ဝူဟန်ဗိုင်းရပ်ရဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်တဲ့ Dota2 Major တရုတ်အသင်းများ

[Unicode] ဝူဟန်ဗိုင်းရပ်ရဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်တဲ့ Dota2 Major တရုတ်အသင်းများ   အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်ပေါ်နေတဲ့ corona ဗိုင်းရပ်စ်ပြဿနာကြောင့် နိုင်ငံအတွင်း လူဝင်ရောက်မှုနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တစ်ရပ်ကို မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယင်းကန့်သတ်ချက်ထဲမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်အတွင်း တရုတ်နိုင်ငံကို ရောက်နေခဲ့တဲ့ မည်သည့်နိုင်ငံသားကို မဆို အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ကြောင်း ပါဝင်ခဲ့ပါတယ်။ ဒီကန့်သတ်ချက်သာ ဆက်လက်အသက်ဝင်နေခဲ့ရင် လာမယ့်မတ်လအတွင်း အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပမယ့် ESL One Los Angeles 2020 Major ကို တရုတ်အသင်းများ တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဝူဟန်ဗိုင်းရပ်စ်ပြဿနာကို ဖြေရှင်းပြီးနောက်ပိုင်း လူဝင်ရောက်မှုကန့်သတ်ချက် ပျက်ပြယ်သွားမှသာ ပါဝင်လာနိုင်ဖို့ အလားအလာများပါတယ်။ …

ဝူဟန်ဗိုင်းရပ်ရဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်တဲ့ Dota2 Major တရုတ်အသင်းများ Read More »