Major

Group Stage မှာလက်စွမ်းပြပြီး Upper Bracket ကိုတက်ရောက်နိုင်ခဲ့တဲ့ PSG.LGD နဲ့ Team Nigma

Group Stage မှာ လက်စွမ်းပြခဲ့ပြီး Upper Bracket ကို တက်ရောက်နိုင်ခဲ့တဲ့ PSG.LGD နဲ့ Team Nigma   We Play Animajor ရဲ့ Group Stage ပွဲစဉ်‌တွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ Team Liquid နဲ့ Beastcoast က‌တော့ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ပါပြီ။ Group Stage မှာတင် ပြိုင်ဆိုင်မှုတွေက ပြင်းထန်နေခဲ့ပြီး play offs တက်ဖို့အတွက်လည်း အမှတ်တွေဟာ သိပ်မကွာခဲ့ပါဘူး။ Group Stage မှာ လက်စွမ်းအပြဆုံးအသင်း‌တွေကတော့ PSG.LGD နဲ့ Team Nigma တို့ပဲဖြစ်ပါတယ်။ PSG.LGD ရဲ့ ကစားပုံတွေဟာ တခြားအသင်းတွေထက် အနည်းငယ်သာလွန်နေတာကိုလည်း တွေ့ရပါတယ်။ PSG.LGD ရဲ့ …

Group Stage မှာလက်စွမ်းပြပြီး Upper Bracket ကိုတက်ရောက်နိုင်ခဲ့တဲ့ PSG.LGD နဲ့ Team Nigma Read More »

TI10 ပြိုင်ပွဲကြီးအတွက် regional qualifier ပွဲစဥ်များ စတင်တော့မည်

TI10 ပြိုင်ပွဲကြီးအတွက် regional qualifier ပွဲစဥ်များ စတင်တော့မည်   Dota 2 ပရိသတ်များ မျှော်လင့်စောင့်စားနေကြတဲ့ TI10 ပြိုင်ပွဲကြီးအတွက် regional qualifier ပွဲစဥ်များ စတင်ကျင်းပမယ့်နေ့ကတော့ မကြာသေးမီကပဲ ထွက်ပေါ်လာခဲ့ပါပြီ။ Valve ရဲ့ ကြေညာချက်အရ ဒီပွဲစဥ်များဟာ ယခုနှစ် ဇွန်လ ၂၃ ရက်နေ့က စ လို့ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး DPC ဒေသပေါင်း ၆ ခုအတွက် ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ ယင်းဒေသ ၆ ခုအနက် ပထမဆုံး စတင်မြင်တွေ့ရမှာကတော့ CIS နဲ့ တောင်အမေရိကဒေသတို့အတွက် regional qualifier ပွဲစဥ်များဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ …

TI10 ပြိုင်ပွဲကြီးအတွက် regional qualifier ပွဲစဥ်များ စတင်တော့မည် Read More »

Patch အသစ် လူစာရင်းအသစ်တွေနဲ့ တဝကြီး အားပေးရမယ့် Dota Pro Circuit Season (2)

Patch အသစ် လူစာရင်းအသစ်တွေနဲ့ တဝကြီး အားပေးရမယ့် Dota Pro Circuit Season (2)   Singapore Major ပြိုင်ပွဲအပြီး သိပ်မကြာခင်မှာပဲ TI10 မကျင်းပခင် နောက်ဆုံး ယှဉ်ပြိုင်ရမယ့် DPC ဒုတိယရာသီ ကို ဧပြီ (၁၂) ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။ (DPC Season2 အပြီးမှာလည်း Major တစ်ခု လာဦးမှာပါ) 7.29 Patch အသစ်မှာ အပြောင်းအလဲပေါင်းများစွာနဲ့ နိုင်ငံတကာ Dota2 ပြိုင်ပွဲတွေကို ကြည့်ရတာ စိတ်မောပန်းမှုတွေကို ခဏတာ ပြေပျောက်စေမှာပါ။ SEA ကံမကောင်းစွာနဲ့ပဲ မြန်မာ (၂) သင်းလုံးဖြစ်တဲ့ YG ရော Veteran ပါ Qualifier မအောင်မြင်ခဲ့ပါဘူး။ …

Patch အသစ် လူစာရင်းအသစ်တွေနဲ့ တဝကြီး အားပေးရမယ့် Dota Pro Circuit Season (2) Read More »

