[Zawgyi]

“Team Secret ရဲ႕ Esports branded ဘီယာ AFK”

 

ကမၻာ့ထိပ္တန္း esports အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ Team Secret ဟာ ေသာက္သုံးဖြယ္အေဖ်ာ္ယမကာသစ္ တစ္မ်ိဳးကို မၾကာေသးမီက စတင္မိတ္ဆက္လိုက္ပါတယ္။ AFK လုိ႔ အမည္ေပးထားတဲ့ ဘီယာ brand သစ္ဟာ ကမၻာ့ပထမဆုံး esports branded ဘီယာျဖစ္လာျပီး ဂိမ္းဝါသနာရွင္မ်ားနဲ႔ ပရိသတ္မ်ားအတြက္ ရည္ရြယ္ထုတ္လုပ္လိုက္တာပါ။ AFK ဘီယာကို Levante Brewery နဲ႔ Team Secret တို႔ ပူးေပါင္း ထုတ္လုပ္လိုက္တာျဖစ္ပါတယ္။

AFK ဘီယာဟာ craft beer အမ်ိဳးအစားျဖစ္ျပီး unfiltered IPA နဲ႕ ထုတ္လုပ္ထားတာမို႔ ေရႊအိုေရာင္ အဆင္းရွိသလို ဘီယာအမ်ားစုကိုေသာက္ရင္ ျဖစ္ေပၚတတ္တဲ့ ခါးသက္သက္အရသာကိုလည္း ေလ်ာ့ခ်ေပးထားတယ္လို႔ ဆိုပါတယ္။ Mosiac နဲ႔ Idaho 7 hops ျဖစ္လို့ ဘီယာရဲ႕ သင္းပ်ံ႕တဲ့ ေမြွးရနံ႔နဲ႔အတူ ထူးျခားတဲ့ သဘာဝအရသာကို ခံစားရမယ္လို႔လည္း ညႊန္းဆိုထားပါတယ္။ AFK ဘီယာကို တာဝန္ရွိရွိ ေသာက္သုံးၾကဖုိ႔ကိုလည္း ေရးသားထားပါေသးတယ္။

Michael DeThomas (Owner of Levante Brewing Company) and John Yao (CEO of Team Secret)

Team Secret ရဲ႕ official website မွာေရာ social media မ်ားပါ ေၾကညာျခင္းခံထားရတဲ့ ဒီ ဘီယာကို esports နဲ႔ သက္ဆိုင္တဲ့ အဖြဲ႔အစည္းေတြ၊ bar ေတြ၊ restaurants ေတြမွာ က်ယ္က်ယ္ျပန့္ျပန့္ ေတြ႔ျမင္လာရႏိုင္ပါတယ္။ AFK ဘီယာကို လြန္ခဲ့တဲ့လတည္းက ရွန္ဟိုင္း media ေတြနဲ႔ influencers ေတြအတြက္ နမူနာေပး ျပသျခင္းမ်ား ျပဳလုပ္ခဲ့ေပမယ့္ တရားဝင္ထုတ္လုပ္ေၾကာင္းကိုေတာ့ ယခုမွေၾကညာလိုက္တာပါ။ တစ္ကမၻာလုံးအတြက္ ျဖန္႔ခ်ိဖုိ့ ရည္ရြယ္ထားျပီး ယခုအခ်ိန္မွာ တရုတ္ေစ်းကြက္ထဲကို စတင္ေရာက္ရွိေနျပီ ျဖစ္ပါတယ္။

AFK ဘီယာကို လာမယ့္ esports ျပိဳင္ပြဲေပါင္းစုံမွာလည္း ေတြ႔ျမင္လာရႏိုင္ပါတယ္။ Team Secret ရဲ႕ ယခု ေၾကညာခ်က္ဟာ esports ေလာကနဲ႔ အေဖ်ာ္ယမကာစီးပြားေရးေလာကတို့ၾကား ပထမဆုံးဆက္ႏြယ္ေပးခ်က္ျဖစ္လာလို႔ ေစာင့္ၾကည့္သူအမ်ားက စိတ္ဝင္စားေနၾကပါတယ္။ တကယ္လို႔ AFK သာ ေအာင္ျမင္ခဲ့မယ္ဆိုရင္ ေနာက္ပိုင္းမွာ esports branded အေဖ်ာ္ယမကာအမ်ားအျပား ပိုမိုထြက္ရွိလာႏိုင္ပါတယ္။

We’re excited to announce a tremendous milestone in Team Secret’s growth as a global esports brand – by launching the…

Posted by Team Secret on Wednesday, 11 September 2019

အေဖ်ာ္ယမကာကုမၸဏီမ်ားဟာ နာမည္ေက်ာ္တီးဝိုင္းမ်ား၊ ဂီတာပညာရွင္နဲ႔ ပူးေပါင္းျပီး ဘီယာ brand သစ္မ်ား ထုတ္လုပ္တာကို တစ္ကမၻာလုံးမွာ ျမင္ေတြ႔ေနၾကရေပမယ့္ AFK လိုမ်ိဳး esports အဖြဲ႔အစည္းနဲ႔ ပူးေပါင္းထုတ္လုပ္တာမ်ိဳးကေတာ့ မရွိခဲ့ဖူးပါဘူး။ အခ်ိန္တိုအတြင္း အရွိန္အဟုန္တိုးျမင့္လာတဲ့ esports ေလာကရဲ႕ ၾသဇာသက္ေရာက္မႈကေတာ့ ကမ႓ာ့နယ္ပယ္အသီးသီးကို ေရာက္ရွိလာေနျပီပဲျဖစ္ပါေတာ့တယ္။ Esports သတင္းမ်ားနဲ႔ အေၾကာင္းအရာမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

“Team Secret ရဲ့ Esports branded ဘီယာ AFK”

 

ကမ္ဘာ့ထိပ်တန်း esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Team Secret ဟာ သောက်သုံးဖွယ်အဖျော်ယမကာသစ် တစ်မျိုးကို မကြာသေးမီက စတင်မိတ်ဆက်လိုက်ပါတယ်။ AFK လို့ အမည်ပေးထားတဲ့ ဘီယာ brand သစ်ဟာ ကမ္ဘာ့ပထမဆုံး esports branded ဘီယာဖြစ်လာပြီး ဂိမ်းဝါသနာရှင်များနဲ့ ပရိသတ်များအတွက် ရည်ရွယ်ထုတ်လုပ်လိုက်တာပါ။ AFK ဘီယာကို Levante Brewery နဲ့ Team Secret တို့ ပူးပေါင်း ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။

AFK ဘီယာဟာ craft beer အမျိုးအစားဖြစ်ပြီး unfiltered IPA နဲ့ ထုတ်လုပ်ထားတာမို့ ရွှေအိုရောင် အဆင်းရှိသလို ဘီယာအများစုကိုသောက်ရင် ဖြစ်ပေါ်တတ်တဲ့ ခါးသက်သက်အရသာကိုလည်း လျော့ချပေးထားတယ်လို့ ဆိုပါတယ်။ Mosiac နဲ့ Idaho 7 hops ဖြစ်လို့ ဘီယာရဲ့ သင်းပျံ့တဲ့ မွှေးရနံ့နဲ့အတူ ထူးခြားတဲ့ သဘာဝအရသာကို ခံစားရမယ်လို့လည်း ညွှန်းဆိုထားပါတယ်။ AFK ဘီယာကို တာဝန်ရှိရှိ သောက်သုံးကြဖို့ကိုလည်း ရေးသားထားပါသေးတယ်။

Michael DeThomas (Owner of Levante Brewing Company) and John Yao (CEO of Team Secret)

Team Secret ရဲ့ official website မှာရော social media များပါ ကြေညာခြင်းခံထားရတဲ့ ဒီ ဘီယာကို esports နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ bar တွေ၊ restaurants တွေမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်လာရနိုင်ပါတယ်။ AFK ဘီယာကို လွန်ခဲ့တဲ့လတည်းက ရှန်ဟိုင်း media တွေနဲ့ influencers တွေအတွက် နမူနာပေး ပြသခြင်းများ ပြုလုပ်ခဲ့ပေမယ့် တရားဝင်ထုတ်လုပ်ကြောင်းကိုတော့ ယခုမှကြေညာလိုက်တာပါ။ တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိဖို့ ရည်ရွယ်ထားပြီး ယခုအချိန်မှာ တရုတ်ဈေးကွက်ထဲကို စတင်ရောက်ရှိနေပြီ ဖြစ်ပါတယ်။

AFK ဘီယာကို လာမယ့် esports ပြိုင်ပွဲပေါင်းစုံမှာလည်း တွေ့မြင်လာရနိုင်ပါတယ်။ Team Secret ရဲ့ ယခု ကြေညာချက်ဟာ esports လောကနဲ့ အဖျော်ယမကာစီးပွားရေးလောကတို့ကြား ပထမဆုံးဆက်နွယ်ပေးချက်ဖြစ်လာလို့ စောင့်ကြည့်သူအများက စိတ်ဝင်စားနေကြပါတယ်။ တကယ်လို့ AFK သာ အောင်မြင်ခဲ့မယ်ဆိုရင် နောက်ပိုင်းမှာ esports branded အဖျော်ယမကာအများအပြား ပိုမိုထွက်ရှိလာနိုင်ပါတယ်။

We’re excited to announce a tremendous milestone in Team Secret’s growth as a global esports brand – by launching the…

Posted by Team Secret on Wednesday, 11 September 2019

အဖျော်ယမကာကုမ္ပဏီများဟာ နာမည်ကျော်တီးဝိုင်းများ၊ ဂီတာပညာရှင်နဲ့ ပူးပေါင်းပြီး ဘီယာ brand သစ်များ ထုတ်လုပ်တာကို တစ်ကမ္ဘာလုံးမှာ မြင်တွေ့နေကြရပေမယ့် AFK လိုမျိုး esports အဖွဲ့အစည်းနဲ့ ပူးပေါင်းထုတ်လုပ်တာမျိုးကတော့ မရှိခဲ့ဖူးပါဘူး။ အချိန်တိုအတွင်း အရှိန်အဟုန်တိုးမြင့်လာတဲ့ esports လောကရဲ့ သြဇာသက်ရောက်မှုကတော့ ကမ္ဘာ့နယ်ပယ်အသီးသီးကို ရောက်ရှိလာနေပြီပဲဖြစ်ပါတော့တယ်။ Esports သတင်းများနဲ့ အကြောင်းအရာများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။