activision

Crash Bandicoot မြေခွေးလမ်းလျှောက် မိုဘိုင်းလ်ဂိမ်း ထွက်ပေါ်လာတော့မည်

[Unicode] Crash Bandicoot မြေခွေးလမ်းလျှောက် မိုဘိုင်းလ်ဂိမ်း ထွက်ပေါ်လာတော့မည်   ခေတ်ဟောင်းဗီဒီယိုဂိမ်းပရိသတ်များရဲ့ အထူးတလည်အားပေးခြင်းကို ခံခဲ့ရတဲ့ Crash Bandicoot ဟာ မိုဘိုင်းလ်ပေါ်ကိုလည်း ရောက်ရှိလာတော့မှာပါ။ PlayStation, Xbox နဲ့ Nintendo အပါအဝင် ဂိမ်းပလက်ဖောင်းပေါင်းစုံပေါ်မှာ အရေအတွက်ပေါင်း သန်းချီ ရောင်းချနိုင်ခဲ့တဲ့ ယင်းဂိမ်းစီးရီးရဲ့ မိုဘိုင်းလ်ဂိမ်းကို Activision က ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို Twitter အသုံးပြုသူများဖြစ်ကြတဲ့ JumpButton နဲ့ Motwera တို့က အရင်ဆုံးတင်ခဲ့တာပါ။ ယင်းပို့စ်များအရတော့ Crash Bandicoot မိုဘိုင်းလ်ဂိမ်းဟာ Temple Run ဂိမ်းနဲ့ ကစားပုံကစားနည်းချင်း ဆင်တူမယ်လို့ ယူဆရပါတယ်။ Activision ရဲ့ တရားဝင်ကြေညာချက် မထွက်ပေါ်လာသေးပေမယ့် ကုမ္ပဏီဟာ ယင်းတို့ပိုင်ဆိုင်တဲ့ …

Crash Bandicoot မြေခွေးလမ်းလျှောက် မိုဘိုင်းလ်ဂိမ်း ထွက်ပေါ်လာတော့မည် Read More »

Activision Blizzard ဂိမ်းပြိုင်ပွဲကြီးများကို YouTube တစ်မျိုးထဲတွင်သာ ပြသတော့မည်

[Unicode] Activision Blizzard ဂိမ်းပြိုင်ပွဲကြီးများကို YouTube တစ်မျိုးထဲတွင်သာ ပြသတော့မည်   ဗီဒီယိုဂိမ်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Activision Blizzard ဟာ ကမ္ဘာ့အင်အားကြီးအင်တာနက်ကုမ္ပဏီ Google နဲ့ သဘောတူ ပူးပေါင်းမှုများကို မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။ ယင်း ပူးပေါင်းမှုများထဲမှာမှ အရေးကြီးဆုံးအချက်တစ်ခုကတော့ Activision Blizzard ကပြုလုပ်တဲ့ Overwatch League နဲ့ Call of Duty League တို့လို ဂိမ်းပြိုင်ပွဲကြီးများရဲ့ တရားဝင် stream များကို YouTube တစ်မျိုးထဲပေါ်မှာပဲ ပြသဖို့ သဘောတူညီလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုသဘောတူညီလိုက်နိုင်တာဟာ YouTube အတွက်တော့ ကြီးမားတဲ့ ရလဒ်ကောင်းတစ်ခုပါ။ YouTube ဟာ ကမ္ဘာ့အကြီးဆုံးဗီဒီယိုဝက်ဘ်ဆိုက်တစ်ခုဖြစ်ပေမယ့် streaming platform ဈေးကွက်မှာတော့ Twitch နဲ့ …

Activision Blizzard ဂိမ်းပြိုင်ပွဲကြီးများကို YouTube တစ်မျိုးထဲတွင်သာ ပြသတော့မည် Read More »

ထွက်ရှိချိန်မှာ ပြဿနာအချို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ Call of Duty: Mobile

[ZawGyi] “ထွက်ရှိချိန်မှာ ပြဿနာအချို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ Call of Duty: Mobile” အပစ်အခတ်ဂိမ်းဝါသနာရှင်များ စောင့်မျှော်နေခဲ့ကြတဲ့ Call of Duty: Mobile ကတော့ အောက်တိုဘာ ၁ ရက်နေ့က တရားဝင်ထွက်ရှိလာခဲ့ပါပြီ။ Activision က ဖြန့်ချိတဲ့ ဒီဂိမ်းကို iOS နဲ့ Android နှစ်မျိုးလုံးအတွက် အခမဲ့ ရယူကစားနိုင်ပါတယ်။ ထွက်ရှိပြီး သိပ်မကြာခင်မှာ ဝင်ရောက်ကစားသူများဟာ ဂိမ်းထဲကိုဝင်လို့မရတဲ့ ပြဿနာကြုံခဲ့ရတယ်လို့ ပြောဆိုနေခဲ့ကြပါတယ်။ Activision ဟာ ဂိမ်းစတင်ထွက်ရှိတဲ့နေ့မှာပဲ ဒီ loading ပြဿနာကို ကိုင်တွယ်ဖြေရှင်းနေတဲ့အကြောင်း Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။ ကစားသူများဟာ ဂိမ်းရဲ့ loading screen မှာပဲ ရပ်တန့်နေခဲ့လို့ ဝင်လို့မရဖြစ်နေခဲ့ကြတာပါ။ Activision ဟာ ဂိမ်းကိုပြင်ဆင်မှုများပြုလုပ်ခဲ့လို့ …

ထွက်ရှိချိန်မှာ ပြဿနာအချို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ Call of Duty: Mobile Read More »