Twitch

Twitch ပေါ်မှာ Simp ဆိုတဲ့ စကားလုံးကို အသုံးပြုခွင့်ပိတ်ပင်

Twitch ပေါ်မှာ Simp ဆိုတဲ့ စကားလုံးကို အသုံးပြုခွင့်ပိတ်ပင်   Simp ဆိုတဲ့ စကားလုံးဟာ streamer များနဲ့ ဂိမ်မာများကြား နောက်ပြောင်ပြောဆိုလေ့ရှိတဲ့ ရေပန်းစားဆဲ စကားလုံးတစ်ခုပါ။ ဒါပေမယ့် Twitch ကတော့ ဒီစကားလုံးကို ယင်းတို့ရဲ့ ပလက်ဖောင်းပေါ်မှာ အသုံးပြုခွင့်ပိတ်ပင်တော့မှာဖြစ်ပြီး ဒီအကြောင်းကို အသစ်ပြုပြင်ထားတဲ့ Twitch ရဲ့ စည်းမျဉ်းစည်းကမ်းများအတွင်း ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။ Simp ဆိုတဲ့ အဓိပ္ပါယ်ကတော့ ကိုယ်ကြိုက်တဲ့သူ တစ်ယောက်အတွက် အလွန်အကျွံ ပြုမူ (အဖြစ်သည်း) ပြခြင်းလို့ ဖွင့်ဆိုနိုင်ပါတယ်။ ယင်းစည်းမျဉ်းစည်းကမ်းသစ်များအရ Twitch ဟာ Simp ဆိုတဲ့ စကားလုံးအပြင် Incel နဲ့ Virgin ဆိုတဲ့ စကားလုံးများကိုပါ အသုံးပြုခွင့်ပိတ်ပင်သွားမှာပါ။ ဒီ စည်းမျဉ်းစည်းကမ်းသစ်များဟာ လာမယ့် ဇန်နဝါရီလ …

Twitch ပေါ်မှာ Simp ဆိုတဲ့ စကားလုံးကို အသုံးပြုခွင့်ပိတ်ပင် Read More »

Twitch ပေါ်ကနေ ban ခံလိုက်ရတဲ့ EternalEnvy

Twitch ပေါ်ကနေ ban ခံလိုက်ရတဲ့ EternalEnvy   Dota 2 လောကရဲ့ နာမည်ကြီးကစားသမားတစ်ဦးဖြစ်တဲ့ EternalEnvy ဟာ အသင်းဟောင်းဖြစ်တဲ့ 4Fun ကနေ ထွက်ခွာလာခဲ့ပြီးနောက် အသင်းသစ်တစ်သင်းကို မဝင်ရောက်သေးပဲ Twitch ပေါ်မှာ ပုံမှန် stream များ လွှင့်နေခဲ့ပါတယ်။ ဒါပေမယ့် ယင်း Twitch ချန်နယ်ဟာ မကြာသေးမီကပဲ ban ခံလိုက်ရပြီဖြစ်ကြောင်း EternalEnvy က သူ့ရဲ့ တရားဝင် Twitter စာမျက်နှာပေါ်မှာ ရေးသားထားခဲ့ပါတယ်။ Ban ခံခဲ့ရတဲ့အကြောင်းအရင်းကတော့ EternalEnvy ဟာ stream တစ်ခုအတွင်း လူမျိုးရေးခွဲခြားတဲ့ စကားလုံးတစ်လုံးကို ပြောဆိုခဲ့မိတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ယင်း စကားလုံးကို အတိအကျဖော်ပြထားခြင်းမရှိပေမယ့် “g word” လို့တော့ ဆိုထားပါတယ်။ …

Twitch ပေါ်ကနေ ban ခံလိုက်ရတဲ့ EternalEnvy Read More »

Esports သမိုင်းတစ်လျှောက် ဒုတိယမြောက် ကြည့်ရှုသူအများဆုံးပွဲအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ LoL Worlds 2020

