ban

Twitch ပေါ်မှာ Simp ဆိုတဲ့ စကားလုံးကို အသုံးပြုခွင့်ပိတ်ပင်

Twitch ပေါ်မှာ Simp ဆိုတဲ့ စကားလုံးကို အသုံးပြုခွင့်ပိတ်ပင်   Simp ဆိုတဲ့ စကားလုံးဟာ streamer များနဲ့ ဂိမ်မာများကြား နောက်ပြောင်ပြောဆိုလေ့ရှိတဲ့ ရေပန်းစားဆဲ စကားလုံးတစ်ခုပါ။ ဒါပေမယ့် Twitch ကတော့ ဒီစကားလုံးကို ယင်းတို့ရဲ့ ပလက်ဖောင်းပေါ်မှာ အသုံးပြုခွင့်ပိတ်ပင်တော့မှာဖြစ်ပြီး ဒီအကြောင်းကို အသစ်ပြုပြင်ထားတဲ့ Twitch ရဲ့ စည်းမျဉ်းစည်းကမ်းများအတွင်း ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။ Simp ဆိုတဲ့ အဓိပ္ပါယ်ကတော့ ကိုယ်ကြိုက်တဲ့သူ တစ်ယောက်အတွက် အလွန်အကျွံ ပြုမူ (အဖြစ်သည်း) ပြခြင်းလို့ ဖွင့်ဆိုနိုင်ပါတယ်။ ယင်းစည်းမျဉ်းစည်းကမ်းသစ်များအရ Twitch ဟာ Simp ဆိုတဲ့ စကားလုံးအပြင် Incel နဲ့ Virgin ဆိုတဲ့ စကားလုံးများကိုပါ အသုံးပြုခွင့်ပိတ်ပင်သွားမှာပါ။ ဒီ စည်းမျဉ်းစည်းကမ်းသစ်များဟာ လာမယ့် ဇန်နဝါရီလ …

Twitch ပေါ်မှာ Simp ဆိုတဲ့ စကားလုံးကို အသုံးပြုခွင့်ပိတ်ပင် Read More »

အိန္ဒိယကို ဒီပါဝလီအမီ ပြန်လည်ရောက်ရှိလာနိုင်တဲ့ PUBG Mobile

အိန္ဒိယကို ဒီပါဝလီအမီ ပြန်လည်ရောက်ရှိလာနိုင်တဲ့ PUBG Mobile   အိန္ဒိယနိုင်ငံအတွင်း ပိတ်ပင်ခံထားရတဲ့ PUBG Mobile ဟာ ယင်းတို့အနေနဲ့လည်း နိုင်ငံအတွက် ဂိမ်းဆာဗာများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကြေညာလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ PUBG Mobile ဟာ အိန္ဒိယကို ဒီပါဝလီအမီ ပြန်လည်ရောက်ရှိ လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ PUBG အမှတ်တံဆိပ်ကို တရားဝင်ပိုင်ဆိုင်ထားသူဟာ ဂိမ်းကို စတင်ဖန်တီးခဲ့တဲ့ တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်ကုမ္ပဏီ Tencent ကတော့ PUBG Mobile ဖြန့်ချိခွင့်ကိုသာ ရရှိထားခဲ့တာပါ။ ယခုအချိန်မှာတော့ တောင်ကိုရီးယားကုမ္ပဏီဟာ အိန္ဒိယအတွင်း ပိတ်ပင်ခံထားရတဲ့ PUBG Mobile ကို အခြားနည်းလမ်းနဲ့ နိုင်ငံအတွင်း အသစ်တစ်ဖန်ပြန်လည်ဖြန့်ချိနိုင်ဖို့ ကြိုးပမ်းလာခဲ့တာလည်းဖြစ်ပါတယ်။ ဒီအကြောင်းကို …

အိန္ဒိယကို ဒီပါဝလီအမီ ပြန်လည်ရောက်ရှိလာနိုင်တဲ့ PUBG Mobile Read More »

