japan

KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးဖောက်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့ အဖမ်းခံခဲ့ရတဲ့ ဂျပန်ကျောင်းသား

[Unicode] KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးဖောက်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့ အဖမ်းခံခဲ့ရတဲ့ ဂျပန်အထက်တန်းကျောင်းသား   အမည် မဖော်ပြထားတဲ့ ဂျပန်အထက်တန်းကျောင်းသားတစ်ဦးဟာ KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးထောင် ဖောက်ခွဲမှာဖြစ်ကြောင်း ခြိမ်းခြောက်ရေးသားမှုများ ပြုလုပ်ခဲ့လို့ မကြာသေးမီက အဖမ်းခံခဲ့ရပါတယ်။ ဒီကိစ္စဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါအထက်တန်းကျောင်းသားဟာ အသက် ၁၆ နှစ်အရွယ်သာရှိပါသေးတယ်။ ဂျပန်သတင်းမီဒီယာများဖြစ်ကြတဲ့ Yomiuri နဲ့ Mainichi တို့မှာ ဒီအကြောင်းကိုဖော်ပြခဲ့ကြပါတယ်။ ယင်းသတင်းများအရတော့ အဖမ်းခံခဲ့ရတဲ့အထက်တန်းကျောင်းသားဟာ ဇွန်လ ၁၆ ရက်ကနေ ၁၈ ရက်အချိန်အတွင်း app store ရဲ့ PES မိုဘိုင်းလ်ဘောလုံးဂိမ်း review အောက်မှာ ခြိမ်းခြောက်ရေးသားမှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်းခြိမ်းခြောက်ရေးသားချက်များအတွင်းမှာတော့ သူဟာ KONAMI ဌာနချုပ်မှာ ဗုံးဖောက်ခွဲမှာဖြစ်ကြောင်း၊ KONAMI …

KONAMI ဂိမ်းကုမ္ပဏီမှာ ဗုံးဖောက်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့ အဖမ်းခံခဲ့ရတဲ့ ဂျပန်ကျောင်းသား Read More »

Esports အခြေပြုစီးပွားရေးတိုးတက်ဖို့ ၂၀၂၅ ထိ အစီအစဉ်ဆွဲမယ့် ဂျပန်အစိုးရ

[Unicode] Esports အခြေပြုစီးပွားရေးတိုးတက်ဖို့ ၂၀၂၅ ထိ အစီအစဉ်ဆွဲမယ့် ဂျပန်အစိုးရ   ဂျပန်တိုင်းမ်ရဲ့ ဖော်ပြချက်အရ ဂျပန်နိုင်ငံအစိုးရဟာ Esports ကဏ္ဍအတွက် စီးပွားရေးဆိုင်ရာ စီမံကိန်းတစ်ခု ချမှတ်သွားဖို့ရှိပြီး ၂၀၂၅ နှစ်ကုန်မှာ ဒေါ်လာ ၂.၆ ဘီလီယံထိ အမြတ်အစွန်းရရှိအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းမှာ ဂျပန်ရဲ့ Esports ကဏ္ဍကို တိုးချဲ့သွားမှာဖြစ်ပြီး ကိုယ်လက်အင်္ဂါချို့ယွင်းသူတွေအပါအဝင် လူတန်းစားစုံ ပိုမိုပါဝင်လာနိုင်ဖို့နဲ့ ဒေသအလိုက် စီးပွားရေးတွေ ပြန်လည်ရှင်သန်အားကောင်းလာစေဖို့ ကူညီသွားမှာဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဂျပန်ဟာ ဗီဒီယိုဂိမ်းဈေးကွက်မှာ အဓိကဦးဆောင်သူတစ်ယောက်ဖြစ်ပြီး Nintendo နဲ့ Sony တို့ဟာ ကွန်ဆိုးဈေးကွက်ကို ဆယ်စုနှစ်ပေါင်းများစွာ ဆွဲခေါ်လာခဲ့တာပါ။ ကမ္ဘာ့ဗီဒီယိုဂိမ်းဈေးကွက်မှာ ဂျပန်ဟာ တတိယမြောက် အမြတ်ငွေအများဆုံးရရှိသူဖြစ်ပေမယ့် Esports ကဏ္ဍမှာတော့ သိပ်တိုးမပေါက်ပါဘူး။ ဘာလို့လဲဆိုရင် …

