[Zawgyi]

အသင္းေဖာ္ကစားသမားမ်ား ရွာေဖြႏိုင္မယ့္ Teams.gg

Esports အသင္းတစ္သင္းမွာ အသင္းေဖာ္ကစားသမားအခ်င္းခ်င္း ကိုက္ညီအဆင္ေျပမႈရွိဖုိ႔ အလြန္အေရးၾကီးလွပါတယ္။ ကစားသမားမ်ားရဲ႕ စိတ္အေျခအေနမ်ား၊ skill ပိုင္းဆိုင္ရာ ကြ်မ္းက်င္မႈမ်ား၊ ဘာသာစကားနဲ႔ ေနရပ္ေဒသ စတာေတြ အနီးစပ္ဆုံးတူညီျပီး အဆင္ေျပကိုက္ညီတဲ့ ကစားသမားမ်ားကို ရွာေဖြႏိုင္ေစမယ့္ Teams.gg ကို မၾကာေသးမီက တရားဝင္ ထုတ္လႊင့္လိုက္ပါတယ္။

Teams.gg ဟာ လက္ရွိမွာ Counter Strike: Global Offensive (CS: GO) တစ္မ်ိဳးတည္းအတြက္သာ support လုပ္ထားေပမယ့္ အျခားဂိမ္းမ်ားအတြက္ ထည့္သြင္းဖုိ႔ အစီအစဥ္လည္းရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ထပ္မံထည့္သြင္းမယ့္ဂိမ္းမ်ားကိုေတာ့ ေၾကညာျခင္း မရွိေသးပါဘူး။ တစ္ေယာက္တည္း ဝင္ေရာက္ျပီး အသင္းသစ္မ်ား ရွာေဖြႏိုင္သလို အသင္းရွိျပီးသားသူမ်ားဟာလည္း အသင္းအတြက္ လိုအပ္တဲ့ ကစားသမားသစ္မ်ားကို ရွာေဖြႏိုင္မွာပါ။

Teams.gg ရဲ႕ ပူးတြဲတည္ေထာင္သူ James Duffield က “ကြ်န္ေတာ္တို႔ဟာ Teams.gg ကို အသုံးျပဳျပီး ဖြဲ႕စည္းထားတဲ့အသင္းမ်ား တစ္ကမၻာလုံးကျပိဳင္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ျပိဳင္ေနတာကို ျမင္ေတြ႔ခ်င္လွပါတယ္။ အသင္းမ်ားဟာ ကြ်န္ေတာ္တို႔ ျပဳလုပ္ေပးထားတဲ့ tools မ်ားကို အသုံးျပဳျပီး ကစားဖုိ႔ အခ်ိန္ဇယားေရးဆြဲတာေတြ၊ ေလ့က်င့္တာေတြ ျပဳလုပ္ျပီး ဖြံ႕ျဖိဳးတိုးတက္လာႏိုင္မွာပါ။ ဒီ platform ဟာ ျပိဳင္ပြဲမ်ားကို အသင္းလိုက္ဝင္ေရာက္ယွဥ္ျပိဳင္ခ်င္သူမ်ားအားလုံးအတြက္ အေတြ႔အၾကံဳမ်ားေပးႏိုင္မွာပါ” လုိ႔ ေျပာၾကားခဲ့ပါတယ္။

James Duffield ဟာ မူလက Twich ရဲ႕ Senior Creative Producer တစ္ေယာက္ျဖစ္ျပီး ယခုႏွစ္ၾသဂုတ္လမွာမွ Twitch ကေန ထြက္ခြာလာခဲ့သူပါ။ Twitch မွာ ငါးႏွစ္ခန္႔ရွိေနခဲ့တဲ့ Duffield ဟာ ၂၀၁၄ တည္းက Custom Solutions Manager အေနနဲ႔ အလုပ္စတင္ဝင္ေရာက္ခဲ့တာျဖစ္ျပီး Senior Creative Producer အျဖစ္ရာထူးတိုးခဲ့တဲ့ ၂၀၁၈ ကေန ထြက္ခြာခ်ိန္ထိ လုပ္ကိုင္ခဲ့ပါတယ္။

