wild rift

Team Secret ရဲ့ Pro ကစားသမားဖြစ်ခွင့် ရရှိနိုင်မယ့် Scouting Grounds “Wild Rift” ပြိုင်ပွဲ

Team Secret ရဲ့ Pro ကစားသမားဖြစ်ခွင့် ရရှိနိုင်မယ့် Scouting Grounds “Wild Rift” ပြိုင်ပွဲ   နာမည်​ကျော် Esports အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ Team Secret ဟာ Wild Rift pro ကစားသမား ဖြစ်ချင်သူများအတွက် အထူးအခွင့်အရေးတစ်ခုကို မကြာသေးမီက ကြေညာခဲ့ပါတယ်။ အဲဒါကတော့ ယင်းတို့ ကြီးမှူးကျင်းပမယ့် Scouting Grounds Wild Rift ပြိုင်ပွဲအကြောင်းပဲဖြစ်ပြီး ဒီပြိုင်ပွဲကနေ အသင်းအတွက် လက်ရွေးစင် ကစားသမားများကို ရွေးချယ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ Team Secret ရဲ့ ကန့်သတ်ချက်များအရ ပြီးခဲ့တဲ့ Season 0 အတွင်း အနည်းဆုံး Diamond 1 ရောက်ဖူးသူ သို့မဟုတ် ယခု Season …

Team Secret ရဲ့ Pro ကစားသမားဖြစ်ခွင့် ရရှိနိုင်မယ့် Scouting Grounds “Wild Rift” ပြိုင်ပွဲ Read More »

League of Legends ရဲ့ Season 2021 အဖွင့် Livestream မှာ ကြေညာခဲ့တဲ့ Wild Rift အနာဂတ်အစီအစဥ်များ

League of Legends ရဲ့ Season 2021 အဖွင့် Livestream မှာ ကြေညာခဲ့တဲ့ Wild Rift အနာဂတ်အစီအစဥ်များ   Riot Games ဟာ League of Legends YouTube ချန်နယ်ပေါ်မှာ Season 2021 အဖွင့် livestream တစ်ခုကို မကြာသေးမီက လွှင့်တင်ခဲ့ပြီး ယခု ၂၀၂၁ ခုနှစ်အတွင်း PC ပေါ်က League of Legends, Wild Rift, Legends of Runeterra နဲ့ Teamfight Tactics တို့အတွက် ပြုလုပ်သွားမယ့် အနာဂတ်အစီအစဉ်များအ​ကြောင်း ထုတ်ဖော် ကြေညာသွားခဲ့ပါတယ်။ ယင်းဗီဒီယိုအတွင်း Wild Rift အစီအစဉ်များအကြောင်း ရှင်းလင်းပြောကြား …

League of Legends ရဲ့ Season 2021 အဖွင့် Livestream မှာ ကြေညာခဲ့တဲ့ Wild Rift အနာဂတ်အစီအစဥ်များ Read More »

Wild Rift ပေါ်မှာပဲ ကစားနိုင်မယ့် သီးသန့် ချန်ပီယံသစ်များ အနာဂတ်မှာ ထွက်ပေါ်လာနိုင်

Wild Rift ပေါ်မှာပဲ ကစားနိုင်မယ့် သီးသန့် ချန်ပီယံသစ်များ အနာဂတ်မှာ ထွက်ပေါ်လာနိုင်   မကြာသေးမီက ပြုလုပ်ခဲ့တဲ့ areajugones ရဲ့ အင်တာဗျူးတစ်ခုမှာ Wild Rift ရဲ့ ဂိမ်းဒီဇိုင်းပိုင်းဆိုင်ရာ ဦးဆောင်သူ Brian “Feral Pony” Feeney က ဂိမ်းနဲ့ ပတ်သက်တဲ့ မေးခွန်းများနဲ့ အကြောင်းအရာများကို ဖြေကြားသွားခဲ့ပါတယ်။ Feral Pony ဖြေကြားသွားခဲ့တဲ့ အချက်များ အတွင်း Wild Rift ရဲ့ အနာဂတ်မှာ ပါဝင်လာမယ့် ချန်ပီယံများ၊ သီးသန့် ချန်ပီယံသစ်များ၊ matchmaking ဆိုင်ရာ အကြောင်းအရာများ အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။ Feral Pony ရဲ့ အဆိုအရ ယခုအချိန်မှာ Wild Rift အတွင်း …

