[ZawGyi]

အသင္းသမုိင္းတေလွ်ာက္ အျမင့္ဆုံးဖြဲ႕စည္းပုံကို ေရာက္ေနတဲ့ “Team Secret”

 

 

Team Secret ကေတာ့ မိတ္ဆက္ေပးစရာ မလိုေလာက္ေအာင္ နာမည္ေက်ာ္ၾကား ေရပန္းစားေနတဲ့ အသင္းပါ။ TI all-timer တစ္ဦးလည္းျဖစ္ TI1 ခ်န္ပီယံေဟာင္းလည္းျဖစ္တဲ့ အသင္းေခါင္းေဆာင္ၾကီး Puppey နဲ႔ အသင္းသားမ်ားဟာ ၂၀၁၈-၂၀၁၉ season မွာ Dota Pro Circuit point အျမင့္ဆုံးနဲ႔ အသင္းအားလုံးရဲ႕ ထိပ္ဆုံးေနရာကေန TI9 ကို တက္ေရာက္ၾကေတာ့မွာပါ။ Team Secret ဟာ season တစ္ခုလုံးရဲ႕ major မ်ားနဲ႔ အျခားျပိဳင္ပြဲမ်ားမွာ မယုံႏိုင္ေလာက္ေအာင္ ပထမေနရာ အမ်ားဆုံး ရယူထားႏိုင္ခဲ့ပါတယ္။

အသိသာအထင္ရွားဆုံးကေတာ့ The Chongqing Major နဲ႔ MDL Disneyland Paris Major တို႔မွာ ပထမရ ဗိုလ္စြဲခဲ့တာျဖစ္ျပီး TI8 ျပီးဆုံးခဲ့စဥ္ထဲက PVP Esports Championship, ESL One Hamburg 2018, ESL One Katowice 2019 နဲ႔ ESL One Birmingham 2019 တို႔မွာ ပထမမ်ားရရွိခဲ့ပါတယ္။ The Kuala Lumpur Major မွာေတာင္ Virtus.Pro ကို တစ္ပြဲနဲ႔ ကပ္မရႈံးခဲ့ရင္ ပထမ ရရွိခဲ့ဦးမွာပါ။

MDL Paris Major Champion

ေအာင္ျမင္မႈေတြ ဆက္တိုက္ရရွိေနတဲ့ Team Secret မွာ Nisha, MidOne, Zai နဲ႕ YapzOr တို႔ ပါဝင္ျပီး Puppey က ဦးေဆာင္ပါတယ္။ လက္ရွိ roster မွာ Puppey က လြဲလို႔ အသင္းထဲကို အေစာဆုံးေရာက္ရွိေနတာဟာ MidOne ျဖစ္ျပီး ဒုတိယအေစာဆုံးကေတာ့ YapzOr ပါ။ အေစာပိုင္းတုန္းက ထြက္သြားခဲ့ျပီး တစ္ေက်ာ့ျပန္ေရာက္လာတဲ့ Zai နဲ႔ အသင္းသားသစ္ Nisha တို႔ကေတာ့ ျပီးခဲ့တဲ့ ၂၀၁၈ ေႏွာင္းပိုင္းမွာမွ ေရာက္ရွိလာခဲ့ၾကပါတယ္။

စတင္ထူေထာင္စဥ္ ၂၀၁၄ ခုႏွစ္ထဲက Puppey ဟာ Team Secret မွာ ရွိေနခဲ့ျပီး အသင္းရဲ႕ေအာင္ျမင္ေရးအတြက္ ၾကိဳးပမ္းလာခဲ့တာပါ။ အသင္းထူေထာင္စဥ္က ပါဝင္တဲ့ အသင္းသားေဟာင္း Kuroky နဲ႔ N0tail တို႔ဟာ ေနာက္ပိုင္းမွာ ထြက္ခြာသြားခဲ့ျပီး TI7 နဲ႔ TI8 ခ်န္ပီယံအသင္းမ်ားရဲ႕ ေခါင္းေဆာင္မ်ားျဖစ္လာခဲ့တာဟာ ထူးျခားပါတယ္။

