ps5

Fast & Furious ရုပ်ရှင်စတိုင်နဲ့ သွားနေတဲ့ ကုန်တင်ကားတွေပေါ်ကနေ PS5 ခိုးကြသူများ

Fast & Furious ရုပ်ရှင်စတိုင်နဲ့ သွားနေတဲ့ ကုန်တင်ကားတွေပေါ်ကနေ PS5 ခိုးကြသူများ     နာမည်ကျော်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Times ရဲ့ မကြာသေးမီက ဖော်ပြချက်တစ်ခုအရ ယခုလပိုင်းများအတွင်း နိုင်ငံတကာမှာ PS5 ဂိမ်းစက်များ၊ ရုပ်မြင်သံကြားစက်များ၊ မိုဘိုင်းလ်ဖုန်းများ စတာတွေကို သယ်ယူပို့ဆောင်တဲ့ ကုန်တင်ကားများပေါ်ကနေ ပစ္စည်းခိုးယူမှုများ မကြာခဏဖြစ်ပွားလျက်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် The Times က ဒီဖြစ်စဉ်များအတွင်း ခိုးယူသူများဟာ စတန့်ဆန်စွာ ပြစ်မှုကျူးလွန်ခဲ့ကြတာဖြစ်ကြောင်းကိုလည်း ဖော်ပြခဲ့ပါတယ်။ ​The Times က ဖော်ပြခဲ့တဲ့ ထိုဖြစ်စဥ်များအရ ခိုးယူသူများဟာ တစ်နာရီမိုင် ၅၀ နှုန်းနဲ့ အမြန်လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ကုန်တင်ကားကို အခြားကားတစ်စီးနဲ့ အနောက်က အမီလိုက်ပြီး ယင်းကားခေါင်မိုးပေါ်ကနေ ကုန်တင်ကားတံခါးကိုဖွင့်ဖို့ အရင်ဆုံးကြိုးပမ်းကြပါတယ်။ …

Fast & Furious ရုပ်ရှင်စတိုင်နဲ့ သွားနေတဲ့ ကုန်တင်ကားတွေပေါ်ကနေ PS5 ခိုးကြသူများ Read More »

သား​ဖြစ်သူကို မွေးနေ့လက်ဆောင်ပေးဖို့ မှာယူထားတဲ့ PS5 ကို ပစ္စည်းပို့သူက ပြန်လည်ခိုးယူသွားခဲ့တဲ့အဖြစ်

သား​ဖြစ်သူကို မွေးနေ့လက်ဆောင်ပေးဖို့ မှာယူထားတဲ့ PS5 ကို ပစ္စည်းပို့သူက ပြန်လည်ခိုးယူသွားခဲ့တဲ့အဖြစ်   အင်္ဂလန်နိုင်ငံ Launton ရွာမှာ နေထိုင်တဲ့ Jenni Walker လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ၁၆ နှစ်အရွယ် သားဖြစ်သူအတွက် PS5 တစ်လုံး မွေးနေ့လက်ဆောင်ပေးဖို့ စီစဉ်ခဲ့ရာမှာ မမျှော်လင့်ထားတဲ့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ Amazon ကနေ ငွေပေးချေပြီး မှာယူထားတဲ့ PS5 ဟာ လုံးဝမရောက်လာတော့ပဲ အတူမှာယူထားတဲ့ အခြားပစ္စည်းများသာ ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ Amazon ကုမ္ပဏီကို ဆက်သွယ်ပြီး ဒီအကြောင်းကို မေးမြန်းခဲ့ပါတယ်။ စုံစမ်းမှုများပြုလုပ်ရာမှာတော့ စီစီတီဗွီတစ်ခုက ရိုက်ကူးထားတဲ့ ဗီဒီယိုအတွင်း Amazon ရဲ့ အမည်မသိ ပစ္စည်းပို့ဆောင်သူတစ်ဦးဟာ PS5 …

သား​ဖြစ်သူကို မွေးနေ့လက်ဆောင်ပေးဖို့ မှာယူထားတဲ့ PS5 ကို ပစ္စည်းပို့သူက ပြန်လည်ခိုးယူသွားခဲ့တဲ့အဖြစ် Read More »

