[Unicode]

Team Secret က OG ကို ၁၀ ခါဆော့ရင် ၉ ခါနိုင်လိမ့်မယ် – Lil

 

Virtus Pro Dota2 ကစားသမားဟောင်းဖြစ်သူ Lil ဟာ OG အသင်းသား Saksa ကို အထင်အမြင်သေးကြောင်း ပုတ်ခတ်ရေးသားထားတဲ့ ပို့စ်တစ်ခုကို မကြာသေးမီက Twitter ပေါ်မှာ တင်ခဲ့ပါတယ်။ ယင်းပို့စ်မှာတော့ Lil ဟာ Saksa တစ်ယောက် ဥရောပ support leaderboard ပေါ်မှာ အကောင့် ၃ ခုနဲ့ ရပ်တည်နေနိုင်တဲ့ကိစ္စဟာ အကျိုးမရှိကြောင်း အဓိကထား ရေးသားထားတာလည်း ဖြစ်ပါတယ်။

Lil ဒီလိုရေးသားရခြင်းရဲ့ အကြောင်းအရင်းကို မသိရပေမယ့် နောက်ပိုင်းမှာတော့ ယင်းပို့စ်ကို ပြန်ဖျက်ခဲ့ပြီး Topson ပါဝင်တဲ့ “Let his play do the talking” gif ပုံကို ထပ်တင်ခဲ့ပါတယ်။ ပုတ်ခတ်ရေးသားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ OG အသင်းခေါင်းဆောင် N0tail ကတော့ Saksa ရဲ့ စိတ်ဓာတ်ခွန်အားနဲ့ ဇွဲကောင်းလွန်းလို့သာ leaderboard ပေါ်မှာ ယခုလိုရပ်တည်နိုင်တာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

မကြာသေးမီက ကစားခဲ့တဲ့ ESL One Los Angeles 2020 qualifier ပွဲစဉ်များမှာတော့ Lil ရဲ့ Aggressive Mode အသင်းနဲ့ OG အသင်းတို့ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့ကြရပါတယ်။ ယင်းသို့ ယှဉ်ပြိုင်ခဲ့ရာမှာ OG အသင်းက Aggressive Mode ကို ၂ ပွဲပြတ် အနိုင်ရခဲ့တဲ့အပြင် ပထမဆုံးပွဲမှာ OG ကစားသမား SumaiL ရဲ့ Bloodseeker ကို rampage ပေးလိုက်ရတဲ့အထိ အသင်း ၂ သင်းရဲ့ စွမ်းဆောင်နိုင်ရည်က ကွာဟနေခဲ့ပါတယ်။

ကစားပွဲများ ပြီးဆုံးသွားတဲ့အချိန်မှာတော့ ပုတ်ခတ်ပြောဆိုခဲ့ဖူးတဲ့ Lil ဟာ OG အသင်းရဲ့ ပြန်လည်လှောင်ပြောင် ချေပခြင်းကို ခံရပါတော့တယ်။ OG အသင်းက Lil ကို လှောင်ပြောင်ခဲ့တဲ့ Twitter ပို့စ်မှာတော့ Aggressive Mode က OG ကို rampage ပေးလိုက်ရတဲ့ ဗီဒီယိုအတိုလေး ပါဝင်တဲ့အပြင် ယခင်က Lil ပုတ်ခတ်ရေးသားခဲ့တဲ့ ပို့စ်က စာသားများကိုလည်း ပြန်လည် ကူးယူပြီး ရေးသားထားခဲ့ပါတယ်။

Lil ကလည်း ပွဲအပြီးမှာ Post ပြန်တင်ပြီး OG ရော Team Secret ပါ ကမ္ဘာ့ အကောင်းဆုံး အသင်းတွေပါဆိုပြီး ချီးကျူးခဲ့ပါတယ်။ အဲဒီမှာ မပြီးသေးပါဘူး။ ဒါ့အပြင် OG အသင်းရဲ့ Draft နဲ့ Action တွေဟာမှန်းရလွယ်ပြီး Skill ကွာလို့သာကစားရခက်ကြောင်း ပုတ်ခတ်ပြောဆိုခဲ့ပါတယ်။ အကယ်၍ Team Secret နဲ့ OG တွေ့ဆုံခဲ့မယ်ဆိုရင် Team Secret က ၁၀ ပွဲမှာ ၉ ပွဲအနိုင်ရအောင် ဆော့နိုင်လိမ့်မယ်လို့ ခနဲ့ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ Team Secret ရဲ့ ကစားပုံက OG ရဲ့ အားနည်းချက်ကို ကောင်တာလုပ်နိုင်လို့ပါလို့ ပြောဆိုခဲ့ပါတယ်။

