PES

စျေးနှုန်းသက်သာပြီး Season Update သာပါရှိမယ့် PES 2021

[Unicode] စျေးနှုန်းသက်သာပြီး Season Update သာပါရှိမယ့် PES 2021   ဘောလုံးဂိမ်းချစ်သူပရိသတ်များ စောင့်မျှော်နေခဲ့ကြတဲ့ PES 2021 ဟာ ယခင်နှစ်များအတိုင်း သီးခြားဂိမ်းတစ်ခုအနေနဲ့ ထွက်ပေါ်လာမှာဖြစ်ပေမယ့် ချိုသာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ကြောင်း KONAMI က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် PES 2021 ဟာ season update ငယ်တစ်ခုအဖြစ်သာ ထွက်ပေါ်လာမှာဖြစ်လို့ ဈေးနှုန်းချိုသာစွာရောင်းချပေးရခြင်းဖြစ်ကြောင်းကိုလည်း KONAMI က ပြောသွားခဲ့ပါတယ်။ PES 2021 မှာ ဘယ်လိုပြောင်းလဲမှုတွေပါဝင်လာမယ်ဆိုတာကိုတော့ အတိအကျထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် season update လို့ ကြေညာထားပုံအရတော့ လက်ရှိ PES 2020 အတွင်းမှာ ပါဝင်တဲ့ အသင်းသားစာရင်းများနဲ့ အချက်အလက်များကိုသာ အနည်းငယ်ပြောင်းလဲပြီး ဂိမ်းသစ်တစ်ခုအနေနဲ့ ထွက်ပေါ်လာမှာဖြစ်ကြောင်း ယူဆရပါတယ်။ …

စျေးနှုန်းသက်သာပြီး Season Update သာပါရှိမယ့် PES 2021 Read More »

KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးဖောက်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့ အဖမ်းခံခဲ့ရတဲ့ ဂျပန်ကျောင်းသား

[Unicode] KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးဖောက်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့ အဖမ်းခံခဲ့ရတဲ့ ဂျပန်အထက်တန်းကျောင်းသား   အမည် မဖော်ပြထားတဲ့ ဂျပန်အထက်တန်းကျောင်းသားတစ်ဦးဟာ KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးထောင် ဖောက်ခွဲမှာဖြစ်ကြောင်း ခြိမ်းခြောက်ရေးသားမှုများ ပြုလုပ်ခဲ့လို့ မကြာသေးမီက အဖမ်းခံခဲ့ရပါတယ်။ ဒီကိစ္စဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါအထက်တန်းကျောင်းသားဟာ အသက် ၁၆ နှစ်အရွယ်သာရှိပါသေးတယ်။ ဂျပန်သတင်းမီဒီယာများဖြစ်ကြတဲ့ Yomiuri နဲ့ Mainichi တို့မှာ ဒီအကြောင်းကိုဖော်ပြခဲ့ကြပါတယ်။ ယင်းသတင်းများအရတော့ အဖမ်းခံခဲ့ရတဲ့အထက်တန်းကျောင်းသားဟာ ဇွန်လ ၁၆ ရက်ကနေ ၁၈ ရက်အချိန်အတွင်း app store ရဲ့ PES မိုဘိုင်းလ်ဘောလုံးဂိမ်း review အောက်မှာ ခြိမ်းခြောက်ရေးသားမှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်းခြိမ်းခြောက်ရေးသားချက်များအတွင်းမှာတော့ သူဟာ KONAMI ဌာနချုပ်မှာ ဗုံးဖောက်ခွဲမှာဖြစ်ကြောင်း၊ KONAMI …

KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးဖောက်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့ အဖမ်းခံခဲ့ရတဲ့ ဂျပန်ကျောင်းသား Read More »

Onepay နှင့် ပူးပေါင်းလိုက်တဲ့ မြန်မာ/ထိုင်း Esports အသင်း Pyramid

[Unicode] Onepay နှင့် ပူးပေါင်းလိုက်တဲ့ မြန်မာ/ထိုင်း Esports အသင်း Pyramid   ရန်ကုန်၊ မြန်မာ – မိုဘိုင်းဖုန်းပေါ်မှ ငွေပေးချေမှု ပြုလုပ်နိုင်သော application ဖြစ်သည့် Onepay က မြန်မာနိုင်ငံသားများ တည်ထောင်ထားသည့် Pyramid Esports ၏ လှုပ်ရှားဆောင်ရွက်မှုများ အတွက် လက်တွဲသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ Pyramid Esports သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားများ တည်ထောင်ထားသည့် ပထမဆုံး မြန်မာ Esports အသင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ထိုင်း၊ မြန်မာ၊ ဗီယမ်နမ် အာဆီယံ နိုင်ငံ ၃ နိုင်ငံမှ ကစားသမားပေါင်း ၁၇ ယောက်နှင့် …

Onepay နှင့် ပူးပေါင်းလိုက်တဲ့ မြန်မာ/ထိုင်း Esports အသင်း Pyramid Read More »

Astralis နဲ့ ပူးပေါင်းလိုက်တဲ့ ဂျူဗင်တပ် ဘောလုံးအသင်း

[Unicode] Astralis နဲ့ ပူးပေါင်းလိုက်တဲ့ ဂျူဗင်တပ် ဘောလုံးအသင်း   နာမည်ကျော်အီတလီဘောလုံးအသင်း ဂျူဗင်တပ် ဟာ PES အသင်းထူထောင်ဖို့ Esports အဖွဲ့အစည်း Astralis Group နဲ့ ပူးပေါင်းလိုက်ပါတယ်။ Astralis Group ဆိုတာ CSGO ထိပ်သီးအသင်း Astralis ကို စီမံခန့်ခွဲနေတဲ့ အုပ်စုတစ်ခု ဖြစ်ပါတယ်။ သဘောတူညီချက်အရ ဂျူဗင်တပ် PES အသင်းကို ဒတ်ခ်ျအခြေစိုက်ကုမ္ပဏီ Astralis Group မှ ကိုင်တွယ်သွားမှာပါ။ ဂျူဗင်တပ်ဟာ PES အတွက် ဂိမ်းထုတ်လုပ်သူ Konami နဲ့ တရားဝင်ပူးပေါင်းမှုများလည်း ပြုလုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။ PES ပူးပေါင်းမှုများနဲ့ ပတ်သက်လို့ ဂျူဗင်တပ်ရဲ့ ဘဏ္ဍာရေးအကြီးအကဲဖြစ်သူ Giorgio Ricci က “Esports …

Astralis နဲ့ ပူးပေါင်းလိုက်တဲ့ ဂျူဗင်တပ် ဘောလုံးအသင်း Read More »

ကိုယ်ပိုင် Esports အသင်းတည်ထောင်တော့မယ့် ရော်နယ်ဒင်ဟို

[Unicode] ကိုယ်ပိုင် Esports အသင်းတည်ထောင်တော့မယ့် ရော်နယ်ဒင်ဟို   ကမ္ဘာကျော် ဘရာဇီးဘောလုံးကစားသမားဟောင်း ရော်နယ်ဒင်ဟိုဟာ ဂိမ်း controller များကို ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Scuf Gaming နဲ့ ပူးပေါင်းမှုများပြုလုပ်မှာဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ ပူးပေါင်းမှုရဲ့ ရလဒ်အနေနဲ့ ရော်နယ်ဒင်ဟိုဟာ ယင်းအမှတ်တံဆိပ်ရဲ့ brand ambassador အဖြစ် အဓိကတာဝန်ယူရမှာပါ။ ရော်နယ်ဒင်ဟိုဟာ ၂၀၁၈ ခုနှစ်ထဲက esports လောကနဲ့ ဆက်စပ်တဲ့ကိစ္စရပ်များမှာ ပါဝင်နေခဲ့တာဖြစ်ပြီး eLigaSul လို့ အမည်ပေးထားတဲ့ Pro Evolution Soccer league ကို စတင်တာဝန်ယူပြုလုပ်ခဲ့ပါတယ်။ ၂၀၁၈ အောက်တိုဘာလက စလို့ eLigaSul ပွဲစဉ်ရဲ့ ပြိုင်ပွဲများကို နိုင်ငံပေါင်း ၂၆ ခုမှာ ကျင်းပပေးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုဟာ …

ကိုယ်ပိုင် Esports အသင်းတည်ထောင်တော့မယ့် ရော်နယ်ဒင်ဟို Read More »

Two teams will represent Myanmar on International Stage

[English Version Below] ဒီတစ်ပါတ် စနေနဲ့ တနင်္ဂနွေကတော့ မြန်မာ Esports Community တစ်ခုလုံးအတွက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရက်သတ္တပါတ်လို့ ဆိုရပါမယ်။ ဘာလို့လည်းဆိုတော့ မတူညီတဲ့ ဂိမ်းတစ်မျိုးစီကို ယှဉ်ပြိုင်မယ့် Esports အသင်း ၂ သင်းဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ဖို့အတွက် ဖိတ်ကြားခြင်းခံခဲ့ရလို့ တရုတ်နိုင်ငံနဲ့ စင်ကာပူနိုင်ငံကို ယခု ရောက်ရှိနေလို့ပါပဲ။ ပထမအသင်းကတော့ တရုတ်နိုင်ငံ Tianjin မြို့မှာ ကျင်းပမယ့် International Intelligent Sports Congress မှာ ပထမဆုံးအကြိမ်အဖြစ် Esports Competition မှာပါလာတဲ့ Pro Evolution Soccer (PES) ဂိမ်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့လို့ ကစားသမား ၃ ဦး သွားရောက်ယှဉ်ပြိုမှာပဲ ဖြစ်ပါတယ်။ ထိုပြိုင်ပွဲဟာ …

Two teams will represent Myanmar on International Stage Read More »