MSC 2019 ျပိဳင္ပြဲဝင္ဖို႔ အသင့္ျဖစ္ေနတဲ့ ျမန္မာအသင္းမ်ား
အေရွ႕ေတာင္အာရွရဲ႕ အႀကီးမားဆံုး Mobile Legends ၿပိဳင္ပြဲျဖစ္တဲ့ MLBB Southeast Asia Cup 2019 ကိုေတာ့ ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕မွာ မနက္ျဖန္ကစၿပီး က်င္းပေတာ့မွာပဲ ျဖစ္ပါတယ္။ ႏိုင္ငံ ၉ ႏိုင္ငံက အသင္းေပါင္း ၁၂ သင္း၊ ဆုေၾကးေငြ စုစုေပါင္း US$ 120,000 (ျမန္မာက်ပ္ေငြ သိန္းတစ္ေထာင့္ရွစ္ရာသံုးဆယ္ေက်ာ္) အထိေပးအပ္မယ့္ ဒီၿပိဳင္ပြဲမွာေတာ့ ျမန္မာကိုယ္စားျပဳၿပီး အသင္း (၂) သင္းပါဝင္ယွဥ္ၿပိဳင္ၾကမွာပါ။
အဆုိပါအသင္းေတြကေတာ့ MPL Myanmar Season 2 ရဲ႕ ခ်န္ပီယံ “Team Resolution” နဲ႔ ဒုတိယရရွိခဲ့တဲ့ “Burmese Ghouls” တို႔ပဲ ျဖစ္ပါတယ္။


၂ သင္းလုံးဟာ ယခုအခ်ိန္မွာေတာ့ မနီလာၿမိဳ႕ ကိုေရာက္ရွိေနၿပီျဖစ္ၿပီး မနက္ျဖန္မွာ စတင္မယ့္ Group Stage အတြက္ အဆင္သင့္ျဖစ္ေနၾကပါၿပီ။ ျမန္မာအသင္းေတြရဲ႕ Group Stage သံုးသပ္ခ်က္ကိုေတာ့ ဒီမွာဖတ္႐ွဳႏိုင္ပါတယ္။
www.gamingnoodle.com/mlbb-southeast-asia-cup-2019-group-stage-preview/
ပြဲစဥ္အားလံုးကို “Mobile Legends: Bang Bang – MM” Facebook Page ကေန ေအာက္ပါ အခ်ိန္ဇယားအတိုင္း တိုက္႐ိုက္ျပသသြားမွာျဖစ္ပါတယ္။

Team Resolution နဲ႔ Burmese Ghouls ၂ သင္းလံုးကိုလည္း ေအာင္ျမင္မႈေတြရရွိၿပီး ျမန္မာ့အလံကို ႏိုင္ငံတကာစင္ျမင့္မွာ ဂုဏ္ယူဝင့္ႂကြားစြာ ကိုယ္စားျပဳႏိုင္ေစဖို႔ ဆုေတာင္းေပးအပ္ပါတယ္ ခင္ဗ်ာ။
=============================================
MSC 2019 ျပိုင်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ မြန်မာအသင်းများ
အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး Mobile Legends ပြိုင်ပွဲဖြစ်တဲ့ MLBB Southeast Asia Cup 2019 ကိုတော့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ မနက်ဖြန်ကစပြီး ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ နိုင်ငံ ၉ နိုင်ငံက အသင်းပေါင်း ၁၂ သင်း၊ ဆုကြေးငွေ စုစုပေါင်း US$ 120,000 (မြန်မာကျပ်ငွေ သိန်းတစ်ထောင့်ရှစ်ရာသုံးဆယ်ကျော်) အထိပေးအပ်မယ့် ဒီပြိုင်ပွဲမှာတော့ မြန်မာကိုယ်စားပြုပြီး အသင်း (၂) သင်းပါဝင်ယှဉ်ပြိုင်ကြမှာပါ။
အဆိုပါအသင်းတွေကတော့ MPL Myanmar Season 2 ရဲ့ ချန်ပီယံ “Team Resolution” နဲ့ ဒုတိယရရှိခဲ့တဲ့ “Burmese Ghouls” တို့ပဲ ဖြစ်ပါတယ်။


၂ သင်းလုံးဟာ ယခုအချိန်မှာတော့ မနီလာမြို့ ကိုရောက်ရှိနေပြီဖြစ်ပြီး မနက်ဖြန်မှာ စတင်မယ့် Group Stage အတွက် အဆင်သင့်ဖြစ်နေကြပါပြီ။ မြန်မာအသင်းတွေရဲ့ Group Stage သုံးသပ်ချက်ကိုတော့ ဒီမှာဖတ်ရှုနိုင်ပါတယ်။
www.gamingnoodle.com/mlbb-southeast-asia-cup-2019-group-stage-preview/
ပွဲစဉ်အားလုံးကို “Mobile Legends: Bang Bang – MM” Facebook Page ကနေ အောက်ပါ အချိန်ဇယားအတိုင်း တိုက်ရိုက်ပြသသွားမှာဖြစ်ပါတယ်။

Team Resolution နဲ့ Burmese Ghouls ၂ သင်းလုံးကိုလည်း အောင်မြင်မှုတွေရရှိပြီး မြန်မာ့အလံကို နိုင်ငံတကာစင်မြင့်မှာ ဂုဏ်ယူဝင့်ကြွားစွာ ကိုယ်စားပြုနိုင်စေဖို့ ဆုတောင်းပေးအပ်ပါတယ် ခင်ဗျာ။
Photo Credit : Burmese Ghouls & Team Resolution Facebook pages