[Unicode]

Dota2 သမိုင်းကြောင်းတစ်လျှောက်မှာ အံ့မခန်း နိုင်ပွဲရရှိမှုများနဲ့ စံချိန်သစ်တင်နိုင်တော့မယ့် Team Secret

 

မကြာသေးမီက ကျင်းပခဲ့တဲ့ OGA Dota PIT 2020 Online: Europe/CIS ပြိုင်ပွဲရဲ့ ဂရင်းဖိုင်နယ်မှာ Team Secret က Team Liquid ကို ၃ ပွဲပြတ်အနိုင်ရရှိပြီး ဗိုလ်စွဲသွားခဲ့တဲ့အကြောင်းကို အားလုံးလည်း သတိထားမိကြမှာပါ။ Team Secret ဟာ ယင်းပြိုင်ပွဲအတွင်းမှာ ၁၅ ပွဲဆက်အနိုင်ရရှိထားခဲ့သလို နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ၃၆ ပွဲအတွင်းမှာလည်း ၃၅ ပွဲအထိ အနိုင်ရရှိထားခဲ့လို့ လက်ရှိကမ္ဘာ့ Dota 2 လောကရဲ့ ပြိုင်စံရှားအသင်းကြီးအဖြစ် ရပ်တည်လျက်ရှိပါတယ်။

Dota 2 statsman နဲ့ Analyst တစ်ဦးဖြစ်သူ Noxville က Team Secret နဲ့ ပတ်သက်တဲ့ပို့စ်တစ်ခုကို မကြာသေးမီက တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။ ယင်းပို့စ်အတွင်းမှာတော့ Team Secret ဟာ ယင်းတို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲ ၁၀၀ အတွင်းမှာ စုစုပေါင်း ၈၂ ပွဲ အနိုင်ရရှိထားခဲ့ပြီး Dota 2 သမိုင်းကြောင်း တစ်လျှောက်မှာ ယင်းအရေအတွက်ထက် သာလွန်တာဆိုလို့ ၂၀၁၆ က Newbee နဲ့ ၂၀၁၃ က Alliance တို့ ရရှိထားခဲ့တဲ့ ပွဲ ၁၀၀ မှာ ၈၃ ပွဲနိုင် စံချိန်သာရှိတော့ကြောင်း ရေးသားထားခဲ့ပါတယ်။

ဒါ့အပြင် Noxville က Team Secret ဟာ Newbee နဲ့ Alliance တို့ တင်ထားခဲ့တဲ့ စံချိန်နဲ့ တူညီဖို့အတွက် ၇ ပွဲဆက် ထပ်မံအနိုင်ရရှိဖို့ လိုပြီး ပွဲ ၁၀၀ မှာ ၈၄ ပွဲအနိုင်နဲ့ စံချိန်ချိုးဖို့အတွက်တော့ ၉ ပွဲဆက် ထပ်မံအနိုင်ရရှိဖို့ လိုကြောင်းကိုလည်း ရေးသားထားခဲ့ပါသေးတယ်။

ယင်းနောက်မှာမှ Team Secret တို့ဟာ Team Liquid ကို OGA Dota PIT 2020 Online: Europe/CIS ဂရင်းဖိုင်နယ်မှာ ၃ ပွဲပြတ်အနိုင်ရရှိသွားခဲ့တာပါ။ ဒါ့အပြင် မကြာသေးမီက ယှဉ်ပြိုင်ခဲ့တဲ့ ESL One Birmingham 2020 Online ရဲ့ ပွဲဦးထွက်မှာလည်း Team Liquid ကို ၂ ပွဲပြတ် ထပ်မံအနိုင်ရရှိခဲ့ပြန်ပါတယ်။

ဒါကြောင့် လက်ရှိအနေအထားအရ Team Secret တို့ဟာ Newbee နဲ့ Alliance တို့ရဲ့ စံချိန်နဲ့ တူညီဖို့အတွက် နောက်ထပ် ၂ ပွဲသာ ထပ်မံအနိုင်ရရှိဖို့လိုပြီး စံချိန်ချိုးဖို့အတွက် နောက်ထပ် ၄ ပွဲသာ ထပ်မံအနိုင်ရရှိဖို့ လိုပါတော့တယ်။ ဒါကြောင့် Team Secret အနေနဲ့ မကြာမီယှဉ်ပြိုင်ကစားရမယ့် Gambit esports နဲ့ BO3 ပွဲမှာ ၂ ပွဲပြတ်အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။

Gambit နဲ့အပြီးမှာတော့ Team Secret တို့ဟာ Team Unique နဲ့ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပြီး ယင်းပွဲစဉ်များကိုတော့ မေလ ၂၇ ရက်နေ့မှာမှ ကြည့်ရှုနိုင်ကြမှာပါ။ Team Secret ဟာ Dota 2 လောကမှာ ရွှေထီးဆောင်းခဲ့တဲ့အသင်းကြီးများရဲ့ စံချိန်ကို ချိုးနိုင်မလားဆိုတာ ပရိသတ်များ ဆက်လက် စောင့်ကြည့် နိုင်ကြဖို့ အတွက် ဖော်ပြပေးလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming


[ZawGyi]

Dota2 သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ အံ့မခန္း ႏိုင္ပြဲရရွိမႈမ်ားနဲ႔ စံခ်ိန္သစ္တင္ႏိုင္ေတာ့မယ့္ Team Secret

 