Team Secret 2014 Roster

အသင္းရဲ႕သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ Kuroky နဲ႔ N0tail တို႔သာမက အျခားနာမည္ၾကီး ကစားသမားမ်ားျဖစ္တဲ့ Arteezy, EternalEnvy, Misery, Pieliedie, UNiVeRsE, Ace နဲ႔ Fata- တို႔လို ကစားသမားမ်ားလည္း ဝင္ေရာက္ကစားခဲ့ၾကဖူးပါတယ္။ ျပီးခဲ့တဲ့ TI8 ထိ TI ကံေခေနေသးတဲ့ Team Secret ဟာ အထူးသျဖင့္ TI တစ္ခုအျပီးမွာ အသင္းသားအေရႊ႕အေျပာင္းမ်ား ျပဳလုပ္ေလ့ရွိပါတယ္။

အသင္းသားေျပာင္းလဲမႈမ်ားထဲမွာ အသိသာဆုံးတစ္ခုကေတာ့ TI5 အျပီးမွာ ျဖစ္ျပီး Puppey က လြဲလို႔ က်န္အသင္းသားအားလုံးထြက္သြားခဲ့လို႔ Puppey ဟာ ကစားသမားသစ္မ်ားနဲ႔ အသင္းကို အစားထိုးခဲ့ရပါတယ္္။ ယခုအသင္းသားမ်ား မရွိခဲ့စဥ္တည္းက Puppey ဟာ Dota 2 ေလာကမွာ အသင္းသားသစ္မ်ား တစ္ေယာက္ျပီးတစ္ေယာက္ အစားထိုးေခၚယူျပီး အသင္းကို အင္အားၾကီးအသင္းျဖစ္ေအာင္ ၾကိဳးစားဖြဲ႔စည္းလာခဲ့ပါတယ္။

Shanghai Major 2016 Champion Team Secret

Team Secret ဖြဲ႔စည္းခဲ့စဥ္ထဲက TI ရလဒ္မ်ားအေနနဲ႔ကေတာ့ TI5 မွာ ၇ နဲ႔ ၈ ပူးတြဲေနရာ၊ TI6 မွာ ၁၃ မွ ၁၆ ပူးတြဲေနရာ၊ TI7 မွာ ၉ မွ ၁၂ ပူးတြဲေနရာတို႔ ရရွိခဲ့ျပီး TI8 မွာေတာ့ ၅ နဲ႔ ၆ ပူးတြဲေနရာအထိ ရရွိႏိုင္ခဲ့ပါတယ္။ TI တစ္ခုခ်င္းစီမွာ မတူညီတဲ့ roster မ်ားနဲ႔ ကစားလာခဲ့သလို အစားထိုးတာ မၾကာေသးခင္မွာတင္ teamwork ညီညီနဲ႔ ကစားႏိုင္ၾကတာဟာလည္း အံ့ၾသဖြယ္ေကာင္းလွပါတယ္။

အသင္းသားမ်ားထဲမွာ carry ကစားသမားျဖစ္သူ Nisha ဟာ အသက္ငယ္ရြယ္လွျပီး ၁၈ ႏွစ္ခန္႔သာရွိပါေသးတယ္။ Nisha အတြက္ေတာ့ ယခု TI9 ဟာ သူ႔အတြက္ ပထမဆုံး ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ရတဲ့ TI ျဖစ္ပါတယ္။ TI ဝင္ေရာက္ၾကတဲ့ အျခားအသင္းေတြရဲ႕ ကစားသမားမ်ားနဲ႔ ယွဥ္ရင္ အေတြ႔အၾကံဳ နည္းသလို ထင္ရေပမယ့္ Nisha ဟာ လက္ရွိမွာ ကမၻာ့ထိပ္တန္းအဆင့္ carry ကစားသမားတစ္ဦး ျဖစ္ပါတယ္။

Nisha ဟာ season တစ္ေလွ်ာက္ က်င္းပျပီးစီးခဲ့တဲ့ ျပိဳင္ပြဲေတြမွာ အစြမ္းျပႏိုင္ခဲ့ပါတယ္။ ၆ လ အတြင္းကစားခဲ့တဲ့ ပြဲေပါင္း ၁၀၀ ေက်ာ္မွာ 7.79 KDA အထိ ရရွိထားျပီး အမွားလုပ္မႈ လြန္စြာနည္းပါးလွပါတယ္။ အျခားအသင္းသားမ်ားနဲ႔ တြဲလိုက္တဲ့ အခ်ိန္မွာ Nisha ဟာ အသင္းကို ေကာင္းေကာင္း carry ႏိုင္ခဲ့ပါတယ္။

