[Unicode]

Team Secret ရဲ့ PUBG Mobile လူစာရင်းအသစ်

 

အင်အားကြီး Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Team Secret ရဲ့ Dota 2 အသင်းဟာ ပရိသတ်များကြားမှာ ရေပန်းစားလှတဲ့ အသင်းတစ်သင်းပါ။ Team Secret ဟာ PUBG Mobile ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် PUBGM အသင်းသားသစ်စာရင်းကို မကြာသေးမီက ကြေညာခဲ့ပါတယ်။ ယင်း PUBG Mobile အသင်းဟာ မလေးရှားနိုင်ငံမှာ အခြေစိုက်မယ်လို့လည်း ဆိုပါတယ်။

From the left: iSH0TZ, MADTOI, BiuBiu and Hyqul.

အသစ်ကြေညာလိုက်တဲ့ စာရင်းထဲမှာ ပါဝင်လာခဲ့တဲ့ ကစားသမားများကတော့ BiuBiu, MADTOI, iSH0TZ နဲ့ Hyqul တို့ပါ။ ယင်းတို့ထဲမှာမှ iSH0TZ ဟာ PMCO Fall Split Global Finals ပြိုင်ပွဲမှာ အဆင့် ၁၀ နဲ့ ၁၁ နေရာကို ပူးတွဲရရှိခဲ့တဲ့ Yoodo Gank အသင်းက ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး MADTOI ကတော့ ယင်းပြိုင်ပွဲမှာပဲ အဆင့် ၄ နေရာ ရရှိခဲ့တဲ့ ILLUMINATE The Murder ရဲ့ အသင်းသားဟောင်းတစ်ဦးပါ။

ပြိုင်ပွဲအတွေ့အကြုံများ ပြည့်ဝကြတဲ့ ကစားသမားများနဲ့ ပါဝင်ဖွဲ့စည်းထားတာကြောင့် Team Secret ရဲ့ PUBG Mobile အသင်းသစ်ဟာ အလားအလာကောင်းမယ်လို့ ယူဆရပါတယ်။ လက်ရှိအချိန်မှာတော့ အသင်းသားများဟာ မကြာခင်မှာ ကျင်းပတော့မယ့် PUBG Mobile Pro League ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မလေးရှားနိုင်ငံမှာ စခန်းသွင်းလေ့ကျင့်နေကြပါတယ်။

“အကြာကြီးလေ့ကျင့်ကြပေမယ့် ပင်ပန်းတယ်လို့ မခံစားမိကြပါဘူး။ အသင်းတစ်သင်းလုံးဟာ လာမယ့်ပြိုင်ပွဲကို အနိုင်ရဖို့အတွက် အလွန်စိတ်အားထက်သန်နေကြပါတယ်” လို့ အသင်းခေါင်းဆောင်ဖြစ်သူ BiuBiu က ပြောပါတယ်။ လက်ရှိမှာ အသင်းသားများဟာ တစ်နေ့ကို အနည်းဆုံး ၁၀ နာရီ လေ့ကျင့်နေကြတဲ့အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

The secret is out. Announcing our 2020 line-up for #SecretPUBGM! Our full squad will be streaming live tonight at 8PM,…

Posted by Team Secret on Monday, 20 January 2020

PUBG Mobile ဟာ ယခု ၂၀၂၀ မှာ ပြုလုပ်မယ့်ပြိုင်ပွဲများအတွက် ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၅ သန်းကျော်ချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း ယခင်က ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အင်အားကြီး Esports အသင်းများရဲ့ ရုန်းကန်လှုပ်ရှားနေမှုများနဲ့အတူ မိုဘိုင်းလ် Esports လောကဟာလည်း မေ့ထားလို့ မရအောင် တစ်ရွေ့ရွေ့တိုးတက်လာနေပြီပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

source: egg.network


[Zawgyi]

Team Secret ရဲ႕ PUBG Mobile လူစာရင္းအသစ္

 

အင္အားႀကီး Esports အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Team Secret ရဲ႕ Dota 2 အသင္းဟာ ပရိသတ္မ်ားၾကားမွာ ေရပန္းစားလွတဲ့ အသင္းတစ္သင္းပါ။ Team Secret ဟာ PUBG Mobile ၿပိဳင္ပြဲမ်ားကို ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္ PUBGM အသင္းသားသစ္စာရင္းကို မၾကာေသးမီက ေၾကညာခဲ့ပါတယ္။ ယင္း PUBG Mobile အသင္းဟာ မေလးရွားႏိုင္ငံမွာ အေျခစိုက္မယ္လို႔လည္း ဆိုပါတယ္။

From the left: iSH0TZ, MADTOI, BiuBiu and Hyqul.