မၾကာေသးမီက က်င္းပခဲ့တဲ့ OGA Dota PIT 2020 Online: Europe/CIS ၿပိဳင္ပြဲရဲ႕ ဂရင္းဖိုင္နယ္မွာ Team Secret က Team Liquid ကို ၃ ပြဲျပတ္အႏိုင္ရရွိၿပီး ဗိုလ္စြဲသြားခဲ့တဲ့အေၾကာင္းကို အားလုံးလည္း သတိထားမိၾကမွာပါ။ Team Secret ဟာ ယင္းၿပိဳင္ပြဲအတြင္းမွာ ၁၅ ပြဲဆက္အႏိုင္ရရွိထားခဲ့သလို ေနာက္ဆုံးယွဥ္ၿပိဳင္ကစားခဲ့တဲ့ ၃၆ ပြဲအတြင္းမွာလည္း ၃၅ ပြဲအထိ အႏိုင္ရရွိထားခဲ့လို႔ လက္ရွိကမာၻ႔ Dota 2 ေလာကရဲ႕ ၿပိဳင္စံရွားအသင္းႀကီးအျဖစ္ ရပ္တည္လ်က္ရွိပါတယ္။

Dota 2 statsman နဲ႔ Analyst တစ္ဦးျဖစ္သူ Noxville က Team Secret နဲ႔ ပတ္သက္တဲ့ပို႔စ္တစ္ခုကို မၾကာေသးမီက တြစ္တာေပၚမွာ တင္ခဲ့ပါတယ္။ ယင္းပို႔စ္အတြင္းမွာေတာ့ Team Secret ဟာ ယင္းတို႔ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲ ၁၀၀ အတြင္းမွာ စုစုေပါင္း ၈၂ ပြဲ အႏိုင္ရရွိထားခဲ့ၿပီး Dota 2 သမိုင္းေၾကာင္း တစ္ေလွ်ာက္မွာ ယင္းအေရအတြက္ထက္ သာလြန္တာဆိုလို႔ ၂၀၁၆ က Newbee နဲ႔ ၂၀၁၃ က Alliance တို႔ ရရွိထားခဲ့တဲ့ ပြဲ ၁၀၀ မွာ ၈၃ ပြဲႏိုင္ စံခ်ိန္သာရွိေတာ့ေၾကာင္း ေရးသားထားခဲ့ပါတယ္။

ဒါ့အျပင္ Noxville က Team Secret ဟာ Newbee နဲ႔ Alliance တို႔ တင္ထားခဲ့တဲ့ စံခ်ိန္နဲ႔ တူညီဖို႔အတြက္ ၇ ပြဲဆက္ ထပ္မံအႏိုင္ရရွိဖို႔ လိုၿပီး ပြဲ ၁၀၀ မွာ ၈၄ ပြဲအႏိုင္နဲ႔ စံခ်ိန္ခ်ိဳးဖို႔အတြက္ေတာ့ ၉ ပြဲဆက္ ထပ္မံအႏိုင္ရရွိဖို႔ လိုေၾကာင္းကိုလည္း ေရးသားထားခဲ့ပါေသးတယ္။

ယင္းေနာက္မွာမွ Team Secret တို႔ဟာ Team Liquid ကို OGA Dota PIT 2020 Online: Europe/CIS ဂရင္းဖိုင္နယ္မွာ ၃ ပြဲျပတ္အႏိုင္ရရွိသြားခဲ့တာပါ။ ဒါ့အျပင္ မၾကာေသးမီက ယွဥ္ၿပိဳင္ခဲ့တဲ့ ESL One Birmingham 2020 Online ရဲ႕ ပြဲဦးထြက္မွာလည္း Team Liquid ကို ၂ ပြဲျပတ္ ထပ္မံအႏိုင္ရရွိခဲ့ျပန္ပါတယ္။

ဒါေၾကာင့္ လက္ရွိအေနအထားအရ Team Secret တို႔ဟာ Newbee နဲ႔ Alliance တို႔ရဲ႕ စံခ်ိန္နဲ႔ တူညီဖို႔အတြက္ ေနာက္ထပ္ ၂ ပြဲသာ ထပ္မံအႏိုင္ရရွိဖို႔လိုၿပီး စံခ်ိန္ခ်ိဳးဖို႔အတြက္ ေနာက္ထပ္ ၄ ပြဲသာ ထပ္မံအႏိုင္ရရွိဖို႔ လိုပါေတာ့တယ္။ ဒါေၾကာင့္ Team Secret အေနနဲ႔ မၾကာမီယွဥ္ၿပိဳင္ကစားရမယ့္ Gambit esports နဲ႔ BO3 ပြဲမွာ ၂ ပြဲျပတ္အႏိုင္ရရွိဖို႔ လိုအပ္ေနပါတယ္။

Gambit နဲ႔အၿပီးမွာေတာ့ Team Secret တို႔ဟာ Team Unique နဲ႔ ယွဥ္ၿပိဳင္ကစားၾကရမွာျဖစ္ၿပီး ယင္းပြဲစဥ္မ်ားကိုေတာ့ ေမလ ၂၇ ရက္ေန႔မွာမွ ၾကည့္ရႈႏိုင္ၾကမွာပါ။ Team Secret ဟာ Dota 2 ေလာကမွာ ေ႐ႊထီးေဆာင္းခဲ့တဲ့အသင္းႀကီးမ်ားရဲ႕ စံခ်ိန္ကို ခ်ိဳးႏိုင္မလားဆိုတာ ပရိသတ္မ်ား ဆက္လက္ ေစာင့္ၾကည့္ ႏိုင္ၾကဖို႔ အတြက္ ေဖာ္ျပေပးလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming