မည်သည့်အဖွဲ့အစည်းကိုမှ တစ်ကမ္ဘာလုံးဆိုင်ရာ Esports အဖွဲ့ချုပ်အဖြစ် အသိအမှတ်မပြုကြောင်း အိုလံပစ်အားကစားကော်မတီ ကြေညာ
မည်သည့်အဖွဲ့အစည်းကိုမှ တစ်ကမ္ဘာလုံးဆိုင်ရာ Esports အဖွဲ့ချုပ်အဖြစ် အသိအမှတ်မပြုကြောင်း အိုလံပစ်အားကစားကော်မတီ ကြေညာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်အားကစားကော်မတီ (IOC) ကနေ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တစ်ခုအတွင်းမှာ ယင်းတို့ဟာ မည်သည့်အသင်းအဖွဲ့အစည်းတစ်ခုကိုမှ တစ်ကမ္ဘာလုံးဆိုင်ရာ Esports အဖွဲ့ချုပ်အဖြစ် အသိအမှတ်ပြုပေးမှာ မဟုတ်ကြောင်းပါဝင်လာခဲ့ပါတယ်။ IOC ဟာ ဒီအကြောင်းကို တစ်ကမ္ဘာလုံးမှာ ဖွဲ့စည်းထားတဲ့ အင်အားကြီး Esports အဖွဲ့အစည်းများနဲ့ ပတ်သက်လို့ ကြေညာခဲ့တာဖြစ်ပြီး ယင်းတို့ထဲမှာ Tencent ရဲ့ Global Esports Federation (GEF) လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ GEF ဟာ လွန်ခဲ့တဲ့နှစ်အတွင်းက စင်ကာပူ စတင်ဖွဲ့စည်းထားခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Tencent က အဓိကပံ့ပိုးကူညီပေးနေတာပါ။ GEF ဟာ စတင်ဖွဲ့စည်းစဉ်တည်းက တစ်ကမ္ဘာလုံးက …