[Unicode]

CS: GO အသင်းသစ်ဖွဲ့စည်းလိုက်တဲ့ Team Secret

 

Team Secret ဟာ ဥရောပ CS: GO အသင်းတစ်သင်းဖြစ်တဲ့ m1x ရဲ့ roster ကို ခေါ်ယူခဲ့ပြီး CS: GO လောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ အမျိုးသမီး CS: GO အသင်းကို ၂၀၁၇ ထဲက ဖျက်သိမ်းထားခဲ့တဲ့ Team Secret ဟာ ဒီလို ပြန်လည်ဝင်ရောက်လာဖို့ ၂ နှစ်ကျော်ကြာမြင့်ခဲ့ပါတယ်။ m1x ဟာ ပြီးခဲ့တဲ့လများအတွင်း အခြေအနေကောင်းနေခဲ့တာဖြစ်ပြီး ECS Week 8 အပြီးမှာ ranking ၄၃ နေရာအထိ ခုန်တက်လာနိုင်ခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။

ယခုအချိန် Team Secret ရဲ့ roster အနေနဲ့ juanflatroo, sinnopsyy, tudsoN, rigoN နဲ့ anarkez တို့ ပါဝင်ပါတယ်။ juanflatroo ဟာ ဒီနှစ်အစောပိုင်းမှာ Windigo နဲ့ LDLC တို့လို အသင်းများနဲ့ ဆက်နွယ်နေခဲ့တဲ့ကစားသမားတစ်ဦးဖြစ်သလို ESEA MDL အတွင်းမှာလည်း Pheonix အသင်းမှာ ကာလအတန်ကြာ ကစားခဲ့ဖူးပါတယ်။

ဆွစ်ဇာလန်ကစားသမားတစ်ဦးဖြစ်တဲ့ rigoN ဟာဆိုရင်လည်း A1 Adria League Season 4 Finals များအတွင်းမှာ လူအများကို အံ့အားသင့်စေနိုင်လောက်တဲ့ထိ ကောင်းမွန်ခဲ့သူတစ်ဦးပါ။ သူ ပါဝင်ကစားခဲ့တဲ့ uNIQUE အသင်းဟာ ပြိုင်ပွဲအပြီးမှာ ဒုတိယနေရာကို ရယူထားနိုင်ခဲ့ပါတယ်။

Dota 2 မှာ နာမည်ကြီးလှတဲ့ Team Secret အနေနဲ့ အမျိုးသား CS: GO အသင်းဖွဲ့စည်းတာကတော့ ယခုအကြိမ်ဟာ ပထမဆုံးပါ။ ၂၀၁၆ တုန်းကတော့ အမျိုးသမီး CS: GO အသင်းဖြစ်တဲ့ WRTP ရဲ့ roster ကို ခေါ်ယူခဲ့ဖူးပါတယ်။ ထိုစဉ်က ယင်းအမျိုးသမီး roster ဟာ Copenhagen Games title များကို ဆက်တိုက်အနိုင်ရခဲ့သလို ESWC crown နဲ့ Intel Challenge Katowice trophy တစ်ခုစီကိုလည်း ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Team Secret ကနေ ထွက်ခွာသွားခဲ့ပါတယ်။

Team Secret last CSGO team

“CS: GO နယ်ပယ်ကို ကျွန်တော်တို့ အချိန်ယူလေ့လာနေခဲ့တာ ၆ လလောက်ရှိသွားပါပြီ။ ဒီနှစ်အကုန် နောက်နှစ်အကူးမှာ အလားအလာကောင်းများရှိပြီး ငယ်ရွယ်သူများဖြစ်ကြတဲ့ ယခု roster ကို စတင်မိတ်ဆက်ရတာ ကျွန်တော်တို့ အလွန်ဝမ်းမြောက်လှပါတယ်။” လို့ Team Secret ရဲ့ CEO ဖြစ်သူ John Yao က ကြေညာချက်အတွင်းမှာ ပြောကြားသွားခဲ့ပါတယ်။

Team Secret ရဲ့ roster အသစ်ဟာ Qi Banja Luka Europe closed qualifier ရဲ့ playoff stage အတွက် အောင်မြင်ထားခဲ့သလို ပြိုင်ပွဲအတွင်းမှာ GODSENT, Heretics နဲ့ HellRaisers တို့လို အသင်းများကို ကျော်တက်ထားနိုင်ခဲ့ပါတယ်။ CS: GO ဟာ ယခုနှစ်နှောင်းပိုင်းအတွင်းမှာ တစ်ဖန်ပြန်လည် ခေတ်စားလာတဲ့ဂိမ်းတစ်ခုမို့ နာမည်ကြီးအဖွဲ့အစည်းများက အာရုံစိုက်လျက်ရှိနေကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

Source: HLTV


[ZawGyi]

CS: GO အသင္းသစ္ဖြဲ႔စည္းလိုက္တဲ့ Team Secret

 

