[Zawgyi]

တ႐ုတ္ Streaming ပလက္ေဖာင္း HUYA နဲ႔ လက္တြဲခဲ့တဲ့ Team Liquid

 

ကမာၻေက်ာ္ Esports Organization တစ္ခုျဖစ္တဲ့ Team Liquid ဟာ သူတို႔ရဲ႕ ဥေရာပနဲ႔ ေျမာက္အေမရိကမွာ အေျခစိုက္တဲ့ အသင္းမွ ကစားသမားေတြရဲ႕ Live-stream ေတြကို တ႐ုတ္ႏိုင္ငံဆီ သယ္ေဆာင္လာပါေတာ့မယ္။ Team Liquid ကစားသမားေတြရဲ႕ Twitch မွာ တိုက္႐ိုက္ေဆာ့ကစားေနပံုေတြကို တ႐ုတ္ျပည္က HUYA Platform မွာပါ အခ်ိန္နဲ႔တေျပးညီ ၾကည့္႐ွဳႏိုင္ေတာ့မွာပဲ ျဖစ္ပါတယ္။

Team Liquid ရဲ႕ website မွာေတာ့ ဒီေပါင္းစည္းမႈကို အေနာက္တိုင္း အဖြဲ႕အစည္းတစ္ခုနဲ႔ တ႐ုတ္ Platform တစ္ခုၾကား အႀကီးမားဆံုး ပူးေပါင္းမႈလို႔ ေဖာ္က်ဴးထားပါတယ္။ ထိုေပါင္းစပ္မႈဟာ ကမာၻ႔ လူဦးေရအမ်ားဆံုးနဲ႔ Esports အဖြံၿဖိဳးဆံုးျဖစ္တဲ့ တ႐ုတ္ႏိုင္ငံမွာ Team Liquid ရဲ႕ ပရိသတ္ေတြ ပိုမိုတိုးပြားေစမွာပဲ ျဖစ္ပါတယ္။

Esports အသင္းအမ်ိဳးအစားေပါင္း ၁၄ မ်ိဳးအထိ ပိုင္ဆိုင္ထားတဲ့ Team Liquid အေနနဲ႔ သူတို႔ရဲ႕ Dota2 အသင္းကေတာ့ ျမန္မာျပည္မွာ လူသိအမ်ားဆံုးပါ။ Team Liquid CSGO အသင္းဟာလည္း လက္ရွိ HLTV Ranking မွာေတာ့ ကမာၻ႕နံပါတ္တစ္အျဖစ္ ရပ္တည္ေနပါတယ္။ စစျခင္းမွာ Team Liquid ရဲ႕ League of Legends, CSGO, Apex Legends, PUBG နဲ႔ Hearthstone ကစားသမားေတြရဲ႕ live-stream ေတြကို HUYA မွာ စတင္ၾကည့္႐ွဳႏိုင္ေတာ့မွာပါ။ မၾကာခင္မွာလည္း က်န္အသင္းေတြက ကစားသမားေတြရဲ႕ live-stream ေတြပါ HUYA မွာ ၾကည့္႐ွဳႏိုင္မယ္လို႔လည္း ေၾကညာထားပါတယ္။

က်ားအစြယ္ လို႔အဓိပၸာယ္ရတဲ့ HUYA ကိုေတာ့ 2014 မွာ စတင္ခဲ့တာျဖစ္ၿပီး လက္ရွိ တ႐ုတ္ျပည္ရဲ႕ live-streaming platform market ထဲမွာေတာ့ Douyu.tv နဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္လွ်က္ရွိပါတယ္။ HUYA ရဲ႕ မိခင္ ကုမၸဏီကေတာ့ YY.com ျဖစ္ၿပီး ဗီဒီယိုကို အေျခခံတဲ့ social media တစ္ခုျဖစ္ကာ လက္ရွိအသံုးျပဳသူဦးေရ သန္း ၃၀၀ ေက်ာ္ခန္႔ ရွိပါတယ္။

=======================================

[Unicode]

တရုတ် Streaming ပလက်ဖောင်း HUYA နဲ့ လက်တွဲခဲ့တဲ့ Team Liquid

ကမ္ဘာကျော် Esports Organization တစ်ခုဖြစ်တဲ့ Team Liquid ဟာ သူတို့ရဲ့ ဥရောပနဲ့ မြောက်အမေရိကမှာ အခြေစိုက်တဲ့ အသင်းမှ ကစားသမားတွေရဲ့ Live-stream တွေကို တရုတ်နိုင်ငံဆီ သယ်ဆောင်လာပါတော့မယ်။ Team Liquid ကစားသမားတွေရဲ့ Twitch မှာ တိုက်ရိုက်ဆော့ကစားနေပုံတွေကို တရုတ်ပြည်က HUYA Platform မှာပါ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Team Liquid ရဲ့ website မှာတော့ ဒီပေါင်းစည်းမှုကို အနောက်တိုင်း အဖွဲ့အစည်းတစ်ခုနဲ့ တရုတ် Platform တစ်ခုကြား အကြီးမားဆုံး ပူးပေါင်းမှုလို့ ဖော်ကျူးထားပါတယ်။ ထိုပေါင်းစပ်မှုဟာ ကမ္ဘာ့ လူဦးရေအများဆုံးနဲ့ Esports အဖွံဖြိုးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ Team Liquid ရဲ့ ပရိသတ်တွေ ပိုမိုတိုးပွားစေမှာပဲ ဖြစ်ပါတယ်။

Esports အသင်းအမျိုးအစားပေါင်း ၁၄ မျိုးအထိ ပိုင်ဆိုင်ထားတဲ့ Team Liquid အနေနဲ့ သူတို့ရဲ့ Dota2 အသင်းကတော့ မြန်မာပြည်မှာ လူသိအများဆုံးပါ။ Team Liquid CSGO အသင်းဟာလည်း လက်ရှိ HLTV Ranking မှာတော့ ကမ္ဘာ့နံပါတ်တစ်အဖြစ် ရပ်တည်နေပါတယ်။ စစခြင်းမှာ Team Liquid ရဲ့ League of Legends, CSGO, Apex Legends, PUBG နဲ့ Hearthstone ကစားသမားတွေရဲ့ live-stream တွေကို HUYA မှာ စတင်ကြည့်ရှုနိုင်တော့မှာပါ။ မကြာခင်မှာလည်း ကျန်အသင်းတွေက ကစားသမားတွေရဲ့ live-stream တွေပါ HUYA မှာ ကြည့်ရှုနိုင်မယ်လို့လည်း ကြေညာထားပါတယ်။

ကျားအစွယ် လို့အဓိပ္ပာယ်ရတဲ့ HUYA ကိုတော့ 2014 မှာ စတင်ခဲ့တာဖြစ်ပြီး လက်ရှိ တရုတ်ပြည်ရဲ့ live-streaming platform market ထဲမှာတော့ Douyu.tv နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်လျှက်ရှိပါတယ်။ HUYA ရဲ့ မိခင် ကုမ္ပဏီကတော့ YY.com ဖြစ်ပြီး ဗီဒီယိုကို အခြေခံတဲ့ social media တစ်ခုဖြစ်ကာ လက်ရှိအသုံးပြုသူဦးရေ သန်း ၃၀၀ ကျော်ခန့် ရှိပါတယ်။

 

Source : Team Liquid website