evos

အင်ဒိုနီးရှားမှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီ

[Unicode] အင်ဒိုနီးရှားမှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီ   အင်ဒိုနီးရှားနိုင်ငံရဲ့ လူငယ်ရေးရာနဲ့ အီလက်ထရောနစ်အားကစားဝန်ကြီးဌာနဟာ အင်ဒိုနီးရှား အမျိုးသားအဆင့် အားကစားကော်မတီ (KONI) နဲ့အတူ ပူးပေါင်းပြီး ကြေညာချက်တစ်ရပ်ကို မကြာသေးမီက ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် အမျိုးသားအဆင့် ဗဟို KONI ကွန်ဖရင့်ပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ဒီကြေညာချက်အရ အင်ဒိုနီးရှားနိုင်ငံဟာ အီလက်ထရောနစ်အားကစား (Esports) ကို တရားဝင် အားကစားတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီပဲဖြစ်ပါတယ်။ ကွန်ဖရင့်ပွဲအတွင်းမှာ အင်ဒိုနီးရှားအစိုးရဟာ အင်ဒိုနီးရှားအီလက်ထရောနစ်အားကစားဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ (PB ESI) ကို နိုင်ငံရဲ့ Esports ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ဖို့အတွက် အသိအမှတ်ပြုတာဝန်ပေးသွားခဲ့ပါတယ်။ အင်ဒိုနီးရှားအစိုးရရဲ့ သတ်မှတ်ချက်အရ PB ESI ဟာ ဒီတာဝန်ကိုယူမယ့် နိုင်ငံရဲ့ တစ်ခုတည်းသော Esports …

အင်ဒိုနီးရှားမှာ Esports ကို တရားဝင်အားကစားတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီ Read More »

အသင်းပိုင်ရှင်ကိုယ်တိုင် ပါဝင်လာတဲ့ EVOS SG ရဲ့ MPL လူစာရင်း

[Unicode] အသင်းပိုင်ရှင်ကိုယ်တိုင် ပါဝင်လာတဲ့ EVOS SG ရဲ့ MPL လူစာရင်း   EVOS Esports ရဲ့ တည်ထောင်သူနဲ့ ဥက္ကဌဖြစ်သူ Ivan “ToxiCEO” Yeo ဟာ EVOS SG ရဲ့ ပြိုင်ပွဲဝင်အသင်းသားတစ်ဦးအနေနဲ့ ပါဝင်လာတော့မှာပါ။ MPL MY/SG Season 6 ကို ဝင်ရောက်မယ့် EVOS SG ရဲ့ အသင်းသားစာရင်းမှာ သူ့ရဲ့နာမည် ပါဝင်လာတာကို ပရိသတ်များ မြင်တွေ့ခဲ့ရပြီးနောက် အံ့အားသင့်ခဲ့ကြရပါတယ်။ ဒီအကြောင်းကို မလေးရှားနဲ့ စင်ကာပူ MPL ပြိုင်ပွဲများကို တာဝန်ယူကျင်းပနေတဲ့ MPL MY/SG ရဲ့ တရားဝင် Instagram အကောင့်ပေါ်မှာ မကြာသေးမီက ကြေညာခဲ့တာပါ။ ယင်းကြေညာချက်အရ လာမယ့် MPL …

အသင်းပိုင်ရှင်ကိုယ်တိုင် ပါဝင်လာတဲ့ EVOS SG ရဲ့ MPL လူစာရင်း Read More »

MPL လေးနိုင်ငံဖိတ်ခေါ်ဖလားမှာ တတိယရရှိပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ Burmese Ghouls

[Unicode] MPL လေးနိုင်ငံဖိတ်ခေါ်ဖလားမှာ တတိယရရှိပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ Burmese Ghouls   Moonton က ကြီးမှူးကျင်းပတဲ့ MPL လေးနိုင်ငံဖိတ်ခေါ်ဖလား (MPL Invitational 4 Nation Cup) ပြိုင်ပွဲကြီးကတော့ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၁၀၀,၀၀၀ ချီးမြှင့်တဲ့ ဒီပြိုင်ပွဲကြီးကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ မြန်မာနိုင်ငံတို့မှ ထိပ်တန်းအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့် playoff ပွဲစဉ်များကိုတော့ ဇူလိုင်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပသွားခဲ့ပါတယ်။ MPL လေးနိုင်ငံဖိတ်ခေါ်ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခြင်းခံခဲ့ရတဲ့ မြန်မာအသင်းကတော့ MPL-MM S4 ချန်ပီယံအသင်း Burmese Ghouls ပဲ ဖြစ်ပါတယ်။ Burmese Ghouls ဟာ …

