vici gaming

ငွေရေးကြေးရေး အရှုပ်အထွေးကြားက VG, Elephant.4AM နဲ့ Eurus အပြောင်းအရွှေ့

ငွေရေးကြေးရေး အရှုပ်အထွေးကြားက VG, Elephant.4AM နဲ့ Eurus အပြောင်းအရွှေ့   တရုတ် Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Four Angry Men (4AM) ဟာ Dota 2 လောကအတွင်းကို ဝင်ရောက်လာနိုင်ဖို့ အတွက် နာမည်ကျော်ကစားသမားများကိုခေါ်ယူပြီး Elephant.4AM အသင်းဖွဲ့စည်းခဲ့တာကို ပရိသတ်အများ သတိထားမိကြမှာပါ။ ဒီ Dota 2 အသင်းဟာ စတင်စဉ်တည်းက ထိပ်တန်း Dota 2 ကစားသမား Zhang “Eurus” Chengjuns ကို ခေါ်ယူမှုနဲ့ ပတ်သက်လို့ ပြဿနာအမြောက်အများပေါ်ပေါက်ထားခဲ့တာဖြစ်ပြီး ယခုအချိန်မှာ ထိုပြဿနာဟာ မပြီးစီးသေးပဲ ထင်ထားတာထက် ပိုမိုရှုပ်ထွေးတဲ့ အခြေအနေကို ရောက်ရှိလို့ နေပါတယ်။ Eurus ရဲ့ အသင်းဟောင်းဖြစ်တဲ့ Vici Gaming …

ငွေရေးကြေးရေး အရှုပ်အထွေးကြားက VG, Elephant.4AM နဲ့ Eurus အပြောင်းအရွှေ့ Read More »

4AM ရဲ့ ဆိုးရွားတဲ့ တုန့်ပြန်မှုတွေ ခံစားခဲ့ရတဲ့ rOtK

4AM ရဲ့ ဆိုးရွားတဲ့ တုန့်ပြန်မှုတွေ ခံစားခဲ့ရတဲ့ rOtK   Vici Gaming (VG) ရဲ့ နည်းပြဟောင်းဖြစ်ပြီး ဝါရင့်တရုတ် Dota 2 ကစားသမားဟောင်းကြီးတစ်ဦးလည်းဖြစ်သူ Bai “rOtK” Fan ဟာ Dota 2 pro လောက ကနေ ခေတ္တအနားယူတော့မှာဖြစ်ကြောင်း မကြာသေးမီက ကြေညာ လိုက်ပါတယ်။ ဒါ့အပြင် rOtK ဟာ သူ့အနေနဲ့ ယခင်က ကောလဟလထွက်ပေါ်ခဲ့တဲ့အတိုင်း အသစ်ဖွဲ့စည်းထားတဲ့ Four Angry Men (4AM) အသင်းကို နည်းပြအဖြစ် မဝင်ရောက်ဖြစ်တော့တဲ့ အကြောင်းအရင်းများကိုလည်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဒီအကြောင်းကို rOtK ဟာ Weibo ပေါ်က stream ဗီဒီယိုတစ်ခုအတွင်းမှာ ပြောသွားခဲ့တာပါ။ rOtK ရဲ့ …

4AM ရဲ့ ဆိုးရွားတဲ့ တုန့်ပြန်မှုတွေ ခံစားခဲ့ရတဲ့ rOtK Read More »

4AM ရဲ့ Dota 2 အသင်းဖွဲ့စည်းပြီး တစ်ရက်အတွင်းမှာတင် ပြန်လည်ထုတ်ပယ်ခံခဲ့ရတဲ့ Sylar

4AM ရဲ့ Dota 2 အသင်းဖွဲ့စည်းပြီး တစ်ရက်အတွင်းမှာတင် ပြန်လည်ထုတ်ပယ်ခံခဲ့ရတဲ့ Sylar   တရုတ်နိုင်ငံရဲ့ အင်အားကြီး Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ 4AM ဟာ နာမည်ကျော် တရုတ် Dota 2 ကစားသမားများကို စုစည်းကာ အသင်းသစ်ထူထောင်လိုက်ပြီဖြစ်ကြောင်း မကြာသေးမီကကြေညာခဲ့ပြီး ယင်းအသင်းသားစာရင်းမှာ Sylar ကို ထည့်သွင်းထားခဲ့ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ 4AM ဟာ Sylar ကို ပြန်လည်ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သတင်းများ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် Sylar ဟာ 4AM ရဲ့ ကစားသမားအနေနဲ့ ရှိနေခဲ့တာ တစ်ရက်သာကြာမြင့်ခဲ့တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ရပါတယ်။ မူလကတော့ Paparazi လို့ လူသိများကြတဲ့ Vici Gaming ရဲ့ ကစားသမားဟောင်း Eurus …