မြန်မာအသင်းတွေကို မြင်တွေခွင့်ရနိုင်မယ့် ၂၀၂၁ Dota2 ရာသီသစ် ယနေ့စမည်

မြန်မာအသင်းတွေကို မြင်တွေခွင့်ရနိုင်မယ့် ၂၀၂၁ Dota2 ရာသီသစ် ယနေ့စမည်   2021 DPC Season ရဲ့ ပထမဆုံး Open Qualifier ကို ယနေ့စတင်မှာ ဖြစ်ပါတယ်။ SEA အတွက် DPC ပထမ ရာသီကတော့ ဖေဖော်ဝါရီ (၂၇) မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ စုစုပေါင်း ဆုကြေးငွေကတော့ ဒေါ်လာ (၂၈၀,၀၀၀) ပါ။ ပွဲ Format ကတော့ ဇန်နဝါရီ ၄,၅,၆,၇ ရက်တွေမှာ Open Qualifier (၄) ခု ယှဉ်ပြိုင်ရမှာဖြစ်ပြီး Qualifier တစ်ခုစီရဲ့ ထိပ်ဆုံး (၂) သင်းက နောက်အဆင့်ကို တက်ရောက်ရမှာပါ။ Open Qualifier (1) မှာတော့ မြန်မာအသင်းတွေဖြစ်တဲ့ …

မြန်မာအသင်းတွေကို မြင်တွေခွင့်ရနိုင်မယ့် ၂၀၂၁ Dota2 ရာသီသစ် ယနေ့စမည် Read More »

Online ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမယ့် ESL Los Angeles Dota2 Major

[Unicode] Online ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမယ့် ESL Los Angeles Dota2 Major   ၂၀၂၀ မတ်လ ၁၅ ကနေ ၂၂ အတွင်း ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ ESL Los Angeles 2020 Dota2 Major ဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားလာမှုကြောင့် မတ်လ ၁၂ ရက်နေ့မှာ ရွေ့ဆိုင်းခဲ့ပါတယ်။ ပြိုင်ပွဲကို ပြန်လည် ကျင်းပမယ့် အသေးစိတ်အချက်အလက်တွေကို မကြာခင်ကြေညာသွားမယ့်လို့ ဆိုထားခဲ့ပေမယ့် ယခုလို ၂ ပါတ်ခန့်ကြာမှ သတင်းထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု မငြိမ်မသက် ဖြစ်နေသေးတာကြောင့် ESL က 2019-2020 Dota Pro Circuit ရဲ့ တတိယမြောက် …

Online ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမယ့် ESL Los Angeles Dota2 Major Read More »

အမျိုးသမီး Dota Player “Axx” အသင်းကို ရှုံးနိမ့်ပြီး Major ဝင်ရောက်ခွင့် ဆုံးရှုံးခဲ့တဲ့ PSG.LGD

[Unicode] အမျိုးသမီး Dota Player “Axx” အသင်းကို ရှုံးနိမ့်ပြီး Major ဝင်ရောက်ခွင့် ဆုံးရှုံးခဲ့တဲ့ PSG.LGD   နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်တဲ့ The International ပွဲကြီးများမှာ နေရာကောင်းများ ရရှိနေခဲ့တဲ့ PSG.LGD အသင်းကတော့ ထင်မှတ်မထားတဲ့ ဆုံးရှုံးမှုတစ်ခုကို မကြာသေးမီက ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ အမျိုးသမီး Dota 2 ကစားသမား Axx ပါဝင်ဖွဲ့စည်းထားပြီး သက်တမ်းနုနယ်သေးတဲ့ Blaze အသင်းကို တရုတ် open qualifier မှာ ၂ ပွဲပြတ် ရှုံးနိမ့်ခဲ့လို့ ESL One LA 2020 Major ဝင်ရောက်ခွင့်ကို လက်လွှတ်လိုက်ရတာပဲ ဖြစ်ပါတယ်။   ယခုလ အစောပိုင်းတုန်းက PSG.LGD ဟာ CDEC …

အမျိုးသမီး Dota Player “Axx” အသင်းကို ရှုံးနိမ့်ပြီး Major ဝင်ရောက်ခွင့် ဆုံးရှုံးခဲ့တဲ့ PSG.LGD Read More »

ဝူဟန်ဗိုင်းရပ်ရဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်တဲ့ Dota2 Major တရုတ်အသင်းများ

[Unicode] ဝူဟန်ဗိုင်းရပ်ရဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်တဲ့ Dota2 Major တရုတ်အသင်းများ   အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်ပေါ်နေတဲ့ corona ဗိုင်းရပ်စ်ပြဿနာကြောင့် နိုင်ငံအတွင်း လူဝင်ရောက်မှုနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တစ်ရပ်ကို မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယင်းကန့်သတ်ချက်ထဲမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်အတွင်း တရုတ်နိုင်ငံကို ရောက်နေခဲ့တဲ့ မည်သည့်နိုင်ငံသားကို မဆို အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ကြောင်း ပါဝင်ခဲ့ပါတယ်။ ဒီကန့်သတ်ချက်သာ ဆက်လက်အသက်ဝင်နေခဲ့ရင် လာမယ့်မတ်လအတွင်း အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပမယ့် ESL One Los Angeles 2020 Major ကို တရုတ်အသင်းများ တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဝူဟန်ဗိုင်းရပ်စ်ပြဿနာကို ဖြေရှင်းပြီးနောက်ပိုင်း လူဝင်ရောက်မှုကန့်သတ်ချက် ပျက်ပြယ်သွားမှသာ ပါဝင်လာနိုင်ဖို့ အလားအလာများပါတယ်။ …

