[ZawGyi]

Dota2 အသင္းကို ဖ်က္သိမ္းလိုက္တဲ့ Team Liquid

 

Team Liquid ရဲ႕ တရားဝင္ Social Media ေတြကေန လြန္ခဲ့တဲ့ မိနစ္ပိုင္းအတြင္းအတြင္း အေရးႀကီး ေၾကညာခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါတယ္။ ဒါကေတာ့ သူတို႔ရဲ႕ Dota2 လူစာရင္းတစ္ခုလုံးကို အသင္းကေန ထြက္ခြာသြားတဲ့ အေၾကာင္းပဲျဖစ္ပါတယ္။ ဒါဟာ ပူပူေႏြးေႏြး TI9 ဒုတိယရထားတဲ့အသင္းရဲ႕ ပရိသတ္ေတြအတြက္သာမက တကမာၻလုံးက Dota2 ပရိသတ္ေတြအတြက္ပါ အံၾသတုန္လႈပ္သြားေစခဲ့ပါတယ္။

Dota 2 ရဲ႕ အဆင့္အျမင့္ဆုံး ၿပိဳင္ပြဲျဖစ္တဲ့ The International (TI) ၿပိဳင္ပြဲရဲ႕ ေနာက္ဆုံး (၃) ခုမွာထိပ္ဆုံး (၄) သင္းရဲ႕ အျပင္ဖက္ကို မေရာက္ဖူးေသးတဲ့ အျပင္ ခ်န္ပီယံဆု တစ္ႀကိမ္နဲ႔ ဒုတိယတစ္ႀကိမ္ပါ ရရွိထားတဲ့အထိ ေအာင္ျမင္ေနတဲ့ Dota 2 အသင္းကို ၿဖိဳဖ်က္ခဲ့ရတာကေတာ့ ေနာက္ကြယ္မွ လူမသိေသးတဲ့ အေၾကာင္းရင္း တစ္ခုခုရွိေနဦးမွာပါ။

Team Liquid Dota2 at TI9

Team Liquid က ထုတ္ျပန္ခဲ့တဲ့ ႏႈတ္ဆက္ Video ထဲမွာေတာ့ Team Liquid ရဲ႕ Founder နဲ႔ Co-CEO ျဖစ္တဲ့ Victor Goossens ကေတာ့ Team Liquid ဟာ Dota 2 ကို စိတ္မကုန္ေသးပဲ ရွိၿပီးသား အသင္း (သို႔မဟုတ္) ကစားသမားေတြကို ရွာေဖြ ေခၚယူႏိုင္ေၾကာင္း အရိပ္အႁမြက္ ေျပာဆိုခဲ့ပါတယ္။ Team Liquid ဟာ အရင္ Bulba နဲ႔ DemoN တို႔ပါဝင္တဲ့ လူစာရင္းကို ၂၀၁၄ က စြန္႔လႊတ္ခဲ့ၿပီး ၂၀၁၅ မွာ Kuroky ရဲ႕ 5Jungz ကို ျပန္လည္ေခၚယူခဲ့ဖူးတဲ့ သာဓကေတြ ရွိခဲ့ေပမယ့္ ယခုလို ေအာင္ျမင္လူႀကိဳက္မ်ားေနတဲ့ လက္ရွိ လူစာရင္းနဲ႔ လမ္းခြဲဖို႔ ဆုံးျဖတ္ခဲ့တာကေတာ့ အနည္းငယ္ ထူးဆန္းေနပါတယ္။

ေနာက္ထပ္ ရင္ခုန္ဖြယ္ သတင္းေတြကေတာ့ Team Liquid ရဲ႕ ေနာက္ဆုံး လူစာရင္းျဖစ္တဲ့ Miracle-, GH, W33, MinD_ControL, Kuroky တို႔ ၅ ေယာက္ ဘယ္ကို ခရီးဆက္ဦးလည္းဆိုတာပါပဲ။ ကစားသမားတစ္ေယာက္စီမွာ ကိုယ္ပိုင္ပရိသတ္ေတြ အျပည့္ရွိေနတဲ့အတြက္ အခုလို TI9 အၿပီး ကစားသမား အေျပာင္းအေ႐ႊ႕မွာ ဥေရာပမဟုတ္ပဲ SEA လို အေမရိက လိုေနရာေတြကို ေရာက္မလား၊ ကစားသမားေတြကပဲ Organization အသစ္တစ္ခုမွာ အတူတကြ ျမင္ေတြ႕ရဦးမလား ဆိုတာ 2019-2020 DOC First Major and Minor ပြဲအတြက္ Roster Lock ခ်မယ့္ စက္တင္ဘာ ၂၈ ရက္ေန႔အထိ အတူတူ ရင္ခုန္ၾကရေအာင္ ခင္ဗ်ာ။