Esports သမိုင်းတစ်လျှောက် ဒုတိယမြောက် ကြည့်ရှုသူအများဆုံးပွဲအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ LoL Worlds 2020   မကြာသေးမီက ကျင်းပခဲ့တဲ့ 2020 League of Legends World Championship ပြိုင်ပွဲကြီးရဲ့ ဂရင်းဖိုင်နယ်မှာ တောင်ကိုရီးယားအသင်းတစ်သင်းဖြစ်တဲ့ DAMWON Gaming ဟာ တရုတ်အသင်း Suning ကို ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ရှန်ဟိုင်းမြို့ရဲ့ ပူဒေါင်းဘောလုံးအားကစားရုံသစ်ကြီးအတွင်း ကျင်းပခဲ့တဲ့ ဒီပွဲအတွင်းကို ရုံတွင်းပရိသတ်ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသလို ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော ပရိသတ်များကလည်း အွန်လိုင်းကနေ ကြည့်ရှုအားပေးနေခဲ့ကြပါတယ်။ Worlds 2020 ရဲ့ ဂရင်းဖိုင်နယ်ပွဲများကို ယှဉ်ပြိုင်ကစားနေစဉ်အတွင်း တစ်ချိန်တည်း ဝင်ရောက်ကြည့်ရှုသူ အများဆုံး အရေအတွက် ၃.၈၈ သန်းကျော်အထိ ရှိခဲ့ပါတယ်။ ဒီပမာဏဟာ YouTube နဲ့ …

Esports သမိုင်းတစ်လျှောက် ဒုတိယမြောက် ကြည့်ရှုသူအများဆုံးပွဲအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ LoL Worlds 2020 Read More »

Twitch မှာ Among Us ကစားပြပြီး ကြည့်ရှုသူ စံချိန်တင်သွားတဲ့ အမေရိကန် အမတ်

Twitch မှာ Among Us ကစားပြပြီး ကြည့်ရှုသူ စံချိန်တင်သွားတဲ့ အမေရိကန် အမတ်   အမေရိကန်အမျိုးသမီးလွှတ်တော်အမတ်တစ်ဦးဖြစ်သူ Alexandria Ocasio-Cortez ဟာ မကြာသေးမီက Twitch ပေါ်မှာ ချန်နယ်တစ်ခုကို ပြုလုပ်ကာ Among Us ဂိမ်းကို ကစားပြခဲ့ပါတယ်။ Ocasio-Cortez ဟာ အမေရိကန်နိုင်ငံရဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူများမဲပေးရေးလှုံ့ဆော်ဖို့အတွက် ယခုလိုပြုလုပ်ခဲ့တာဖြစ်ပြီး ယင်း stream အတွင်းမှာ နာမည်ကြီး streamer များဖြစ်ကြတဲ့ Pokimane, HasanAbi, DisguisedToast, အခြားအမေရိကန်အမျိုးသမီးလွှတ်တော်အမတ် Ilhan Omar စ သူတို့ ပါဝင်လာခဲ့ပါတယ်။ Ocasio-Cortez ရဲ့ ချန်နယ်ဟာ stream လွှင့်တာ ၂ နာရီခွဲခန့်သာ ကြာမြင့်သေးတဲ့အချိန်မှာတင် follower …

Twitch မှာ Among Us ကစားပြပြီး ကြည့်ရှုသူ စံချိန်တင်သွားတဲ့ အမေရိကန် အမတ် Read More »

ဆင်းရဲတဲ့ဘဝကနေ အောင်မြင်တဲ့ ဂိမ်း Streamer ဖြစ်လာသူ ဘရာဇီးလူငယ်တစ်ဦး

ဆင်းရဲတဲ့ဘဝကနေ အောင်မြင်တဲ့ ဂိမ်း Streamer ဖြစ်လာသူ ဘရာဇီးလူငယ်တစ်ဦး   လက်ရှိအချိန် ဂိမ်း streaming ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားနိုင်တဲ့ ပလက်ဖောင်းကတော့ လူအများ သိထားကြတဲ့အတိုင်း Twitch ဖြစ်ပြီး ယင်းကို အမီလိုက်ဖို့ ကြိုးပမ်းနေတာကတော့ YouTube Gaming ပါ။ ယနေ့​အချိန်မှာ ​YouTube ဟာ ကမ္ဘာ့အကြီးဆုံးဗီဒီယိုဝက်ဘ်ဆိုက်ကြီးတစ်ခုဖြစ်နေပေမယ့် YouTube Gaming ကို အသုံးပြုသူကတော့ ထင်ထားသလောက် မများပြားသေးပါဘူး။ ဒါကြောင့် YouTube Gaming ဟာ ယင်းတို့ဆီမှာရှိနေတဲ့ streamer များအတွက် ပရိသတ် အမြောက်အများ ရရှိလာအောင် ပြုလုပ်ပေးနေပြီး streamer သစ်များ ထပ်မံရောက်ရှိလာအောင် ဆွဲဆောင်လျက်ရှိပါတယ်။ ဒီအခွင့်အရေးကို ပိုင်နိုင်စွာ အသုံးချသွားခဲ့သူကတော့ အသက် ၁၉ နှစ်အရွယ် ဘရာဇီးနိုင်ငံသား …