Wild Rift ပေါ်မှာပဲ ကစားနိုင်မယ့် သီးသန့် ချန်ပီယံသစ်များ အနာဂတ်မှာ ထွက်ပေါ်လာနိုင် Read More »

LoL: Wild Rift မှာ Beginner များအနေနဲ့ကိုင်တွယ်ရန် ခက်ခဲမည့် ချန်ပီယံများ

LoL: Wild Rift မှာ Beginner များအနေနဲ့ကိုင်တွယ်ရန် ခက်ခဲမည့် ချန်ပီယံများ   ပရိသတ်များစောင့်မျှော်နေခဲ့ကြတဲ့ League of Legends: Wild Rift မိုဘိုင်းလ်ဂိမ်းဟာ လက်ရှိအချိန်မှာ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံများအတွင်း regional closed beta ပြုလုပ်နေပြီး ဆက်လက်စမ်းသပ်လျက်ရှိပါတယ်။ Wild Rift တရားဝင်ထွက်ရှိဖို့အချိန်ဟာ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်လို့ closed beta အတွင်းဝင်ရောက်ကစားလိုသူများနဲ့ စိတ်ဝင်တစားလေ့လာနေကြသူများ တစ်နေ့ထက်တစ်နေ့များပြားလာတာကိုလည်း တွေ့မြင်နေကြရပါတယ်။ ယခု closed beta မှာလည်း မိမိရဲ့ playstore account ကို VPN ကျော်သုံးပြီး ပြည်တွင်းမှာ စမ်းသပ်ကစားကြည့်နေတဲ့ ကစားသမား အမြောက်အများလည်း ရှိနေပြီးသလို လာမယ့် …

LoL: Wild Rift မှာ Beginner များအနေနဲ့ကိုင်တွယ်ရန် ခက်ခဲမည့် ချန်ပီယံများ Read More »

အရှေ့တောင်အာရှ နိုင်ငံအချို့အတွက် Closed Beta စတင်လာ​​ပြန်တဲ့ LoL: Wild Rift

အရှေ့တောင်အာရှ နိုင်ငံအချို့အတွက် Closed Beta စတင်လာ​​ပြန်တဲ့ LoL: Wild Rift   စက်တင်ဘာလ ၁၆ ရက်နေ့က စ လို့ League of Legends: Wild Rift ဟာ ရက်သတ္တပါတ် အနည်းငယ်ခန့် ကြာမြင့်အောင် Closed Beta ကို ပြုလုပ်သွားမှာဖြစ်ကြောင်း မကြာသေးမီကထွက်ပေါ်လာခဲ့တဲ့ /dev diary ဗီဒီယိုတစ်ခုအတွင်းမှာ ကြေညာလိုက်ပါတယ်။ ဒါ့အပြင် ယခု Closed Beta ဟာ အရှေ့တောင်အာရှ နိုင်ငံများဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား စ တဲ့နိုင်ငံများအတွက် အဓိက ရည်ရွယ်ထားတာ ဖြစ်ကြောင်းလည်း ယင်းကြေညာချက်အတွင်း ပါဝင်လာခဲ့ပါတယ်။ ဒီ Closed Beta ဟာ ဂိမ်းထွက်ပေါ်လာချိန်မှာ …

အရှေ့တောင်အာရှ နိုင်ငံအချို့အတွက် Closed Beta စတင်လာ​​ပြန်တဲ့ LoL: Wild Rift Read More »

