[Unicode]

မိခင်ရဲ့ ခရက်ဒစ်ကဒ်ကို ခိုးယူပြီး Twitch ပေါ်မှာ ဒေါ်လာ ၂၀,၀၀၀ ခန့် donate လုပ်ခဲ့တဲ့ ဆယ်ကျော်သက်

 

ပြီးခဲ့တဲ့လအတွင်းမှာ အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသမီးတစ်ဦးဟာ Reddit ပေါ်မှာ ပို့စ်တစ်ခုကို တင်ထားခဲ့ပါတယ်။ ယင်းပို့စ်အတွင်းမှာတော့ ဆယ်ကျော်သက်အရွယ်သားဖြစ်သူဟာ သူမရဲ့ ခရက်ဒစ်ကဒ်ကို ခိုးယူအသုံးပြုပြီး Twitch ပေါ်မှာ donation များပြုလုပ်ခဲ့လို့ ဒေါ်လာ ၂၀,၀၀၀ နီးပါး ဆုံးရှုံးသွားတဲ့အကြောင်းကို ရေးသားထားခဲ့ပါတယ်။

ယင်းငွေပမာဏ ရရှိလာအောင် သူမအနေနဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့ရကြောင်းနဲ့ သားဖြစ်သူဟာ donation များကို ဇွန်လ ၁၄ ရက်နဲ့ ၃၀ ရက်အတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်းတို့ကိုလည်း ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ယင်း donation များဟာ Twitch ပေါ်က နာမည်ကြီး streamer များဖြစ်ကြတဲ့ Tfue, Gorb, Ewokttv စ သူတို့ဆီ ရောက်ရှိသွားတာဖြစ်ကြောင်းကိုလည်း ရေးသားခဲ့ပါ​သေးတယ်။

Tfue, Gorb & EwokTTV

ဒါကြောင့် သူမဟာ ယင်းငွေများ ပြန်လည်ရရှိအောင် Xsolla ကုမ္ပဏီ ကို ဆက်သွယ်ခဲ့ရပါတယ်။ Xsolla ဆိုတာကတော့ Twitch နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ငွေကြေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုပါ။ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပြီးနောက် ယခုအချိန်မှာတော့ သူမရဲ့ ငွေများအားလုံးနီးပါး ပြန်လည်ရရှိခဲ့ပြီလို့ Dot Esports ကို မကြာသေးမီက ပြောသွားခဲ့ပါတယ်။

“ဆုံးရှုံးသွားတဲ့ငွေတွေပြန်ရလို့ တော်တော်စိတ်သက်သာရာရသွားပြီဖြစ်သလို အိပ်မက်ဆိုးကြီးလည်း ပြီးဆုံးသွားပါပြီ။ ဒေါ်လာ ရာဂဏန်းအနည်းငယ်လောက် ပြန်မရတော့ပဲ ကျန်ခဲ့ပေမယ့် အခုလိုလုပ်နိုင်ခဲ့တာကိုပဲ ဝမ်းသာလှပါပြီ” လို့ သူမက ပြောသွားခဲ့ပါတယ်။
Xsolla ကုမ္ပဏီကို ဆက်သွယ်ဖို့အတွက် သူမရဲ့ Reddit ပို့စ်မှာ အခြားသူတစ်ဦးက လာရောက်အကြံပေးခဲ့တာပါ။ ထူးခြားတာကတော့ အကြံပေးခဲ့သူကိုယ်တိုင်ကလည်း မိဘတစ်ဦးဖြစ်​​နေပြီး တူညီတဲ့အခြေအနေတစ်ခုကို တွေ့ကြုံခံစားခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယင်း Reddit ပို့စ်မှာ စုံတွဲတစ်တွဲကလည်း သူမကို အကြံပေးပြောဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။ သူတို့ဟာလည်း ငယ်ရွယ်စဉ်က မိဘများဆီက ပိုက်ဆံခိုးယူမိခဲ့လို့ ယခုအချိန်မှာတော့ မိဘများနဲ့ အဆက်အသွယ်ပြတ်နေပြီဖြစ်ကြောင်း၊ ဒီလိုမဖြစ်ရလေအောင် သားဖြစ်သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားစေလိုကြောင်း ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ မိခင်ဖြစ်သူက “အကြံလာပေးတာကို လက်ခံပါတယ်။ သူတို့ အကြောင်းတွေ ကျွန်မကို ပြောပြသွားခဲ့တယ်။ ဒါကြောင့် ကျွန်မအနေနဲ့ အမှားမလုပ်မိအောင် သင်ခန်းစာယူရမှာပါ။ ကျွန်မရဲ့ သားဖြစ်သူ လုပ်ခဲ့တာ ဆိုးရွားပါတယ်။ ဒါပေမယ့် ပိုက်ဆံဆုံးရှုံးတာထက် သားဖြစ်သူကို ဆုံးရှုံးရမှာကတော့ ပိုဆိုးပါတယ်” လို့ ပြောသွားခဲ့ပါတယ်။ ယခုအချိန်မှာတော့ သူမဟာ ယင်း Reddit ပို့စ်ကို ဖျက်လိုက်ပါပြီ။

