gaming

ဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေကြောင်း အောက်စ်ဖို့ သုတေသီများဆို

ဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေကြောင်း အောက်စ်ဖို့ သုတေသီများဆို   ဗီဒီယိုဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးကျေးဇူးများရှိကြောင်း အောက်စ်ဖို့တက္ကသိုလ်မှာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့သုတေသနတစ်ခုအရ တွေ့ရှိခဲ့ကြပါတယ်။ လေ့လာသူများဟာ အမှန်တကယ်ဂိမ်းကစားနေသူများနဲ့ ပတ်သက်တဲ့ အချက်အလက်များကို ဆန်းစစ်ခဲ့ကြတာဖြစ်ပြီး လူအများ မူလက ထင်မှတ်ထားခဲ့သလို ဗီဒီယိုဂိမ်းများဟာ စိတ်ကျန်းမာရေးကို မဆိုးရွားလာစေကြောင်း သက်သေထူနိုင်ခဲ့ပါတယ်။ အောက်စ်ဖို့ သုတေသီများ လေ့လာခဲ့ကြသူများထဲမှာတော့ နာမည်ကျော်ဂိမ်းများဖြစ်ကြတဲ့ Nintendo ရဲ့ Animal Crossing နဲ့ EA ရဲ့ Plants vs Zombies: Battle for Neighborville တို့ကို ကစားနေသူများ ပါဝင်ခဲ့ပါတယ်။ ယင်းဂိမ်းများကို ကစားကြသူများဟာ ဂိမ်းမကစားသူများထက် စိတ်ရောကိုယ်ပါ ပိုမိုကျန်းမာနေကြောင်း တွေ့ရှိခဲ့ရပြီး ဂိမ်းကစားခြင်းဟာ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးများရှိကြောင်း မြင်တွေ့လာခဲ့ရတာပါ။ …

ဂိမ်းကစားခြင်းဟာ စိတ်ကျန်းမာရေးကို ကောင်းမွန်စေကြောင်း အောက်စ်ဖို့ သုတေသီများဆို Read More »

တရုတ်နိုင်ငံတွင် Esports ဂိမ်းကစားခြင်းကို အလုပ်အကိုင်တစ်ခုအဖြစ် တရားဝင်သတ်မှတ်

[Unicode] တရုတ်နိုင်ငံတွင် Esports ဂိမ်းကစားခြင်းကို အလုပ်အကိုင်တစ်ခုအဖြစ် တရားဝင်သတ်မှတ်   Covid-19 ရဲ့ရိုက်ခတ်မှုကြောင့် တစ်ကမ္ဘာလုံး အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးလာနေတဲ့ ယခုအချိန်မှာ တရုတ်အစိုးရဟာ အလုပ်အကိုင်များနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ မူဝါဒအချို့ကို ပြောင်းလဲပေးခဲ့ပါတယ်။ အဲဒါကကတော့ Esports ဂိမ်းကစားခြင်း၊ အွန်လိုင်းမှ စျေးရောင်းချခြင်း၊ အွန်လိုင်း blog ပြုလုပ်ခြင်း စ တာတွေကို အလုပ်အကိုင်များအဖြစ် တရားဝင်သတ်မှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်ပေးလိုက်ခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးလိုက်သလိုဖြစ်သွားပြီး နိုင်ငံတွင်းအလုပ်လက်မဲ့ဦးရေကို လျော့ချနိုင်မှာဖြစ်ကြောင်း တရုတ်အစိုးရက မျှော်လင့်လျက်ရှိပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံသားများဟာ တစ်ပတ်ကို အနည်းဆုံး ၁ နာရီ အလုပ်လုပ်ကိုင်ပြီး ဝင်ငွေရရှိမှသာ အလုပ်လက်မဲ့အဖြစ် သတ်မှတ်ခံရခြင်းကနေ ရှောင်ရှားနိုင်ကြမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာနဟာ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ …

တရုတ်နိုင်ငံတွင် Esports ဂိမ်းကစားခြင်းကို အလုပ်အကိုင်တစ်ခုအဖြစ် တရားဝင်သတ်မှတ် Read More »

