ပါကစ္စတန်မှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်
ပါကစ္စတန်မှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ် ပါကစ္စတန်ရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဖြစ်သူ Fawad Chaudhry ဟာ နိုင်ငံတွင်းမှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာသွားခဲ့ပါတယ်။ ဒါဟာ ပါကစ္စတန် ဂိမ်မာများအားလုံးအတွက် ဝမ်းမြောက်ဖွယ်ကိစ္စတစ်ခုဖြစ်ပြီး ဒီလို သတ်မှတ်နိုင်အောင် ပါကစ္စတန် အားကစားအဖွဲ့ချုပ်နဲ့ ပါကစ္စတန် သိပ္ပံဖက်ဒရေးရှင်းတို့ ဆွေးနွေးတိုင်ပင်ခဲ့ကြရကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ Fawad Chaudhry ရဲ့ အဆိုအရ ယင်းအဖွဲ့ နှစ်ဖွဲ့ဟာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်ဖို့ စာချွန်လွှာပေါ်မှာ လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဗီဒီယိုဂိမ်းကစားခြင်းကို စိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းတွေ အများကြီး ရောက်လာတော့မှာဖြစ်ကြောင်းကိုလည်း Fawad Chaudhry က ပြောသွားခဲ့ပါတယ်။ ယခုကြေညာချက်ဟာ …
ပါကစ္စတန်မှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ် Read More »