Team Myanmar (YG) vs Team Thailand (MG Trust) ပွဲပြီးသုံးသပ်ချက်

 

IeSF World Championship 2020 Southeast Asia Finals ရဲ့ round 2 ပွဲစဉ်အနေနဲ့ မြန်မာကိုယ်စားပြု YG အသင်းနဲ့ ထိုင်းကိုယ်စားပြု MG.Trust တို့ ယှဉ်ပြိုင် ကစားခဲ့ကြတာပဲ ဖြစ်ပါတယ်။

YG အနေနဲ့ First round မှာ Phillippines ကိုယ်စားပြု Neon gaming ကို draft အသာနဲ့ ပြတ်ပြတ်သားသား ရိုက်ချခဲ့ပြီးတဲ့နောက်မှာ ပဲ ယခုလက်ရှိမှာ ပူပူနွေးနွေး SEA ရဲ့ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Among Us 2 ကို 3-0 နဲ့ အနိုင်ယူပြီး ဗိုလ်ဆွဲထားတဲ့ MG.Trust နဲ့လာတွေ့တာပဲ ဖြစ်ပါတယ်။

ထိုင်းကိုယ်စားပြု Motivate.Trust Gaming အနေနဲ့ အားထားရတဲ့ လာအိုနိုင်ငံသား Carry ကစားသမား “JaCkky”မပါဝင်လာတဲ့အပြင် အခြား နာမည်ကြီးတွေဖြစ်တဲ့ “23savage” နဲ့ “Jabz” တို့လည်း မပါဝင်ခဲ့ပါဘူး။ Carry နေရာမှာတော့ MG.Trust ကစားသမားဟောင်း Tigger ကစားခဲ့တာကို တွေ့ရပါတယ်။ Bo1 ပွဲစဉ်တွေ ဖြစ်တာနဲ့ အမျှ နှစ်သင်းလုံးအနေနဲ့ အမှားခံလို့ မရတဲ့ အတွက် သေချာပြင်ဆင်ပြီး အပိုင်နိုင်ဆုံးသော stategry တွေ ပွဲကို ချဉ်းကပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

YG အနေနဲ့ first ban slot မှာ clockwork နဲ့ learsh တို့ကို ban ခဲ့ပြီး MG.T ဘက်ကတော့ YG ရဲ့ signature hero တွေဖြစ်တဲ့ tusk နဲ့ magnus တို့ကို ban ခဲ့တာပါတယ် ။ First pick phase မှာတော့ YG ဘက်ကနေ အခုတလော lun ကိုင်နေကြဖြစ်တဲ့ snipfire နဲ့ void spirit ကို ယူခဲ့ပြီး MG.T ဘက်ကတော့ သူတို့ရဲ့ အကြမ်းဆုံး po4 အဖြစ်ဆော့နေကြဖြစ်တဲ့ tiny နဲ့ oracle တို့ကို ယူခဲ့တာပဲ ဖြစ်ပါတယ် ။

Second ban slot မှာတော့ YG ဘက်ကနေ troll warlord, doom, riki တို့ကို ban ခဲ့ပြီး MG.T ဘက်ကတော့ skilllay ရဲ့ performance အထွက်ဆုံး ဖြစ်တဲ့ earth spirit နဲ့ rubick အပြင် morphling တို့ကို ban ခဲ့တာပဲ ဖြစ်ပါတယ်။ second pick မှာတော့ MG.T အနေနဲ့ underlord ကို စယူခဲ့ပြီး YG ကတော့ young.PH ရဲ့ carry void ကို စောစောစီးစီး ထုတ်ခဲ့ပါတယ်။