Esports အခြေပြုစီးပွားရေးတိုးတက်ဖို့ ၂၀၂၅ ထိ အစီအစဉ်ဆွဲမယ့် ဂျပန်အစိုးရ

[Unicode] Esports အခြေပြုစီးပွားရေးတိုးတက်ဖို့ ၂၀၂၅ ထိ အစီအစဉ်ဆွဲမယ့် ဂျပန်အစိုးရ   ဂျပန်တိုင်းမ်ရဲ့ ဖော်ပြချက်အရ ဂျပန်နိုင်ငံအစိုးရဟာ Esports ကဏ္ဍအတွက် စီးပွားရေးဆိုင်ရာ စီမံကိန်းတစ်ခု ချမှတ်သွားဖို့ရှိပြီး ၂၀၂၅ နှစ်ကုန်မှာ ဒေါ်လာ ၂.၆ ဘီလီယံထိ အမြတ်အစွန်းရရှိအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းမှာ ဂျပန်ရဲ့ Esports ကဏ္ဍကို တိုးချဲ့သွားမှာဖြစ်ပြီး ကိုယ်လက်အင်္ဂါချို့ယွင်းသူတွေအပါအဝင် လူတန်းစားစုံ ပိုမိုပါဝင်လာနိုင်ဖို့နဲ့ ဒေသအလိုက် စီးပွားရေးတွေ ပြန်လည်ရှင်သန်အားကောင်းလာစေဖို့ ကူညီသွားမှာဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဂျပန်ဟာ ဗီဒီယိုဂိမ်းဈေးကွက်မှာ အဓိကဦးဆောင်သူတစ်ယောက်ဖြစ်ပြီး Nintendo နဲ့ Sony တို့ဟာ ကွန်ဆိုးဈေးကွက်ကို ဆယ်စုနှစ်ပေါင်းများစွာ ဆွဲခေါ်လာခဲ့တာပါ။ ကမ္ဘာ့ဗီဒီယိုဂိမ်းဈေးကွက်မှာ ဂျပန်ဟာ တတိယမြောက် အမြတ်ငွေအများဆုံးရရှိသူဖြစ်ပေမယ့် Esports ကဏ္ဍမှာတော့ သိပ်တိုးမပေါက်ပါဘူး။ ဘာလို့လဲဆိုရင် …

Esports အခြေပြုစီးပွားရေးတိုးတက်ဖို့ ၂၀၂၅ ထိ အစီအစဉ်ဆွဲမယ့် ဂျပန်အစိုးရ Read More »

တချိန်က စိတ်ရောဂါလို့အမည်တပ်ခဲ့ပေမယ့် အခုတော့ ဂိမ်းဆော့ဖို့တိုက်တွန်းတဲ့ WHO

[Unicode] တချိန်က စိတ်ရောဂါလို့အမည်တပ်ခဲ့ပေမယ့် အခုတော့ ဂိမ်းဆော့ဖို့တိုက်တွန်းတဲ့ WHO   ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ဟာ ယခင်က ဗီဒီယိုဂိမ်းစွဲလမ်းခြင်းကို စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခု (Mental Disorder) အဖြစ် သတ်မှတ်ခဲ့ပေမယ့် အခုတော့ လူတွေကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဗီဒီယိုဂိမ်းတွေ ဆော့နေကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ အခုစာရေးနေချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူဦးရေ ၄ သိန်း ၇ သောင်းကျော် ကူးစက်ခံရပြီး နှစ်သောင်းကျော် သေဆုံးထားတဲ့ COVID-19 ရဲ့ အန္တရာယ်ဟာ ၂၁ ရာစုအတွက် အဆိုးရွားဆုံးကပ်ရောဂါတစ်ခုပါ။ ဒါ့ကြောင့် ကမ္ဘာ့နိုင်ငံအများစုမှာ သွားလာလှုပ်ရှားမှုကို ကန့်သတ်ပြီး အိမ်တွင်းအောင်းဖို့ တိုက်တွန်းထားကြပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဒီရောဂါကို တိုက်ဖျက်ဖို့ ကျရာတာဝန်က စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်နေချိန်မှာ ကျွန်တော်တို့လို သာမာန်လူတွေကတော့ ရောဂါပျံ့ပွားမှု …

တချိန်က စိတ်ရောဂါလို့အမည်တပ်ခဲ့ပေမယ့် အခုတော့ ဂိမ်းဆော့ဖို့တိုက်တွန်းတဲ့ WHO Read More »