ယခုအချိန်မှာ သူမအနေနဲ့ ငွေများပြန်လည်ရရှိခဲ့ပြီဖြစ်ပေမယ့် ဒီကိစ္စဟာ လွန်စွာခက်ခဲပြီး စိတ်ပင်ပန်းစရာကောင်းကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ Twitch ဆီက အကူအညီရအောင် ဖောင်ဖြည့်ပြီး တင်ခဲ့သေးကြောင်း၊ ဒါပေမယ့် ပြန်စာ လုံးဝရောက်ရှိ မလာကြောင်း၊ Twitch CEO နဲ့ Amazon’s legal team တို့ကိုလည်း မေးလ်ပို့ခဲ့သေးပေမယ့် မထူးခြားခဲ့ကြောင်း၊ ခရက်ဒစ်ကဒ်ထုတ်ပေးခဲ့တဲ့ ဘဏ်ကလည်း မကူညီနိုင်ခဲ့ကြောင်း၊ donation များ ပြုလုပ်ခဲ့တဲ့ Twitch အကောင့်ဟာလည်း ပိတ်သိမ်းသွားခဲ့လို့ အချက်အလက်အားလုံးဆုံးရှုံးနေခဲ့ကြောင်း စ တာတွေကိုလည်း ပြောသွားခဲ့ပါတယ်။

သူမရဲ့အဆိုအရတော့ လက်ရှိမှာ သားဖြစ်သူဟာ ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။ ယခုအချိန်မှာ သူမဟာ သားဖြစ်သူကို တစ်နေ့လျှင် တစ်နာရီသာ ဂိမ်းကစားဖို့ ကန့်သတ်လိုက်ကြောင်း၊ ကာယလေ့ကျင့်ခန်းများပြုလုပ်ဖို့နဲ့ မိသားစုနဲ့ ပျော်ရွှင်စွာ ပြောဆိုဆက်ဆံမှုများ ပိုမိုပြုလုပ်ဖို့ကိုလည်း တိုက်တွန်း​နေကြောင်း စ တာတွေကိုလည်း ပြောသွားခဲ့ပါတယ်။

“ကျွန်မတို့ မိသားစုအတွက် ခက်ခဲတဲ့အချိန်အပိုင်းအခြားတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အနာဂတ်မှာတော့ ပိုမိုအားကောင်းတဲ့ မိသားစုဘဝလေးတစ်ခုဖြစ်လာဖို့ မျှော်လင့်နေပါတယ်” လို့ သူမက နိဂုံးချုပ်ပြောသွားခဲ့ပါတယ်။ ဂိမ်း streaming လောကအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စလေးတစ်ခုကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: dotesports


[Zawgyi]

မိခင္ရဲ႕ ခရက္ဒစ္ကဒ္ကို ခိုးယူၿပီး Twitch ေပၚမွာ ေဒၚလာ ၂၀,၀၀၀ ခန႔္ donate လုပ္ခဲ့တဲ့ ဆယ္ေက်ာ္သက္

 