Nisha ကို support ေပးမယ့္သူေတြထဲမွာ Puppey ကုိယ္တိုင္လည္း ပါဝင္ေနပါတယ္။ TI သမုိင္းေၾကာင္း တစ္ေလွ်ာက္မွာ Puppey ဟာ အေအာင္ျမင္ဆုံး အသင္းေခါင္းေဆာင္တစ္ေလွ်ာက္လည္းျဖစ္သလို Dota 2 သမုိင္းမွာ အေကာင္းဆုံး support ကစားသမားတစ္ဦးေတြထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဟိုးအရင္ Na’Vi အသင္းမွာ ေခါင္းေဆာင္ျဖစ္ခဲ့စဥ္တည္းက သူရဲ႕ draft မ်ားဟာ ေကာင္းမြန္လွသလို ဝင္ေရာက္ကစားေနတဲ့ အသင္းကို အႏိုင္ရရွိေအာင္ ေခၚေဆာင္သြားႏိုင္ခဲ့တာလည္း မနည္းပါဘူး။

“လူတိုင္းဟာ Carry, Support, Ganker စတဲ့ role ေတြကို ေမ့ထားျပီး hero အားလုံးကို ကစားႏိုင္ရမယ္။ အသင္းအတြက္ အသုံးဝင္တဲ့သူတစ္ေယာက္ျဖစ္ျပီး ဂိမ္းပြဲကို အႏိုင္ရေစဖုိ႔ဆိုရင္ ေနရာေျပာင္းတာဝန္ယူရလည္း ျငီးတြားမေနပဲ အေကာင္းဆုံးကစားႏိုင္ရမယ္။” လို႔ ေျပာခဲ့ဖူးတဲ့ Puppey ဟာ ကိုယ္တိုင္လည္း hero ေပါင္းစုံကို ပိုင္ႏိုင္ကြ်မ္းက်င္လို႔ အျခားသူမ်ားကို ေကာင္းေကာင္း ပဲ့ကိုင္ႏိုင္တာလည္း ျဖစ္ပါတယ္။

Offlane ကစားသမားျဖစ္သူ Zai ဟာ Dota 2 professional ေလာကမွာ အေျခခ်ခဲ့တာ ႏွစ္ကာလၾကာခဲ့ျပီျဖစ္ျပီး TI အေတြ႔အၾကံဳလည္း ေျမာက္မ်ားစြာရွိပါတယ္။ Support ကစားသမား တစ္ဦး အျဖစ္လည္း ကြ်မ္းက်င္ပိုင္ႏိုင္ေၾကာင္း Evil Geniuses လို အသင္းၾကီးမွာ ကစားခဲ့စဥ္က သက္ေသျပႏိုင္ခဲ့သလို ယခုအခ်ိန္ထိလည္း Zai ရဲ႕ ကစားဟန္ေတြမွာ support အေငြ႔အသက္ေတြ ပါဝင္ေနပါေသးတယ္။

Position 4 support ကစားသမား YapzOr ကေတာ့ Team Secret ကို မဝင္ေရာက္ခင္မွာ လူသိပ္မသိ မထင္ရွားတဲ့အသင္းေလးေတြမွာ ကစားခဲ့ေပမယ့္ သူရဲ႕ playstyle ေၾကာင့္ အေစာပိုင္းထဲက လူသိမ်ားလာခဲ့သူပါ။ Support ကစားသမားျဖစ္ေပမယ့္ aggressive ကစားေလ့ရွိသလို ျပိဳင္ဘက္ core ေတြရဲ႕ networth ထက္ေတာင္ တစ္ခါတစ္ေလ ေက်ာ္လြန္ေအာင္ farm ႏိုင္တယ္ ဆိုျပီး နာမည္ၾကီးလွပါတယ္။ အျခားအသင္းေတြမွာ ကစားခဲ့စဥ္ကေတာ့ carry ကစားသမားဆီက kill-stealing လုပ္တယ္ဆိုျပီး မၾကာခဏ အျပစ္တင္ခံရပါတယ္။

