[Unicode]

မြန်မာနိုင်ငံ ကိုယ်စားပြုပြီး GeForce Cup Pacific CSGO ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမယ့် Team Impunity

 


မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းကို ရွေးချယ်မယ့် GeForce Cup Pacific Myanmar Qualifier ကို နိုဝင်ဘာလ (၉) ရက်နေ့က တာမွေမြို့နယ်မှာရှိတဲ့ EZ Esports Center မှာ ကျင်းပခဲ့ပါတယ်။ Main Event ကိုတော့ လက်ရှိ မြန်မာ CSGO ရဲ့ ကြီးလေးကြီးလို့ ယူဆလို့ရတဲ့ Impunity, Blu Gaming, Team Fidem နဲ့ OGN Gaming တို့က တက်ရောက်နိုင်ခဲ့ပါတယ်။ Myanmar Qualifier ကိုတော့ NVIDIA GeForce Myanmar နဲ့ Tech Ace တို့မှ ကျင်းပပြုလုပ်ပြီး Colorful, Kingston, Thermaltake, NZXT နဲ့ AOC တို့ ကူညီအားဖြည့်ထားပေးပါတယ်။ ပြိုင်ပွဲကိုတော့ Vibrant Entertainment မှ စီစဉ်ပေးခဲ့ပြီး ကျွန်တော်တို့ Gaming Noodle မှလည်း Media Partner အနေနဲ့ ပါဝင်ခဲ့ပါတယ်။

Main Event နေ့ Semi-final ပထမပွဲမှာတော့ Impunity က OGN Gaming ကို Dust2 မှာ 16-9, Nuke မှာ 19-15 နဲ့ ၂ ပွဲပြတ်အနိုင်ယူပြီး Final ကို တက်ရောက်နိုင်ခဲ့ပါတယ်။ Semi-final ဒုတိယပွဲမှာတော့ Blu Gaming နဲ့ Team Fidem တို့ တွေ့ဆုံခဲ့ပြီး ပထမ ဆီမီးဖိုင်နယ်ပွဲထက် ပိုပြီး အကြိတ်အနယ် ဖြစ်ခဲ့ပါတယ်။ Team Fidem က Overpass မှာ 16-13 နဲ့ အနိုင်ယူခဲ့ပေမယ့် Blu Gaming က Inferno မှ 16-14, Dust2 မှာ 16-13 နဲ့ ပြန်လည် comeback ပြီး Grand Final ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

Second Runner-up Team Fidem
Second Runner-up OGN Gaming

Grand Final ပွဲစဉ်မှာတော့ Team Impunity နဲ့ Blu Gaming တို့တွေဆုံခဲ့ပြီး Team Impunity က Dust2 မှာ 16-11, Mirage မှာ 19-15 နဲ့ ၂ ပွဲပြတ်အနိုင်ယူပြီး အနိုင်ရဗိုလ်စွဲကာ ဆုကြေး ၁၀ သိန်းရယူနိုင်ခဲ့ပါတယ်။ ဒုတိယရရှိခဲ့တဲ့ Blu Gaming မှ ၅ သိန်း ပူးတွဲ တတိယရရှိခဲ့တဲ့ OGN Gaming နဲ့ Team Fidem တို့မှ ၂ သိန်းခွဲစီ ရရှိခဲ့ပါတယ်။

First Runnder-up Blu Gaming

ချန်ပီယံ Team Impunity ကတော့ လာမယ့် ၂၀၂၀ ဇန်နဝါရီလ မလေးရှားနိုင်ငံမှာကျင်းပမယ့် GeForce Cup Pacific Main Event ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်ခွင့်ရရှိပြီး အခြား ပစိဖိတ်ဒေသမှ အသင်းများနဲ့ ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

Champion Team Impunity

ချန်ပီယံ Team Impunity CSGO ရဲ့ လူစာရင်းကတော့ way2sexy, Kera, Marcusss, Degree နဲ့ Chrissy တို့ပဲ ဖြစ်ပါတယ်။


[ZawGyi]

ျမန္မာႏိုင္ငံ ကိုယ္စားျပဳၿပီး GeForce Cup Pacific CSGO ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ရမယ့္ Team Impunity

 