YG Dota2

MG.T အနေနဲ့ကလည်း Spectre ကို ချက်ချင်းဆိုသလို ပြန်ယူခဲ့ပြီး YG ကတော့ Void နဲ့ combo တွဲဖို့ invoker ကို ယူခဲ့ပါတယ်။ Third Ban slot မှာတော့ YG အနေနဲ့ Batrider , storm spirit တို့ကို ban ခဲ့ပြီး MG.T ဘက်ကတော့ offlane hero တွေ ဖြစ်တဲ့ tidehunter , timbersaw တို့ကို ban ခဲ့ပါတယ်။ final pick မှာတော့ YG အနေနဲ့ phoenix ကိုယူခဲ့ပြီး combo wombo gaming ကို ဦးတည်ဆော့ဖို့ လာခဲ့ပါတယ်။ Last pick ရတဲ့ MG.T အနေနဲ့ကလည်း QOP ကို ယူခဲ့ပြီး အစောပိုင်း Damage output လုံလောက်စွာပေးပြီး Spectre ကို space အပြည့်အ၀ ပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။ Laning phase အတွက် Mid မှာ YG အနေနဲ့ haw ရဲ့ Invoker ကို ပေးခဲ့ပြီး MG.T ကတော့ Underlord ကို ပို့ခဲ့ပါတယ်။ bottom lane မယ်တော့ YG ဘက်ကနေ carry void နဲ့ po5 lun ရဲ့ snipfire တို့က ထွက်လာခဲ့ပြီး MG.T ကတော့ QOP offlane နဲ့ အတူ tiny ပါထွက်လာခဲ့ပါတယ်။ top lane ကတော့ YG ဘက်ကနေ void spirit offlane နဲ့ phoenix တို့ သွားခဲ့ပြီး MG.T ဘက်ကတော့ Spectre နဲ့အတူ babysitter အကြီးစား oracle တို့နဲ့ ရင်ဆိုင်လာခဲ့ပါတယ်။

ပွဲအစ 1.5 mins မှာတင် snipfire cookie combo နဲ့ first blood ယူနိုင်ခဲ့ပြီး qop အနေနဲ့လည်း lun ကို ပြန်အပါခေါ်နိုင်ခဲ့ပါတယ်။ Q E နဲ့ ဆော့နေတဲ့ haw ရဲ့ invoker အနေနဲ့လည်း mid မယ် အဆင်ပြေနေခဲ့ပြီး 2 min ကျော်ကျော် မှာတော့ mid မှာ သွေးဖင်ကပ်နေတဲ့ player 2 ယောက် အပြိုင်အဆိုင် outplay ဖို့ ကြိုးစားခဲ့ရာမှာ haw ကနေပဲ sunstrike နဲ့အတူ outplay နိုင်ခဲ့ပြီး solo kill ရယူခဲ့ပါတယ်။

ထို့နောက် 30s အကြာ မှာတော့ သွေးရော mana ရော အရမ်းနည်းသွားပြီ ဖြစ်တဲ့အတွက် tower ထဲကို ဝင် suicide လုပ်ခဲ့ပြီး တဖက်အသင်းရဲ့ mid ကို gold ရော exp ပါ ဆုံးရှုံးစေခဲ့ပါတယ်။ 7 mins ကျော်မှာတော့ MG.T အနေနဲ့ invoker ကို tiny အကူအညီနဲ့ လာ gank ခဲ့ပြီး YG ဘက်ကနေ void chrono အပြင် phoenix ပါ backup ကျပေးခဲ့ပါပေမယ့်လည်း chrono ထဲ invoker ပါ ပါသွားခဲ့ပြီး firestorm ထဲ ရောက်နေတဲ့အတွက် ပေးခဲ့ရတဲ့အပြင် ဘာမှ ပြန်မရခဲ့ပါဘူး။ 8 mins ကျော်ကျော်မှာတော့ void spirit ulti ရတဲ့အချိန်မယ် step 2 ချက်လုံးနင်းပြီး invoker ရဲ့ sunstrike အကူအညီနဲ့ spectre ကို ရယူနိုင်ခဲ့ပါတယ်။ spectre အနေနဲ့ safe lane မှာ ခက်ခဲ့တဲ့ phoenix skill 2 တွေကြောင့် last hit ယူရတာ ခက်ခဲခဲ့ပြီး void အကောင် 50 ယူပြီးချိန်မှာ 33 ကောင်ပဲ သူ့အနေနဲ့ ရခဲ့တာပါ။

Void အနေနဲ့ chrono ပြန်ပြည့်တဲ့အချိန်မှာ invoker ရဲ့ sunstrike အကူအညီနဲ့အတူ hero kill အနေနဲ့ အဆင်ပြေနေတဲ့ qop ကို ရယူနိုင်ခဲ့ပြီး 13 mins ကျော်မှာ mid ရော top tower ပါ objectives တွေ ပြီး အောင်ပါ လုပ်နိုင်ခဲ့ပါတယ်။ 16 mins ကျော်မှာတော့ invoker သေနေတာကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့တဲ့ MG.T အနေနဲ့ Young.PH ရဲ့ surprise chrono 3 men နဲ့အတူ snapfire ရဲ့ ulti ၊ phoenix ရဲ့ supernova တွေကြောင့်ပဲ tiny, oracle အပြင် mid ပါ ပေးခဲ့ရပါတယ်။

Second tower နဲ့ အရမ်းနီးတဲ့အတွက်ကြောင့် MG.T ရဲ့ qop , spectreတို့ အနေနဲ့ ချက်ချင်းဆိုသလို tp backup တွေကျလာခဲ့ပြီး void ကို ပြန်အပါခေါ်နိုင်ခဲ့ပါပေမယ့် qopကတော့ ပြန်ပေးလိုက်ရပါတယ်။ ဒီ battle မှာတော့ gold change 1500 ကျော်နဲ့ exp change 4ထောင်နီးပါး ပါ YG ဘက်က အသာရယူသွားနိုင်ခဲ့တာပါ။ ဆက်တိုက်ဆိုသလိုပဲ YG အနေနဲ့ ulti တွေ မရှိပေမယ့်လည်း surprise အနေနဲ့ spectre ကို ကောက်ဖို့ ကြိုးစားခဲ့ပေမယ့် oracle ရဲ့ healing တွေကြောင့် မအောင်မြင်ခဲ့တဲ့အပြင် support 2 ကောင်နဲ့ offlane ပါ ပြန်ပေးလိုက်ရပါတယ်။ 18 mins ကျော်မှာ YG ရဲ့ triangle ဘက်ကို smoke တက်လာခဲ့တဲ့ MG.T အနေနဲ့ smoke ပေါ်သွားခဲ့ပါတယ်။

ပြန်လိုက်ဖမ်းဖို့ကြိုးစားရင်း ကျွံလာခဲ့တဲ့ void spirit , snapfire , phoenix တို့ကို အရယူနိုင်ခဲ့ပေမယ့်လည်း chrono ပြန်ပြည့်သွားတဲ့ void ကို သတိမထားမိသွားတာကြောင့် 3 men chrono ထပ်မိခဲ့ပြီး အပြာချောင်းရနေတဲ့ invoker ရဲ့ spell တွေပါ chrono ထဲ ပစ်ထည့်လိုက်တဲ့အခါမှာတော့ 4 men ထပ်ပေးခဲ့၇ပါတော့တယ်။ oracle အနေနဲ့လည်း chrono အပြင်ဘက်ရောက်နေပြီး ulti ကို spectre ပေါ်တင် ပေးခဲ့ပေမယ့်လည်း void ရဲ့ mkb နဲ့ ခုတ်တဲ့ဒဏ်တွေ invoker cataclysm pure damage ကြား ဘယ်လိုမှ အသက်မရှင်နိုင်ခဲ့ပါဘူး။

