Team Secret ရဲ့ Pro ကစားသမားဖြစ်ခွင့် ရရှိနိုင်မယ့် Scouting Grounds “Wild Rift” ပြိုင်ပွဲ

 

နာမည်​ကျော် Esports အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ Team Secret ဟာ Wild Rift pro ကစားသမား ဖြစ်ချင်သူများအတွက် အထူးအခွင့်အရေးတစ်ခုကို မကြာသေးမီက ကြေညာခဲ့ပါတယ်။ အဲဒါကတော့ ယင်းတို့ ကြီးမှူးကျင်းပမယ့် Scouting Grounds Wild Rift ပြိုင်ပွဲအကြောင်းပဲဖြစ်ပြီး ဒီပြိုင်ပွဲကနေ အသင်းအတွက် လက်ရွေးစင် ကစားသမားများကို ရွေးချယ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Team Secret ရဲ့ ကန့်သတ်ချက်များအရ ပြီးခဲ့တဲ့ Season 0 အတွင်း အနည်းဆုံး Diamond 1 ရောက်ဖူးသူ သို့မဟုတ် ယခု Season 1 မှာ အနည်းဆုံး Diamond 2 ရောက်နေသူများသာ ဒီပြိုင်ပွဲကို ဝင်ရောက်ခွင့်ရရှိနိုင်မှာဖြစ်ပြီး အရှေ့တောင်အာရှအတွင်း နေထိုင်သူဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် အသက် ၁၆ နှစ်ပြည့်ပြီးသူဖြစ်ဖို့လည်း လိုအပ်သလို အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောဆိုနိုင်ရမှာလည်း ဖြစ်ပါတယ်။ ကစားသမားများဟာ အခြားအသင်းအဖွဲ့အစည်းများနဲ့ စာချုပ်ချုပ်ဆိုထားခြင်း မရှိဖို့ လိုအပ်ကြောင်းကိုလည်း ကန့်သတ်ထားပါတယ်။

ကန့်သတ်ချက်စည်းမျဥ်းစည်းကမ်းများနဲ့ ကိုက်ညီသူများဟာ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်း ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာများကို tse.gg/wildrifttryouts မှာ ဖြည့်သွင်းနိုင်ကြမှာပါ။ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပြိုင်ပွဲ စတင်မှာဖြစ်ပြီး ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၁,၀၀၀ ပေးအပ်သွားမှာဖြစ်ကြောင်းကိုလည်း ကြေညာထားပါတယ်။

Team Secret ရဲ့ ပြိုင်ပွဲကျင်းပသွားမယ့် အစီအစဥ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၆ ရက်နေ့ – ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာလက်ခံခြင်း

ဇန်နဝါရီလ ၂၂ ရက်နေ့ – အုပ်စုပွဲစဥ်များ ( Stream ထုတ်လွှင့်ပြသမည် မဟုတ်ပါ)

ဇန်နဝါရီလ ၂၃ ရက်နေ့ – ကွာတားဖိုင်နယ် (Team Secret ၏ Facebook နဲ့ YouTube တို့ပေါ်တွင် steam တိုက်ရိုက်ထုတ်လွှင့်ပြသမည်)

ဇန်နဝါရီလ ၂၄ ရက်နေ့ – ဆီမီးဖိုင်နယ်နှင့် ဂရင်းဖိုင်နယ် (Team Secret ၏ Facebook နဲ့ YouTube တို့ပေါ်တွင် steam တိုက်ရိုက်ထုတ်လွှင့်ပြသမည်)

ဒီပြိုင်ပွဲမှာ အနိုင်ရရှိတဲ့အသင်းဟာ ဆုကြေးငွေ ဒေါ်လာ ၅၀၀ အထိ ဆွတ်ခူးနိုင်မှာဖြစ်ကြောင်းကိုလည်း Team Secret က ကြေညာထားပါတယ်။ ပါဝင်စမ်းသပ်ကစားလိုသူများအတွက် Team Secret ရဲ့ Scouting Grounds Wild Rift ပြိုင်ပွဲ မကြာမီ ကျင်းပတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ Esports အ​ကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: oneesports.gg, Team Secret facebook