 


[Unicode]

Dota2 အသင်းကို ဖျက်သိမ်းလိုက်တဲ့ Team Liquid

 

Team Liquid ရဲ့ တရားဝင် Social Media တွေကနေ လွန်ခဲ့တဲ့ မိနစ်ပိုင်းအတွင်းအတွင်း အရေးကြီး ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ သူတို့ရဲ့ Dota2 လူစာရင်းတစ်ခုလုံးကို အသင်းကနေ ထွက်ခွာသွားတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဒါဟာ ပူပူနွေးနွေး TI9 ဒုတိယရထားတဲ့အသင်းရဲ့ ပရိသတ်တွေအတွက်သာမက တကမ္ဘာလုံးက Dota2 ပရိသတ်တွေအတွက်ပါ အံသြတုန်လှုပ်သွားစေခဲ့ပါတယ်။

Dota 2 ရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲဖြစ်တဲ့ The International (TI) ပြိုင်ပွဲရဲ့ နောက်ဆုံး (၃) ခုမှာထိပ်ဆုံး (၄) သင်းရဲ့ အပြင်ဖက်ကို မရောက်ဖူးသေးတဲ့ အပြင် ချန်ပီယံဆု တစ်ကြိမ်နဲ့ ဒုတိယတစ်ကြိမ်ပါ ရရှိထားတဲ့အထိ အောင်မြင်နေတဲ့ Dota 2 အသင်းကို ဖြိုဖျက်ခဲ့ရတာကတော့ နောက်ကွယ်မှ လူမသိသေးတဲ့ အကြောင်းရင်း တစ်ခုခုရှိနေဦးမှာပါ။

Team Liquid Dota2 at TI9

Team Liquid က ထုတ်ပြန်ခဲ့တဲ့ နှုတ်ဆက် Video ထဲမှာတော့ Team Liquid ရဲ့ Founder နဲ့ Co-CEO ဖြစ်တဲ့ Victor Goossens ကတော့ Team Liquid ဟာ Dota 2 ကို စိတ်မကုန်သေးပဲ ရှိပြီးသား အသင်း (သို့မဟုတ်) ကစားသမားတွေကို ရှာဖွေ ခေါ်ယူနိုင်ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။ Team Liquid ဟာ အရင် Bulba နဲ့ DemoN တို့ပါဝင်တဲ့ လူစာရင်းကို ၂၀၁၄ က စွန့်လွှတ်ခဲ့ပြီး ၂၀၁၅ မှာ Kuroky ရဲ့ 5Jungz ကို ပြန်လည်ခေါ်ယူခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့ပေမယ့် ယခုလို အောင်မြင်လူကြိုက်များနေတဲ့ လက်ရှိ လူစာရင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာကတော့ အနည်းငယ် ထူးဆန်းနေပါတယ်။

နောက်ထပ် ရင်ခုန်ဖွယ် သတင်းတွေကတော့ Team Liquid ရဲ့ နောက်ဆုံး လူစာရင်းဖြစ်တဲ့ Miracle-, GH, W33, MinD_ControL, Kuroky တို့ ၅ ယောက် ဘယ်ကို ခရီးဆက်ဦးလည်းဆိုတာပါပဲ။ ကစားသမားတစ်ယောက်စီမှာ ကိုယ်ပိုင်ပရိသတ်တွေ အပြည့်ရှိနေတဲ့အတွက် အခုလို TI9 အပြီး ကစားသမား အပြောင်းအရွှေ့မှာ ဥရောပမဟုတ်ပဲ SEA လို အမေရိက လိုနေရာတွေကို ရောက်မလား၊ ကစားသမားတွေကပဲ Organization အသစ်တစ်ခုမှာ အတူတကွ မြင်တွေ့ရဦးမလား ဆိုတာ 2019-2020 DOC First Major and Minor ပွဲအတွက် Roster Lock ချမယ့် စက်တင်ဘာ ၂၈ ရက်နေ့အထိ အတူတူ ရင်ခုန်ကြရအောင် ခင်ဗျာ။