[Zawgyi]

Dota2 အသင္းသစ္ကို ေၾကညာလိုက္တဲ့ Team Liquid

 

The International 2019 (TI9) မွာ ဒုတိယရရွိခဲ့တဲ့ Team Liquid ဟာ သူတို႔ရဲ႕ Dota2 အသင္းကို စက္တင္ဘာ ၁၃ ရက္ေနက လမ္းခြဲခဲ့ပါတယ္။
ထို သတင္းစာ Team Liquid ရဲ႕ အမာခံ ပရိသတ္ေတြကို ယူၾကံဳးမရျဖစ္ေစခဲ့ၿပီး ကစားသမားေဟာင္းေတြရဲ႕ အသင္းသစ္(ေတြ) ကိုပဲ လိုက္အားေပးရမလို Team Liquid ရဲ႕ အသင္းသစ္ကိုပဲ အားေပးရမလိုနဲ႔ ပရိသတ္ေတြကို လမ္းေတြေပ်ာက္ေစခဲ့ပါတယ္။

ထို ပရိသတ္ေတြထဲမွာမွ ဘာပဲ ျဖစ္ျဖစ္ Team Liquid ရဲ႕ Dota2 အသင္းကို ဘယ္သူေတြပဲလာလာ အပိုင္အားေပးမယ္ဆိုတဲ့ ပရိသတ္ေတြအတြက္ Team Liquid ဟာ မိနစ္ပိုင္းကပဲ သူတို႔ရဲ႕ Dota2 အသင္းသစ္ကို ေၾကညာခဲ့ပါၿပီ။

သူတို႔ရဲ႕ Dota2 အသင္းသစ္ကေတာ့ ပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသား ျဖစ္သလို TI9 ၿပိဳင္ပြဲဝင္ အသင္းတစ္သင္းလည္း ျဖစ္တဲ့ Alliance ရဲ႕ ကစားသမားေဟာင္းေတြ ကို ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။
Alliance ဟာလည္း Team Liquid နည္းတူ သူတို႔ရဲ႕ Dota2 အသင္းရဲ႕ ကစာသမားေတြအားလံုးနဲ႔ စက္တင္ဘာ ၂၆ ရက္ေန႔ကမွ လမ္းခြဲခဲ့တာပဲ ျဖစ္ပါတယ္။

Team Liquid ရဲ႕ Roster အသစ္ကေတာ့

1. miCKe
2. qojqva
3. Boxi
4. Taiga
5. iNSaNiA

တို႔ပဲ ျဖစ္ပါတယ္။

Source : Wyk

ထို ကစားသမားေတြအေနနဲ႔ TI-3 ခ်န္ပီယံေဟာင္း Alliance ကထြက္ခြာခဲ့ရေပမယ့္ TI-7 ခ်န္ပီယံေဟာင္း Team Liquid အသင္းကို ေျပာင္းေရြ႕လာတာျဖစ္ၿပီး Team Liquid အေနနဲ႔ Alliance ထက္ သူတို႔ရဲ႕ အမွတ္ တံဆိပ္ဟာ ပိုမို ေက်ာ္ၾကားပါတယ္။
Team Liquid အေနနဲ႔ TI-9 ဒုတိယအသင္းနဲ႔ လမ္းခြဲတုန္းက ပရိသတ္ေတြရဲ႕ ေဝဖန္မႈကို ခံခဲ့ရၿပီး ယခု TI-9 အဆင့္ ၁၃-၁၆ သာ ရရွိခဲ့တဲ့ Alliance ရဲ႕ ကစားသမားေဟာင္းေတြကို ေခၚယူခဲ့ျခင္းဟာလည္း ပရိသတ္ေတြအတြက္ ေမးခြန္း ထုတ္စ႐ာ ျဖစ္ေနမွာ အေသအခ်ာပါပဲ။ ဒါ့အျပင္ Team Liquid ရဲ႕ ကစာသမားေဟာင္းေတြ ျဖစ္တဲ့ W33, Miracle, GH, Kuroky, MindControl တို႔ အသင္းမွ ထြက္ခဲ့ရျခင္း အေၾကာင္းဟာ ကစာသသမားေတြ ရဲ႕ ဆံုးျဖတ္ခ်က္သာ ျဖစ္မယ္ဆိုတာ ပိုၿပီး ေသခ်ာသြားခဲ့ပါတယ္။
Team Liquid ရဲ႕ Roster အသစ္ဟာလည္း လာမယ့္ Chendu Major Europe Closed Qualifier အတြက္ Invite ရရွိထားတာမလို႔ သူတို႔ရဲ႕ လက္စြမ္းကို မၾကာခင္ အားေပးခြင့္ရေတာ့မွာပဲ ျဖစ္ပါတယ္။


