လူစာရင်းအသစ် လက်စွမ်းအသစ်နဲ့ စောင့်ကြည့်ရမယ့် Team Nigma

 

Team Nigma ဟာ ဧပြီလ၆ရက်နေ့မှာ အသင်းရဲ့ပြောင်းလဲမှုကြီးအဖြစ် w33 ကို အသင်းရဲ့ active roster ကနေ ထုတ်ပယ်ခဲ့ပြီး 6th player အဖြစ်နဲ့ပဲ ကြေညာခဲ့ပါတယ်။ ဧပြီ၁၀ရက်နေ့မှာတော့ iLTW ကို တရားဝင်ခေါ်ယူခဲ့ပြီး အသင်းမှာ position 1/2 ဆော့ကစားစေခဲ့ပါတယ်။ iLTW ရဲ့ အဓိပ္ပာယ်ကတော့ I Love To Win ပဲဖြစ်ပါတယ်။

iLTW ဟာ professional scene မှာ ကြာပြီဖြစ်ပေမယ့်လည်း အောင်မြင်မှုကြီးကြီးမားမားတော့ ရရှိထားခဲ့ခြင်း မရှိပါဘူး။ Tier 2 အသင်းတွေလောက်မှာပဲ ကျင်လည်နေတဲ့ ကစားသမား တစ်ယောက်ပဲဖြစ်ပါတယ်။ ၂၀၁၉ မှာတော့ Team OG နဲ့ နှစ်လကျော်လောက် ကစားခဲ့ပါသေးတယ်။ အသင်းကြီးအချို့မှာလည်း Stand-in ရံဖန်ရံခါ ဝင်ကစားလေ့ရှိပါသေးတယ်။

 

iLTW ကို ခေါ်ယူခြင်းနဲ့ပတ်သက်ပြီး Nigma အသင်းရဲ့ ပရိသတ်တချို့ အားမလို အားမရ ဖြစ်ခဲ့တာလည်း တွေ့ရပါတယ်။ iLTW ဟာ Team Nigma နဲ့ အံဝင်ဂွင်ကျ ကစားသမားဖြစ်ပါ့မလားဆိုပြီး စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ အားလုံးပြန်မြင်ချင်ကြတဲ့ Miracle ရဲ့ mid role (pos2) ကိုလည်း ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။ ပြောင်းလဲမှုပြုလုပ်ပြီးပြီးချင်းမှာပဲ Team Nigma ဟာ Dream Leauge Season 15 DPC WEU မှာ Team Secret ကို 2-0 ဆိုတဲ့ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။ Secret အသင်းဟာ အဲဒီပွဲစဥ်မတိုင်ခင်မှာ Nigma အသင်းကို ခြောက်ကြိမ်ဆက်တိုက် အနိုင်ရရှိထားတာပဲဖြစ်ပါတယ်။

iLTW ဟာ သူ့ရဲ့ carry role(pos1) တာဝန်ယူနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်မလား စောင့်ကြည့်ရမှာပါ။ အမှားတချို့ရှိတတ်ပေမယ့်လည်း ကစားပုံဟာ အတော်လေးသွက်ပြီး ဆုံးဖြတ်ချက် ပြတ်သားတာတွေကိုတော့ မြင်တွေ့ခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။

Nigma ရဲ့ အဓိက ကစားသမားလို့ဆိုလိုက်တာနဲ့ Mind Control (MC) ဟာ မပါမဖြစ်ပါပဲ။ MC အဆင်ပြေပြီဆိုတာနဲ့ ပွဲတစ်ပွဲဟာ ဆော့ရတာ သက်တောင့်သက်သာရှိပြီး MC အနေနဲ့ Lane မှာတင် အဆင်မပြေရင်တော့ တစ်ပွဲလုံးဆော့ရတာ ပိုမိုခက်ခဲတာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ မမြင်ရတာကြာတဲ့ MC နဲ့ Miracle အတွဲဟာလည်း အတော်လေး ကြည့်လို့ကောင်းမှာပါ။ Carry အတွက် space တွေကို ဘယ်လိုဖန်တီးပေးကြမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

M-god လို့တင်စားခေါ်ကြတဲ့ Miracle ရဲ့ mid ဟာ ခန့်မှန်းလို့မရတဲ့ mid hero တွေ အနေနဲ့ပဲ ထွက်လာဖို့ရှိမှာပါ။ Miracle တစ်ယောက် mid မှာ ဘယ်လို hero ဆန်းဆန်းတွေနဲ့ miracle performances တွေ လုပ်ပြမလဲ အားလုံးက စိတ်ဝင်စားနေကြတာပါ။

Patch အသစ်ထွက်တာနဲ့အတူ meta တွေဟာလည်း အသစ်တွေဖြစ်တော့ Kuroky အနေနဲ့ heros Draft တွေ စမ်းချင်မှာတော့ အမှန်ပါပဲ။ Kuroky ဟာ Miracle ကို ညာလက်ရုံးတစ်ယောက်လို ယုံကြည်မှု ရှိနေတာကိုလည်း အင်တာဗျူး တော်တော်များများမှာ တွေ့ဖူးပါတယ်။

အဲ့ဒါအပြင် GH နဲ့ Miracle ရဲ့ Timing တွေဟာ ​အရင်ကတည်းက တော်တော်လေးညီခဲ့တာပါ။ Miracle Smurf acc ဆော့ရင်တောင် လိုက်ပြီး ပံ့ပိုးပေးနေတဲ့ GH တစ်ယောက်ဟာ သာမန်ထက်ပိုပြီး midlane ကို ဂရုစိုက်ပေးမယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။ ငါးယောက်လုံးရဲ့ performances တွေ စုစည်းလိုက်ရင် ဘယ်လို Team Strategy တွေ၊ ဘယ်လို Team Play တွေ ထွက်လာမလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဧပြီလ၂၁ရက်နေ့မှာတော့ Team Nigma ဟာ Team Liquid နဲ့ ဆော့ကစားရမှာပဲဖြစ်ပါတယ်။

The International (TI) အတွက် DPC Points တွေဟာ အရေးကြီးတာနဲ့အညီ Team Nigma ဟာ Carry အသစ်နဲ့ အောင်မြင်မှုဘယ်လောက်ရအောင် ယူနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းတွေထဲမှာမှ Team OG ဟာလည်း Humblegod (Ana) ပြန်လာတာနဲ့အတူ Fountain Dive တွေ စတင်လာပြီပဲဖြစ်ပါတယ်။ ဒါဟာ Dream Leauge ရဲ့ အကောင်းဆုံး Tempo တစ်ခုဖြစ်ပြီး လူစာရင်းအပြောင်းအလဲများစွာနဲ့ ပွဲစဥ်တွေဟာ အတော်လေးကြည့်ကောင်းတော့မှာပဲဖြစ်ပါတယ် . . .
#arrpu