ျမန္မာႏိုင္ငံ ကိုယ္စားျပဳအသင္းကို ေ႐ြးခ်ယ္မယ့္ GeForce Cup Pacific Myanmar Qualifier ကို ႏိုဝင္ဘာလ (၉) ရက္ေန႔က တာေမြၿမိဳ႕နယ္မွာရွိတဲ့ EZ Esports Center မွာ က်င္းပခဲ့ပါတယ္။ Main Event ကိုေတာ့ လက္ရွိ ျမန္မာ CSGO ရဲ႕ ႀကီးေလးႀကီးလို႔ ယူဆလို႔ရတဲ့ Impunity, Blu Gaming, Team Fidem နဲ႔ OGN Gaming တို႔က တက္ေရာက္ႏိုင္ခဲ့ပါတယ္။ Myanmar Qualifier ကိုေတာ့ NVIDIA GeForce Myanmar နဲ႔ Tech Ace တို႔မွ က်င္းပျပဳလုပ္ၿပီး Colorful, Kingston, Thermaltake, NZXT နဲ႔ AOC တို႔ ကူညီအားျဖည့္ထားေပးပါတယ္။ ၿပိဳင္ပြဲကိုေတာ့ Vibrant Entertainment မွ စီစဥ္ေပးခဲ့ၿပီး ကြၽန္ေတာ္တို႔ Gaming Noodle မွလည္း Media Partner အေနနဲ႔ ပါဝင္ခဲ့ပါတယ္။

Main Event ေန႔ Semi-final ပထမပြဲမွာေတာ့ Impunity က OGN Gaming ကို Dust2 မွာ 16-9, Nuke မွာ 19-15 နဲ႔ ၂ ပြဲျပတ္အႏိုင္ယူၿပီး Final ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ Semi-final ဒုတိယပြဲမွာေတာ့ Blu Gaming နဲ႔ Team Fidem တို႔ ေတြ႕ဆုံခဲ့ၿပီး ပထမ ဆီမီးဖိုင္နယ္ပြဲထက္ ပိုၿပီး အႀကိတ္အနယ္ ျဖစ္ခဲ့ပါတယ္။ Team Fidem က Overpass မွာ 16-13 နဲ႔ အႏိုင္ယူခဲ့ေပမယ့္ Blu Gaming က Inferno မွ 16-14, Dust2 မွာ 16-13 နဲ႔ ျပန္လည္ comeback ၿပီး Grand Final ကို တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

Second Runner-up Team Fidem
Second Runner-up OGN Gaming

Grand Final ပြဲစဥ္မွာေတာ့ Team Impunity နဲ႔ Blu Gaming တို႔ေတြဆုံခဲ့ၿပီး Team Impunity က Dust2 မွာ 16-11, Mirage မွာ 19-15 နဲ႔ ၂ ပြဲျပတ္အႏိုင္ယူၿပီး အႏိုင္ရဗိုလ္စြဲကာ ဆုေၾကး ၁၀ သိန္းရယူႏိုင္ခဲ့ပါတယ္။ ဒုတိယရရွိခဲ့တဲ့ Blu Gaming မွ ၅ သိန္း ပူးတြဲ တတိယရရွိခဲ့တဲ့ OGN Gaming နဲ႔ Team Fidem တို႔မွ ၂ သိန္းခြဲစီ ရရွိခဲ့ပါတယ္။

First Runnder-up Blu Gaming

ခ်န္ပီယံ Team Impunity ကေတာ့ လာမယ့္ ၂၀၂၀ ဇန္နဝါရီလ မေလးရွားႏိုင္ငံမွာက်င္းပမယ့္ GeForce Cup Pacific Main Event ကို ျမန္မာႏိုင္ငံကိုယ္စားျပဳအေနနဲ႔ တက္ေရာက္ခြင့္ရရွိၿပီး အျခား ပစိဖိတ္ေဒသမွ အသင္းမ်ားနဲ႔ ယွဥ္ၿပိဳင္ရေတာ့မွာပဲ ျဖစ္ပါတယ္။

Champion Team Impunity

ခ်န္ပီယံ Team Impunity CSGO ရဲ႕ လူစာရင္းကေတာ့ way2sexy, Kera, Marcusss, Degree နဲ႔ Chrissy တို႔ပဲ ျဖစ္ပါတယ္။