PS5 ဟာ လေသန့်စက် မဟုတ်ကြောင်း အလိမ်ပေါ်သွားလို့ ပြန်ရောင်းဖို့ ဇနီးက ဖိအားပေးတာခံခဲ့ရတဲ့ အမျိုးသား

PS5 ဟာ လေသန့်စက် မဟုတ်ကြောင်း အလိမ်ပေါ်သွားလို့ ပြန်ရောင်းဖို့ ဇနီးက ဖိအားပေးတာခံခဲ့ရတဲ့ အမျိုးသား   ပြီးခဲ့တဲ့လအတွင်း နိုင်ငံအချို့မှာ စတင်ဝယ်ယူနိုင်နေပြီဖြစ်တဲ့ PS5 ဟာ အလွန်ရောင်းအားကောင်းပြီး အောင်မြင်လှတဲ့ ဂိမ်းစက်တစ်လုံးပါ။ စတင်ချိန်မှာ အရေအတွက်အကန့်အသတ်နဲ့သာ ရောင်းချပေးခဲ့တာဖြစ်လို့ ဂိမ်မာများဟာ PS5 လက်ဝယ်ပိုင်ဆိုင်နိုင်ရေးအတွက် အလုအယက်ဝယ်ယူနေခဲ့ကြတာလည်းဖြစ်ပါတယ်။ PS5 တစ်လုံးကို စောစီးစွာ ပိုင်ဆိုင်ခွင့်ရခဲ့သူကတော့ Jin Wu လို့ အမည်ရတဲ့ ထိုင်ဝမ်အမျိုးသားတစ်ဦးပါ။ ဖေ့စ်ဘုတ်ပေါ်မှာ ပြန်လည်မျှဝေပေးခဲ့တဲ့ Jin Wu ရဲ့အဆိုအရ သူဟာ PS5 ဂိမ်းစက်တစ်လုံးကို အခြားသူ တစ်ဦးဆီကနေ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ Jin Wu ဟာ ပထမဆုံးအကြိမ်အဖြစ် PS5 ရောင်းမယ့်သူကို …

PS5 ဟာ လေသန့်စက် မဟုတ်ကြောင်း အလိမ်ပေါ်သွားလို့ ပြန်ရောင်းဖို့ ဇနီးက ဖိအားပေးတာခံခဲ့ရတဲ့ အမျိုးသား Read More »

တစ်အိမ်ထောင်စုကို PS5 တစ်လုံးစီသာ မှာယူခွင့်ပြုသွားမယ့် Sony

[Unicode] တစ်အိမ်ထောင်စုကို PS5 တစ်လုံးစီသာ မှာယူခွင့်ပြုသွားမယ့် Sony   အားလုံးစောင့်မျှော်နေကြတဲ့ Sony ရဲ့ မျိုးဆက်သစ် Gaming Console “PlayStation 5” နဲ့ပတ်သတ်တဲ့ ကောလာဟလသတင်းတစ်ပုဒ် ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကပဲထွက်ရှိလာခဲ့ပါတယ်။ အဲဒါကတော့ PlayStation 5 Console တွေကို Sony ဘက်ကနေ တစ်အိမ်ထောင်စု တစ်စက်စီသာ preorder တင်ခွင့် ပေးသွားမယ့်သတင်းဖြစ်ပြီး အဲဒီသတင်းကိုတော့ Reddit အသုံးပြုသူများက Sony ရဲ့ PlayStation ထုတ်ကုန်များရောင်းချရာ direct.playstation.com ဝက်ဘ်ဆိုက်မှာရှိတဲ့ source code တွေကတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ Sony ဟာ PlayStation 5 ကိုအရင်လို Disc တစ်မျိုးတည်းတင်မကဘဲ Digital ဗားရှင်းကို ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး တရားဝင်ဝက်ဘ်ဆိုက်ကမှာယူမယ်ဆိုရင်တော့ မိမိကြိုက်နှစ်သက်ရာ …

တစ်အိမ်ထောင်စုကို PS5 တစ်လုံးစီသာ မှာယူခွင့်ပြုသွားမယ့် Sony Read More »

