
 

 


 


 


Tekken 7 ဟာ လက်ရှိ SEA games တွင် ရွေးချယ်ထားသော Esports Title (၅) မျိုးထဲက Console platform, Fighting game category တွင် ပါဝင်သည့် Game အမျိုးအစားဖြစ်ပါတယ်။

 



တိုးတက်ပြောင်းလဲနေတဲ့ ၂၁ ရာစု၊ ကမ္ဘာကြီးကတော့ Esports ကဏ္ဍကို ကျယ်ပြန့်သော ဈေးကွက်တစ်ခုအဖြစ် အလုံးအရင်းဖြင့် နယ်ပယ်ကဏ္ဍအစုံမှ တိုးဝင်လျက်ရှိပါတယ်။



 

========================================================================

[Unicode]

Tekken World Tour 2019 အတွက် $100,000 Sponsor ပေးလိုက်သည့် Astro Gaming

 

 

Console Gaming နယ်ပယ်တွင် လူကြိုက်များတဲ့ Gaming Headsets, accessories နှင့် gear များ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိတဲ့ Astro Gaming ဟာ လာမယ့် Tekken World Tour 2019 အတွက် Audio Sponsor အဖြစ် ပူးပေါင်းလိုက်ပြီဖြစ်ပါတယ်။ ရလာဒ်အဖြစ် ယခုနှစ် Tekken World Tour Season အတွက် စုစုပေါင်း Prize Pool $185,000 မှ $285,000 အထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။

image sources: internet.

Tekken World Tour 2019 ကို ဇွန်လ (၁) ရက်နေ့မှ စတင်၍ ကမ္ဘာအဝှမ်း အနည်းဆုံး Event (၂၅) ခု ပြုလုပ်သွားမှာဖြစ်ပြီး Tekken World Tour 2019 Final ကိုတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နယ်သာလန်နိုင်ငံ၊ အမ်စတာဒန်မြို့မှာ ကျင်းပခဲ့သော Tekken World Tour 2018 ရဲ့ Final Prize Pool ဟာ $25,000 ရှိခဲ့သည့်အတွက် ယခုနှစ်တွင် Astro Gaming ရဲ့ ပူးပေါင်းပါဝင်မှုကြောင့် Tekken World Tour 2019 Final ရဲ့ Prize Pool ဟာ $200,000 အထိ စံချိန်တင် တိုးမြင့်သွားခဲ့ပါတယ်။

Tekken 7 ဟာ လက်ရှိ SEA games တွင် ရွေးချယ်ထားသော Esports Title (၅) မျိူးထဲက Console platform, Fighting game category တွင် ပါဝင်သည့် Game အမျိူးအစားဖြစ်ပါတယ်။

image sources: internet.

Astro Gaming ဟာ Logitech ၏ Console Gaming Audio Platform အတွက် Brand အခွဲတစ်ခုဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်၊ ဂျူလိုင်လတွင် Logitech Company က Astro Gaming ကို $85 million ဖြင့် ဝယ်ယူခဲ့ပြီး Logitech G Division အောက်တွင် Console Focus gear များ ထုတ်လုပ်ပေးလျက်ရှိပါတယ်။

တိုးတက်ပြောင်းလဲနေတဲ့ ၂၁ ရာစု၊ ကမ္ဘာကြီးကတော့ Esports ကဏ္ဍကို ကျယ်ပြန့်သော ဈေးကွက်တစ်ခုအဖြစ် အလုံးအရင်းဖြင့် နယ်ပယ်အစုံမှ တိုးဝင်လျက်ရှိပါတယ်။

#GamingNoodle #Console #KoBoo

image sources: internet.