Zai နဲ႔ YapzOr ႏွစ္ေယာက္တြဲ ကစားကြက္မ်ားဟာ အလြန္နာမည္ၾကီးသလို ထိေရာက္လွပါတယ္။ ေလာဘမၾကီးတဲ့ Zai ဟာ YapzOr အတြက္ farming ျပဳလုပ္ခြင့္မ်ား ေပးေလ့ရွိသလို farming ရရွိတဲ့ YapzOr ဟာလည္း အသင္းအတြက္ ဘက္စုံအသုံးဝင္လာေလ့ရွိပါတယ္။ Combo တြဲလို႔ရတဲ့ hero မ်ားကို ကိုင္ေလ့ရွိၾကျပီး အျပန္အလွန္ ကူညီကစားၾကတာမို႔ position 3 နဲ႔ position 4 ၾကားကေနရာ position 3.5 မွာ ႏွစ္ေယာက္သား ျပိဳင္တူ ကစားၾကတယ္လို႔ေတာင္ Gaming Noodle အက္မင္မ်ားက ေျပာေလ့ရွိပါတယ္။

Position 3.5 ေနရာနဲ႔ ႏွစ္ေယာက္စလုံး farming မ်ား ရယူ ကစားႏိုင္တယ္ဆိုတာဟာ ေခါင္းေဆာင္ Puppey ရဲ႕ ညႊန္ၾကားမႈနဲ႔ သူ႕ရဲ႕အနစ္နာခံ ကစားပုံေတြေၾကာင့္ ျဖစ္ပါတယ္။ အလြန္ခက္ခဲတဲ့ အေျခေနမွာေတာင္ Puppey ဟာ YapzOr ကို အသင္းအတြက္ ward နဲ႔ အျခား support item မ်ား ဝယ္ခိုင္းေလ့ သိပ္မရွိလွပါဘူး။ အသင္းအတြက္ full support လုပ္ေပးတဲ့ Puppey ေၾကာင့္သာ Zai နဲ႔ YapzOr တို႔ အျပိဳင္ farm ခ်ိန္ရျပီး combo လည္း ခင္းႏိုင္တာပါ။

SEA ကစားသမားေတြထဲမွာ ပထမဆုံး MMR 10k ရရွိခဲ့တဲ့ မေလးရွားကစားသမား MidOne ဟာ မူလက Fnatic မွာ ကစားလာခဲ့သူျဖစ္ပါတယ္။ နာမည္နဲ႔တင္ mid မွာ ကစားရတာ ၾကိဳက္ႏွစ္သက္မွန္း သိသာေနတဲ့ MidOne ဟာ Team Secret အတြက္ အလြန္အားကိုးရသူပါ။ MidOne ဟာ hero pool လည္း က်ယ္ျပန္႔တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။

Leaderboard ရဲ႕ထိပ္ဆုံးပိုင္းမွာ အျမဲတမ္းနီးပါး နာမည္ကိုထိန္းထားႏိုင္တဲ့ MidOne ဟာ pubstar တစ္ဦးျဖစ္ရုံသာမက tournament ေတြမွာလည္း ျပိဳင္ဘက္မ်ား ေလးစားေၾကာက္ရြံ႕ရသူပါ။ Ember Spirit, Invoker နဲ႕ Monkey King တို့လို early game မွာေရာ late game မွာပါ ကစားပြဲကို ခ်ဳပ္ကိုင္ထားႏိုင္တဲ့ hero မ်ားကို ကိုင္တြယ္ကစားေလ့ရွိပါတယ္။

Team Secret at TI9 Bootcamp

တစ္သင္းလုံး ထူးျခားမႈမ်ားနဲ႔ ျပည့္ႏွက္ေနျပီး ေနာက္ဆုံး Pro Circuit Season မွာ ရွိသမွ်ဆုေတြ သိမ္းၾကံံဳး ယူထားႏိုင္ခဲ့တဲ့ Team Secret ကို TI9 ခ်န္ပီယံ ျဖစ္လာလိမ့္မယ္လုိ႔ ခန္႔မွန္းေနတဲ့ ပရိတ္သတ္ေတြကလည္း လြန္စြာမ်ားျပားလွပါတယ္။ အမွန္တကယ္ခ်န္ပီယံ ျဖစ္လာခဲ့ရင္ေတာ့ ဒုတိယအၾကိမ္ေျမာက္ TI ကို အႏိုင္ရရွိသူအျဖစ္ Puppey တစ္ေယာက္ စံခ်ိန္တင္ႏိုင္ပါေတာ့မယ္။ လက္ရွိအသင္းရဲ႕ ေအာင္ျမင္မႈနဲ႔ တည္ျငိမ္တဲ့ စုဖြဲ႕ပုံဟာ အသင္းေထာင္ခဲ့တဲ့တေလွ်ာက္ အေအာင္ျမင္ဆုံးႏွစ္လို႔ေတာင္ သတ္မွတ္ႏုိင္တာေၾကာင့္ အခုလို အျမင့္ဆုံးအေျခအေနကို ေရာက္ေနတဲ့ Team Secret အေနနဲ႔ Ti ခ်န္ပီယံဆြတ္ခူးႏုိင္ဖို႔ဆုိတာဟာ မျဖစ္ႏုိင္တဲ့အရာ လုံးဝမဟုတ္ပါဘူး။