ၿပီးခဲ့တဲ့လအတြင္းမွာ အမည္ေဖာ္ျပထားျခင္းမရွိတဲ့ အမ်ိဳးသမီးတစ္ဦးဟာ Reddit ေပၚမွာ ပို႔စ္တစ္ခုကို တင္ထားခဲ့ပါတယ္။ ယင္းပို႔စ္အတြင္းမွာေတာ့ ဆယ္ေက်ာ္သက္အ႐ြယ္သားျဖစ္သူဟာ သူမရဲ႕ ခရက္ဒစ္ကဒ္ကို ခိုးယူအသုံးျပဳၿပီး Twitch ေပၚမွာ donation မ်ားျပဳလုပ္ခဲ့လို႔ ေဒၚလာ ၂၀,၀၀၀ နီးပါး ဆုံးရႈံးသြားတဲ့အေၾကာင္းကို ေရးသားထားခဲ့ပါတယ္။

ယင္းေငြပမာဏ ရရွိလာေအာင္ သူမအေနနဲ႔ ႏွစ္ေပါင္းမ်ားစြာ စုေဆာင္းထားခဲ့ရေၾကာင္းနဲ႔ သားျဖစ္သူဟာ donation မ်ားကို ဇြန္လ ၁၄ ရက္နဲ႔ ၃၀ ရက္အတြင္းမွာ ျပဳလုပ္ခဲ့တာျဖစ္ေၾကာင္းတို႔ကိုလည္း ေရးသားခဲ့ပါတယ္။ ဒါ့အျပင္ ယင္း donation မ်ားဟာ Twitch ေပၚက နာမည္ႀကီး streamer မ်ားျဖစ္ၾကတဲ့ Tfue, Gorb, Ewokttv စ သူတို႔ဆီ ေရာက္ရွိသြားတာျဖစ္ေၾကာင္းကိုလည္း ေရးသားခဲ့ပါ​ေသးတယ္။

Tfue, Gorb & EwokTTV

ဒါေၾကာင့္ သူမဟာ ယင္းေငြမ်ား ျပန္လည္ရရွိေအာင္ Xsolla ကုမၸဏီ ကို ဆက္သြယ္ခဲ့ရပါတယ္။ Xsolla ဆိုတာကေတာ့ Twitch နဲ႔ ပူးေပါင္းလုပ္ေဆာင္ေနတဲ့ ေငြေၾကးဝန္ေဆာင္မႈကုမၸဏီတစ္ခုပါ။ ခက္ခက္ခဲခဲႀကိဳးပမ္းခဲ့ရၿပီးေနာက္ ယခုအခ်ိန္မွာေတာ့ သူမရဲ႕ ေငြမ်ားအားလုံးနီးပါး ျပန္လည္ရရွိခဲ့ၿပီလို႔ Dot Esports ကို မၾကာေသးမီက ေျပာသြားခဲ့ပါတယ္။

“ဆုံးရႈံးသြားတဲ့ေငြေတြျပန္ရလို႔ ေတာ္ေတာ္စိတ္သက္သာရာရသြားၿပီျဖစ္သလို အိပ္မက္ဆိုးႀကီးလည္း ၿပီးဆုံးသြားပါၿပီ။ ေဒၚလာ ရာဂဏန္းအနည္းငယ္ေလာက္ ျပန္မရေတာ့ပဲ က်န္ခဲ့ေပမယ့္ အခုလိုလုပ္ႏိုင္ခဲ့တာကိုပဲ ဝမ္းသာလွပါၿပီ” လို႔ သူမက ေျပာသြားခဲ့ပါတယ္။
Xsolla ကုမၸဏီကို ဆက္သြယ္ဖို႔အတြက္ သူမရဲ႕ Reddit ပို႔စ္မွာ အျခားသူတစ္ဦးက လာေရာက္အႀကံေပးခဲ့တာပါ။ ထူးျခားတာကေတာ့ အႀကံေပးခဲ့သူကိုယ္တိုင္ကလည္း မိဘတစ္ဦးျဖစ္​​ေနၿပီး တူညီတဲ့အေျခအေနတစ္ခုကို ေတြ႕ႀကဳံခံစားခဲ့ရဖူးတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ယင္း Reddit ပို႔စ္မွာ စုံတြဲတစ္တြဲကလည္း သူမကို အႀကံေပးေျပာဆိုမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ သူတို႔ဟာလည္း ငယ္႐ြယ္စဥ္က မိဘမ်ားဆီက ပိုက္ဆံခိုးယူမိခဲ့လို႔ ယခုအခ်ိန္မွာေတာ့ မိဘမ်ားနဲ႔ အဆက္အသြယ္ျပတ္ေနၿပီျဖစ္ေၾကာင္း၊ ဒီလိုမျဖစ္ရေလေအာင္ သားျဖစ္သူနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးကို ထိန္းသိမ္းထားေစလိုေၾကာင္း ေျပာဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ မိခင္ျဖစ္သူက “အႀကံလာေပးတာကို လက္ခံပါတယ္။ သူတို႔ အေၾကာင္းေတြ ကြၽန္မကို ေျပာျပသြားခဲ့တယ္။ ဒါေၾကာင့္ ကြၽန္မအေနနဲ႔ အမွားမလုပ္မိေအာင္ သင္ခန္းစာယူရမွာပါ။ ကြၽန္မရဲ႕ သားျဖစ္သူ လုပ္ခဲ့တာ ဆိုး႐ြားပါတယ္။ ဒါေပမယ့္ ပိုက္ဆံဆုံးရႈံးတာထက္ သားျဖစ္သူကို ဆုံးရႈံးရမွာကေတာ့ ပိုဆိုးပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ သူမဟာ ယင္း Reddit ပို႔စ္ကို ဖ်က္လိုက္ပါၿပီ။