Toxic ဖြစ်ရာမှာ နာမည်ကြီးတဲ့ Lil ဟာ OG ကို ရှုံးအပြီး Major ဝင်ခွင့်အတွက် တတိယနေရာလုပွဲမှာလည်း PPD ဦးဆောင်တဲ့ NiP ကို ၂-၀ နဲ့ အရှုံးပေးခဲ့ရပါသေးတယ်။ ထို့အတွက် Minor ဝင်ခွင့်ကိုသာ ဆက်လက်ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပြီး Team Nigma, Liquid နဲ့ Alliance တို့နဲ့ Minor တစ်နေရာစာ လုရတော့မှာပါ။ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ Esports အတွင်းမှာ အချင်းချင်း ဝေဖန်ပြောဆိုမှုများ ရှိစမြဲဖြစ်ပေမယ့် အကြောင်းမဲ့ပုတ်ခတ်ပြောဆိုမှုများကိုတော့ မပြုလုပ်သင့်ကြောင်း ယခုဖြစ်ရပ်လေးက သင်ခန်းစာပေးလျက် ရှိပါတောတ့ယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: afkgaming, VP


[ZawGyi]

Team Secret က OG ကို ၁၀ ခါေဆာ့ရင္ ၉ ခါႏိုင္လိမ့္မယ္ – Lil

 

Virtus Pro Dota2 ကစားသမားေဟာင္းျဖစ္သူ Lil ဟာ OG အသင္းသား Saksa ကို အထင္အျမင္ေသးေၾကာင္း ပုတ္ခတ္ေရးသားထားတဲ့ ပို႔စ္တစ္ခုကို မၾကာေသးမီက Twitter ေပၚမွာ တင္ခဲ့ပါတယ္။ ယင္းပို႔စ္မွာေတာ့ Lil ဟာ Saksa တစ္ေယာက္ ဥေရာပ support leaderboard ေပၚမွာ အေကာင့္ ၃ ခုနဲ႔ ရပ္တည္ေနႏိုင္တဲ့ကိစၥဟာ အက်ိဳးမရွိေၾကာင္း အဓိကထား ေရးသားထားတာလည္း ျဖစ္ပါတယ္။

 

Lil ဒီလိုေရးသားရျခင္းရဲ႕ အေၾကာင္းအရင္းကို မသိရေပမယ့္ ေနာက္ပိုင္းမွာေတာ့ ယင္းပို႔စ္ကို ျပန္ဖ်က္ခဲ့ၿပီး Topson ပါဝင္တဲ့ “Let his play do the talking” gif ပုံကို ထပ္တင္ခဲ့ပါတယ္။ ပုတ္ခတ္ေရးသားခဲ့တဲ့ကိစၥနဲ႔ ပတ္သက္လို႔ OG အသင္းေခါင္းေဆာင္ N0tail ကေတာ့ Saksa ရဲ႕ စိတ္ဓာတ္ခြန္အားနဲ႔ ဇြဲေကာင္းလြန္းလို႔သာ leaderboard ေပၚမွာ ယခုလိုရပ္တည္ႏိုင္တာျဖစ္ေၾကာင္း တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

 

မၾကာေသးမီက ကစားခဲ့တဲ့ ESL One Los Angeles 2020 qualifier ပြဲစဥ္မ်ားမွာေတာ့ Lil ရဲ႕ Aggressive Mode အသင္းနဲ႔ OG အသင္းတို႔ ထိပ္တိုက္ယွဥ္ၿပိဳင္ခဲ့ၾကရပါတယ္။ ယင္းသို႔ ယွဥ္ၿပိဳင္ခဲ့ရာမွာ OG အသင္းက Aggressive Mode ကို ၂ ပြဲျပတ္ အႏိုင္ရခဲ့တဲ့အျပင္ ပထမဆုံးပြဲမွာ OG ကစားသမား SumaiL ရဲ႕ Bloodseeker ကို rampage ေပးလိုက္ရတဲ့အထိ အသင္း ၂ သင္းရဲ႕ စြမ္းေဆာင္ႏိုင္ရည္က ကြာဟေနခဲ့ပါတယ္။