PUBG Mobile နဲ့ AOV အပါအဝင် App (၁၁၈) ခုကို ထပ်မံပိတ်ပင်လိုက်တဲ့ အိန္ဒိယအစိုးရ

[Unicode] PUBG Mobile နဲ့ AOV အပါအဝင် App ၁၁၈ ခုကို ထပ်မံပိတ်ပင်လိုက်တဲ့ အိန္ဒိယအစိုးရ   တရုတ်နဲ့နိုင်ငံရေးတင်းမာမှုတွေကြောင့် ပြီးခဲ့တဲ့ဇွန်လကပဲ တရုတ်နိုင်ငံထုတ် App ၅၉ ကို ပိတ်ပင်ခဲ့တဲ့ အိန္ဒိယအစိုးရကတော့ ယခုတစ်ခါမှာလည်း PUBG Mobile နဲ့ Arena of Valor အပါအဝင် အခြားသော Mobile App ၁၁၈ ခုကို ထပ်မံပိတ်ပင်လိုက်ပြန်ပါပြီ။ အခုလိုပိတ်ပင်ရတဲ့အဓိကအကြောင်းအရင်းကတော့ အဆိုပါ App တွေဟာ အိန္ဒိယနိုင်ငံတွင်းက အသုံးပြုသူတွေရဲ့အချက်အလက်တွေကိုခိုးယူပြီး အခြားနိုင်ငံတွေမှာရှိတဲ့ ဆာဗာတွေဆီကို ဖြန့်ဝေနေတာကြောင့်ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံရဲ့ လျှပ်စစ်နဲ့နည်းပညာဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့တည်ဆဲဥပဒေတွေအရ ပြည်တွင်းမှာရှိတဲ့ ဆော့ဖ်ဝဲနဲ့ နည်းပညာကုမ္ပဏီ သုံးစွဲသူတွေရဲ့အချက်အလက်ကို တရုတ်အစိုးရဆီပြန်လည်မျှဝေနေရပါတယ်။ အဲဒီအချက်ကြောင့်ပဲ တရုတ်နဲ့တင်းမာရှိတဲ့ နိုင်ငံတွေက …

PUBG Mobile နဲ့ AOV အပါအဝင် App (၁၁၈) ခုကို ထပ်မံပိတ်ပင်လိုက်တဲ့ အိန္ဒိယအစိုးရ Read More »

Twitch က ban ရခြင်းအကြောင်းအရင်းကို ယခုအချိန်ထိ မသိဟု Dr. Disrespect ဆို

Twitch က ban ရခြင်းအကြောင်းအရင်းကို ယခုအချိန်ထိ မသိဟု Dr. Disrespect ဆို   နာမည်ကြီး streamer တစ်ဦးဖြစ်တဲ့ Dr. Disrespect ကို Twitch က ban သွားခဲ့တာ ယခုဆိုရင် တစ်လနီးပါးခန့်ရှိသွားခဲ့ပါပြီ။ ယင်းကိစ္စဖြစ်ပြီးချိန်တည်းက ပျောက်ကွယ်နေခဲ့တဲ့ Dr. Disrespect ဟာ မကြာသေးမီကတော့ CNN, Washington Post နဲ့ PC Gamer တို့မှာ အင်တာဗျူးများ ဖြေကြားထားခဲ့ပါတယ်။ မတူညီတဲ့ ယင်းအင်တာဗျူး ၃ ခုဟာ တစ်နေ့တစ်ရက်တည်းမှာ ထွက်ပေါ်လာခဲ့တာပါ။ ထူးခြားချက်ကတော့ Dr. Disrespect ဟာ သူ ဘာလို့ ban ခံရလဲဆိုတာမသိကြောင်းနဲ့ Twitch က ပြောကြားခြင်းလည်း မရှိကြောင်းတို့ကို …

Twitch က ban ရခြင်းအကြောင်းအရင်းကို ယခုအချိန်ထိ မသိဟု Dr. Disrespect ဆို Read More »