By Combo (Htet Wai Yan)


[Unicode]

အသင်းသမိုင်းတလျှောက် အမြင့်ဆုံးဖွဲ့စည်းပုံကို ရောက်နေတဲ့ “Team Secret”

 

Team Secret ကတော့ မိတ်ဆက်ပေးစရာ မလိုလောက်အောင် နာမည်ကျော်ကြား ရေပန်းစားနေတဲ့ အသင်းပါ။ TI all-timer တစ်ဦးလည်းဖြစ် TI1 ချန်ပီယံဟောင်းလည်းဖြစ်တဲ့ အသင်းခေါင်းဆောင်ကြီး Puppey နဲ့ အသင်းသားများဟာ ၂၀၁၈-၂၀၁၉ season မှာ Dota Pro Circuit point အမြင့်ဆုံးနဲ့ အသင်းအားလုံးရဲ့ ထိပ်ဆုံးနေရာကနေ TI9 ကို တက်ရောက်ကြတော့မှာပါ။ Team Secret ဟာ season တစ်ခုလုံးရဲ့ major များနဲ့ အခြားပြိုင်ပွဲများမှာ မယုံနိုင်လောက်အောင် ပထမနေရာ အများဆုံး ရယူထားနိုင်ခဲ့ပါတယ်။

အသိသာအထင်ရှားဆုံးကတော့ The Chongqing Major နဲ့ MDL Disneyland Paris Major တို့မှာ ပထမရ ဗိုလ်စွဲခဲ့တာဖြစ်ပြီး TI8 ပြီးဆုံးခဲ့စဉ်ထဲက PVP Esports Championship, ESL One Hamburg 2018, ESL One Katowice 2019 နဲ့ ESL One Birmingham 2019 တို့မှာ ပထမများရရှိခဲ့ပါတယ်။ The Kuala Lumpur Major မှာတောင် Virtus.Pro ကို တစ်ပွဲနဲ့ ကပ်မရှုံးခဲ့ရင် ပထမ ရရှိခဲ့ဦးမှာပါ။

MDL Paris Major Champion

အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေတဲ့ Team Secret မှာ Nisha, MidOne, Zai နဲ့ YapzOr တို့ ပါဝင်ပြီး Puppey က ဦးဆောင်ပါတယ်။ လက်ရှိ roster မှာ Puppey က လွဲလို့ အသင်းထဲကို အစောဆုံးရောက်ရှိနေတာဟာ MidOne ဖြစ်ပြီး ဒုတိယအစောဆုံးကတော့ YapzOr ပါ။ အစောပိုင်းတုန်းက ထွက်သွားခဲ့ပြီး တစ်ကျော့ပြန်ရောက်လာတဲ့ Zai နဲ့ အသင်းသားသစ် Nisha တို့ကတော့ ပြီးခဲ့တဲ့ ၂၀၁၈ နှောင်းပိုင်းမှာမှ ရောက်ရှိလာခဲ့ကြပါတယ်။

စတင်ထူထောင်စဉ် ၂၀၁၄ ခုနှစ်ထဲက Puppey ဟာ Team Secret မှာ ရှိနေခဲ့ပြီး အသင်းရဲ့အောင်မြင်ရေးအတွက် ကြိုးပမ်းလာခဲ့တာပါ။ အသင်းထူထောင်စဉ်က ပါဝင်တဲ့ အသင်းသားဟောင်း Kuroky နဲ့ N0tail တို့ဟာ နောက်ပိုင်းမှာ ထွက်ခွာသွားခဲ့ပြီး TI7 နဲ့ TI8 ချန်ပီယံအသင်းများရဲ့ ခေါင်းဆောင်များဖြစ်လာခဲ့တာဟာ ထူးခြားပါတယ်။