ဝူဟန်ဗိုင်းရပ်ရဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်တဲ့ Dota2 Major တရုတ်အသင်းများ Read More »

2020 မှာကျင်းပမယ့် စင်္ကာပူ Dota2 Major ပွဲ

[Unicode] 2020 မှာကျင်းပမယ့် စင်္ကာပူ Dota2 Major ပွဲ   Valve ဟာ Dota 2 Major ပြိုင်ပွဲကြီးများကို ကမ္ဘာ့အထင်ကရမြို့များမှာ လှည့်လည်ကျင်းပနေတာ အချိန်အတော်ကြာခဲ့ပါပြီ။ ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိတဲ့ Major များဟာ professional ကစားသမားများအတွက် အရေးကြီးတဲ့ပြိုင်ပွဲများဖြစ်သလို Dota 2 ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားထားနိုင်တဲ့ပွဲများလည်း ဖြစ်ကြပါတယ်။ ယခုလည်း လာမယ့်နှစ် ဇွန်လမှာ ပထမဆုံးအကြိမ်အဖြစ် စင်ကာပူနိုင်ငံမှာ Major ပွဲ ကျင်းပပြုလုပ်မယ့်အကြောင်းကို ဒီဇင်ဘာလ ၁၈ ရက်နေ့က တရားဝင်ကြေညာလိုက်ပါတယ်။ Singapore Major မှာ ယှဉ်ပြိုင်မယ့် ကစားသမားများအတွက် ဆုကြေးငွေစုစုပေါင်း ဒေါ်လာ တစ်သန်း (စင်ကာပူဒေါ်လာ ၁.၃၆သန်း) ကို ONE Esports …

2020 မှာကျင်းပမယ့် စင်္ကာပူ Dota2 Major ပွဲ Read More »

MDL Chengdu Major မှာ အနိုင်ရမယ့်အသင်းကို ခန့်မှန်းလိုက်တဲ့ N0tail နဲ့ Ceb

[Unicode] MDL Chengdu Major မှာ အနိုင်ရမယ့်အသင်းကို ခန့်မှန်းလိုက်တဲ့ N0tail နဲ့ Ceb   TI ကို ၂ နှစ်ဆက်အနိုင်ရရှိခဲ့တဲ့ OG အသင်းရဲ့ ကစားသမားများဖြစ်ကြတဲ့ N0tail နဲ့ Ceb တို့ဟာ မကြာမီကျင်းပမယ့် MDL Chengdu Major 2019 မှာ အနိုင်ရမယ့်အသင်းနဲ့ grand final ထိ တက်ရောက်လာနိုင်မယ့်အသင်းများကို ခန့်မှန်းကြေညာလိုက်ပါတယ်။ ဒီခန့်မှန်းချက်များကို OG အသင်းရဲ့တရားဝင် Facebook စာမျက်နှာပေါ်မှာ တင်ခဲ့တာဖြစ်လို့ Dota 2 ပရိသတ်အများက စိတ်ဝင်စားနေကြပါတယ်။ N0tail ရဲ့ ခန့်မှန်းချက်အရတော့ MDL Chengdu Major 2019 ရဲ့ Grand Final ပွဲစဉ်များမှာ …

MDL Chengdu Major မှာ အနိုင်ရမယ့်အသင်းကို ခန့်မှန်းလိုက်တဲ့ N0tail နဲ့ Ceb Read More »

MDL Disneyland® Paris Major Review

လက်တလော အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တဲ့ MDL Disneyland ® Paris Major ဟာ ၂ဝ၁၈-၂ဝ၁၉ Dota Season ရဲ့ စတုတ္ထမြောက် Major Tournament ဖြစ်ပါတယ်။ ဒီ Major မှာတော့ Team Secret ဟာ Team Liquid ကို 3-1 ဆိုတဲ့ ရလာဒ်ဖြင့် Grand Final တွင် အနိုင်ယူခဲ့ပြီး ဆုကြေးငွေ အမေရိကန် ဒေါ်လာ 350,000 နှင့် DPC Points 4950 ကို စွတ်ခူးခဲ့ပြီး ဒုတိယရရှိခဲ့တဲ့ Team Liquid ကတော့ ဆုကြေးငွေ $170,000 နှင့် 3000 DPC Points ကို ရရှိခဲ့ပါတယ်။ …

MDL Disneyland® Paris Major Review Read More »