ဆင်းရဲတဲ့ဘဝကနေ အောင်မြင်တဲ့ ဂိမ်း Streamer ဖြစ်လာသူ ဘရာဇီးလူငယ်တစ်ဦး Read More »

Twitch ပေါ်ကို အထူးသီးသန့်စာချုပ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ Ninja

[Unicode] Twitch ပေါ်ကို အထူးသီးသန့်စာချုပ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ Ninja   ကမ္ဘာ့ထိပ်တန်း streamer များထဲက တစ်ဦးဖြစ်သူ Ninja ဟာ Twitch ပေါ်မှာ ပုံမှန် stream ပြန်လွှင့်တော့မှာဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ သူဟာ Twitch နဲ့ အထူးသီးသန့်စာချုပ်ချုပ်ဆိုကာ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ Ninja ရဲ့ ပုံမှန် stream များကို Twitch ပေါ်မှာ ကြည့်ရှုနိုင်နေပါပြီ။ ရှေးယခင်နှစ်များမှာတည်းက Twitch streamer တစ်ဦးဖြစ်ခဲ့တဲ့ Ninja ကို ပြီးခဲ့တဲ့နှစ် ၂၀၁၉ သြဂုတ်လအတွင်းမှာတော့ Mixer က ခေါ်ယူသွားခဲ့ပါတယ်။ ဒါပေမယ့် Mixer ဟာ ပြီးခဲ့တဲ့လပိုင်းများအတွင်းမှာ အပြီးဖျက်သိမ်းသွားပြီဖြစ်တဲ့အတွက် Ninja ဟာ လွတ်လပ်သွားပြီး နှစ်သက်ရာ …

Twitch ပေါ်ကို အထူးသီးသန့်စာချုပ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ Ninja Read More »

Twitch ကိုပြန်ရောက်ပြီး ၂ ပတ်အတွင်းမှာ follower သစ် (၆) သိန်းကျော် ရရှိခဲ့တဲ့ Shroud

[Unicode] Twitch ပေါ်ကို ပြန်လည်ရောက်ရှိပြီး ၂ ပတ်အတွင်းမှာတင် follower သစ် ၆ သိန်းကျော် ရရှိခဲ့တဲ့ Shroud   Shroud ဟာ Twitch ပေါ်ကို အထူးသီးသန့်စာချုပ်နဲ့အတူ ပြန်ရောက်လာခဲ့တာ ယခုဆိုရင် ၂ ပတ်ကျော် အချိန်ကာလအတွင်းကို ရောက်ရှိလာခဲ့ပါပြီ။ မူလတည်းက Twitch streamer တစ်ဦးဖြစ်ခဲ့တဲ့ Shroud ဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာမှ Mixer ပေါ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး Mixer ဖျက်သိမ်းသွားခဲ့ချိန်မှာ Twitch ပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ Twitch စာရင်းအင်းအချက်အလက်ပြဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ SullyGnome ရဲ့ ဖော်ပြချက်အရ Shroud ဟာ ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာ follower သစ်ပေါင်း ၆ သိန်းကျော်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ယင်း …

Twitch ကိုပြန်ရောက်ပြီး ၂ ပတ်အတွင်းမှာ follower သစ် (၆) သိန်းကျော် ရရှိခဲ့တဲ့ Shroud Read More »

မိခင်ရဲ့ ခရက်ဒစ်ကဒ်ကို ခိုးယူပြီး Twitch ပေါ်မှာ ဒေါ်လာ ၂၀,၀၀၀ ခန့် donate လုပ်ခဲ့တဲ့ ဆယ်ကျော်သက်

