်လိုက်တော့မယ် လို့တောင် စဉ်းစားမိခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ ကျွန်တော့်မိဘတွေ ဆွေမျိုးတွေနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေအကြောင်း တွေးပြီး ဘဝကို အရှုံးမပေးပဲရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ Văn Hoàng က ပြောပါတယ်။

“ကျွန်တော်အရင်ထဲက စိတ်ညစ်ရင် စိတ်ဓာတ်ကျရင် ဂိမ်းဆော့လေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့လက်ရှိအနေအထားနဲ့ အရင်ကဆော့နေကျဂိမ်းတွေကိုဆော့ဖို့ အဆင်မပြေတော့ပါဘူး။ အဲဒါကြောင့် ကျွန်တော် TFT ကို စ ဆော့ကြည့်ခဲ့တယ်။ ဘယ်ဘက်လက်နဲ့ မောက်စ်ကိုင်နေကျ မဟုတ်လို့ အစပိုင်းတော့ အတော်လေးကို ခက်ခဲခဲ့ပါတယ်။

“နောက်ပိုင်းမှာတော့ တဖြည်းဖြည်းကျင့်သားရလာပါတယ်။ TFT နဲ့ ကျွန်တော်နဲ့ ကိုက်ညီမှုရှိတာကိုလည်း သိလိုက်ရတယ်။ ဒါကြောင့် နောက်ပိုင်း ဂိမ်းပိုကစားဖြစ်တယ်။ ကျွန်တော့်ဂိမ်းကစားရာမှာ အသုံးပြုတဲ့နာမည်ကိုလည်း 1taythachdau လို့ ပြောင်းပြီး rank ပွဲတွေကစားဖြစ်ခဲ့ပါတယ်” အစရှိသဖြင့်လည်း Văn Hoàng က ပြောခဲ့ပါတယ်။

Văn Hoàng ဟာ သူပြောခဲ့တဲ့အတိုင်း TFT နဲ့ အလွန်ကိုက်ညီမှုရှိသူတစ်ဦးပါ။ TFT ဟာ အမြင့်ဆုံး rank ဖြစ်တဲ့ Challenger rank ကို season တိုင်းရောက်ရှိနေရုံသာမက ဗီယက်နမ် ranked ladder မှာလည်း ဒုတိယမြောက်အမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိပါတယ်။

ဂိမ်းကစားခြင်းအကြောင်းနဲ့ ပတ်သက်လို့ Văn Hoàng က “ကျွန်တော်က လက်တစ်ဖက်တည်းနဲ့ ကစားရတာ ဆိုတော့ တခြားကစားသမားတွေထက် နှေးပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဂိမ်းအပေါ်ကျွမ်းကျင်မှုနဲ့ လော့ဂျစ်ကျကျတွေးခေါ်နိုင်မှုတို့အပေါ်မှာတော့ ယုံကြည်မှုရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

သူဟာ TFT ဂိမ်းကို ကစားနေရင်း ဘဝမှာ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုတို့ကိုလည်း ပြန်လည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ “အခုအချိန်မှာ ကျွန်တော်စိတ်ဓာတ်ကျမနေတော့ပါဘူး။ ကျွန်တော့်မှာ ပျော်ရွှင်မှုတွေရော အကောင်းမြင်စိတ်တွေပါ အခိုင်အမာရှိနေပါပြီ။ အခုအချိန်ထိ ကြုံနေရတဲ့ နေ့စဉ်ဘဝအခက်အခဲလေးတွေတော့ ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့မိဘတွေ စိတ်ချမ်းသာလာစေဖို့အတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး နေထိုင်နေပါတယ်” လို့ Văn Hoàng က ပြောခဲ့ပါတယ်။

TFT ဂိမ်းထဲမှာ အောင်မြင်မှုရရှိပြီးနောက်ပိုင်းမှာတော့ Văn Hoàng ဟာ သူ့ရဲ့ဝါသနာကို အလုပ်အဖြစ်ပြောင်းလဲဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒါကြောင့် သူဟာ streamer တစ်ဦးအဖြစ် စတင်ရပ်တည်လာခဲ့တာပါ။ အခုအချိန်မှာတော့ သူ့ကို အားပေးနေတဲ့ ပရိသတ်များလည်း ပေါ်ပေါက်လာနေပါပြီ။

Văn Hoàng ရဲ့ ဂိမ်း stream များကိုတော့ www.nimo.tv/1taythachdau ပေါ်မှာ ကြည့်ရှုနိုင်ပါတယ်။ ဗီဒီယိုဂိမ်းကစားခြင်းဟာ စိတ်ဓာတ်ကျခြင်းများကို ပြေပျောက်စေနိုင်ပြီး စိတ်ခွန်အားသစ်များ မွေးဖွားလာဖို့ အတွက်လည်း အထောက်အကူဖြစ်ကြောင်း ဘဝကို အရှုံးမပေးပဲ ကြိုးစားနေတဲ့ Văn Hoàng က သက်သေခံလျက် ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: oneesports.gg


[Zawgyi]

