
 







=================================

[unicode]

Team Liquid ရဲ ကစားသမားသစ် ဘယ်သူဆိုတာပေါက်ကြားခဲ့တာလား?

 

joinDota website ကနေ မိနစ်ပိုင်းအတွင်းသတင်းတစ်ခု တက်လာပါတယ်။
ဒါကတော့ Team Liquid အနေနဲ့ မနေ့ကပဲ Matumbaman က Active Roster ကနေ ထွက်ခွာသွားတဲ့ သတင်းကို ကြေညာအပြီး ၂၄ နာရီ မပြည်ခင်မှာပဲ သူတို့ရဲ့ player အသစ်လို့ ယူဆရနိုင်မယ့် သတင်းတစ်ခု ပေါက်ကြားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒာကတော့ Chaos Esports က KheZu ရဲ့ Twitch မှာ Stream နေရင်း သူ့ရဲ့ Friend List စာရင်းထဲမှာ Team Training လုပ်ဖို့ Lobby တစ်ခုထဲ တူတူရောက်နေတဲ့ W33ha ကို Team Liquid ရဲ့ Player တွေနဲ့ တူတူ တွေ့လိုက်ရပါတယ်။


Team Liquid ဟာ NaVi နဲ့ Training ဆော့နေတယ်လို့ ယူဆနိုင်ပြီး Team Liquid က GH, Miracle, MinD_ContRoL နဲ့ Coach rmn ရယ် NaVi က blizzy နဲ့ Coach Mag ရယ်တို့ကို w33 နဲ့တူတူ Lobby တစ်ခုထဲ တူတူဆော့နေတာ တွေ့ရပါတယ်။ w33 ဟာ NaVi ရောက်နေတာလို့လည်း ယူဆနိုင်ပေမယ့် Carry Player အသစ် ခေါ်ယူမယ်လို့ ကြေညာထားတဲ့ Team Liquid မှာ ကစားနေတယ်ဆိုတာ ပိုပြီးတော့ ဖြစ်နိုင်ခြေများပါတယ်။
လက်ရှိအသင်းမရှိပဲ Chaos Esports ရဲ့ Active Roster ကနေ အရင်လကမှ အနားယူထားတဲ့ w33 ဟာ Team Secret, Digital Chaos, paiN Gaming စတဲ့ အသင်းတွေမှာ ကစားဖူးပြီး TI မှာ ဒုတိယဆုအထိ ရယူထားဖူးသူ တစ်ယောက်ပါ။

Epicenter Major ကလည်း ၁ ပါတ်ကျော်ကျော်သာ လိုတော့တာမလို့ မကြာခင်မှာ Team Liquid ရဲ့ Player အသစ်ကို တရားဝင် သိရှိခွင့် ရတော့မှာမလို့ “w33” ပဲ ဖြစ်မလား အများပြောနေတဲ့ “Gorgc” ပဲ ဖြစ်နေမလား တခြား ဘယ်သူမှ မထင်ထားတဲ့ တစ်ယောက်ယောက် ဖြစ်နေမလားဆိုတာ စောင့်မျှော်ပေးကျပါ ခင်ဗျာ။

 

source: joinDota