Girl Gamer လေးတွေနဲ့ တွဲဆော့နိုင်မယ့် ဝန်ဆောင်မှုအသစ်

[Unicode] Girl Gamer လေးတွေနဲ့ တွဲဆော့နိုင်မယ့် ဝန်ဆောင်မှုအသစ်   E-girl ဆိုတဲ့ စကားလုံးကတော့ အွန်လိုင်းကို လွန်စွာအသုံးပြုပြီး အင်တာနက်ပေါ်မှာ လှုပ်ရှားမှုများစွာပြုလုပ်လေ့ရှိတဲ့ အမျိုးသမီးငယ်များကို ခေါ်ဝေါ်တဲ့ ခေတ်ပေါ်အသုံးအနှုန်းတစ်ခုပါ။ E-girl အဖြစ် အများကသတ်မှတ်ခြင်းကိုခံရသူများဟာ cosplay မော်ဒယ်များ၊ Tik-Tok ဆယ်လီများ၊ အမျိုးသမီးဂိမ်မာများဖြစ်လေ့ရှိကြပြီး ယခုအချိန်မှာတော့ E-girl ဂိမ်မာများကို ငှားရမ်းပြီး အတူတကွဂိမ်းကစားနိုင်မယ်လို့ ဆိုတဲ့ ဝက်ဘ်ဆိုက်တစ်ခုပေါ်ပေါက်လာခဲ့ပါပြီ။ “တစ်ယောက်တည်း ဘယ်တော့မှ မကစားပါနဲ့” (Never Battle Alone) ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ထွက်ပေါ်လာခဲ့တဲ့ ယင်းဝက်ဘ်ဆိုက်ရဲ့လိပ်စာကတော့ www.egirl.gg ပါ။ ဝက်ဘ်ဆိုက်အကြောင်းဖော်ပြချက်မှာတော့ “E-girl ဝက်ဘ်ဆိုက်ဟာ ကျွမ်းကျင်တဲ့ဂိမ်းကစားဖော်များကို ရှာဖွေတွေ့ရှိနိုင်မယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ကျွန်တော်တို့ဆီက အမျိုးသမီးဂိမ်မာလေးများဟာ ရုပ်ရည်ချောမောလှပသလို အသံလည်း …

Girl Gamer လေးတွေနဲ့ တွဲဆော့နိုင်မယ့် ဝန်ဆောင်မှုအသစ် Read More »

အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ပြောတဲ့ အွန်လိုင်းဂိမ်းစျေးကွက်

[Unicode] အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ပြောတဲ့ အွန်လိုင်းဂိမ်းစျေးကွက်   Reliance အင်ဒက်စထရီလီမိတက်ရဲ့ ဥက္ကဌဖြစ်သူ Mukesh Ambani ဟာ အာရှဒေသရဲ့ ချမ်းသာကြွယ်ဝဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ မကြာသေးမီကတော့ Mukesh Ambani နဲ့ Microsoft ကော်ပိုရေးရှင်းရဲ့ ဥက္ကဌဖြစ်သူ Satya Nadella တို့ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ကျင်းပခဲ့တဲ့ အနာဂတ်ဆိုင်ရာဆွေးနွေးပွဲတစ်ခုကို တက်ရောက်ခဲ့ကြပါတယ်။ Mukesh Ambani ရဲ့ အသားတင်ချမ်းသာကြွယ်ဝမှုကို ကန်ဒေါ်လာ ၆၀.၈ ဘီလီယံခန့်ရှိကြောင်း ခန့်မှန်းကြပါတယ်။ Mukesh Ambani နဲ့ Satya Nadella တို့ရဲ့ ပွဲအတွင်းဆွေးနွေးချက်များထဲမှာတော့ စီးပွားရေးကိစ္စရပ်များ၊ broadband မြန်နှုန်းအကြောင်းများ၊ ဒစ်ဂျစ်တယ် infrastructure ကဏ္ဍဆိုင်ရာများ၊ အိန္ဒိယနိုင်ငံရဲ့ ဂိမ်းလောကအကြောင်းများ စ တာတွေ …

အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ပြောတဲ့ အွန်လိုင်းဂိမ်းစျေးကွက် Read More »

Activision Blizzard ဂိမ်းပြိုင်ပွဲကြီးများကို YouTube တစ်မျိုးထဲတွင်သာ ပြသတော့မည်