Team Secret ဟာ ဥေရာပ CS: GO အသင္းတစ္သင္းျဖစ္တဲ့ m1x ရဲ႕ roster ကို ေခၚယူခဲ့ျပီး CS: GO ေလာကထဲကို ျပန္လည္ဝင္ေရာက္လာခဲ့ပါတယ္။ အမ်ိဳးသမီး CS: GO အသင္းကို ၂၀၁၇ ထဲက ဖ်က္သိမ္းထားခဲ့တဲ့ Team Secret ဟာ ဒီလို ျပန္လည္ဝင္ေရာက္လာဖုိ့ ၂ ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ပါတယ္။ m1x ဟာ ျပီးခဲ့တဲ့လမ်ားအတြင္း အေျခအေနေကာင္းေနခဲ့တာျဖစ္ျပီး ECS Week 8 အျပီးမွာ ranking ၄၃ ေနရာအထိ ခုန္တက္လာႏိုင္ခဲ့တဲ့အသင္းလည္း ျဖစ္ပါတယ္။

ယခုအခ်ိန္ Team Secret ရဲ႕ roster အေနနဲ႔ juanflatroo, sinnopsyy, tudsoN, rigoN နဲ႔ anarkez တို႔ ပါဝင္ပါတယ္။ juanflatroo ဟာ ဒီႏွစ္အေစာပိုင္းမွာ Windigo နဲ႔ LDLC တို႔လို အသင္းမ်ားနဲ႔ ဆက္ႏြယ္ေနခဲ့တဲ့ကစားသမားတစ္ဦးျဖစ္သလို ESEA MDL အတြင္းမွာလည္း Pheonix အသင္းမွာ ကာလအတန္ၾကာ ကစားခဲ့ဖူးပါတယ္။

ဆြစ္ဇာလန္ကစားသမားတစ္ဦးျဖစ္တဲ့ rigoN ဟာဆုိရင္လည္း A1 Adria League Season 4 Finals မ်ားအတြင္းမွာ လူအမ်ားကို အံ့အားသင့္ေစႏိုင္ေလာက္တဲ့ထိ ေကာင္းမြန္ခဲ့သူတစ္ဦးပါ။ သူ ပါဝင္ကစားခဲ့တဲ့ uNIQUE အသင္းဟာ ျပိဳင္ပြဲအျပီးမွာ ဒုတိယေနရာကို ရယူထားႏိုင္ခဲ့ပါတယ္။

Dota 2 မွာ နာမည္ၾကီးလွတဲ့ Team Secret အေနနဲ႔ အမ်ိဳးသား CS: GO အသင္းဖြဲ႔စည္းတာကေတာ့ ယခုအၾကိမ္ဟာ ပထမဆုံးပါ။ ၂၀၁၆ တုန္းကေတာ့ အမ်ိဳးသမီး CS: GO အသင္းျဖစ္တဲ့ WRTP ရဲ႕ roster ကို ေခၚယူခဲ့ဖူးပါတယ္။ ထုိစဥ္က ယင္းအမ်ိဳးသမီး roster ဟာ Copenhagen Games title မ်ားကို ဆက္တိုက္အႏိုင္ရခဲ့သလို ESWC crown နဲ႔ Intel Challenge Katowice trophy တစ္ခုစီကိုလည္း ရရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ Team Secret ကေန ထြက္ခြာသြားခဲ့ပါတယ္။

Team Secret last CSGO team

“CS: GO နယ္ပယ္ကို ကြ်န္ေတာ္တို႔ အခ်ိန္ယူေလ့လာေနခဲ့တာ ၆ လေလာက္ရွိသြားပါျပီ။ ဒီႏွစ္အကုန္ ေနာက္ႏွစ္အကူးမွာ အလားအလာေကာင္းမ်ားရွိျပီး ငယ္ရြယ္သူမ်ားျဖစ္ၾကတဲ့ ယခု roster ကို စတင္မိတ္ဆက္ရတာ က်ြန္ေတာ္တို့ အလြန္ဝမ္းေျမာက္လွပါတယ္။” လို႔ Team Secret ရဲ႕ CEO ျဖစ္သူ John Yao က ေၾကညာခ်က္အတြင္းမွာ ေျပာၾကားသြားခဲ့ပါတယ္။

Team Secret ရဲ႕ roster အသစ္ဟာ Qi Banja Luka Europe closed qualifier ရဲ႕ playoff stage အတြက္ ေအာင္ျမင္ထားခဲ့သလို ျပိဳင္ပြဲအတြင္းမွာ GODSENT, Heretics နဲ႔ HellRaisers တို႔လို အသင္းမ်ားကို ေက်ာ္တက္ထားႏိုင္ခဲ့ပါတယ္။ CS: GO ဟာ ယခုႏွစ္ေႏွာင္းပိုင္းအတြင္းမွာ တစ္ဖန္ျပန္လည္ ေခတ္စားလာတဲ့ဂိမ္းတစ္ခုမို႔ နာမည္ၾကီးအဖြဲ႔အစည္းမ်ားက အာရုံစိုက္လ်က္ရွိေနၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: HLTV