Battle Royale ေလာကထဲကို ဝင္ေရာက္လာေတာ့မယ့္ Tetris (တက္ထရစ္)


Tetris ဆိုတာ ဂိမ္မာေတြအတြက္ေရာ သာမန္လူေတြအတြက္ပါ မစိမ္းတဲ့ ဂိမ္းတစ္ခုပါ။ ငယ္ငယ္က Family ဂိမ္းစက္ လက္ကိုင္ဂိမ္းစက္ေတြကေန ယခု မိုဘိုင္းဖုန္းဂိမ္းေတြအထိ လူေတြ ႀကိဳက္ႏွစ္သက္စြာ ကစားေနၾကတဲ့ ဘေလာက္တံုးေလးေတြစီရတဲ့ ဉာဏ္စမ္း ဂိမ္းအမ်ိဳးအစားပဲ ျဖစ္ပါတယ္။

ယခုအခါ ကမာၻေပၚမွာ အေအာင္ျမင္ဆံုး Esports ဂိမ္းအမ်ိဳးအစားတစ္ခုျဖစ္တဲ့ Battle Royale Game Mode (လူအမ်ားအျပားနဲ႔ တၿပိဳင္နက္ ႐ုန္းကန္ယွဥ္ၿပိဳင္ရၿပီး ေနာက္ဆံုးက်န္ခဲ့သူတစ္ေယာက္သာ အႏိုင္ရရွိေသာ ဂိမ္းအမ်ိဳးအစား) နဲ႔ Tetris ကိုေပါင္းစည္းဖို႔ စတင္ႀကိဳးပမ္းေနပါၿပီ။

ဂ်ပန္ဂိမ္း ထုတ္လုပ္သူကုမၸဏီျဖစ္တဲ့ “Arika” ဟာ ေဖေဖာ္ဝါရီ ၂၀၁၉ က Tetris 99 ဆိုတဲ့ ဂိမ္းကို Nintendo Switch Platform အတြက္ Free အေနနဲ႔ ထုတ္လုပ္ခဲ့ပါတယ္။ Tetris 99 ဆိုတာ လူေပါင္း ၉၉ ေယာက္က တစ္ၿပိဳင္နက္ ပါဝင္ယွဥ္ၿပိဳင္ရတဲ့ Online multiplayer အမ်ိဳးအစားပါ။

ပံုမွန္ Tetris Gameplay ကို အခ်င္းခ်င္း ပါဝါေတြနဲ႔ ျပန္လည္ တိုက္ခိုက္ရၿပီး ကိုယ့္ရဲ႕ အဆင့္ကို တက္ေအာင္ ျပဳလုပ္ရတာပဲ ျဖစ္ပါတယ္။ Tetris 99 ဟာ Nintendo Switch မွာ ေအာင္ျမင္ၿပီး လူႀကိဳက္မ်ားလာတဲ့ အခါမွာေတာ့ Tetris ဂိမ္းပိုင္ရွင္ျဖစ္တဲ့ The Tetris Company ဟာ ေနာက္တစ္မ်ိဳး ၾကံစည္လာပါေတာ့တယ္။

Tetris 99 Game Play

ဒါကေတာ့ “Tetris Royale” ဆိုၿပီး လူအေယာက္ (၁၀၀) အထိ ၿပိဳင္တူေဆာ့လို႔ရမယ့္ Battle Royale Type Tetris Game ကို မိုဘိုင္းဖုန္းေတြဆီ ယူေဆာင္လာေတာ့ဖို႔ပါပဲ။ The Tetris Company ဟာ Tetris Royale ကို ဖုန္းဂိမ္းအျဖစ္ ကူးေျပာင္းဖို႔အတြက္ “N3TWORK” ဆိုတဲ့ ကုမၸဏီနဲ႔ ပူးေပါင္းထားပါတယ္။

Tetris Royale ဟာလက္ရွိမွာေတာ့ ထုတ္လုပ္ေနဆဲအဆင့္မွာပဲ ရွိေနၿပီး ၂၀၁၉ ခုႏွစ္ထဲမွာေတာ့ Android နဲ႔ iOS ေတြမွာ Beta Version စတင္ေဆာ့ကစားႏိုင္မယ္လို႔ သိရပါတယ္။ ေသခ်ာတာကေတာ့ ကၽြန္ေတာ္တို႔ ငယ္စဥ္ဘဝထဲ 2 Players Mode နဲ႔ ယွဥ္ၿပိဳင္ေဆာ့ကစားလာတဲ့ Tetris ကို Battle Royale Mode နဲ႔ လူ ၁၀၀ နဲ႔ ၿပိဳင္တူေဆာ့ရမွာကို ႀကိဳတင္ရင္ခုန္ေနမိပါၿပီ ခင္ဗ်ာ။