Team Secret 2014 Roster

အသင်းရဲ့သမိုင်းကြောင်းတစ်လျှောက်မှာ Kuroky နဲ့ N0tail တို့သာမက အခြားနာမည်ကြီး ကစားသမားများဖြစ်တဲ့ Arteezy, EternalEnvy, Misery, Pieliedie, UNiVeRsE, Ace နဲ့ Fata- တို့လို ကစားသမားများလည်း ဝင်ရောက်ကစားခဲ့ကြဖူးပါတယ်။ ပြီးခဲ့တဲ့ TI8 ထိ TI ကံခေနေသေးတဲ့ Team Secret ဟာ အထူးသဖြင့် TI တစ်ခုအပြီးမှာ အသင်းသားအရွှေ့အပြောင်းများ ပြုလုပ်လေ့ရှိပါတယ်။

အသင်းသားပြောင်းလဲမှုများထဲမှာ အသိသာဆုံးတစ်ခုကတော့ TI5 အပြီးမှာ ဖြစ်ပြီး Puppey က လွဲလို့ ကျန်အသင်းသားအားလုံးထွက်သွားခဲ့လို့ Puppey ဟာ ကစားသမားသစ်များနဲ့ အသင်းကို အစားထိုးခဲ့ရပါတယ်။ ယခုအသင်းသားများ မရှိခဲ့စဉ်တည်းက Puppey ဟာ Dota 2 လောကမှာ အသင်းသားသစ်များ တစ်ယောက်ပြီးတစ်ယောက် အစားထိုးခေါ်ယူပြီး အသင်းကို အင်အားကြီးအသင်းဖြစ်အောင် ကြိုးစားဖွဲ့စည်းလာခဲ့ပါတယ်။

Shanghai Major 2016 Champion Team Secret

Team Secret ဖွဲ့စည်းခဲ့စဉ်ထဲက TI ရလဒ်များအနေနဲ့ကတော့ TI5 မှာ ၇ နဲ့ ၈ ပူးတွဲနေရာ၊ TI6 မှာ ၁၃ မှ ၁၆ ပူးတွဲနေရာ၊ TI7 မှာ ၉ မှ ၁၂ ပူးတွဲနေရာတို့ ရရှိခဲ့ပြီး TI8 မှာတော့ ၅ နဲ့ ၆ ပူးတွဲနေရာအထိ ရရှိနိုင်ခဲ့ပါတယ်။ TI တစ်ခုချင်းစီမှာ မတူညီတဲ့ roster များနဲ့ ကစားလာခဲ့သလို အစားထိုးတာ မကြာသေးခင်မှာတင် teamwork ညီညီနဲ့ ကစားနိုင်ကြတာဟာလည်း အံ့သြဖွယ်ကောင်းလှပါတယ်။

အသင်းသားများထဲမှာ carry ကစားသမားဖြစ်သူ Nisha ဟာ အသက်ငယ်ရွယ်လှပြီး ၁၈ နှစ်ခန့်သာရှိပါသေးတယ်။ Nisha အတွက်တော့ ယခု TI9 ဟာ သူ့အတွက် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ TI ဖြစ်ပါတယ်။ TI ဝင်ရောက်ကြတဲ့ အခြားအသင်းတွေရဲ့ ကစားသမားများနဲ့ ယှဉ်ရင် အတွေ့အကြုံ နည်းသလို ထင်ရပေမယ့် Nisha ဟာ လက်ရှိမှာ ကမ္ဘာ့ထိပ်တန်းအဆင့် carry ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Nisha ဟာ season တစ်လျှောက် ကျင်းပပြီးစီးခဲ့တဲ့ ပြိုင်ပွဲတွေမှာ အစွမ်းပြနိုင်ခဲ့ပါတယ်။ ၆ လ အတွင်းကစားခဲ့တဲ့ ပွဲပေါင်း ၁၀၀ ကျော်မှာ 7.79 KDA အထိ ရရှိထားပြီး အမှားလုပ်မှု လွန်စွာနည်းပါးလှပါတယ်။ အခြားအသင်းသားများနဲ့ တွဲလိုက်တဲ့ အချိန်မှာ Nisha ဟာ အသင်းကို ကောင်းကောင်း carry နိုင်ခဲ့ပါတယ်။