Teams.gg ဟာ အခုအခ်ိန္မွာေတာ့ CSGO တစ္ခုပဲ ရေသးတဲ့အတြက္ သင္ Sing-up လုပ္ၿပီးခ်ိန္မွာ CSGO နဲ႔ ပါတ္သက္တဲ့ အခ်က္အခက္ေတြ ေတာင္းခံပါလိမ့္မယ္။
ပထမဦးစြာ သင့္ရဲ႕ In-game role ကို ေမးပါလိမ့္မယ္။ ၿပီးရင္ သင့္ရဲ႕ Rank ေတြ Faceit နဲ႔ ESEA Profile နဲ႔ Rank ေတြ ေမးပါတယ္။ ဒါေတြကေတာ့ CSGO သမားေတြရဲ႕ မရွိမျဖစ္ အခ်က္အလက္ေတြပါ။ ၿပီးရင္ေတာ့ သင္အသံုးျပဳတဲ့ ဘာသာစကား၊ တစ္ရက္/တစ္ပါတ္မွာ (Training အတြက္) ေဆာ့ႏိုင္မယ့္ အခ်ိန္ေတြ သင့္ရဲ႕ အားသာခ်က္/ အားနည္းခ်က္ေတြ ၿပိဳင္ပြဲအေတြ႕အၾကံဳေတြ ေမးပါတယ္။
သင္ရွာေဖြခ်င္တဲ့ ကစားေဖာ္ေတြရွိမယိဆိုရင္လည္း ထိုကစားေဖာ္ေတြရဲ႕ အသက္ကန္႔သန္႔ခ်က္ေတြ၊ အေရအတြက္ေတြ၊ ဘာသာစကားေတြ၊ Rank ေတြကို ေမးပါတယ္။
ေနာက္ဆံုး အဆင့္အေနဲ႔ကေတာ့ သင့္ရဲ႕ Steam အေကာင့္နဲ႔ တိုက္႐ိုက္ခ်ိတ္ဆက္ၿပီးေတာ့ ရွာေဖြမႈကို စတင္ႏိုင္ၿပီပဲ ျဖစ္ပါတယ္။

အသင္းမ်ားနဲ႕ ကစားသမားမ်ားကို ရွာေဖြႏိုင္တဲ့ platform မ်ားဟာ ေရွ႕မွာအေျမာက္အမ်ားထြက္ေပၚလာခဲ့ျပီးသားပါ။ ဒါေပမယ့္ ယခုအခ်ိန္ထိေတာ့ ထိေရာက္တဲ့ ဝန္ေဆာင္မႈမ်ားေပးဖုိ႔ အားနည္းေနၾကေသးလို႔ ထို platform ေပၚက အသင္းမ်ားအတြက္ ေအာင္ျမင္မႈရဖုိ့ ခက္ခဲေနၾကဆဲ ျဖစ္ပါတယ္။ Teams.gg ထြက္ေပၚလာမႈနဲ႔အတူ အနာဂတ္မွာ ေကာင္းမြန္တဲ့ ကစားသမားမ်ားနဲ႕ အသင္းမ်ား ရွာေဖြေရး ပိုမိုတိုးတက္လာေစဖုိ့ esports ပရိသတ္မ်ားက ေမွ်ာ္လင့္လ်က္ရွိၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

အသင်းဖော်ကစားသမားများ ရှာဖွေနိုင်မယ့် Teams.gg

Esports အသင်းတစ်သင်းမှာ အသင်းဖော်ကစားသမားအချင်းချင်း ကိုက်ညီအဆင်ပြေမှုရှိဖို့ အလွန်အရေးကြီးလှပါတယ်။ ကစားသမားများရဲ့ စိတ်အခြေအနေများ၊ skill ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ ဘာသာစကားနဲ့ နေရပ်ဒေသ စတာတွေ အနီးစပ်ဆုံးတူညီပြီး အဆင်ပြေကိုက်ညီတဲ့ ကစားသမားများကို ရှာဖွေနိုင်စေမယ့် Teams.gg ကို မကြာသေးမီက တရားဝင် ထုတ်လွှင့်လိုက်ပါတယ်။

Teams.gg ဟာ လက်ရှိမှာ Counter Strike: Global Offensive (CS: GO) တစ်မျိုးတည်းအတွက်သာ support လုပ်ထားပေမယ့် အခြားဂိမ်းများအတွက် ထည့်သွင်းဖို့ အစီအစဉ်လည်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထပ်မံထည့်သွင်းမယ့်ဂိမ်းများကိုတော့ ကြေညာခြင်း မရှိသေးပါဘူး။ တစ်ယောက်တည်း ဝင်ရောက်ပြီး အသင်းသစ်များ ရှာဖွေနိုင်သလို အသင်းရှိပြီးသားသူများဟာလည်း အသင်းအတွက် လိုအပ်တဲ့ ကစားသမားသစ်များကို ရှာဖွေနိုင်မှာပါ။