[Unicode]

Battle Royale လောကထဲကို ဝင်ရောက်လာတော့မယ့် Tetris (တက်ထရစ်)

 

Tetris ဆိုတာ ဂိမ်မာတွေအတွက်ရော သာမန်လူတွေအတွက်ပါ မစိမ်းတဲ့ ဂိမ်းတစ်ခုပါ။ ငယ်ငယ်က Family ဂိမ်းစက် လက်ကိုင်ဂိမ်းစက်တွေကနေ ယခု မိုဘိုင်းဖုန်းဂိမ်းတွေအထိ လူတွေ ကြိုက်နှစ်သက်စွာ ကစားနေကြတဲ့ ဘလောက်တုံးလေးတွေစီရတဲ့ ဉာဏ်စမ်း ဂိမ်းအမျိုးအစားပဲ ဖြစ်ပါတယ်။

ယခုအခါ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး Esports ဂိမ်းအမျိုးအစားတစ်ခုဖြစ်တဲ့ Battle Royale Game Mode (လူအများအပြားနဲ့ တပြိုင်နက် ရုန်းကန်ယှဉ်ပြိုင်ရပြီး နောက်ဆုံးကျန်ခဲ့သူတစ်ယောက်သာ အနိုင်ရရှိသော ဂိမ်းအမျိုးအစား) နဲ့ Tetris ကိုပေါင်းစည်းဖို့ စတင်ကြိုးပမ်းနေပါပြီ။

ဂျပန်ဂိမ်း ထုတ်လုပ်သူကုမ္ပဏီဖြစ်တဲ့ “Arika” ဟာ ဖေဖော်ဝါရီ ၂၀၁၉ က Tetris 99 ဆိုတဲ့ ဂိမ်းကို Nintendo Switch Platform အတွက် Free အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ Tetris 99 ဆိုတာ လူပေါင်း ၉၉ ယောက်က တစ်ပြိုင်နက် ပါဝင်ယှဉ်ပြိုင်ရတဲ့ Online multiplayer အမျိုးအစားပါ။

ပုံမှန် Tetris Gameplay ကို အချင်းချင်း ပါဝါတွေနဲ့ ပြန်လည် တိုက်ခိုက်ရပြီး ကိုယ့်ရဲ့ အဆင့်ကို တက်အောင် ပြုလုပ်ရတာပဲ ဖြစ်ပါတယ်။ Tetris 99 ဟာ Nintendo Switch မှာ အောင်မြင်ပြီး လူကြိုက်များလာတဲ့ အခါမှာတော့ Tetris ဂိမ်းပိုင်ရှင်ဖြစ်တဲ့ The Tetris Companyဟာနောက်တစ်မျိုး ကြံစည်လာပါတော့တယ်။

Tetris 99 Game Play

ဒါကတော့ “Tetris Royale” ဆိုပြီး လူအယောက် (၁၀၀) အထိ ပြိုင်တူဆော့လို့ရမယ့် Battle Royale Type Tetris Game ကို မိုဘိုင်းဖုန်းတွေဆီ ယူဆောင်လာတော့ဖို့ပါပဲ။ The Tetris Company ဟာ Tetris Royale ကို ဖုန်းဂိမ်းအဖြစ် ကူးပြောင်းဖို့အတွက် “N3TWORK” ဆိုတဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းထားပါတယ်။

Tetris Royale ဟာလက်ရှိမှာတော့ ထုတ်လုပ်နေဆဲအဆင့်မှာပဲ ရှိနေပြီး ၂၀၁၉ ခုနှစ်ထဲမှာတော့ Android နဲ့ iOS တွေမှာ Beta Version စတင်ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။ သေချာတာကတော့ ကျွန်တော်တို့ ငယ်စဉ်ဘဝထဲ 2 Players Mode နဲ့ ယှဉ်ပြိုင်ဆော့ကစားလာတဲ့ Tetris ကို Battle Royale Mode နဲ့ လူ ၁၀၀ နဲ့ ပြိုင်တူဆော့ရမှာကို ကြိုတင်ရင်ခုန်နေမိပါပြီ ခင်ဗျာ။