ယခုအခ်ိန္မွာ သူမအေနနဲ႔ ေငြမ်ားျပန္လည္ရရွိခဲ့ၿပီျဖစ္ေပမယ့္ ဒီကိစၥဟာ လြန္စြာခက္ခဲၿပီး စိတ္ပင္ပန္းစရာေကာင္းေၾကာင္းကိုလည္း ေျပာသြားခဲ့ပါတယ္။ Twitch ဆီက အကူအညီရေအာင္ ေဖာင္ျဖည့္ၿပီး တင္ခဲ့ေသးေၾကာင္း၊ ဒါေပမယ့္ ျပန္စာ လုံးဝေရာက္ရွိ မလာေၾကာင္း၊ Twitch CEO နဲ႔ Amazon’s legal team တို႔ကိုလည္း ေမးလ္ပို႔ခဲ့ေသးေပမယ့္ မထူးျခားခဲ့ေၾကာင္း၊ ခရက္ဒစ္ကဒ္ထုတ္ေပးခဲ့တဲ့ ဘဏ္ကလည္း မကူညီႏိုင္ခဲ့ေၾကာင္း၊ donation မ်ား ျပဳလုပ္ခဲ့တဲ့ Twitch အေကာင့္ဟာလည္း ပိတ္သိမ္းသြားခဲ့လို႔ အခ်က္အလက္အားလုံးဆုံးရႈံးေနခဲ့ေၾကာင္း စ တာေတြကိုလည္း ေျပာသြားခဲ့ပါတယ္။

သူမရဲ႕အဆိုအရေတာ့ လက္ရွိမွာ သားျဖစ္သူဟာ ဝမ္းနည္းၿပီး စိတ္မေကာင္းျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ယခုအခ်ိန္မွာ သူမဟာ သားျဖစ္သူကို တစ္ေန႔လွ်င္ တစ္နာရီသာ ဂိမ္းကစားဖို႔ ကန႔္သတ္လိုက္ေၾကာင္း၊ ကာယေလ့က်င့္ခန္းမ်ားျပဳလုပ္ဖို႔နဲ႔ မိသားစုနဲ႔ ေပ်ာ္႐ႊင္စြာ ေျပာဆိုဆက္ဆံမႈမ်ား ပိုမိုျပဳလုပ္ဖို႔ကိုလည္း တိုက္တြန္း​ေနေၾကာင္း စ တာေတြကိုလည္း ေျပာသြားခဲ့ပါတယ္။

“ကြၽန္မတို႔ မိသားစုအတြက္ ခက္ခဲတဲ့အခ်ိန္အပိုင္းအျခားတစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အနာဂတ္မွာေတာ့ ပိုမိုအားေကာင္းတဲ့ မိသားစုဘဝေလးတစ္ခုျဖစ္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္” လို႔ သူမက နိဂုံးခ်ဳပ္ေျပာသြားခဲ့ပါတယ္။ ဂိမ္း streaming ေလာကအတြင္းမွာ ျဖစ္ပြားခဲ့တဲ့ ကိစၥေလးတစ္ခုကို ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ရပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: dotesports