[Unicode]

Dota2 အသင်းသစ်ကို ကြေညာလိုက်တဲ့ Team Liquid

 

The International 2019 (TI9) မှာ ဒုတိယရရှိခဲ့တဲ့ Team Liquid ဟာ သူတို့ရဲ့ Dota2 အသင်းကို စက်တင်ဘာ ၁၃ ရက်နေက လမ်းခွဲခဲ့ပါတယ်။
ထို သတင်းစာ Team Liquid ရဲ့ အမာခံ ပရိသတ်တွေကို ယူကြုံးမရဖြစ်စေခဲ့ပြီး ကစားသမားဟောင်းတွေရဲ့ အသင်းသစ်(တွေ) ကိုပဲ လိုက်အားပေးရမလို Team Liquid ရဲ့ အသင်းသစ်ကိုပဲ အားပေးရမလိုနဲ့ ပရိသတ်တွေကို လမ်းတွေပျောက်စေခဲ့ပါတယ်။

ထို ပရိသတ်တွေထဲမှာမှ ဘာပဲ ဖြစ်ဖြစ် Team Liquid ရဲ့ Dota2 အသင်းကို ဘယ်သူတွေပဲလာလာ အပိုင်အားပေးမယ်ဆိုတဲ့ ပရိသတ်တွေအတွက် Team Liquid ဟာ မိနစ်ပိုင်းကပဲ သူတို့ရဲ့ Dota2 အသင်းသစ်ကို ကြေညာခဲ့ပါပြီ။

သူတို့ရဲ့ Dota2 အသင်းသစ်ကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်သလို TI9 ပြိုင်ပွဲဝင် အသင်းတစ်သင်းလည်း ဖြစ်တဲ့ Alliance ရဲ့ ကစားသမားဟောင်းတွေ ကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။
Alliance ဟာလည်း Team Liquid နည်းတူ သူတို့ရဲ့ Dota2 အသင်းရဲ့ ကစာသမားတွေအားလုံးနဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကမှ လမ်းခွဲခဲ့တာပဲ ဖြစ်ပါတယ်။

Team Liquid ရဲ့ Roster အသစ်ကတော့

1. miCKe
2. qojqva
3. Boxi
4. Taiga
5. iNSaNiA

တို့ပဲ ဖြစ်ပါတယ်။

Source : Wyk

ထို ကစားသမားတွေအနေနဲ့ TI-3 ချန်ပီယံဟောင်း Alliance ကထွက်ခွာခဲ့ရပေမယ့် TI-7 ချန်ပီယံဟောင်း Team Liquid အသင်းကို ပြောင်းရွေ့လာတာဖြစ်ပြီး Team Liquid အနေနဲ့ Alliance ထက် သူတို့ရဲ့ အမှတ် တံဆိပ်ဟာ ပိုမို ကျော်ကြားပါတယ်။
Team Liquid အနေနဲ့ TI-9 ဒုတိယအသင်းနဲ့ လမ်းခွဲတုန်းက ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး ယခု TI-9 အဆင့် ၁၃-၁၆ သာ ရရှိခဲ့တဲ့ Alliance ရဲ့ ကစားသမားဟောင်းတွေကို ခေါ်ယူခဲ့ခြင်းဟာလည်း ပရိသတ်တွေအတွက် မေးခွန်း ထုတ်စရာ ဖြစ်နေမှာ အသေအချာပါပဲ။ ဒါ့အပြင် Team Liquid ရဲ့ ကစာသမားဟောင်းတွေ ဖြစ်တဲ့ W33, Miracle, GH, Kuroky, MindControl တို့ အသင်းမှ ထွက်ခဲ့ရခြင်း အကြောင်းဟာ ကစာသသမားတွေ ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်မယ်ဆိုတာ ပိုပြီး သေချာသွားခဲ့ပါတယ်။
Team Liquid ရဲ့ Roster အသစ်ဟာလည်း လာမယ့် Chendu Major Europe Closed Qualifier အတွက် Invite ရရှိထားတာမလို့ သူတို့ရဲ့ လက်စွမ်းကို မကြာခင် အားပေးခွင့်ရတော့မှာပဲ ဖြစ်ပါတယ်။