MPL လေးနိုင်ငံဖိတ်ခေါ်ဖလားမှာ တတိယရရှိပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ Burmese Ghouls Read More »

Youtube မှာ Subscriber (၁၅) သန်းကျော်အထိရှိလာတဲ့ MLBB Streamer “Jess No Limit”

[Unicode] Youtube မှာ Subscriber (၁၅) သန်းကျော်အထိရှိလာတဲ့ MLBB Streamer “Jess No Limit”   အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံသား Tobias Justin ကို ဂိမ်းလောကမှာ Jess No Limit ဆိုတဲ့နာမည်နဲ့ လူသိများလှပါတယ်။ သူဟာ နာမည်ကျော်ကြားလှတဲ့ MLBB streamer နဲ့ influencer တစ်ဦးဖြစ်သလို ယခင်ကလည်း ထိပ်တန်း Pro ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ဖူးပါတယ်။ ယခုအချိန်မှာတော့ သူ့ရဲ့ YouTube ချန်နယ်မှာ subscribe လုပ်သူ စုစုပေါင်း ၁၅ သန်းကျော်အထိရှိနေခဲ့ပါပြီ။ Jess No Limit ဟာ သူ့ရဲ့ ချန်နယ်ကို ၂၀၁၇ နှောင်းပိုင်းလောက်မှာ စတင်ခဲ့တာဖြစ်လို့ …

Youtube မှာ Subscriber (၁၅) သန်းကျော်အထိရှိလာတဲ့ MLBB Streamer “Jess No Limit” Read More »

M1ပြိုင်ပွဲအနိုင်ရပြီး ပထမဆုံး MLBB ကမ္ဘာ့ချန်ပီယံဖြစ်လာတဲ့ Evos Legends

[Unicode] M1ပြိုင်ပွဲအနိုင်ရပြီး ပထမဆုံး MLBB ကမ္ဘာ့ချန်ပီယံဖြစ်လာတဲ့ Evos Legends ကွာလာလမ်ပူ ၊ ၁၉ နိုဝင်ဘာ ၂၀၁၉ – Shanghai Moonton Technology က အွန်လိုင်းအားကစားပြိုင်ပွဲတစ်ခု ဖြစ်တဲ့ Mobile Legends: Bang Bang (MLBB) ကမ္ဘာ့ချန်ပီယံပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်ကျင်းပခဲ့ခြင်း ဖြစ်သည်။ M1 ပွဲ အဖြစ် လူအသိများတဲ့ အဆိုပါ ပြိုင်ပွဲမှာ ဆုကြေးအဖြစ် ဒေါ်လာ ၂၅၀,၀၀၀ ချီးမြင့်မှာ ဖြစ်ပါတယ်။ Mobile Legends: Bang Bang Professional League (MPL) မှ အသင်း (၈)သင်း နှင့် M1 qualifiers အသင်း(၈)သင်းတို့ကို ဖိတ်ခေါ်ပြီး top …

M1ပြိုင်ပွဲအနိုင်ရပြီး ပထမဆုံး MLBB ကမ္ဘာ့ချန်ပီယံဖြစ်လာတဲ့ Evos Legends Read More »

မြန်မာကိုယ်စားပြု Burmese Ghouls စတုတ္ထနှင့်ကျေနပ်ခဲ့ရသည့် M1 MLBB ပြိုင်ပွဲ

[Unicode] မြန်မာကိုယ်စားပြု Burmese Ghouls စတုတ္ထနှင့်ကျေနပ်ခဲ့ရသည့် M1 MLBB ပြိုင်ပွဲ Mobile Legends: Bang Bang ဂိမ်းအတွက် ပထမဆုံးကမ္ဘာ့အဆင့်ချန်ပီယံရှစ်ပြိုင်ပွဲဖြစ်တဲ့ M1 World Championship ကတော့ ပြီးဆုံးခဲ့ပါပြီ။ မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ ကမ္ဘာအနှံ့မှ အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံက MPL Myanmar ချန်ပီယံ Burmese Ghouls အသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ စတုတ္ထအဆင့်ဖြင့် ကျေနပ်ခဲ့ရပါတယ်။ M1 WC ပြိုင်ပွဲမှာ တိုက်ရိုက်လက်ရည်စစ်ပွဲအောင်အသင်းတွေကတော့ အင်ဒိုနီးရှားမှ MPL Indo ပထမနဲ့ဒုတိယ Evos Legends နဲ့ RRQ အသင်းများ၊ ဖိလစ်ပိုင်မှ MPL PH ချန်ပီယံ Sunsparks နဲ့ …

မြန်မာကိုယ်စားပြု Burmese Ghouls စတုတ္ထနှင့်ကျေနပ်ခဲ့ရသည့် M1 MLBB ပြိုင်ပွဲ Read More »