Twitch ကနေ Ban ခံလိုက်ရတဲ့ အမေရိကန်သမ္မတ Donald Trump

[Unicode] Twitch ကနေ Ban ခံလိုက်ရတဲ့ အမေရိကန်သမ္မတ Donald Trump   အမေရိကန်သမ္မတဖြစ်သူ Donald Trump ဟာ ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာလမှာ ကိုယ်ပိုင် Twitch ချန်နယ်တစ်ခုကို စတင်ပြုလုပ်ခဲ့ပါတယ်။ စတင်တာ တစ်နှစ်တောင် မပြည့်သေးတဲ့ ယခုအချိန်မှာတော့ သမ္မတကြီးရဲ့ ယင်း Twitch ချန်နယ်ဟာ အမုန်းပွားတဲ့ အကြောင်းအရာများ ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယာယီ ban ခံလိုက်ရပါပြီ။ “အမုန်းပွားစေတဲ့ ပြုမူပြောဆိုမှုများကို Twitch ပေါ်မှာ လက်သင့်မခံထားပါဘူး။ ကျွန်တော်တို့ရဲ့ မူဝါဒနဲ့ စည်းကမ်းချက်များအရ သမ္မတကြီး Trump ရဲ့ ချန်နယ်ကို ယာယီ ban ဖို့ ဆုံးဖြတ်လိုက်ကြပြီး stream ထဲက အမုန်းပွားတဲ့ comment …

Twitch ကနေ Ban ခံလိုက်ရတဲ့ အမေရိကန်သမ္မတ Donald Trump Read More »

Mobile Legends နဲ့ TikTok အပါအဝင် App 59 ခုကို ပိတ်ပင်လိုက်တဲ့ အိန္ဒိယ

[Unicode] Mobile Legends နဲ့ TikTok အပါအဝင် App 59 ခုကို ပိတ်ပင်လိုက်တဲ့ အိန္ဒိယ   အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့ App 59 ခုကို သူတို့နိုင်ငံတွင်းက Google Play Store နဲ့ Apple App Store တွေကနေ ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီထဲမှာ Clash of Kings (AoV တရုတ်ဗားရှင်း) နဲ့ Mobile Legends: Bang Bang တို့အပြင် TikTok နဲ့ UC Browser တို့ ပါဝင်ပါတယ်။ အိန္ဒိယဟာ မကြာသေးခင်က တရုတ်နဲ့နယ်စပ်မှာ လူသေတဲ့ထိ ပြဿနာဖြစ်ပွားခဲ့တဲ့နောက် တရုတ်ပြည်ဖြစ် ပစ္စည်းတွေကို သပိတ်မှောက်တာတွေ၊ …

Mobile Legends နဲ့ TikTok အပါအဝင် App 59 ခုကို ပိတ်ပင်လိုက်တဲ့ အိန္ဒိယ Read More »

လုပ်ပွဲကစားလို့ Dota 2 ပြိုင်ပွဲဝင်ခွင့်များ ရာသက်ပန်ပိတ်ပင်ခံလိုက်ရတဲ့ Newbee

[Unicode] လုပ်ပွဲကစားလို့ Dota 2 ပြိုင်ပွဲဝင်ခွင့်များ ရာသက်ပန်ပိတ်ပင်ခံလိုက်ရတဲ့ Newbee   TI4 ချန်ပီယံဟောင်း Newbee အသင်းဟာ Dota 2 လောကရဲ့ ထိပ်တန်းစာရင်းဝင် တရုတ်အသင်းဖြစ်သလို Chinese Dota Association (CDA) အဖွဲ့ကြီးရဲ့ တည်ထောင်သူ အဖွဲ့ဝင်အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ၂၀၁၇ မှာ ကျင်းပခဲ့တဲ့ TI7 မှာ Newbee ဟာ ဂရင်းဖိုင်နယ်အထိ တက်ရောက်လာနိုင်ခဲ့တဲ့ အတွက် TI ၂ နှစ်ဆက် ချန်ပီယံအသင်းဖြစ်ဖို့အတွက်လည်း အလွန်နီးစပ်ခဲ့ပြီး အစဉ်အလာ ကောင်းလှတဲ့အသင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် CDA အဖွဲ့ကြီးနဲ့ IMBA TV အဖွဲ့တို့ဟာ Newbee အသင်းနဲ့ ပတ်သက်ပြီး ထင်မှတ်မထားတဲ့ ကြေညာချက်တစ်ခုကို မကြာသေးမီက …

လုပ်ပွဲကစားလို့ Dota 2 ပြိုင်ပွဲဝင်ခွင့်များ ရာသက်ပန်ပိတ်ပင်ခံလိုက်ရတဲ့ Newbee Read More »

နိုင်ငံတကာဂိမ်းဆာဗာများကို တရုတ်နိုင်ငံမှ ဝင်ရောက်ကစားခွင့်ရတော့မည်မဟုတ်

[Unicode] နိုင်ငံတကာဂိမ်းဆာဗာများကို တရုတ်နိုင်ငံမှ ဝင်ရောက်ကစားခွင့်ရတော့မည်မဟုတ်   တရုတ်နိုင်ငံအတွင်းမှာ ဗီဒီယိုဂိမ်းများနဲ့ပတ်သက်တဲ့ ဥပဒေသစ်များကို မကြာသေးမီက ထပ်မံထုတ်ပြန် ကြေညာလိုက်ပါတယ်။ ယင်းဥပဒေသစ်များထဲမှာတော့ တရုတ်နိုင်ငံတွင်း ဂိမ်းကစားသူများကို နိုင်ငံတကာက ဂိမ်းကစားသူများနဲ့ ဂိမ်းတွင်း အွန်လိုင်းဆက်သွယ်မှုများ ပြုလုပ်ခွင့်ပေးတော့မှာ မဟုတ်ကြောင်း ပါဝင်ခဲ့ပါတယ်။ ဒီထုတ်ပြန်ကြေညာမှုဟာ Nintendo ရဲ့ Animal Crossing: New Horizons ဂိမ်းကို နိုင်ငံအတွင်း ပိတ်ပင်လိုက်ကြောင်း တရုတ်ကွန်မြူနစ်ပါတီက ကြေညာပြီး သိပ်မကြာခင်မှာ ထွက်ပေါ်လာခဲ့တာပါ။ ယင်းဂိမ်းအတွင်းမှာ ကစားသူများဟာ ဟောင်ကောင်လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့အရာများကို ဖန်တီးခဲ့ကြတဲ့အတွက် ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဟောင်ကောင်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Joshua Wong ဟာ ဧပြီလ ၂ ရက်နေ့က နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ ဂိမ်းဓာတ်ပုံတစ်ပုံကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အခြားသူများဟာလည်း …

နိုင်ငံတကာဂိမ်းဆာဗာများကို တရုတ်နိုင်ငံမှ ဝင်ရောက်ကစားခွင့်ရတော့မည်မဟုတ် Read More »

TI9 ကြည့်ရင်း Twitch ပေါ်မှာ ဒီစကားလုံးတွေ ပြောရင် ban မယ်

[Zawgyi] TI9 ကြည့်ရင်း Twitch ပေါ်မှာ ဒီစကားလုံးတွေ ပြောရင် ban မယ်   Dota 2 ရဲ့ The International 2019 (TI9) ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပပြုလုပ်တာဖြစ်ပြီး Dota 2 client ပေါ်မှာသာမက Twitch ပေါ်မှာလည်း ကြည့်ရှုနိုင်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ပရိသတ်များဟာ Dota 2 ရဲ့ တရားဝင် TI Twitch channel ပေါ်မှာ “Tiananmen Square” နဲ့ “Winnie the Pooh” ဆိုတဲ့ စကားလုံးများ ကို ပြောရင် stream chat ကို ဖယ်ရှားခံရပြီး ပြောသူကိုလည်း အပြစ်ဒဏ်ပေးကြောင်း တွေ့ရှိခဲ့ကြပါတယ်။ …

TI9 ကြည့်ရင်း Twitch ပေါ်မှာ ဒီစကားလုံးတွေ ပြောရင် ban မယ် Read More »