Esports အခြေပြုစီးပွားရေးတိုးတက်ဖို့ ၂၀၂၅ ထိ အစီအစဉ်ဆွဲမယ့် ဂျပန်အစိုးရ Read More »

95 နှစ်အရွယ် Gamer ဖွားဖွားအတွက် Nintendo ရဲ့ Game Boy လက်ဆောင်

[Unicode] 95 နှစ်အရွယ် Gamer ဖွားဖွားအတွက် Nintendo ရဲ့ Game Boy လက်ဆောင်   ဂျပန်သတင်းစာတစ်ခုမှာ မကြာသေးမီက ဖော်ပြခဲ့တဲ့ အကြောင်းအရာလေးတစ်ခုဟာ ဂိမ်မာပရိသတ်များကြားမှာ ရေပန်းစားပြီး လူသိများနေခဲ့ပါတယ်။ Asahi Shimbun လို့ အမည်ရတဲ့ ယင်းသတင်းစာက ဖော်ပြခဲ့တာကတော့ အသက် ၉၅ နှစ်အရွယ် ဂိမ်မာဘွားဘွားတစ်ဦး သက်ရှိထင်ရှားရှိခဲ့စဉ်က သူမ ကစားနေကျ Game Boy စက်လေး ပျက်စီးသွားတဲ့အတွက် Nintendo က အသစ်တစ်လုံး အခမဲ့လက်ဆောင်ပေးပို့ခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ယင်းသတင်းစာရဲ့အဆိုအရတော့ ဒီအကြောင်းများကို ဂိမ်မာဘွားဘွားရဲ့ သမီးဖြစ်သူ အသက် ၇၀ ကျော် အမျိုးသမီးကြီးက ပြန်လည်ပြောပြခဲ့တာပါ။ ဂိမ်မာဘွားဘွားဟာ လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်တည်းက Game Boy …

95 နှစ်အရွယ် Gamer ဖွားဖွားအတွက် Nintendo ရဲ့ Game Boy လက်ဆောင် Read More »

ကမ္ဘာ့ပထမဆုံး Gaming အိပ်ရာ ထွက်ပေါ်လာ

[Unicode] “ကမ္ဘာ့ပထမဆုံး Gaming အိပ်ရာ ထွက်ပေါ်လာ”   ယနေ့ခေတ် ဂိမ်မာအတော်များများအတွက် ဂိမ်းနဲ့ပတ်သက်တဲ့ gaming ကုလားထိုင်၊ ဆိုဖာခုံနဲ့ desktop ခုံတွေဟာ အထူးအဆန်းတွေ မဟုတ်တော့ပါဘူး။ ယင်းအပိုပစ္စည်းများကို ဂိမ်းကစားရာမှာ သက်တောင့်သက်သာရှိစေဖို့၊ စွမ်းဆောင်ရည်မြင့်မားစေဖို့၊ အများအမြင်တင့်တယ်စေဖို့ စ တဲ့ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။ ဒါပေမယ့် ဂျပန် gaming ပရိဘောဂကုမ္ပဏီတစ်ခုကတော့ အများနဲ့မတူ တစ်မူထူးခြားတဲ့ အပိုပစ္စည်းတစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ Bauhutte လို့ အမည်ရတဲ့ ယင်းကုမ္ပဏီက ထုတ်လုပ်လိုက်တာကတော့ gaming အိပ်ရာပါ။ ဘယ်ကုမ္ပဏီကမှ ဒီလိုပုံစံမျိုးထုတ်လုပ်ခဲ့ဖူးခြင်း မရှိလို့ Bauhutte ဟာ ကမ္ဘာ့ပထမဆုံး gaming အိပ်ရာကို ပြုလုပ်လိုက်တာဖြစ်တယ်လို့တောင် ဆိုနိုင်ပါတယ်။ Gaming အိပ်ရာဟာ gaming ဆိုဖာခုံများလိုပဲ အသုံးပြုသူဂိမ်မာများရဲ့ ကျောရိုး၊ …