LoL: Wild Rift ဟာ ရှုပ်ထွေးပြီး ကစားရခက်တဲ့ဂိမ်းဖြစ်ကြောင်းပြောလိုက်တဲ့ ထိပ်တန်း MLBB Streamer

[Unicode] League of Legends: Wild Rift ဟာ ရှုပ်ထွေးပြီး ကစားရခက်တဲ့ဂိမ်းဖြစ်ကြောင်းပြောလိုက်တဲ့ ထိပ်တန်း MLBB Streamer   ဖိလစ်ပိုင်နိုင်ငံသား Akosi Dogie ဟာ MLBB လောကမှာ လွန်စွာအောင်မြင်မှုရရှိနေတဲ့ ထိပ်တန်း ဂိမ်း streamer တစ်ဦးပါ။ ပရိသတ်အခိုင်အမာရရှိထားတဲ့ Akosi Dogie ရဲ့ YouTube ချန်နယ်မှာ subscriber ပေါင်း ၄ သန်းကျော်ရှိသလို Facebook ပေါ်မှာလည်း follower ပေါင်း ၃.၇ သန်းကျော်ရရှိထားပါတယ်။ နာမည်ကြီး streamer တစ်ဦးဖြစ်သည့် အားလျော်စွာ Akosi Dogie ဟာ မကြာသေးမီက စတင်ခဲ့တဲ့ League of Legends: Wild Rift ရဲ့ …

LoL: Wild Rift ဟာ ရှုပ်ထွေးပြီး ကစားရခက်တဲ့ဂိမ်းဖြစ်ကြောင်းပြောလိုက်တဲ့ ထိပ်တန်း MLBB Streamer Read More »

ယခုလအတွင်း ထွက်ရှိလာမယ့် League of Legends: Wild Rift (Alpha ဗားရှင်း) ထဲမှာ ဘာတွေပါလာမလဲ?

[Unicode] ယခုလအတွင်း ထွက်ရှိလာမယ့် League of Legends: Wild Rift (Alpha ဗားရှင်း) ထဲမှာ ဘာတွေပါလာမလဲ?   မိုဘိုင်းလ်ဂိမ်းပရိသတ်များ ကာလရှည်ကြာစွာ စောင့်မျှော်နေခဲ့ကြတဲ့ League of Legends: Wild Rift ရဲ့ alpha ဗားရှင်းဟာ ယခုလအတွင်းမှာပဲ ထွက်ပေါ်လာတော့မှာပါ။ Riot ဟာ Wild Rift ကို အပြီးသတ်တရားဝင် မထုတ်သေးခင် ယခု alpha ဗားရှင်းနဲ့ စမ်းသပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဘရာဇီးနဲ့ ဖိလစ်ပိုင် ၂ နိုင်ငံမှာသာ ဖြန့်ချိသွားမှာလည်း ဖြစ်ပါတယ်။ Wild Rift ရဲ့ alpha စမ်းသပ်ကာလဟာ ဇွန်လ ၆ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး …

ယခုလအတွင်း ထွက်ရှိလာမယ့် League of Legends: Wild Rift (Alpha ဗားရှင်း) ထဲမှာ ဘာတွေပါလာမလဲ? Read More »

League of Legends: Wild Rift မိုဘိုင်းလ်ဂိမ်းရဲ့ တရားဝင်အချက်အလက်အချို့ထွက်ပေါ်လာ

