game

Peaky Blinders ဗီဒီယိုဂိမ်းထွက်ရှိမည်

[Unicode] Peaky Blinders ဗီဒီယိုဂိမ်းထွက်ရှိမည်   နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Peaky Blinders ရဲ့ prequel ဗီဒီယိုဂိမ်း Peaky Blinders: Mastermind ထွက်ရှိလာမှာ ဖြစ်ကြောင်း ကြေညာချက်များ မကြာသေးမီကထွက်ပေါ်လာခဲ့ပါတယ်။ Puzzle-adventure အမျိုးအစားဖြစ်တဲ့ ဒီဂိမ်းဟာ ယခုနှစ်လယ်ပိုင်းလောက်မှာ ထွက်ရှိလာမှာဖြစ်ပြီး PC ပေါ်က Steam ပလက်ဖောင်းမှာသာမက Nintendo Switch, PlayStation 4 နဲ့ Xbox One များပေါ်မှာပါ ကစားနိုင်ကြမှာပါ။ Peaky Blinders စီးရီးအတွင်းမှာတော့ ပထမကမ္ဘာစစ်အပြီး ၁၉၁၉ ခုနှစ်အချိန်လောက်က ဘာမင်ဂန်မြို့ အတွင်းပေါ်ပေါက်လာခဲ့တဲ့ Peaky Blinders ရာဇဝတ်ဂိုဏ်းအကြောင်းကို စိတ်ကူးယဉ်ပုံဖော်ထားပါတယ်။ စတင်ထွက်ရှိစဉ်တည်းက လူကြိုက်များပြီး အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ဒီစီးရီးကို BBC …

Peaky Blinders ဗီဒီယိုဂိမ်းထွက်ရှိမည် Read More »

အသက်မပြည့်သူတွေကို ဂိမ်းစွဲလမ်းခြင်းက ကာကွယ်နိုင်မယ့် တရုတ်နိုင်ငံရဲ့ ဥပဒေသစ်

[Zawgyi] အသက်မပြည့်သူတွေကို ဂိမ်းစွဲလမ်းခြင်းက ကာကွယ်နိုင်မယ့် တရုတ်နိုင်ငံရဲ့ ဥပဒေသစ်   တရုတ်နိုင်ငံမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ အရွယ်မရောက်သေးသူများ ဂိမ်းစွဲခြင်း ပြဿနာကို ဖြေရှင်းဖို့အတွက် စီမံချက်ဥပဒေအချို့ကို ကြေညာခဲ့ပါတယ်။ မကြာသေးမီက သတ်မှတ်ခဲ့ပြီး ယခုအချိန်မှာ အသက်ဝင်နေပြီဖြစ်ပြီဖြစ်တဲ့ ဒီဥပဒေမှာ အရွယ်မရောက်သေးသူများ ဂိမ်းကစားနိုင်မယ့်အချိန်ကို ကန့်သတ်ခြင်းနဲ့ ဂိမ်းအတွင်း ငွေကြေးသုံးစွဲမှု ကန့်သတ်ခြင်းများ ပါဝင်ပါတယ်။ ဒီဥပဒေအရ အွန်လိုင်းဂိမ်းများဟာ အရွယ်မရောက်သေးသူများကို ည ၁၀ နာရီကနေ မနက် ၈ နာရီအထိ ဂိမ်းကစားခြင်းကို တားမြစ်ထားပါတယ်။ ကစားနိုင်မယ့်အချိန်အတိုင်းအတာကိုလည်း ကန့်သတ်ထားလို့ တနင်္လာနေ့ကနေသောကြာနေ့အထိ တစ်ရက်ချင်းစီမှာ မိနစ် ၉၀ စီသာ ကစားခွင့်ပြုထားပြီး စနေ တနင်္ဂနွေနဲ့ အစိုးရ ရုံးပိတ်ရက်များမှာတော့ တစ်ရက်ကို ၃ …

အသက်မပြည့်သူတွေကို ဂိမ်းစွဲလမ်းခြင်းက ကာကွယ်နိုင်မယ့် တရုတ်နိုင်ငံရဲ့ ဥပဒေသစ် Read More »

တစ်ကမ္ဘာလုံးမှာ လစဉ်ကစားသူ အများဆုံးဂိမ်းဖြစ်လာတဲ့ Roblox

[Zawgyi] တစ်ကမ္ဘာလုံးမှာ လစဉ်ကစားသူ အများဆုံးဂိမ်းဖြစ်လာတဲ့ Roblox   Roblox ဟာ Minecraft နဲ့ Fortnite တို့လို လူကြိုက်များ ခေတ်စားတဲ့ဂိမ်းများကို ကျော်တက်ပြီး လက်ရှိမှာ ကစားသူအများဆုံးရရှိထားကြောင်း ထုတ်ဖော်ပြသလိုက်တယ်။ လစဉ် ကစားသမားပေါင်း သန်း ၁၀၀ ကျော်ဟာ Roblox ကို ကစားနေကြတယ်လို့ ထုတ်ပြန်လိုက်တာမို့ ၉၁ သန်းကျော် ရရှိထားတဲ့ Minecraft နဲ့ သန်း ၈၀ ခန့် ရှိကြောင်း ထုတ်ပြန်ထားတဲ့ Fortnite တို့ကို ကျော်လွန်ခဲ့တာပါ။ ဒါပေမယ့် ဒီကိန်းဂဏန်းများဟာ ဂိမ်းထုတ်လုပ်သူ ကုမ္ပဏီများက ကိုယ်တိုင်ကြေညာကြတာ ဖြစ်လို့ တကယ်တမ်းတိတိကျကျ သိဖို့တော့ ခက်ကြောင်း ဂိမ်းကစားသူအများက ထင်ကြေးပေးနေကြပါတယ်။ Google seach data များအရ …

တစ်ကမ္ဘာလုံးမှာ လစဉ်ကစားသူ အများဆုံးဂိမ်းဖြစ်လာတဲ့ Roblox Read More »