Red: Ryu, Rathalos
Green: Megaman X, Chun Li
Purple: Morrigan, Dante
~Lan~
Capcom ရဲ့မိုဘိုင်းပရောဂျက်အကြီးစား Teppen CCG – Mobile Game Review
ရုတ်တရက်ဘာကြီးမှန်းမသိပါဘူး ဒါပေမယ့် ဟုတ်ပါတယ် game company ကြီးတစ်ခုဖြစ်တဲ့ Capcom ကနေ မိုဘိုင်းပလက်ဖောင်းအတွက် ထွက်လာတဲ့ဂိမ်းအသစ်ပါ။
စိတ်ဝင်စားလို့ ဘာဆိုလိုလဲ ရှာကြည့်တော့ ဂျပန်လို ထိပ်ဆုံး apex, summit ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။
ဂိမ်းအမျိုးအစားကတော့ရှိသမျှ ကတ်ဂိမ်းတွေအကုန်ရောသမမွှေထားတဲ့ card game ပါ။ အခြေခံအနေနဲ့ Hearthstone ကိုဘုံထားပြီးပြောရမယ်ဆိုရင် ရန်သူ့အလှည့်ကိုယ့်အလှည့်ဆိုတာမရှိတော့ပါဘူး။
Mana အစား Clash Royale လိုမျိုး တဖြည်းဖြည်းတက်လာတဲ့ Energy bar ကိုသုံးပါတယ်။ Unit ကတ်ကိုချလိုက်ပြီဆိုရင် ကတ်ကနေ မြားတစ်ချောင်းတဖြည်းဖြည်းချင်းထွက်လာပါတယ်။ ဟိုဘက်ခြမ်းကိုသွားထိရင် ပုံမှန် rule တွေအတိုင်း atk hp တွေကိုတွက်ချက်ပါတယ်။
ဘာမှမရှိရင် ရန်သူ hero ကိုတန်းထိပါတယ်။ အဲဒီ မြားတွေ bar speed တွေအကုန်ကို ကတ်effect တွေကနေတိုက်ရိုက် ထိန်းချုပ်နိုင်ပါတယ်။
ပြီးရင် Magic the gathering card game ရဲ့ spell resolve လုပ်တဲ့နည်းစနစ်ကိုသုံးထားပါသေးတယ်။ ဂိမ်းက fast pace ဖြစ်နေတယ်ဆိုပေမယ့် တစ်ဖက်ဖက်က spell/action card တစ်ခုခုစသုံးပြီဆိုရင်အချိန်ရပ်သွားပါတယ်။
အဲအချိန်မှာ အပြန်အလှန် spell card တွေ mana ရှိသလောက်အပြန်အလှန်အသုံးပြုနိုင်ပါတယ်။ (ဥပမာ ကိုယ့် character ကို damage card တစ်ခုခုနဲ့ချပြီဆို shield လှမ်းပေးတာမျိူး) သိထားရမှာက action phase မှာ နောက်ဆုံးသုံးတဲ့ကတ်ကနေအစဉ်လိုက်ရှေ့ဆုံးကိုတစ်ခုချင်း effect တွေဝင်သွားတာကိုပါ။
ဒါကြောင့်ရှေ့ဆုံးမှာ destroy a card ဆိုတာမျိုးလာရင် သူ ပစ်မှတ်ထားတဲ့ ကတ်ကို ကယ်နေတာထက် လွှတ်လိုက်တာပိုကောင်းပါတယ်။
Character တွေအနေနဲ့ကတော့ Capcom game fan ဆိုရင်လုံးဝကြိုက်မှာသေချာပါတယ်။ Resident Evil ထဲက Chris တို့ Leon တို့ပါသလို Megaman X, Devil May Cry, Street Fighters, Darkstalkers တို့ကအစ Monster Hunter အဆုံးအကုန်ပါပါတယ်။ Artwork တွေကလဲ budget ကြီးကြီးသုံးထားမှန်းသိသာပါတယ် illustration တွေအကုန် အလန်းစားတွေချည့်ပါပဲ။
In game currency အနေနဲ့ Hearthstone လိုမျိုး gold နဲ့ pack ဝယ်လို့ရသလို အပိုတွေကို dust ပြီးလိုတဲ့ကတ် craft လို့ရပါတယ်။ အဲဒါမှမကျေနပ်ရင်ထုံးစံအတိုင်း real money နဲ့တန်းဝယ်လို့လဲရပါတယ်။
Hero class အနေနဲ့ကတော့ လက်ရှိ ၄ခုရှိပါတယ်။ Hero တစ်ကောင်မှာ သက်သက် card cost နဲ့ဖြည့်ပြီးသုံးရတဲ့ skill 3 ခုစီပါပါသေးတယ်။ လက်ရှိ story mode ပြီးရင်တန်းရတဲ့ hero တွေကတော့
Red: Ryu, Rathalos
Green: Megaman X, Chun Li
Purple: Morrigan, Dante
Black: Wesker, Nergigante တို့ဖြစ်ပါတယ်။
စာရေးသူအမြင်အနေနဲ့ကတော့ ဒီ gameplay ကိုသဘောကျပါတယ်။ အကုန် real time ဖြစ်နေတာမို့အကြာကြီးစဉ်းစားလို့မရသလို အလှည့်နဲ့မဟုတ်တော့ တစ်လှည့်တည်းနဲ့ ဝုန်းဒိုင်းဆိုတန်းသေတဲ့ one hit kill combo တွေမလာနိုင်တော့သလောက်ဖြစ်သွားပါတယ်။ ပြီးရင်ပွဲချိန်ကလဲတစ်ပွဲကိုအလွန်ဆုံး ၅မိနစ်လောက်ပဲကြာတဲ့အတွက်စိတ်ချမ်းသာပါတယ်။ Hearthstone မှာလိုရှုံးလို့စိတ်ကောက်ပြီး အချိန်ဆွဲ roping လုပ်တဲ့လူတွေမရှိတော့ပါဘူး lol
လက်ရှိ Android အတွက် playstore နဲ့ apkpure မှာသွားရောက် download လုပ်နိုင်ပါတယ်။ ios အတွက်လဲရပါပြီ။ Capcom ပရိသတ်လဲဖြစ် Digital CCG လဲကြိုက်တဲ့လူမျိုးဆိုဆော့သင့်တယ်လို့တိုက်တွန်းပါကြောင်း။
~Lan~