Battle တွေ အနေနဲ့ ဆက်တိုက်ဆိုင်သလို MG.T ဘက်ကနေ ဆိုင်ဖို့ ကြိုးစားခဲ့ပြီး နောက်တကြိမ် YG ရဲ့ triangle ဘက်ကို တက်လာခဲ့ပါတယ်။ PH void အနေနဲ့ rtz ကုန်းပေါ် ရောက်နေခဲ့ပြီး smoke စားခဲ့ရတယ်ဆိုပေမယ့် YG ဘက်က phoenix ulti, snapfire ulti, void spirit နဲ့ invoker ဆီက magic damage တွေ တပြုံကြီး စားခဲ့ရတဲ့အချိန်မယ်တော့ MG.T ဘက်ကနေ teamwipe သွားပါတော့တယ်။ ဒီ battle မှာ chrono မရှိတဲ့ void ကို qop ulti, orchid , spectre ulti အကုန်ပေးသတ်ခဲ့တဲ့ အတွက် ဖိုးထောင်အနေနဲ့ အကောင်းဆုံး bait သွားနိုင်ခဲ့တာပါ။ void ပြန်ထွက်လာချိန်မယ်တော့ aegis ကို YG အနေနဲ့ ရယူနိုင်ခဲ့ပြီး ကျန်ရှိတဲ့ second tower တွေကိုပါ လိုက်လံ သိမ်းပိုက်ခဲ့ပါတယ်။

MG.T ဘက်ကတော့ battle split pushing ဘက်ကို ပြန်ဆော့ခဲ့ပေမယ့်လည်း position ကျွံလာခဲ့တဲ့ Underlord နဲ့ oracle အပြင် jungle မယ် farm နေတဲ့ Spectre ကိုပါ YG ဘက်ကနေ သတ်နိုင်ခဲ့ပါတယ်။ လက်ကျန်မိနစ် တွေမှာကတော့ YG အနေနဲ့ HG တက်ဖို့ ကြိုးစားခဲ့ပြီး အလယ် mega နဲ့ အောက်လမ်း mega ကို လွယ်လွယ်ကူကူနဲ့ ရယူနိုင်ခဲ့ပါတယ်။

နောက်ဆုံးကျန်တဲ့ top mega မှာတော့ MG.T အနေနဲ့ last battle လုပ်ခဲ့ပေမယ့်လည်း ဘယ်လိုမှ Spectre အနေနဲ့ ခုတ်ဖို့အဆင်မပြေခဲ့တဲ့အပြင် void အနေနဲ့ chrono 2 men ထပ်မိခဲ့ပြီး MG.T အနေနဲ့ position တွေပျက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် MG.T ဘက်က Spectre ပါ ထပ်ကျခဲ့ပြီး oracle bb ထုတ်လာခဲ့တဲ့ အချိန်မှာတော့ YG ဘက်က ပြန်ဆုတ်ခဲ့ပါတယ်။ YG အနေနဲ့ 3 လမ်း mega ရတဲ့အပြင် အကျအဆုံးဆိုလို့ void spirit တကောင်သာ ရှိခဲ့တာပါ။

ထို့နောက်မှာတော့ MG.T ဘက်က qop နဲ့ tiny အနေနဲ့ void ကိုသတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ဘဲ သူတို့သာ ပြန်ပေးလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ YG အနေနဲ့ throne ကို သွားရိုက်ခဲ့ပြီး ပွဲကို အနိုင်ယူနိုင်ခဲ့တယ်။

YG အနေနဲ့ အကောင်းဆုံးသော လက်စွမ်းကို ပြသနိုင်ခဲ့ပြီး မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုလက်ရှိမှာ YG အနေနဲ့ နှစ်ပွဲကစား နှစ်ပွဲ နိုင်ထားတာဖြစ်ပြီး Indo နဲ့ Vietnam တို့နဲ့ ထပ်မံ ယှဉ်ပြိုင်သွားရဦးမှာပဲ ဖြစ်ပါတယ်။
#13