[Unicode] League of Legends: Wild Rift မိုဘိုင်းလ်ဂိမ်းရဲ့ တရားဝင်အချက်အလက်အချို့ထွက်ပေါ်လာ   ကမ္ဘာ့လူကြိုက်အများဆုံး MOBA ဂိမ်းတစ်ခုဖြစ်တဲ့ League of Legends ရဲ့ မိုဘိုင်းလ်ဂိမ်း League of Legends: Wild Rift ထွက်ပေါ်လာမှာဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းတုန်းက Riot Games က ကြေညာခဲ့ပါတယ်။ ထိုစဉ်တည်းက Wild Rift ဟာ မိုဘိုင်းလ် Esports လောကတစ်ခုလုံးကို ကြီးမားတဲ့အပြောင်းအလဲများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ကျွမ်းကျင်သူအများက သုံးသပ်ခဲ့ကြသလို ပရိသတ်ပေါင်းများစွာဟာလည်း ထွက်ရှိလာမယ့်အချိန်ကို စောင့်မျှော်နေခဲ့ကြပါတယ်။ ယင်းနောက်ပိုင်းမှာတော့ အချိန်အတော်ကြာအောင် Wild Rift အကြောင်းနဲ့ ပတ်သက်လို့ ထပ်မံကြေညာခြင်း မရှိခဲ့ပါဘူး။ ယင်းကာလအတောအတွင်းမှာ Wild Rift ရဲ့ နာမည်ကြီးမှုကို …

League of Legends: Wild Rift မိုဘိုင်းလ်ဂိမ်းရဲ့ တရားဝင်အချက်အလက်အချို့ထွက်ပေါ်လာ Read More »

LOL Mobile ဂိမ်း “Wild Rift” ဟာ ကမ္ဘာ့ မိုဘိုင်းလ် Esports လောကအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ

[Unicode] LOL Mobile ဂိမ်း “Wild Rift” ဟာ ကမ္ဘာ့ မိုဘိုင်းလ် Esports လောကအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ   League of Legends ဟာ ကမ္ဘာ့ကစားသူအများဆုံး MOBA ဂိမ်းအဖြစ်ရပ်တည်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာလအတွင်းမှာ Riot Games ဟာ Leauge of Legends MOBA ရဲ့ မိုဘိုင်းဗားရှင်းဖြစ်တဲ့ League of Legends: Wild Rift ထွက်ရှိမှာဖြစ်ကြောင်း ကြေညာခဲ့ပြီး gamer အများရဲ့ စိတ်လှုပ်ရှားမှုကို မြင့်တက်စေခဲ့ပါတယ်။ Wild Rift ထွက်ရှိလာမယ့်အချိန်ကိုတော့ အတိအကျထုတ်ဖော်ပြောကြားထားခြင်း မရှိပဲ ၂၀၂၀ ခုနှစ်အတွင်း တစ်ချိန်ချိန် …

LOL Mobile ဂိမ်း “Wild Rift” ဟာ ကမ္ဘာ့ မိုဘိုင်းလ် Esports လောကအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ Read More »

League of Legends ရဲ့မိုဘိုင်းဗားရှင်းဂိမ်း League of Legends: Wild Rift တရားဝင်ကြေညာ

[Unicode] League of Legends ရဲ့မိုဘိုင်းဗားရှင်းဂိမ်း League of Legends: Wild Rift တရားဝင်ကြေညာ   MOBA ဂိမ်းများကို နှစ်သက်စွာ ကစားကြတဲ့ gamer များအတွက် တိကျတဲ့ သတင်းကောင်းတစ်ခုကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ကမ္ဘာ့လူကြိုက်အများဆုံးဂိမ်းတစ်ခုဖြစ်တဲ့ League of Legends ရဲ့ မိုဘိုင်းဗားရှင်းဂိမ်းကို မကြာမီဖြန့်ချိတော့မှာဖြစ်ကြောင်း Riot Games က တရားဝင်ကြေညာလိုက်ပါတယ်။ ဒီအကြောင်းကို အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ League of Legends ရဲ့ ၁၀ နှစ်ပြည့် အခန်းအနားမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ League of Legends ရဲ့ မိုဘိုင်းဗားရှင်းကို League of Legends: Wild Rift …

League of Legends ရဲ့မိုဘိုင်းဗားရှင်းဂိမ်း League of Legends: Wild Rift တရားဝင်ကြေညာ Read More »