Nisha ကို support ပေးမယ့်သူတွေထဲမှာ Puppey ကိုယ်တိုင်လည်း ပါဝင်နေပါတယ်။ TI သမိုင်းကြောင်း တစ်လျှောက်မှာ Puppey ဟာ အအောင်မြင်ဆုံး အသင်းခေါင်းဆောင်တစ်လျှောက်လည်းဖြစ်သလို Dota 2 သမိုင်းမှာ အကောင်းဆုံး support ကစားသမားတစ်ဦးတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ဟိုးအရင် Na’Vi အသင်းမှာ ခေါင်းဆောင်ဖြစ်ခဲ့စဉ်တည်းက သူရဲ့ draft များဟာ ကောင်းမွန်လှသလို ဝင်ရောက်ကစားနေတဲ့ အသင်းကို အနိုင်ရရှိအောင် ခေါ်ဆောင်သွားနိုင်ခဲ့တာလည်း မနည်းပါဘူး။

“လူတိုင်းဟာ Carry, Support, Ganker စတဲ့ role တွေကို မေ့ထားပြီး hero အားလုံးကို ကစားနိုင်ရမယ်။ အသင်းအတွက် အသုံးဝင်တဲ့သူတစ်ယောက်ဖြစ်ပြီး ဂိမ်းပွဲကို အနိုင်ရစေဖို့ဆိုရင် နေရာပြောင်းတာဝန်ယူရလည်း ငြီးတွားမနေပဲ အကောင်းဆုံးကစားနိုင်ရမယ်။” လို့ ပြောခဲ့ဖူးတဲ့ Puppey ဟာ ကိုယ်တိုင်လည်း hero ပေါင်းစုံကို ပိုင်နိုင်ကျွမ်းကျင်လို့ အခြားသူများကို ကောင်းကောင်း ပဲ့ကိုင်နိုင်တာလည်း ဖြစ်ပါတယ်။

Offlane ကစားသမားဖြစ်သူ Zai ဟာ Dota 2 professional လောကမှာ အခြေချခဲ့တာ နှစ်ကာလကြာခဲ့ပြီဖြစ်ပြီး TI အတွေ့အကြုံလည်း မြောက်များစွာရှိပါတယ်။ Support ကစားသမား တစ်ဦး အဖြစ်လည်း ကျွမ်းကျင်ပိုင်နိုင်ကြောင်း Evil Geniuses လို အသင်းကြီးမှာ ကစားခဲ့စဉ်က သက်သေပြနိုင်ခဲ့သလို ယခုအချိန်ထိလည်း Zai ရဲ့ ကစားဟန်တွေမှာ support အငွေ့အသက်တွေ ပါဝင်နေပါသေးတယ်။

Position 4 support ကစားသမား YapzOr ကတော့ Team Secret ကို မဝင်ရောက်ခင်မှာ လူသိပ်မသိ မထင်ရှားတဲ့အသင်းလေးတွေမှာ ကစားခဲ့ပေမယ့် သူရဲ့ playstyle ကြောင့် အစောပိုင်းထဲက လူသိများလာခဲ့သူပါ။ Support ကစားသမားဖြစ်ပေမယ့် aggressive ကစားလေ့ရှိသလို ပြိုင်ဘက် core တွေရဲ့ networth ထက်တောင် တစ်ခါတစ်လေ ကျော်လွန်အောင် farm နိုင်တယ် ဆိုပြီး နာမည်ကြီးလှပါတယ်။ အခြားအသင်းတွေမှာ ကစားခဲ့စဉ်ကတော့ carry ကစားသမားဆီက kill-stealing လုပ်တယ်ဆိုပြီး မကြာခဏ အပြစ်တင်ခံရပါတယ်။