အသစ္ေၾကညာလိုက္တဲ့ စာရင္းထဲမွာ ပါဝင္လာခဲ့တဲ့ ကစားသမားမ်ားကေတာ့ BiuBiu, MADTOI, iSH0TZ နဲ႔ Hyqul တို႔ပါ။ ယင္းတို႔ထဲမွာမွ iSH0TZ ဟာ PMCO Fall Split Global Finals ၿပိဳင္ပြဲမွာ အဆင့္ ၁၀ နဲ႔ ၁၁ ေနရာကို ပူးတြဲရရွိခဲ့တဲ့ Yoodo Gank အသင္းက ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး MADTOI ကေတာ့ ယင္းၿပိဳင္ပြဲမွာပဲ အဆင့္ ၄ ေနရာ ရရွိခဲ့တဲ့ ILLUMINATE The Murder ရဲ႕ အသင္းသားေဟာင္းတစ္ဦးပါ။

ၿပိဳင္ပြဲအေတြ႕အႀကဳံမ်ား ျပည့္ဝၾကတဲ့ ကစားသမားမ်ားနဲ႔ ပါဝင္ဖြဲ႕စည္းထားတာေၾကာင့္ Team Secret ရဲ႕ PUBG Mobile အသင္းသစ္ဟာ အလားအလာေကာင္းမယ္လို႔ ယူဆရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အသင္းသားမ်ားဟာ မၾကာခင္မွာ က်င္းပေတာ့မယ့္ PUBG Mobile Pro League ကို ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္ မေလးရွားႏိုင္ငံမွာ စခန္းသြင္းေလ့က်င့္ေနၾကပါတယ္။

“အၾကာႀကီးေလ့က်င့္ၾကေပမယ့္ ပင္ပန္းတယ္လို႔ မခံစားမိၾကပါဘူး။ အသင္းတစ္သင္းလုံးဟာ လာမယ့္ၿပိဳင္ပြဲကို အႏိုင္ရဖို႔အတြက္ အလြန္စိတ္အားထက္သန္ေနၾကပါတယ္” လို႔ အသင္းေခါင္းေဆာင္ျဖစ္သူ BiuBiu က ေျပာပါတယ္။ လက္ရွိမွာ အသင္းသားမ်ားဟာ တစ္ေန႔ကို အနည္းဆုံး ၁၀ နာရီ ေလ့က်င့္ေနၾကတဲ့အေၾကာင္းကိုလည္း ေျပာခဲ့ပါေသးတယ္။

The secret is out. Announcing our 2020 line-up for #SecretPUBGM! Our full squad will be streaming live tonight at 8PM,…

Posted by Team Secret on Monday, 20 January 2020

PUBG Mobile ဟာ ယခု ၂၀၂၀ မွာ ျပဳလုပ္မယ့္ၿပိဳင္ပြဲမ်ားအတြက္ ဆုေၾကးေငြစုစုေပါင္း ေဒၚလာ ၅ သန္းေက်ာ္ခ်ီးျမႇင့္ေပးသြားမွာျဖစ္ေၾကာင္း ယခင္က ေၾကညာခဲ့ၿပီးျဖစ္ပါတယ္။ အင္အားႀကီး Esports အသင္းမ်ားရဲ႕ ႐ုန္းကန္လႈပ္ရွားေနမႈမ်ားနဲ႔အတူ မိုဘိုင္းလ္ Esports ေလာကဟာလည္း ေမ့ထားလို႔ မရေအာင္ တစ္ေ႐ြ႕ေ႐ြ႕တိုးတက္လာေနၿပီပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

source: egg.network