ကမ္ဘာ့ပထမဆုံး Gaming အိပ်ရာ ထွက်ပေါ်လာ Read More »

Call of Duty ဆော့တဲ့ ဂျပန်နိုင်ငံက (၈၉) နှစ်အရွယ် Gamer ဖွားဖွား

[Unicode] Call of Duty ဆော့တဲ့ ဂျပန်နိုင်ငံက (၈၉) နှစ်အရွယ် Gamer ဖွားဖွား   ယနေ့ခေတ်မှာ ဂိမ်းကစားခြင်းကို အမျိုးသားများသာမက အမျိုးသမီးများပါ နှစ်ခြိုက်စွာ ပြုလုပ်လာကြပါတယ်။ Mobile Legends နဲ့ PUBG ကစားလေ့ရှိတဲ့ အမျိုးသမီး gamer ဆိုတာ ယခုအချိန်မှာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဂိမ်းပရိသတ်များကို အံ့အားသင့်စေနိုင်မယ့် ထူးခြားတဲ့ အနေအထားများနဲ့ အမျိုးသမီး gamer တစ်ဦးတော့ ရှိပါတယ်။ Mori Hamako လို့ အမည်ရတဲ့ အသက် ၈၉ နှစ်အရွယ် gamer အမျိုးသမီးကြီးဟာ Call of Duty: Modern Warfare, Borderlands 3 နဲ့ GTA …

Call of Duty ဆော့တဲ့ ဂျပန်နိုင်ငံက (၈၉) နှစ်အရွယ် Gamer ဖွားဖွား Read More »

ဂျပန်မှာဘာလို့ Dota2 Pro ကစားသမား မရှိရတာလဲ?

[Unicode] ဘယ်မလဲ ဂျပန် Dota 2 Pro?   ၂၀၁၉-၂၀၂၀ DPC season ကြီးရဲ့ အစမှာ အာရှ Dota 2 အသင်းများရဲ့ အားကောင်းနေမှုကို အတော်များများလည်း သတိထားမိကြမှာပါ။ တရုတ်နဲ့ အရှေ့တောင်အာရှဒေသများဟာ Dota 2 နယ်ပယ်ရဲ့ အရေးကြီးအစိတ်အပိုင်းတွေဖြစ်နေခဲ့တာ အစဉ်အလာကြီးတစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမယ့် ဂျပန်နိုင်ငံလို ဂိမ်းနဲ့ပတ်သက်လို့ ထွန်းကားတဲ့နိုင်ငံကို Dota 2 ပွဲတွေမှာ မတွေ့ရတဲ့ကိစ္စကတော့ မေးခွန်းထုတ်စရာ ဖြစ်လို့နေပါတယ်။ Dota 2 ဟာ အာရှတစ်ခွင်မှာ အလွန်ခေတ်စားလှပေမယ့် ဂျပန်နိုင်ငံမှာတော့ Dota 2 အပါအဝင် MOBA ဂိမ်းအတော်များများဟာ နေရာကောင်း မရကြသေးဘူးလို့ ယူဆရပါတယ်။ Dota 2 ပြိုင်ပွဲကြီးများအတွင်းမှာ ဂျပန် …

ဂျပန်မှာဘာလို့ Dota2 Pro ကစားသမား မရှိရတာလဲ? Read More »