Team Secret ရဲ့ ပြိုင်ပွဲ ၈ ပွဲဆက်တိုက်နိုင်စံချိန်ကြီးကို အဆုံးသတ်လိုက်နိုင်တဲ့ Team Liquid

 

ယခုနှစ် မေလအတွင်း ကျင်းပခဲ့တဲ့ WePlay! Pushka League S1: Division 1 က စလို့ မကြာသေးမီအချိန်ထိ Team Secret ဟာ ပြိုင်ပွဲပေါင်း ၈ ပွဲကို ဂရင်းဖိုင်နယ်များမှာရှုံးပွဲမရှိ ဆက်တိုက်အနိုင်ရရှိလာခဲ့ပြီး Dota 2 လောကကို စိုးမိုးနေခဲ့တာပါ။ ဒါပေမယ့် ယခုအချိန်မှာတော့ Team Secret ကို အနိုင်ပိုင်းပြီး ပြိုင်ပွဲအတွင်းကထွက်ခွာသွားစေကာ ယင်းတို့ရဲ့စံချိန်ကို အဆုံးသတ် နိုင်ခဲ့တဲ့အသင်းတစ်သင်းပေါ်ပေါက်လာခဲ့ပါတယ်။

Team Liquid Dota2

Team Secret ရဲ့ စံချိန်ကို အဆုံးသတ်နိုင်ခဲ့တဲ့အသင်းကတော့ Team Liquid ပါ။ မကြာသေးမီက ကျင်းပခဲ့တဲ့ ESL One: Los Angeles 2020 ရဲ့ ပွဲစဉ်များမှာ Team Liquid ဟာ Team Secret ကို ၂ ပွဲပြတ်အနိုင်ရရှိပြီး ထိပ်ဆုံး ၃ နေရာကို တက်ရောက်သွားနိုင်ခဲ့ကာ Team Secret ကတော့ ပြိုင်ပွဲအတွင်းကနေ ထွက်ခွာသွားခဲ့ရပါတယ်။

ဒီလိုပြုလုပ်နိုင်ဖို့အတွက် Team Liquid အသင်းသားများဟာ အကြိတ်အနယ်ကြိုးပမ်းခဲ့ရပါတယ်။ ပထမဆုံးပွဲမှာ Team Liquid ရဲ့ offlane ကစားသမားဖြစ်သူ Boxxi ဟာ Void Spirit ကို ကိုင်တွယ်ကာ Position 4 တစ်ဦးသဖွယ်ကစားခဲ့ပြီး support ကစားသမားဖြစ်သူ Taiga ကတော့ Enigma နဲ့ offlane တစ်ဦးသဖွယ်ကစားသွားခဲ့ပါတယ်။

Game 1

ဒီအချက်ကြောင့်ပဲ Team Secret တို့ အသာစီးရနေခဲ့တဲ့ အခြေအနေကို Enigma ရဲ့ Black Hole တစ်ခုတည်းနဲ့ ပြောင်းပြန်လှန်လိုက်နိုင်တာပါ။ နောက်ပိုင်းမှာတော့ Team Liquid ဘက်က miCKe ရဲ့ Phantom Assassin က ဆက်လက် carry သွားခဲ့ပြီးနောက် တစ်ပွဲ စတင်အနိုင်ရရှိသွားခဲ့ပါတယ်။
ဒုတိယမြောက်ပွဲမှာတော့ Team Liquid ဘက်က တစ်ပွဲလုံးဦးဆောင်ကစားနေနိုင်ခဲ့တာပါ။ Boxi ရဲ့ Timbersaw ဟာ Team Secret အတွက် ကြီးမားတဲ့ဖိအားတစ်ခုဖြစ်ခဲ့သလို lane ၃ ခုလုံးမှာလည်း ကောင်းမွန်နေခဲ့ပါတယ်။ ယင်းပွဲမှာတော့ Team Secret ဘက်က ၂၅ မိနစ်တည်းနဲ့ GG ခေါ် အရှုံးပေးသွားခဲ့ပါတယ်။

Game 2

ဒါကြောင့် Dota 2 လောကမှာ အလွန်အားကောင်းတယ်လို့ သတ်မှတ်ထားခဲ့ကြတဲ့ Team Secret ရဲ့ လွှမ်းမိုးနေမှုကြီးဟာ အဆုံးသတ်သွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း Team Secret တို့ဟာ အခြားအသင်းများ ကျော်လွန်သွားဖို့ လွန်စွာခက်ခဲတဲ့စံချိန်ကြီးတစ်ခုကို တင်ခဲ့နိုင်ပြီပဲဖြစ်ပါတယ်။

Team Liquid တို့ဟာ ယခုလိုအနိုင်ရရှိသွားခဲ့တဲ့အတွက် ဥရောပ Dota 2 လောကမှာ ထိပ်ဆုံးစာရင်းဝင် များဖြစ်လာကြပါတယ်။ Dota 2 လောကအတွင်း စိုးမိုးနေခဲ့တဲ့ Team Secret ကို ရင်ဘောင်တန်းနိုင်တဲ့အသင်း ပေါ်ပေါက်လာပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming