astralis

ကစားသမားသစ် ခေါ်ယူလိုက်တဲ့ Astralis CSGO နဲ့ နောက်ကွယ်က ပြဿနာများ

[Unicode] ကစားသမားသစ် ခေါ်ယူလိုက်တဲ့ Astralis CSGO နဲ့ နောက်ကွယ်က ပြဿနာများ   နာမည်ကျော် CS:GO အသင်းကြီးတစ်သင်းဖြစ်တဲ့ Astralis ဟာ ၆ ယောက်မြောက်ကစားသမားအဖြစ် es3tag ကို ခေါ်ယူလိုက်ကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် es3tag ဟာ ယခင်အသင်းဟောင်း Heroic နဲ့ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ စောင့်ဆိုင်းရဦးမှာဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့မှာသာ Astralis အသင်းသားအဖြစ် စတင်ကစားနိုင်မှာဖြစ်ပါတယ်။ Es3tag ကို Astralis က ခေါ်ယူသွားတဲ့အတွက် ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်တဲ့ ပြိုင်ဘက်အသင်းတစ်သင်းတော့ ရှိပါတယ်။ အဲဒါကတော့ Heroic ရဲ့ အသင်းသားဟောင်းများကို ခေါ်ယူပြီး CS:GO အသင်းဖွဲ့စည်းကြောင်း ကြေညာခဲ့တဲ့ FunPlus Phoenix …

ကစားသမားသစ် ခေါ်ယူလိုက်တဲ့ Astralis CSGO နဲ့ နောက်ကွယ်က ပြဿနာများ Read More »

ကိုယ်ပိုင် အချိုရည် ထုတ်လုပ်ရောင်းချတော့မယ့် Astralis

[Unicode] ကိုယ်ပိုင် အချိုရည် ထုတ်လုပ်ရောင်းချတော့မယ့် Astralis   CS: GO အသင်းတစ်သင်းဖြစ်တဲ့ Astralis ဟာ ဒိန်းမတ်အဖျော်ယမကာကုမ္ပဏီ Royal Unibrew နဲ့ စီးပွားရေးအရ သဘောတူညီမှုများ ပြုလုပ်ခဲ့ပါတယ်။ ယင်းသဘောတူညီမှုများထဲမှာမှ Royal Unibrew ရဲ့ လက်အောက်မှာ ရှိနေတဲ့ CULT အမှတ်တံဆိပ်နဲ့ ပူးပေါင်းပြီး အသင်းရဲ့ ကိုယ်ပိုင်အမှတ်အသားနဲ့ soft drink အချိုရည်ဘူးများ ထုတ်လုပ်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ အသစ်ထုတ်လုပ်မယ့် ထုတ်ကုန်များကို နော်ဒစ်နိုင်ငံများရဲ့ ဈေးကွက်မှာ ဖြန့်ချိဖို့ ရည်ရွယ်ထားပြီး ယင်းတို့ကနေရရှိတဲ့ အမြတ်အစွန်းရဲ့ တစ်စိတ်တစ်ပိုင်းကို Astralis အသင်းက ရရှိခံစားနိုင်မှာပါ။ ပူးပေါင်းပြုလုပ်မယ့် ထုတ်ကုန်သစ် ၂ မျိုးကို ယခုနှစ်နွေဦးရာသီအမီ စတင်မိတ်ဆက်သွားမယ်လို့လည်း ဆိုပါတယ်။ Astralis …

ကိုယ်ပိုင် အချိုရည် ထုတ်လုပ်ရောင်းချတော့မယ့် Astralis Read More »

Astralis နဲ့ ပူးပေါင်းလိုက်တဲ့ ဂျူဗင်တပ် ဘောလုံးအသင်း

[Unicode] Astralis နဲ့ ပူးပေါင်းလိုက်တဲ့ ဂျူဗင်တပ် ဘောလုံးအသင်း   နာမည်ကျော်အီတလီဘောလုံးအသင်း ဂျူဗင်တပ် ဟာ PES အသင်းထူထောင်ဖို့ Esports အဖွဲ့အစည်း Astralis Group နဲ့ ပူးပေါင်းလိုက်ပါတယ်။ Astralis Group ဆိုတာ CSGO ထိပ်သီးအသင်း Astralis ကို စီမံခန့်ခွဲနေတဲ့ အုပ်စုတစ်ခု ဖြစ်ပါတယ်။ သဘောတူညီချက်အရ ဂျူဗင်တပ် PES အသင်းကို ဒတ်ခ်ျအခြေစိုက်ကုမ္ပဏီ Astralis Group မှ ကိုင်တွယ်သွားမှာပါ။ ဂျူဗင်တပ်ဟာ PES အတွက် ဂိမ်းထုတ်လုပ်သူ Konami နဲ့ တရားဝင်ပူးပေါင်းမှုများလည်း ပြုလုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။ PES ပူးပေါင်းမှုများနဲ့ ပတ်သက်လို့ ဂျူဗင်တပ်ရဲ့ ဘဏ္ဍာရေးအကြီးအကဲဖြစ်သူ Giorgio Ricci က “Esports …

Astralis နဲ့ ပူးပေါင်းလိုက်တဲ့ ဂျူဗင်တပ် ဘောလုံးအသင်း Read More »