[Unicode] မိခင်ရဲ့ ခရက်ဒစ်ကဒ်ကို ခိုးယူပြီး Twitch ပေါ်မှာ ဒေါ်လာ ၂၀,၀၀၀ ခန့် donate လုပ်ခဲ့တဲ့ ဆယ်ကျော်သက်   ပြီးခဲ့တဲ့လအတွင်းမှာ အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသမီးတစ်ဦးဟာ Reddit ပေါ်မှာ ပို့စ်တစ်ခုကို တင်ထားခဲ့ပါတယ်။ ယင်းပို့စ်အတွင်းမှာတော့ ဆယ်ကျော်သက်အရွယ်သားဖြစ်သူဟာ သူမရဲ့ ခရက်ဒစ်ကဒ်ကို ခိုးယူအသုံးပြုပြီး Twitch ပေါ်မှာ donation များပြုလုပ်ခဲ့လို့ ဒေါ်လာ ၂၀,၀၀၀ နီးပါး ဆုံးရှုံးသွားတဲ့အကြောင်းကို ရေးသားထားခဲ့ပါတယ်။ ယင်းငွေပမာဏ ရရှိလာအောင် သူမအနေနဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့ရကြောင်းနဲ့ သားဖြစ်သူဟာ donation များကို ဇွန်လ ၁၄ ရက်နဲ့ ၃၀ ရက်အတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်းတို့ကိုလည်း ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ယင်း donation များဟာ Twitch ပေါ်က …

မိခင်ရဲ့ ခရက်ဒစ်ကဒ်ကို ခိုးယူပြီး Twitch ပေါ်မှာ ဒေါ်လာ ၂၀,၀၀၀ ခန့် donate လုပ်ခဲ့တဲ့ ဆယ်ကျော်သက် Read More »

တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် Twitch ပေါ်မှာ stream ပြန်လွှင့်ခဲ့တဲ့ Ninja

[Unicode] တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် Twitch ပေါ်မှာ stream ပြန်လွှင့်ခဲ့တဲ့ Ninja   လက်ရှိဂိမ်းလောကရဲ့ နာမည်အကြီးဆုံး stream များထဲကတစ်ဦးဖြစ်သူ Ninja ဟာ Twitch ပေါ်မှာ follower ပေါင်း ၁၄.၉ သန်းကျော် ရရှိထားသူပါ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတော့ Ninja ဟာ Mixer ရဲ့ ခေါ်ယူမှုကြောင့် ယင်းပလက်​ဖောင်းပေါ်ကို ရွှေ့ပြောင်းသွားခဲ့ပြီးနောက် သူ့ရဲ့ follower များစွာရရှိထားတဲ့ Twitch ချန်နယ်ပေါ်မှာ လုံးဝ stream မလွှင့်တော့ပဲ ရပ်ဆိုင်းထားခဲ့ပါတယ်။ ဒါပေမယ့် ယခုနှစ်လယ်ပိုင်းမှာ Mixer ဟာ လုံးဝဖျက်သိမ်းသွားခဲ့လို့ ယင်းပလက်ဖောင်းပေါ်ကို စာချုပ်နဲ့ ခေါ်ယူထားတဲ့ streamer များဟာလည်း လွတ်လပ်သွားခဲ့ပါတယ်။ ထို့နောက်မှာတော့ Ninja နဲ့ Shroud …

တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် Twitch ပေါ်မှာ stream ပြန်လွှင့်ခဲ့တဲ့ Ninja Read More »

ရက်ပ်အဆိုတော် Logic ကို Twitch ခေါ်ယူ

[Unicode] ရက်ပ်အဆိုတော် Logic ကို Twitch ခေါ်ယူ   နာမည်ကျော် ရက်ပ်ဂီတအဆိုတော်တစ်ဦးဖြစ်တဲ့ Logic ဟာ Twitch နဲ့ သဘောတူပူးပေါင်းမှုတစ်ခုကို မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။ ပူးပေါင်းမှုအရတော့ Logic ဟာ Twitch ပေါ်မှာ အချိန်အတိုင်းအတာတစ်ခုအထိ ပုံမှန် stream လွှင့်ရမှာဖြစ်ပြီး ဒါဟာ အဆိုတော်တစ်ဦးကို Twitch ဘက်က ပထမဆုံးအကြိမ် စတင်ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ Logic ဟာ သူရဲ့ နောက်ဆုံးအယ်လ်ဘမ်ဖြစ်တဲ့ “No Pressure” ကို ဇူလိုင်လ ၂၄ ရက်နေ့မှာ ထုတ်လွှင့်ပြီးနောက် ဂီတလောက ကနေ အနားယူတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ Twitch ပေါ်မှာ stream လွှင့်ဖို့အတွက် အချိန်ပိုများစွာထွက်လာပြီဖြစ်ကြောင်း …

ရက်ပ်အဆိုတော် Logic ကို Twitch ခေါ်ယူ Read More »