Zai နဲ့ YapzOr နှစ်ယောက်တွဲ ကစားကွက်များဟာ အလွန်နာမည်ကြီးသလို ထိရောက်လှပါတယ်။ လောဘမကြီးတဲ့ Zai ဟာ YapzOr အတွက် farming ပြုလုပ်ခွင့်များ ပေးလေ့ရှိသလို farming ရရှိတဲ့ YapzOr ဟာလည်း အသင်းအတွက် ဘက်စုံအသုံးဝင်လာလေ့ရှိပါတယ်။ Combo တွဲလို့ရတဲ့ hero များကို ကိုင်လေ့ရှိကြပြီး အပြန်အလှန် ကူညီကစားကြတာမို့ position 3 နဲ့ position 4 ကြားကနေရာ position 3.5 မှာ နှစ်ယောက်သား ပြိုင်တူ ကစားကြတယ်လို့တောင် Gaming Noodle အက်မင်များက ပြောလေ့ရှိပါတယ်။

Position 3.5 နေရာနဲ့ နှစ်ယောက်စလုံး farming များ ရယူ ကစားနိုင်တယ်ဆိုတာဟာ ခေါင်းဆောင် Puppey ရဲ့ ညွှန်ကြားမှုနဲ့ သူ့ရဲ့အနစ်နာခံ ကစားပုံတွေကြောင့် ဖြစ်ပါတယ်။ အလွန်ခက်ခဲတဲ့ အခြေနေမှာတောင် Puppey ဟာ YapzOr ကို အသင်းအတွက် ward နဲ့ အခြား support item များ ဝယ်ခိုင်းလေ့ သိပ်မရှိလှပါဘူး။ အသင်းအတွက် full support လုပ်ပေးတဲ့ Puppey ကြောင့်သာ Zai နဲ့ YapzOr တို့ အပြိုင် farm ချိန်ရပြီး combo လည်း ခင်းနိုင်တာပါ။

SEA ကစားသမားတွေထဲမှာ ပထမဆုံး MMR 10k ရရှိခဲ့တဲ့ မလေးရှားကစားသမား MidOne ဟာ မူလက Fnatic မှာ ကစားလာခဲ့သူဖြစ်ပါတယ်။ နာမည်နဲ့တင် mid မှာ ကစားရတာ ကြိုက်နှစ်သက်မှန်း သိသာနေတဲ့ MidOne ဟာ Team Secret အတွက် အလွန်အားကိုးရသူပါ။ MidOne ဟာ hero pool လည်း ကျယ်ပြန့်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

Leaderboard ရဲ့ထိပ်ဆုံးပိုင်းမှာ အမြဲတမ်းနီးပါး နာမည်ကိုထိန်းထားနိုင်တဲ့ MidOne ဟာ pubstar တစ်ဦးဖြစ်ရုံသာမက tournament တွေမှာလည်း ပြိုင်ဘက်များ လေးစားကြောက်ရွံ့ရသူပါ။ Ember Spirit, Invoker နဲ့ Monkey King တို့လို early game မှာရော late game မှာပါ ကစားပွဲကို ချုပ်ကိုင်ထားနိုင်တဲ့ hero များကို ကိုင်တွယ်ကစားလေ့ရှိပါတယ်။

Team Secret at TI9 Bootcamp

တစ်သင်းလုံး ထူးခြားမှုများနဲ့ ပြည့်နှက်နေပြီး နောက်ဆုံး Pro Circuit Season မှာ ရှိသမျှဆုတွေ သိမ်းကြံုံး ယူထားနိုင်ခဲ့တဲ့ Team Secret ကို TI9 ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းနေတဲ့ ပရိတ်သတ်တွေကလည်း လွန်စွာများပြားလှပါတယ်။ အမှန်တကယ်ချန်ပီယံ ဖြစ်လာခဲ့ရင်တော့ ဒုတိယအကြိမ်မြောက် TI ကို အနိုင်ရရှိသူအဖြစ် Puppey တစ်ယောက် စံချိန်တင်နိုင်ပါတော့မယ်။ လက်ရှိအသင်းရဲ့ အောင်မြင်မှုနဲ့ တည်ငြိမ်တဲ့ စုဖွဲ့ပုံဟာ အသင်းထောင်ခဲ့တဲ့တလျှောက် အအောင်မြင်ဆုံးနှစ်လို့တောင် သတ်မှတ်နိုင်တာကြောင့် အခုလို အမြင့်ဆုံးအခြေအနေကို ရောက်နေတဲ့ Team Secret အနေနဲ့ Ti ချန်ပီယံဆွတ်ခူးနိုင်ဖို့ဆိုတာဟာ မဖြစ်နိုင်တဲ့အရာ လုံးဝမဟုတ်ပါဘူး။

By Combo (Htet Wai Yan)