[Unicode] Activision Blizzard ဂိမ်းပြိုင်ပွဲကြီးများကို YouTube တစ်မျိုးထဲတွင်သာ ပြသတော့မည်   ဗီဒီယိုဂိမ်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Activision Blizzard ဟာ ကမ္ဘာ့အင်အားကြီးအင်တာနက်ကုမ္ပဏီ Google နဲ့ သဘောတူ ပူးပေါင်းမှုများကို မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။ ယင်း ပူးပေါင်းမှုများထဲမှာမှ အရေးကြီးဆုံးအချက်တစ်ခုကတော့ Activision Blizzard ကပြုလုပ်တဲ့ Overwatch League နဲ့ Call of Duty League တို့လို ဂိမ်းပြိုင်ပွဲကြီးများရဲ့ တရားဝင် stream များကို YouTube တစ်မျိုးထဲပေါ်မှာပဲ ပြသဖို့ သဘောတူညီလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုသဘောတူညီလိုက်နိုင်တာဟာ YouTube အတွက်တော့ ကြီးမားတဲ့ ရလဒ်ကောင်းတစ်ခုပါ။ YouTube ဟာ ကမ္ဘာ့အကြီးဆုံးဗီဒီယိုဝက်ဘ်ဆိုက်တစ်ခုဖြစ်ပေမယ့် streaming platform ဈေးကွက်မှာတော့ Twitch နဲ့ …

Activision Blizzard ဂိမ်းပြိုင်ပွဲကြီးများကို YouTube တစ်မျိုးထဲတွင်သာ ပြသတော့မည် Read More »

Gaming ဖိနပ် ထုတ်လုပ်ဆန်းသစ်လိုက်တဲ့ PUMA

[Unicode] Gaming ဖိနပ် ထုတ်လုပ်ဆန်းသစ်လိုက်တဲ့ PUMA   PUMA ကုမ္ပဏီဟာ Active Gaming Footwear လို့ အမည်ပေးထားတဲ့ ဖိနပ်များကို gamer များအတွက် ရည်ရွယ်ထုတ်လုပ်လိုက်ပါတယ်။ PUMA ရဲ့ အဆိုအရ ယင်းဖိနပ်များဟာ ပြိုင်ပွဲဝင်ချိန်မှာရော အိမ်မှာပါ ဂိမ်းကစားဖို့အတွက် ပြီးပြည့်စုံလှတဲ့ Gaming tool များ ဖြစ်ပြီး ခြေအိတ်များနဲ့ အလားသဏ္ဍာန်တူလို့ သက်တောင့်သက်သာရှိစေကာ grip အားလည်း ကောင်းမွန်ကြောင်း ကြေညာထားပါတယ်။ လက်ရှိမှာ Gaming Footwear တစ်စုံကို အမေရိကန်ဒေါ်လာ ၁၆၀ နဲ့ သြစတေးလျမှာ စတင်ရောင်းချနေပြီး UK မှာတော့ စတာလင်ပေါင် ၈၀ နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဖြန့်ချိကြောင်း တရားဝင်ကြေညာမှုများ မပြုလုပ်ထားသေးပေမယ့် …

Gaming ဖိနပ် ထုတ်လုပ်ဆန်းသစ်လိုက်တဲ့ PUMA Read More »

Facebook Gaming မှ ဝင်ငွေရှာခြင်းအပါအဝင် Level Up ရဲ့ feature များကို မြန်မာနိုင်ငံမှာ တရားဝင်အသုံးပြုနိုင်ပြီ

[Unicode] Facebook Gaming မှ ဝင်ငွေရှာခြင်းအပါအဝင် Level Up ရဲ့ feature များကို မြန်မာနိုင်ငံမှာ တရားဝင်အသုံးပြုနိုင်ပြီ   Facebook Gaming ဆိုတာကတော့ gamer များကို Facebook ပေါ်မှာ stream လွှင့်ခြင်း၊ instant game များ ဆော့ကစားခြင်း၊ အခြားသူများရဲ့ stream များကို ဝင်ရောက်ကြည့်ရှုခြင်း စတာတွေကို ပြုလုပ်စေနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုပါ။ Facebook ဟာ သုံးစွဲသူပေါင်း ဘီလီယံနဲ့ ချီပြီး ရရှိထားတဲ့အတွက် Facebook Gaming ဟာလည်း သုံးစွဲသူအမြောက်အများ ရရှိလာနေပြီပဲ ဖြစ်ပါတယ်။ မကြာသေးမီကမှ Facebook ဟာ မြန်မာနိုင်ငံမှ ဂိမ်း streamer များအတွက် ပိုမိုအဆင်ပြေချောမွေ့စေမယ့် အပြောင်းအလဲတစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။ …

Facebook Gaming မှ ဝင်ငွေရှာခြင်းအပါအဝင် Level Up ရဲ့ feature များကို မြန်မာနိုင်ငံမှာ တရားဝင်အသုံးပြုနိုင်ပြီ Read More »