Teams.gg ရဲ့ ပူးတွဲတည်ထောင်သူ James Duffield က “ကျွန်တော်တို့ဟာ Teams.gg ကို အသုံးပြုပြီး ဖွဲ့စည်းထားတဲ့အသင်းများ တစ်ကမ္ဘာလုံးကပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာကို မြင်တွေ့ချင်လှပါတယ်။ အသင်းများဟာ ကျွန်တော်တို့ ပြုလုပ်ပေးထားတဲ့ tools များကို အသုံးပြုပြီး ကစားဖို့ အချိန်ဇယားရေးဆွဲတာတွေ၊ လေ့ကျင့်တာတွေ ပြုလုပ်ပြီး ဖွံ့ဖြိုးတိုးတက်လာနိုင်မှာပါ။ ဒီ platform ဟာ ပြိုင်ပွဲများကို အသင်းလိုက်ဝင်ရောက်ယှဉ်ပြိုင်ချင်သူများအားလုံးအတွက် အတွေ့အကြုံများပေးနိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

James Duffield ဟာ မူလက Twich ရဲ့ Senior Creative Producer တစ်ယောက်ဖြစ်ပြီး ယခုနှစ်သြဂုတ်လမှာမှ Twitch ကနေ ထွက်ခွာလာခဲ့သူပါ။ Twitch မှာ ငါးနှစ်ခန့်ရှိနေခဲ့တဲ့ Duffield ဟာ ၂၀၁၄ တည်းက Custom Solutions Manager အနေနဲ့ အလုပ်စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး Senior Creative Producer အဖြစ်ရာထူးတိုးခဲ့တဲ့ ၂၀၁၈ ကနေ ထွက်ခွာချိန်ထိ လုပ်ကိုင်ခဲ့ပါတယ်။

Teams.gg ဟာ အခုအချိန်မှာတော့ CSGO တစ်ခုပဲ ရသေးတဲ့အတွက် သင် Sing-up လုပ်ပြီးချိန်မှာ CSGO နဲ့ ပါတ်သက်တဲ့ အချက်အခက်တွေ တောင်းခံပါလိမ့်မယ်။
ပထမဦးစွာ သင့်ရဲ့ In-game role ကို မေးပါလိမ့်မယ်။ ပြီးရင် သင့်ရဲ့ Rank တွေ Faceit နဲ့ ESEA Profile နဲ့ Rank တွေ မေးပါတယ်။ ဒါတွေကတော့ CSGO သမားတွေရဲ့ မရှိမဖြစ် အချက်အလက်တွေပါ။ ပြီးရင်တော့ သင်အသုံးပြုတဲ့ ဘာသာစကား၊ တစ်ရက်/တစ်ပါတ်မှာ (Training အတွက်) ဆော့နိုင်မယ့် အချိန်တွေ သင့်ရဲ့ အားသာချက်/ အားနည်းချက်တွေ ပြိုင်ပွဲအတွေ့အကြုံတွေ မေးပါတယ်။
သင်ရှာဖွေချင်တဲ့ ကစားဖော်တွေရှိမယိဆိုရင်လည်း ထိုကစားဖော်တွေရဲ့ အသက်ကန့်သန့်ချက်တွေ၊ အရေအတွက်တွေ၊ ဘာသာစကားတွေ၊ Rank တွေကို မေးပါတယ်။
နောက်ဆုံး အဆင့်အနေဲ့ကတော့ သင့်ရဲ့ Steam အကောင့်နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ ရှာဖွေမှုကို စတင်နိုင်ပြီပဲ ဖြစ်ပါတယ်။

အသင်းများနဲ့ ကစားသမားများကို ရှာဖွေနိုင်တဲ့ platform များဟာ ရှေ့မှာအမြောက်အများထွက်ပေါ်လာခဲ့ပြီးသားပါ။ ဒါပေမယ့် ယခုအချိန်ထိတော့ ထိရောက်တဲ့ ဝန်ဆောင်မှုများပေးဖို့ အားနည်းနေကြသေးလို့ ထို platform ပေါ်က အသင်းများအတွက် အောင်မြင်မှုရဖို့ ခက်ခဲနေကြဆဲ ဖြစ်ပါတယ်။ Teams.gg ထွက်ပေါ်လာမှုနဲ့အတူ အနာဂတ်မှာ ကောင်းမွန်တဲ့ ကစားသမားများနဲ့ အသင်းများ ရှာဖွေရေး ပိုမိုတိုးတက်လာစေဖို့ esports ပရိသတ်များက မျှော်လင့်လျက်ရှိကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။