လက္တစ္ဖက္နဲ႔ ေျခတစ္ဖက္ဆုံးရႈံးခဲ့ရေပမယ့္ ကမာၻ႔အေကာင္းဆုံး Teamfight Tactics ကစားသမားတစ္ဦးျဖစ္လာခဲ့သူ

 

ဗီယက္နမ္ႏိုင္ငံသားတစ္ဦးျဖစ္တဲ့ Trần “1tay thách đấu” Văn Hoàng ဟာ ဂိမ္း streamer တစ္ဦးအျဖစ္ ရပ္တည္ေနသူျဖစ္ၿပီး လက္ရွိကမာၻ႔အေကာင္းဆုံး Teamfight Tactics (TFT) ကစားသမားမ်ားထဲက တစ္ဦးလည္းျဖစ္ပါတယ္။ သူဟာ TFT ရဲ႕ အျမင့္ဆုံး rank ျဖစ္တဲ့ Challenger rank ကို season ၃ ခုဆက္တိုက္ ေရာက္ရွိႏိုင္ခဲ့သလို NimoTV ပလက္ေဖာင္းေပၚမွာလည္း သူ႔ရဲ႕ဂိမ္းပြဲမ်ားကို stream လႊင့္လ်က္ရွိပါတယ္။

Văn Hoàng ရဲ႕ ဂိမ္းေဆာ့ရာမွာ အသုံးျပဳတဲ့ နာမည္ေျပာင္ 1tay thách đấu (1taythachdau) ကို ဘာသာျပန္လိုက္ရင္ 1 hand to Challenger (လက္တစ္ဖက္တည္းနဲ႔ Challenger) ေရာက္ရွိသူလို႔ အဓိပၸာယ္ရပါတယ္။ Văn Hoàng ဟာ မူလက ဆံသဆရာတစ္ဦးအျဖစ္ အလုပ္လုပ္ကိုင္ခဲ့သူပါ။ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လ ၃၀ ရက္ေန႔မွာေတာ့ ႀကီးမားတဲ့ ကံဆိုးမႈမ်ားျဖစ္ေပၚလာခဲ့ၿပီး သူ႔ရဲ႕ဘဝဟာလည္း ေျပာင္းလဲသြားခဲ့ရပါတယ္။

အဲဒီေန႔က Văn Hoàng ဟာ ပါတီပြဲတစ္ခုကေန အိမ္ကိုျပန္လာခဲ့ၿပီး လမ္းမွာ မေတာ္တဆမႈတစ္ခုကို ႀကဳံေတြ႕ ခဲ့ရပါတယ္။ ကုန္တင္ကားတစ္စီးက သူ႔ကို ဝင္တိုက္မိခဲ့တာျဖစ္ၿပီး ယင္းအျဖစ္အပ်က္အတြင္းမွာပဲ လက္တစ္ဖက္နဲ႔ ေျခတစ္ဖက္ကို ဆုံးရႈံးခဲ့ရပါတယ္။

“၈ နာရီၾကာခြဲစိတ္မႈျပဳလုပ္ၿပီးခ်ိန္မွာေတာ့ ကြၽန္ေတာ္သတိျပန္ရလာခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ္အရမ္း စိတ္ဓာတ္က်သြားၿပီး ငိုမိတယ္။ ကြၽန္ေတာ့္မွာ အလုပ္ေရာ အနာဂတ္ေရာ မရွိေတာ့ဘူး။ ကြၽန္ေတာ့္မိဘေတြက အသက္ႀကီးပါၿပီ။ ၿပီးေတာ့ ေမြးခ်င္းအစ္မေတြကလည္း အိမ္ေထာင္ျပဳသြားၾကၿပီ။

“ကြၽန္ေတာ့္မိသားစုက ကြၽန္ေတာ့္ဝင္ေငြအေပၚမွာ မီခိုေနရတာပါ။ အရမ္းစိတ္ဓာတ္က်သြားလို႔ ကြၽန္ေတာ့္ဘဝကို ကြၽန္ေတာ္ အဆုံးသတ္လိုက္ေတာ့မယ္ လို႔ေတာင္ စဥ္းစားမိခဲ့တယ္။ ဒါေပမယ့္ေနာက္ပိုင္းမွာေတာ့ ကြၽန္ေတာ့္မိဘေတြ ေဆြမ်ိဳးေတြနဲ႔ သူငယ္ခ်င္းအေပါင္းအသင္းေတြအေၾကာင္း ေတြးၿပီး ဘဝကို အရႈံးမေပးပဲေရွ႕ဆက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္” လို႔ Văn Hoàng က ေျပာပါတယ္။

“ကြၽန္ေတာ္အရင္ထဲက စိတ္ညစ္ရင္ စိတ္ဓာတ္က်ရင္ ဂိမ္းေဆာ့ေလ့ရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕လက္ရွိအေနအထားနဲ႔ အရင္ကေဆာ့ေနက်ဂိမ္းေတြကိုေဆာ့ဖို႔ အဆင္မေျပေတာ့ပါဘူး။ အဲဒါေၾကာင့္ ကြၽန္ေတာ္ TFT ကို စ ေဆာ့ၾကည့္ခဲ့တယ္။ ဘယ္ဘက္လက္နဲ႔ ေမာက္စ္ကိုင္ေနက် မဟုတ္လို႔ အစပိုင္းေတာ့ အေတာ္ေလးကို ခက္ခဲခဲ့ပါတယ္။

“ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းက်င့္သားရလာပါတယ္။ TFT နဲ႔ ကြၽန္ေတာ္နဲ႔ ကိုက္ညီမႈရွိတာကိုလည္း သိလိုက္ရတယ္။ ဒါေၾကာင့္ ေနာက္ပိုင္း ဂိမ္းပိုကစားျဖစ္တယ္။ ကြၽန္ေတာ့္ဂိမ္းကစားရာမွာ အသုံးျပဳတဲ့နာမည္ကိုလည္း 1taythachdau လို႔ ေျပာင္းၿပီး rank ပြဲေတြကစားျဖစ္ခဲ့ပါတယ္” အစရွိသျဖင့္လည္း Văn Hoàng က ေျပာခဲ့ပါတယ္။

Văn Hoàng ဟာ သူေျပာခဲ့တဲ့အတိုင္း TFT နဲ႔ အလြန္ကိုက္ညီမႈရွိသူတစ္ဦးပါ။ TFT ဟာ အျမင့္ဆုံး rank ျဖစ္တဲ့ Challenger rank ကို season တိုင္းေရာက္ရွိေန႐ုံသာမက ဗီယက္နမ္ ranked ladder မွာလည္း ဒုတိယေျမာက္အျမင့္ဆုံးကစားသမားအျဖစ္ ရပ္တည္လ်က္ရွိပါတယ္။

ဂိမ္းကစားျခင္းအေၾကာင္းနဲ႔ ပတ္သက္လို႔ Văn Hoàng က “ကြၽန္ေတာ္က လက္တစ္ဖက္တည္းနဲ႔ ကစားရတာ ဆိုေတာ့ တျခားကစားသမားေတြထက္ ေႏွးပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ ဂိမ္းအေပၚကြၽမ္းက်င္မႈနဲ႔ ေလာ့ဂ်စ္က်က်ေတြးေခၚႏိုင္မႈတို႔အေပၚမွာေတာ့ ယုံၾကည္မႈရွိပါတယ္” လို႔ ေျပာခဲ့ပါတယ္။

သူဟာ TFT ဂိမ္းကို ကစားေနရင္း ဘဝမွာ ၿငိမ္းခ်မ္းမႈနဲ႔ ေပ်ာ္႐ႊင္မႈတို႔ကိုလည္း ျပန္လည္ရရွိခဲ့တယ္လို႔ ဆိုပါတယ္။ “အခုအခ်ိန္မွာ ကြၽန္ေတာ္စိတ္ဓာတ္က်မေနေတာ့ပါဘူး။ ကြၽန္ေတာ့္မွာ ေပ်ာ္႐ႊင္မႈေတြေရာ အေကာင္းျမင္စိတ္ေတြပါ အခိုင္အမာရွိေနပါၿပီ။ အခုအခ်ိန္ထိ ႀကဳံေနရတဲ့ ေန႔စဥ္ဘဝအခက္အခဲေလးေတြေတာ့ ရွိေနပါေသးတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕မိဘေတြ စိတ္ခ်မ္းသာလာေစဖို႔အတြက္ ကြၽန္ေတာ္ အေကာင္းဆုံး ႀကိဳးစားၿပီး ေနထိုင္ေနပါတယ္” လို႔ Văn Hoàng က ေျပာခဲ့ပါတယ္။

TFT ဂိမ္းထဲမွာ ေအာင္ျမင္မႈရရွိၿပီးေနာက္ပိုင္းမွာေတာ့ Văn Hoàng ဟာ သူ႔ရဲ႕ဝါသနာကို အလုပ္အျဖစ္ေျပာင္းလဲဖို႔ စိတ္ကူးရခဲ့ပါတယ္။ ဒါေၾကာင့္ သူဟာ streamer တစ္ဦးအျဖစ္ စတင္ရပ္တည္လာခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ သူ႔ကို အားေပးေနတဲ့ ပရိသတ္မ်ားလည္း ေပၚေပါက္လာေနပါၿပီ။

Văn Hoàng ရဲ႕ ဂိမ္း stream မ်ားကိုေတာ့ www.nimo.tv/1taythachdau ေပၚမွာ ၾကည့္ရႈႏိုင္ပါတယ္။ ဗီဒီယိုဂိမ္းကစားျခင္းဟာ စိတ္ဓာတ္က်ျခင္းမ်ားကို ေျပေပ်ာက္ေစႏိုင္ၿပီး စိတ္ခြန္အားသစ္မ်ား ေမြးဖြားလာဖို႔ အတြက္လည္း အေထာက္အကူျဖစ္ေၾကာင္း ဘဝကို အရႈံးမေပးပဲ ႀကိဳးစားေနတဲ့ Văn Hoàng က သက္ေသခံလ်က္ ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: oneesports.gg