4AM ရဲ့ Dota 2 အသင်းဖွဲ့စည်းပြီး တစ်ရက်အတွင်းမှာတင် ပြန်လည်ထုတ်ပယ်ခံခဲ့ရတဲ့ Sylar Read More »

အသင်းကောင်းတွေ ပါဝင်လာတဲ့ DreamLeague Season 13: Leipzig Major ပွဲကြိုသုံးသပ်ချက် (Part-1)

[Unicode] အသင်းကောင်းတွေ ပါဝင်လာတဲ့ DreamLeague Season 13: Leipzig Major ပွဲကြိုသုံးသပ်ချက် (Part-1)   DreamLeague Season 13: The Leipzig Major ကိုတော့ လာမယ့်ဇန်နဝါရီ ၁၈ ရက်နေ့ (စနေနေ့) ည ၇ နာရီကနေ စတင်သွားမှာဖြစ်ပြီး ၂၆ ရက်နေ့ ည ၇ နာရီမှာ Grand Final ကစားမှာ ဖြစ်ပါတယ်။ 2019-2020 Dota Pro Circuit Season ရဲ့ ဒုတိယ မေဂျာဖြစ်ပြီး ပထမမေဂျာမှာ အနားယူတဲ့ အသင်းတွေ များပြားခဲ့ပေမယ့် ဒုတိယ မေဂျာမှာတော့ အသင်းကောင်းတော်တော်များများ ပြန်ပါလာတာကို တွေ့ရမှာပါ။ အသင်းကြီးတွေထဲမှာဆို ဒုတိယမေဂျာမှာ ပြန်စကစားတဲ့ …

အသင်းကောင်းတွေ ပါဝင်လာတဲ့ DreamLeague Season 13: Leipzig Major ပွဲကြိုသုံးသပ်ချက် (Part-1) Read More »

rOtK ပြောတဲ့ တရုတ် Dota လောကနဲ့ Vici Gaming အကြောင်း

[Unicode] rOtK ပြောတဲ့ တရုတ် Dota လောကနဲ့ Vici Gaming အကြောင်း   Vici Gaming ဟာ မကြာသေးမီက စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ONE Esports Dota 2 World Pro Invitational Singapore ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် နည်းပြဖြစ်သူ rOtK လည်း အသင်းနဲ့အတူ လိုက်ပါလာခဲ့ပါတယ်။ ယင်းပြိုင်ပွဲမှာ Vici Gaming က ဗိုလ်စွဲအနိုင်ရရှိပြီးနောက်မှာတော့ rOtK ဟာ ချန်ပီယံဆုတံဆိပ်ကို ကိုင်မြောက်ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ “CN Dota Never Die” လို့ ကြွေးကျော်ခဲ့ပါတယ်။ Dota 2 ကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ rOtK ဟာ ၂၀၁၈ စက်တင်ဘာလထဲက Vici …

rOtK ပြောတဲ့ တရုတ် Dota လောကနဲ့ Vici Gaming အကြောင်း Read More »

တရုတ် Dota 2 pro ကစားသမား Sylar လတ်တလော ဘာတွေလုပ်နေလဲ

[Unicode] “တရုတ် Dota 2 pro ကစားသမား Sylar လတ်တလော ဘာတွေလုပ်နေလဲ”   နာမည်ကျော်တရုတ် Dota 2 ကစားသမားတစ်ဦးဖြစ်တဲ့ Sylar ဟာ LGD Gaming, Vici Gaming, EHOME, VGJ.Thunder စတဲ့ အသင်းကြီးအမြောက်အများမှာ ပြောင်းလဲကစားခဲ့ဖူးသူပါ။ ကြီးမားတဲ့အောင်မြင်မှုများအနေနဲ့ Vici Gaming နဲ့အတူ The International 2014 မှာ ဒုတိယနေရာရခဲ့သလို The International 2012 နဲ့ 2015 တို့မှာလည်း တတိယနေရာ ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ မေဂျာပွဲများနဲ့ ပြိုင်ပွဲပေါင်းများစွာမှာလည်း အနိုင်ရပြီး ဆုအမြောက်အများ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ သူဟာ Team Aster နဲ့ Team Sirius …

တရုတ် Dota 2 pro ကစားသမား Sylar လတ်တလော ဘာတွေလုပ်နေလဲ Read More »