ကစားပြဲမ်ား ၿပီးဆုံးသြားတဲ့အခ်ိန္မွာေတာ့ ပုတ္ခတ္ေျပာဆိုခဲ့ဖူးတဲ့ Lil ဟာ OG အသင္းရဲ႕ ျပန္လည္ေလွာင္ေျပာင္ ေခ်ပျခင္းကို ခံရပါေတာ့တယ္။ OG အသင္းက Lil ကို ေလွာင္ေျပာင္ခဲ့တဲ့ Twitter ပို႔စ္မွာေတာ့ Aggressive Mode က OG ကို rampage ေပးလိုက္ရတဲ့ ဗီဒီယိုအတိုေလး ပါဝင္တဲ့အျပင္ ယခင္က Lil ပုတ္ခတ္ေရးသားခဲ့တဲ့ ပို႔စ္က စာသားမ်ားကိုလည္း ျပန္လည္ ကူးယူၿပီး ေရးသားထားခဲ့ပါတယ္။

Lil ကလည္း ပြဲအၿပီးမွာ Post ျပန္တင္ၿပီး OG ေရာ Team Secret ပါ ကမာၻ႔ အေကာင္းဆုံး အသင္းေတြပါဆိုၿပီး ခ်ီးက်ဴးခဲ့ပါတယ္။ အဲဒီမွာ မၿပီးေသးပါဘူး။ ဒါ့အျပင္ OG အသင္းရဲ႕ Draft နဲ႔ Action ေတြဟာမွန္းရလြယ္ၿပီး Skill ကြာလို႔သာကစားရခက္ေၾကာင္း ပုတ္ခတ္ေျပာဆိုခဲ့ပါတယ္။ အကယ္၍ Team Secret နဲ႔ OG ေတြ႕ဆုံခဲ့မယ္ဆိုရင္ Team Secret က ၁၀ ပြဲမွာ ၉ ပြဲအႏိုင္ရေအာင္ ေဆာ့ႏိုင္လိမ့္မယ္လို႔ ခနဲ႔ခဲ့ပါတယ္။ ဘာလို႔လည္းဆိုေတာ့ Team Secret ရဲ႕ ကစားပုံက OG ရဲ႕ အားနည္းခ်က္ကို ေကာင္တာလုပ္ႏိုင္လို႔ပါလို႔ ေျပာဆိုခဲ့ပါတယ္။

Toxic ျဖစ္ရာမွာ နာမည္ႀကီးတဲ့ Lil ဟာ OG ကို ရႈံးအၿပီး Major ဝင္ခြင့္အတြက္ တတိယေနရာလုပြဲမွာလည္း PPD ဦးေဆာင္တဲ့ NiP ကို ၂-၀ နဲ႔ အရႈံးေပးခဲ့ရပါေသးတယ္။ ထို႔အတြက္ Minor ဝင္ခြင့္ကိုသာ ဆက္လက္ယွဥ္ၿပိဳင္ရေတာ့မွာ ျဖစ္ၿပီး Team Nigma, Liquid နဲ႔ Alliance တို႔နဲ႔ Minor တစ္ေနရာစာ လုရေတာ့မွာပါ။ ၿပိဳင္ဆိုင္မႈျပင္းထန္လွတဲ့ Esports အတြင္းမွာ အခ်င္းခ်င္း ေဝဖန္ေျပာဆိုမႈမ်ား ရွိစၿမဲျဖစ္ေပမယ့္ အေၾကာင္းမဲ့ပုတ္ခတ္ေျပာဆိုမႈမ်ားကိုေတာ့ မျပဳလုပ္သင့္ေၾကာင္း ယခုျဖစ္ရပ္ေလးက သင္ခန္းစာေပးလ်က္ ရွိပါေတာတ့ယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: afkgaming, VP