ယနေ့မနက် ကြေညာခဲ့တဲ့ PS5 မှာ ဘာတွေ မျှော်လင့်နိုင်မလဲ

[Unicode] ယနေ့မနက် ကြေညာခဲ့တဲ့ PS5 မှာ ဘာတွေ မျှော်လင့်နိုင်မလဲ   Console ဂိမ်းပရိသတ်များ စောင့်မျှော်နေခဲ့ကြတဲ့ PlayStation 5 (PS5) ဂိမ်းစက်ရဲ့ ပုံပန်းသွင်ပြင်ကို ယနေ့မနက်ပိုင်းမှာ Sony က ဗီဒီယိုအတိုလေးတစ်ခုနဲ့ တရားဝင်ထုတ်ဖော်ပြသလိုက်ပါတယ်။ ၃ မိနစ်ကျော်ခန့်သာ ရှိတဲ့ ယင်းဗီဒီယိုကို ထွက်ရှိပြီးခဏလေးအတွင်းမှာတင် Twitch ပေါ်မှာ လူပေါင်း ၁ သန်းကျော်က ကြည့်ရှုခဲ့ကြသလို YouTube ပေါ်မှာလည်း လူပေါင်း ၂ သန်းကျော်က ကြည့်ရှုခဲ့ကြလို့ PS5 အပေါ် လူအများရဲ့ စိတ်ဝင်စားမှုဟာ ကြီးမားလှတယ်လို့ ဆိုနိုင်ပါတယ်။ ထူးခြားချက်ကတော့ PS5 ကို disc drive ပါဝင်ပြီး ဂိမ်းခွေထည့်ကစားနိုင်မယ့် အမျိုးအစားနဲ့ ဂိမ်းများကို ဒေါင်းလုတ်သီးသန့်နဲ့သာ ကစားနိုင်မယ့် …

ယနေ့မနက် ကြေညာခဲ့တဲ့ PS5 မှာ ဘာတွေ မျှော်လင့်နိုင်မလဲ Read More »

PlayStation 5 ထွက်ရှိမယ့်အချိန်နဲ့ ထူးခြားဆန်းသစ်မှုတွေက ဘာတွေဖြစ်မလဲ

[Unicode] PlayStation 5 ထွက်ရှိမယ့်အချိန်နဲ့ ထူးခြားဆန်းသစ်မှုတွေက ဘာတွေဖြစ်မလဲ   Sony က အသစ်ထုတ်လုပ်မယ့် မျိုးဆက်သစ်ဂိမ်းစက်ရဲ့ နာမည်ဟာ PlayStation 5 ဖြစ်ကြောင်း မကြာသေးမီက အတည်ပြုကြေညာလိုက်ပါတယ်။ PS5 နဲ့ ပတ်သတ်တဲ့ အချက်အလက်အချို့ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းတို့ထဲမှာ PS5 ထွက်ရှိလာမယ့်အချိန်လည်း ပါဝင်ပါတယ်။ Console ဂိမ်းဝါသနာရှင်များ သိချင်နေကြတဲ့ PS5 ထွက်ရှိမယ့်အချိန်ကို “holiday 2020” ၂၀၂၀ နိုဝင်ဘာလ လို့ပဲ ပြောထားပြီး ရက်စွဲအတိအကျကိုတော့ တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် PS5 ထွက်လာမယ့်အချိန်ဟာ ပြိုင်ဘက် Xbox Scarlett ဂိမ်းစက်ထွက်မယ့်အချိန်နဲ့ အနည်းငယ်သာ ကွာခြားမှာဖြစ်လို့ ခရစ်စမတ်နဲ့ နှစ်သစ်ဈေးရောင်းပွဲများမှာ console ဂိမ်းစက်နှစ်ခု ယှဉ်ပြိုင်ကြရမယ်ဆိုတာကတော့ သေချာသွားခဲ့ပါတယ်။ …

PlayStation 5 ထွက်ရှိမယ့်အချိန်နဲ့ ထူးခြားဆန်းသစ်မှုတွေက ဘာတွေဖြစ်မလဲ Read More »